ZawGyiျဖင့္ဖတ္ရန္

 

အကယ္ဒမီ သ႐ုပ္ေဆာင္ ေျပတီဦး သည္ တိုးေက်ာ္မန္းနဲ႔ နန္းစံတဲ့႐ြာ ႐ုပ္ရွင္ဇာတ္ကားႀကီး အတြက္ ဇာတ္သိမ္းခန္းအား ေႁမြေပြးေပါတဲ့ ေတာင္ကုန္းေပၚတြင္ မသိဘဲ ႏွစ္ရက္တိတိ ႐ိုက္ခဲ့ရျခင္းျဖစ္ၿပီး ယင္းကားကို ဇူလိုင္ ၆ ရက္ တြင္ ႐ုံတင္ျပသမည္ျဖစ္ေၾကာင္း သိရွိရသည္။ ယင္း႐ုပ္ရွင္ကားကို ပဲခူး႐ိုးမ ေတာလယ္ေခါင္ တြင္ခက္ခက္ခဲခဲ ႐ိုက္ကူးခဲ့ရသည့္အျပင္ပါဝင္ မည့္ ေမာ္ဒယ္မင္းသမီးတစ္ေယာက္၏ေျခ ေထာက္အား အမည္မသိအေကာင္တစ္ေကာင္ ကိုက္ခံရ၍ ေဆး႐ုံတင္ခဲ့ရေၾကာင္းလည္း သ႐ုပ္ ေဆာင္ေျပတီဦးကေျပာခဲ့သည္။

” အဲ့ဒီကား ကတစ္ကယ့္ကိုခက္ခက္ခဲခဲ ပင္ပင္ ပန္းပန္း ႐ိုက္ခဲ့ရတဲ့ကားေလးတကားပါ၊ ကြၽန္ေတာ္တို႔သြား႐ိုက္တဲ့ေနရာက ပဲခူး႐ိုးမေတာ အလယ္ေခါင္မွာ ႐ိုက္တာေပါ့ေနာ္၊ ေတာ က ဘယ္ေလာက္ထိေခါင္လဲဆိုရင္ ဖုန္းကတစ္လုံးမွ မမိေတာ့ဘူး၊ ဒီကားကေတာ္႐ုံတန္႐ုံစိတ္မ်ိဳးနဲ႔ ဆိုရင္ ႐ိုက္ဖို႔မလြယ္ဘူး၊ သ႐ုပ္ေဆာင္ေတြက မညည္းမညဴဘဲ႐ိုက္ေပးတဲ့အတြက္ေက်းဇူး တင္ပါတယ္၊ အဲ့ေတာကိုေရာက္ေရာက္ခ်င္း မ႐ိုက္ရေသးဘူး၊ ပါလာတဲ့ ေမာ္ဒယ္ထဲကတစ္ ေယာက္ဆိုရင္ ဘာေကာင္လဲမသိဘူး၊ ကိုက္ လိုက္တာေျခေထာက္ႀကီးကေယာင္လာတယ္၊ ညတြင္းခ်င္းေဆး႐ုံေရာက္သြားတယ္၊ အဲ့မွာ ေနကလည္းပူတာမွ ပူျခစ္ေနတာဘဲ ကြၽန္ေတာ္ ဆိုရင္ အသားေတြေလာင္သြားတယ္၊ အကြက္ အကြက္ေတြေတာင္ထၿပီးအေရခြံေတာင္လန္ ကုန္တယ္၊ ဇာတ္သိမ္းခန္းဆို အဲ့က ေတာင္ကုန္း ႀကီးတစ္ခုမွာ သြား႐ိုက္တာ ၊ ႏွစ္ရက္တိတိ႐ိုက္ ရတယ္၊ ၿပီးေတာ့မွျပန္သိတာ အဲ့ေတာင္ကုန္းေပၚ ကိုဘယ္သူမွမတက္ရဲဘူးတဲ့၊႐ြာသားေတြကျပန္ေျပာတာေပါ့၊ အဲ့ေတာင္ကုန္းက ေႁမြေပြးအရမ္း ေပါတာတဲ့ဗ်ာ ” ဟုေျပာခဲ့သည္။

အဆိုပါ ဇာတ္ကားကို ဇာတ္လမ္း ေငြတီဦး ၊ ဇာတ္ၫႊန္း မိုးနီလြင္ ၊ ဒါ႐ိုက္တာ ေက်ာ္သားႀကီး က ပဲခူး႐ိုးမေတာႀကီးအေရွ႕ဖ်ား ႏွင့္ ရန္ကုန္ၿမိဳ႕ တြင္ ႐ိုက္ကူးပုံ ေဖာ္ထားၿပီး သ႐ုပ္ေဆာင္မ်ား အျဖစ္ အကယ္ဒမီ ေက်ာ္ရဲေအာင္ ၊ အကယ္ဒမီ ေျပတီဦး ၊ အကယ္ဒမီ ေဗလု၀ ၊သင္ဇာဝင့္ေက်ာ္ ၊ ေအးျမတ္သူ ၊ ေမဆူးေမာင္ ၊ မိုးပြင့္ျဖဴ စသည္ တို႔အျပင္အျခားေသာ ေမာ္ဒယ္သ႐ုပ္ေဆာင္မ်ား လည္း ပါဝင္သ႐ုပ္ေဆာင္ထားၾကျခင္းျဖစ္သည္။ယင္း တိုးေက်ာ္မန္းနဲ႔ နန္းစံတဲ့႐ြာ ႐ုပ္ရွင္ဇာတ္ ကားႀကီး ေၾကာ္ျငာပုံမ်ားတြင္ ပရိသတ္စိတ္ဝင္ စားခံရသည့္အျပင္ ထိုင္း႐ိုးရာဝတ္စုံမ်ားျဖင့္တူ သည့္အေပၚ လာေရာက္ၾကည့္ပါသိသြားလိမ့္ မည္ျဖစ္ေၾကာင္း ဒါ႐ိုက္တာ ေက်ာ္သားႀကီးက ေျပာခဲ့သည္။

