ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာ ဖြစ်နိုင်တဲ့ အဓိက အန္တရာယ်ရှိအချက်တွေဖြစ်ပါတယ်။ ဒီညွှန်ကိန်းတွေကိုကျော်သွားတာကတော့ နမ်းတာပဲဖြစ်ပါတယ်။ ဖရန့်ခ်ျကစ်စ်လို့ပြောကြတဲ့ နှုတ်ခမ်းခြင်းနမ်းတာဟာ ကင်ဆာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ human papillomavirus (HPV) ကိုကူးစက်စေနိုင်ပြီး ဒီဗိုင်းရပ်စ်ဟာ ဦးခေါင်းနဲ့လည်ပင်းကင်ဆာကို ၇၀ရာခိုင်နှုန်းဖြစ်စေနိုင်တယ်လို့ Royal Darwin ဆေးရုံမှ Dr Mahiban Thomas ကပြောခဲ့ပါတယ်။ အကယ်၍သင်ဟာ HPV ဗိုင်းရပ်စ် ကူးစက်ခံရခဲ့မယ်ဆိုရင် သင့်မှာ ဦးခေါင်းနဲ့လည်ပင်း ကင်ဆာဖြစ်နိုင်ချေဟာ ဗိုင်းရပ်စ်မရှိသူနဲ့ယှဉ်ရင် အဆ ၂၅၀ မြင့်တက်သွားမှာပါ။ HPV ဟာ အမျိုးသားရော၊ အမျိုးသမီးကိုပါ သက်ရောက်မှုရှိပါတယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း ၁၀၀ကျော်ရှိပေမဲ့ အန္တရာယ်မြင့် HPV အမျိုးအစားကတော့ ၈ခုပဲရှိတယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာနက ပြုလုပ်ခဲ့တဲ့ […]
နမ်းရှုံ့ခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ဦးခေါင်းနှင့်လည်ပင်းကင်ဆာ ပိုဖြစ်နိုင်
