ZawGyiျဖင့္ဖတ္ရန္

 

မိန္းကေလး-အမ်ိဳးသမီး အားလုံး ၇ဝ% တခါမဟုတ္တခါ၊ တဖက္မဟုတ္ တဖက္မွာ ရင္သားနာတာ ခံစားၾကရႏိုင္တယ္။ ၁၅% ေလာက္သာ ေဆးကုဘို႔လိုပါမယ္။ ရင္သား နာတာနဲ႔ ကင္ဆာဆိုင္မွာ နည္းလွပါတယ္။ ဘာလို႔ ရင္သားနာရသလဲ။ အေျခခံအေၾကာင္း ၂ မ်ိဳးရွိတယ္။ ရာသီနဲ႔ ဆိုင္တာ၊ ရာသီနဲ႔ မဆိုင္တာ။

မိန္းကေလးတို႔ သဘာဝဆိုတာ ေဟာ္မုန္းေတြနဲ႔ ေန႔တိုင္း၊ အခ်ိန္တိုင္း ဆိုင္ေနတယ္။ လစဥ္ရာသီ ျဖစ္စဥ္ကလဲ ဒါဘဲ။ အီစထိုဂ်င္နဲ႔ ပ႐ိုဂ်က္စတီ႐ုန္း ေဟာ္မုန္း ၂ မ်ိဳး ျဖစ္တယ္။ ဒီေဟာ္မုန္းတန္ခိုးေၾကာင့္ ရင္သားထဲက ႏို႔အိတ္၊ ႏို႔ႁပြန္ေတြကို သက္ေရာက္ေစတယ္။ တခါတေလ ႏို႔မျဖစ္ေသးတဲ့ အရည္ေအာင္းေနေစမယ္။ ႀကီးရင္ႀကီးသလို ေဖါင္းမယ္။ အလုံးအက်ိတ္လို စမ္းလို႔ရမယ္။ အာ႐ုံေၾကာသြားဖိရင္ နာမယ္။ လတိုင္း အနည္းနဲ႔အမ်ား ျဖစ္ေနတယ္။ လကုန္ရင္ တပတ္ၿပီးသြားေရာ။ အပ်ိဳ႐ြယ္ေရာက္လာလို႔ နာႏိုင္တယ္။ ကိုယ္ဝန္ေဆာင္ လို႔လဲ ရင္သားနာတတ္တယ္။ ႏို႔တိုက္ခ်ိန္လဲ နာတတ္တယ္။

သုေတသနတခုအရ အသက္ ၃၄ ႏွစ္ အမ်ိဳးသမီးေတြမွာ Cyclical breast အျဖစ္အမ်ားဆုံး။ ရင္သားနာလို႔ လာျပသူေတြထဲက ၆ဝ% နဲ႔ ရင္သားမွာ တခုခု ျဖစ္လို႔လာျပသူထဲက ၇၅% ရွိတယ္။ ေဟာ္မုန္းတခုထဲ အျပစ္ဖို႔လို႔ မရဘဲ၊ Stress စိတ္ဖိစည္းမႈ ကေနလဲ ျဖစ္ႏိုင္တယ္။ ကိုယ္လက္ လႈပ္ရွားမႈေၾကာင့္လဲ ျဖစ္ႏိုင္တယ္။

ရာသီနဲ႔မဆိုင္ဘဲ ရင္သားနာတယ္ဆိုတာ ဥပမာ ခိုက္မိလို႔ နာတာမ်ိဳး။ ခြဲစိတ္ထားလို႔ ဆိုတာမ်ိဳးက ေနရာ သတ္သတ္ မွတ္မွတ္မွာ နာတယ္။ ေသြးဆုံးခါနီး၊ ေသြးဆုံးစ နာတတ္တာက ၁-၂ ႏွစ္ ေနရင္ ေကာင္းသြားတယ္။ ရင္သားေအာက္က နံ႐ိုး-အ႐ိုးႏု ေရာင္တာက ရင္သားလို႔ မွားတတ္တယ္။ ပိုးဝင္လို႔ နာမယ္။ ျပည္တည္ရင္ ပိုနာမယ္။ ပိုးဝင္လို႔ ႏို႔နာ ျဖစ္တာက ကေလးႏို႔တိုက္ခ်ိန္မွာ အမ်ားဆုံးျဖစ္တယ္။ ဗမာျပည္မွာ ေတာနယ္ေတြ တာဝန္က်တုံးက သားဦး ၃ ေယာက္ေမြးရင္ ၁ ေယာက္မွာ ႏို႔နာျဖစ္ၾကတာ သတိထားမိတယ္။ အျပင္ေရာက္ေတာ့ အဲေလာက္ ျဖစ္တာ မေတြ႕ေတာ့ပါ။