Credit:MyanmarNote

 

UniCodeဖြင့်ဖတ်ရန်

မြွေပွေးပေါတဲ့တောင်ကုန်းပေါ်မှာ မသိဘဲ နှစ်ရက်တိတိ ဇာတ်သိမ်းခန်းကို ရိုက်ခဲ့ရတယ် ဆိုတဲ့ ပြေတီဦး

အကယ်ဒမီ သရုပ်ဆောင် ပြေတီဦးသည် တိုးကျော်မန်းနဲ့ နန်းစံတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီး အတွက် ဇာတ်သိမ်းခန်းအား မြွေပွေးပေါတဲ့ တောင်ကုန်းပေါ်တွင် မသိဘဲ နှစ်ရက်တိတိ ရိုက်ခဲ့ရခြင်းဖြစ်ပြီး ယင်းကားကို ဇူလိုင် ၆ ရက် တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းရုပ်ရှင်ကားကို ပဲခူးရိုးမ တောလယ်ခေါင် တွင်ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရသည့်အပြင်ပါဝင် မည့် မော်ဒယ်မင်းသမီးတစ်ယောက်၏ခြေ ထောက်အား အမည်မသိအကောင်တစ်ကောင် ကိုက်ခံရ၍ ဆေးရုံတင်ခဲ့ရကြောင်းလည်း သရုပ် ဆောင်ပြေတီဦးကပြောခဲ့သည်။

” အဲ့ဒီကားကတစ်ကယ့်ကိုခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း ရိုက်ခဲ့ရတဲ့ကားလေးတကားပါ၊ ကျွန်တော်တို့သွားရိုက်တဲ့နေရာက ပဲခူးရိုးမတော အလယ်ခေါင်မှာ ရိုက်တာပေါ့နော်၊ တောက ဘယ်လောက်ထိခေါင်လဲဆိုရင် ဖုန်းကတစ်လုံးမှ မမိတော့ဘူး၊ ဒီကားကတော်ရုံတန်ရုံစိတ်မျိုးနဲ့ ဆိုရင် ရိုက်ဖို့မလွယ်ဘူး၊ သရုပ်ဆောင်တွေက မညည်းမညူဘဲရိုက်ပေးတဲ့အတွက်ကျေးဇူး တင်ပါတယ်၊ အဲ့တောကိုရောက်ရောက်ချင်း မရိုက်ရသေးဘူး၊ ပါလာတဲ့ မော်ဒယ်ထဲကတစ် ယောက်ဆိုရင် ဘာကောင်လဲမသိဘူး၊ ကိုက် လိုက်တာခြေထောက်ကြီးကယောင်လာတယ်၊ ညတွင်းချင်းဆေးရုံရောက်သွားတယ်၊ အဲ့မှာ နေကလည်းပူတာမှ ပူခြစ်နေတာဘဲ ကျွန်တော် ဆိုရင် အသားတွေလောင်သွားတယ်၊ အကွက် အကွက်တွေတောင်ထပြီးအရေခွံတောင်လန် ကုန်တယ်၊ ဇာတ်သိမ်းခန်းဆို အဲ့က တောင်ကုန်း ကြီးတစ်ခုမှာ သွားရိုက်တာ ၊ နှစ်ရက်တိတိရိုက် ရတယ်၊ ပြီးတော့မှပြန်သိတာ အဲ့တောင်ကုန်းပေါ် ကိုဘယ်သူမှမတက်ရဲဘူးတဲ့၊ရွာသားတွေကပြန်ပြောတာပေါ့၊ အဲ့တောင်ကုန်းက မြွေပွေးအရမ်း ပေါတာတဲ့ဗျာ ” ဟုပြောခဲ့သည်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ငွေတီဦး ၊ ဇာတ်ညွှန်း မိုးနီလွင် ၊ ဒါရိုက်တာ ကျော်သားကြီး က ပဲခူးရိုးမတောကြီးအရှေ့ဖျား နှင့် ရန်ကုန်မြို့ တွင် ရိုက်ကူးပုံ ဖော်ထားပြီး သရုပ်ဆောင်များ အဖြစ် အကယ်ဒမီ ကျော်ရဲအောင် ၊ အကယ်ဒမီ ပြေတီဦး ၊ အကယ်ဒမီ ဗေလု၀ ၊သင်ဇာဝင့်ကျော် ၊ အေးမြတ်သူ ၊ မေဆူးမောင် ၊ မိုးပွင့်ဖြူ စသည် တို့အပြင်အခြားသော မော်ဒယ်သရုပ်ဆောင်များ လည်း ပါဝင်သရုပ်ဆောင်ထားကြခြင်းဖြစ်သည်။ယင်း တိုးကျော်မန်းနဲ့ နန်းစံတဲ့ရွာ ရုပ်ရှင်ဇာတ် ကားကြီး ကြော်ငြာပုံများတွင် ပရိသတ်စိတ်ဝင် စားခံရသည့်အပြင် ထိုင်းရိုးရာဝတ်စုံများဖြင့်တူ သည့်အပေါ် လာရောက်ကြည့်ပါသိသွားလိမ့် မည်ဖြစ်ကြောင်း ဒါရိုက်တာ ကျော်သားကြီးက ပြောခဲ့သည်။

 

Credit:MyanmarNote