ကိုယ္ဝန္တားေဆး၊ ေဟာ္မုန္းအစားထိုးေဆး၊ လူဝလာလို႔၊ အတြင္းခံၾကပ္လို႔၊ အလုံး-အက်ိတ္-ကင္ဆာ-အနာေတြနဲ႔ ခြဲျခားရမယ္။ Methyldopa (Aldomet), Spironolactone (Aldactone), Anadrol နဲ႔ Chlorpromazine ေဆးေတြ ေၾကာင့္လဲ နာတတ္တယ္။ Birth control pills ေဆးေတြက တခ်ိဳ႕မွာ နာေစၿပီး တခ်ိဳ႕မွာ (Progestin) နာလို႔ ေပးရတယ္။

ဆရာဝန္ကစမ္းသပ္မယ္။ လိုအပ္ရင္ Mammogram ႐ိုက္မယ္။ အသားစထုတ္ယူစစ္ေဆးတာ လုပ္မယ္။ ေဆးေပးခ်င္ ေပးမယ္။ ေပးခ်င္မွ ေပးမယ္ဆိုတာ ႏွေျမာလို႔ မဟုတ္ပါ။

ေဆးေတြက ရာသီနဲ႔ ဆက္ျဖစ္လို႔ ရင္သားနာတာကို သက္သာေစေပမဲ့ ေဘးထြက္ ဆိုးက်ိဳးေတြရွိတယ္။ Bromocriptine ကေန ပ်ိဳ႕-အန္၊ ေခါင္းမူး၊ ကေလးမရ ျဖစ္တတ္တယ္။ Danazol ေၾကာင့္ လူဝေစႏိုင္တယ္၊ ရာသီမလာတာ၊ ေဆးမ်ားရင္ မ်က္ႏွာေမႊး ေပါက္မယ္။ ရာသီ မ်ားမယ္။ အသံၾသမယ္။ ႂကြက္သား နာမယ္။ Goserelin ေဆးကလဲ မ်က္ႏွာနီ၊ လိင္စိတ္နဲ၊ ေမြးလမ္းေျခာက္၊ ရင္သားေသး၊ စိတ္တိုျဖစ္ေစႏိုင္တယ္။ Gestrinone ေဆးသုံးတာ သက္သာႏိုင္တယ္။ ဒါေပမဲ့ ကိုယ္ေမႊးမ်ား၊ ရာသီမ်ား၊ အသံေျပာင္း၊ လိင္စိတ္နဲ၊ ရင္သားေသး၊ ေခါင္းကိုက္၊ ေမာပန္း၊ စိတ္က်ျဖစ္ေစႏိုင္တယ္။ ရာသီျဖစ္စဥ္နဲ႔ မဆိုင္ဘဲ နာတာမ်ိဳးက စတီ႐ြိဳက္ေဆး ရင္သားမွာ ထိုးေပးတာ၊ ခြဲစိတ္တာ လုပ္ရတတ္တယ္။ တခါတေလ ဆီးသြားေစတဲ့ေဆး နဲနဲ ေပးႏိုင္တယ္။

ဆရာဝန္ မလိုေလာက္တာမ်ိဳးေတြလဲလုပ္ပါ။ အတြင္းခံ အသင့္ဆုံးကို ေ႐ြးဝတ္ပါ၊ ဆားေလ်ာ့စားပါ၊ ေကဖင္းပါတာေတြ ေလ်ာ့စားေသာက္ပါ၊ အဆီေလ်ာ့စားပါ။ အသီးအႏွံ အသီးအ႐ြက္ မ်ားမ်ားစားပါ။ ကိုယ္အေလးခ်ိန္ သင့္တင့္ပါေစ။ Aspirin, Paracetamol အနာအကိုက္ သက္သာေဆးတခုခုေသာက္ပါ။ Vitamin B6, Vitamin B1, Vitamin E ဗီတာမင္ေတြ ေသာက္ပါ။ လိမ္းေဆးလဲ သုံးႏိုင္တယ္။ ေရခဲကပ္ေပးႏိုင္တယ္။ ကိုယ္စိတ္ ေအးေဆးပါေစ။

ကြန္မင့္မွာ မဖြယ္မရာေရးလာရင္ ဖ်က္ပါမယ္။ ဘေလာ့ပါမယ္။

Credit:Dr. တင့္ေဆြ

 

UniCodeဖြင့်ဖတ်ရန်

 

အပျိုစင် မိန်းကလေးတယောက် ရင်သားတွေ နာပြီး ယောင်လာတာ ဘာ့ကြောင့်ပါလဲ…. အကျိတ်မရှိပဲ ဖြစ်တာပါ

မိန်းကလေး-အမျိုးသမီးအားလုံး ၇ဝ% တခါမဟုတ်တခါ၊ တဖက်မဟုတ် တဖက်မှာ ရင်သားနာတာ ခံစားကြရနိုင်တယ်။ ၁၅% လောက်သာ ဆေးကုဘို့လိုပါမယ်။ ရင်သားနာတာနဲ့ ကင်ဆာဆိုင်မှာ နည်းလှပါတယ်။ ဘာလို့ ရင်သားနာရသလဲ။ အခြေခံအကြောင်း ၂ မျိုးရှိတယ်။ ရာသီနဲ့ ဆိုင်တာ၊ ရာသီနဲ့ မဆိုင်တာ။

မိန်းကလေးတို့ သဘာဝဆိုတာ ဟော်မုန်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း ဆိုင်နေတယ်။ လစဉ်ရာသီ ဖြစ်စဉ်ကလဲ ဒါဘဲ။ အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း ၂ မျိုး ဖြစ်တယ်။ ဒီဟော်မုန်းတန်ခိုးကြောင့် ရင်သားထဲက နို့အိတ်၊ နို့ပြွန်တွေကို သက်ရောက်စေတယ်။ တခါတလေ နို့မဖြစ်သေးတဲ့ အရည်အောင်းနေစေမယ်။ ကြီးရင်ကြီးသလို ဖေါင်းမယ်။ အလုံးအကျိတ်လို စမ်းလို့ရမယ်။ အာရုံကြောသွားဖိရင် နာမယ်။ လတိုင်း အနည်းနဲ့အများ ဖြစ်နေတယ်။ လကုန်ရင် တပတ်ပြီးသွားရော။ အပျိုရွယ်ရောက်လာလို့ နာနိုင်တယ်။ ကိုယ်ဝန်ဆောင်လို့လဲ ရင်သားနာတတ်တယ်။ နို့တိုက်ချိန်လဲ နာတတ်တယ်။

သုတေသနတခုအရ အသက် ၃၄ နှစ် အမျိုးသမီးတွေမှာ Cyclical breast အဖြစ်အများဆုံး။ ရင်သားနာလို့ လာပြသူတွေထဲက ၆ဝ% နဲ့ ရင်သားမှာ တခုခု ဖြစ်လို့လာပြသူထဲက ၇၅% ရှိတယ်။ ဟော်မုန်းတခုထဲ အပြစ်ဖို့လို့ မရဘဲ၊ Stress စိတ်ဖိစည်းမှု ကနေလဲ ဖြစ်နိုင်တယ်။ ကိုယ်လက် လှုပ်ရှားမှုကြောင့်လဲ ဖြစ်နိုင်တယ်။

ရာသီနဲ့မဆိုင်ဘဲ ရင်သားနာတယ်ဆိုတာ ဥပမာ ခိုက်မိလို့ နာတာမျိုး။ ခွဲစိတ်ထားလို့ ဆိုတာမျိုးက နေရာ သတ်သတ် မှတ်မှတ်မှာ နာတယ်။ သွေးဆုံးခါနီး၊ သွေးဆုံးစ နာတတ်တာက ၁-၂ နှစ် နေရင် ကောင်းသွားတယ်။ ရင်သားအောက်က နံရိုး-အရိုးနု ရောင်တာက ရင်သားလို့ မှားတတ်တယ်။ ပိုးဝင်လို့ နာမယ်။ ပြည်တည်ရင် ပိုနာမယ်။ ပိုးဝင်လို့ နို့နာ ဖြစ်တာက ကလေးနို့တိုက်ချိန်မှာ အများဆုံးဖြစ်တယ်။ ဗမာပြည်မှာ တောနယ်တွေ တာဝန်ကျတုံးက သားဦး ၃ ယောက်မွေးရင် ၁ ယောက်မှာ နို့နာဖြစ်ကြတာ သတိထားမိတယ်။ အပြင်ရောက်တော့ အဲလောက် ဖြစ်တာ မတွေ့တော့ပါ။

ကိုယ်ဝန်တားဆေး၊ ဟော်မုန်းအစားထိုးဆေး၊ လူဝလာလို့၊ အတွင်းခံကြပ်လို့၊ အလုံး-အကျိတ်-ကင်ဆာ-အနာတွေနဲ့ ခွဲခြားရမယ်။ Methyldopa (Aldomet), Spironolactone (Aldactone), Anadrol နဲ့ Chlorpromazine ဆေးတွေ ကြောင့်လဲ နာတတ်တယ်။ Birth control pills ဆေးတွေက တချို့မှာ နာစေပြီး တချို့မှာ (Progestin) နာလို့ ပေးရတယ်။

ဆရာဝန်ကစမ်းသပ်မယ်။ လိုအပ်ရင် Mammogram ရိုက်မယ်။ အသားစထုတ်ယူစစ်ဆေးတာ လုပ်မယ်။ ဆေးပေးချင် ပေးမယ်။ ပေးချင်မှ ပေးမယ်ဆိုတာ နှမြောလို့ မဟုတ်ပါ။

ဆေးတွေက ရာသီနဲ့ ဆက်ဖြစ်လို့ ရင်သားနာတာကို သက်သာစေပေမဲ့ ဘေးထွက် ဆိုးကျိုးတွေရှိတယ်။ Bromocriptine ကနေ ပျို့-အန်၊ ခေါင်းမူး၊ ကလေးမရ ဖြစ်တတ်တယ်။ Danazol ကြောင့် လူဝစေနိုင်တယ်၊ ရာသီမလာတာ၊ ဆေးများရင် မျက်နှာမွှေး ပေါက်မယ်။ ရာသီ များမယ်။ အသံသြမယ်။ ကြွက်သား နာမယ်။ Goserelin ဆေးကလဲ မျက်နှာနီ၊ လိင်စိတ်နဲ၊ မွေးလမ်းခြောက်၊ ရင်သားသေး၊ စိတ်တိုဖြစ်စေနိုင်တယ်။ Gestrinone ဆေးသုံးတာ သက်သာနိုင်တယ်။ ဒါပေမဲ့ ကိုယ်မွှေးများ၊ ရာသီများ၊ အသံပြောင်း၊ လိင်စိတ်နဲ၊ ရင်သားသေး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ကျဖြစ်စေနိုင်တယ်။ ရာသီဖြစ်စဉ်နဲ့ မဆိုင်ဘဲ နာတာမျိုးက စတီရွိုက်ဆေး ရင်သားမှာ ထိုးပေးတာ၊ ခွဲစိတ်တာ လုပ်ရတတ်တယ်။ တခါတလေ ဆီးသွားစေတဲ့ဆေး နဲနဲ ပေးနိုင်တယ်။

ဆရာဝန် မလိုလောက်တာမျိုးတွေလဲလုပ်ပါ။ အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊ ဆားလျော့စားပါ၊ ကေဖင်းပါတာတွေ လျော့စားသောက်ပါ၊ အဆီလျော့စားပါ။ အသီးအနှံ အသီးအရွက် များများစားပါ။ ကိုယ်အလေးချိန် သင့်တင့်ပါစေ။ Aspirin, Paracetamol အနာအကိုက် သက်သာဆေးတခုခုသောက်ပါ။ Vitamin B6, Vitamin B1, Vitamin E ဗီတာမင်တွေ သောက်ပါ။ လိမ်းဆေးလဲ သုံးနိုင်တယ်။ ရေခဲကပ်ပေးနိုင်တယ်။ ကိုယ်စိတ် အေးဆေးပါစေ။

ကွန်မင့်မှာ မဖွယ်မရာရေးလာရင် ဖျက်ပါမယ်။ ဘလော့ပါမယ်။

Credit:Dr. တင့်ဆွေ