Zawgyi ဖြင့်ဖတ်ရန်
ဘာမှမဖြစ်ဘူး။
ကြည့်မရဘူး မုန်းတယ်။
Unicode ဖြင့်ဖတ်ရန်
ယောကျ်ားလေးတွေမယုံသင့်တဲ့ မိန်းကလေးတွေပြောတဲ့ စကား (၅) ခွန်း
မိန်းကလေးတော်တော်များများက ရွဲ့ရတာ၊ ဘုကလန့်လုပ်ရတာလေးတွေကို သဘောကျကြပါတယ်။ သူတို့ကိုချစ်တဲ့သူတွေကိုဆို ပိုပြီးလုပ်တတ်ကြတာသဘာဝပါပဲ။ အထူးသဖြင့် သူတို့ရဲ့ချစ်သူကောင်လေးအပေါ်ဆိုရင် ပိုဆိုးတတ်တယ်။ ရွဲ့ပြီး ဘုကလန့်တိုက်တတ်ပါတယ်။ ဒါတွေကို ယောင်္ကျားလေးတွေအနေနဲ့က နားလည်သဘောပေါက်မှဖြစ်မှာပါ။ ဒါကြောင့် ယောကျ်ားလေးတွေအနေနဲ့ မယုံကြည်သင့်တဲ့ မိန်းကလေးတွေပြောတဲ့စကားတွေကို မျှဝေပေးလိုက်ပါတယ်။
ဘာမှမဖြစ်ဘူး။
မိန်းကလေးတွေ ဘာမှမဖြစ်ဘူးလို့ပြောတိုင်း တကယ်မဖြစ်ဘူးလို့ မထင်လိုက်ပါနဲ့။ မိန်းကလေးတွေက ဖြစ်နေတာကို မဖြစ်ဘူးလို့ပြောပြီး ပြန်မချော့ရင်လည်း ပိုကောက်တတ်ပါတယ်။ ဒါကြောင့် သင်တစ်ခုခုလုပ်လိုက်လို့ ဘာမှမဖြစ်ဘူးရတယ်လို့ပြောရင် မယုံလိုက်ပါနဲ့။ သူတို့စိတ်ကျေနပ်တဲ့အထိ မြန်မြန်သာချော့လိုက်ပါ။
နင်ကြိုက်တာလုပ် မပြောတော့ဘူး။
နင်ကြိုက်တာလုပ်လို့ပြောလိုက်တိုင် တကယ်လုပ်ခိုင်းတယ်မထင်လိုက်ပါနဲ့။ အဲ့စကားကိုသာယုံလိုက်မိရင် အမှားကြီးမှားသွားမှာပါ။ စိတ်ဆိုးနေတဲ့အချိန်မှာ သင်ကြိုက်တာလုပ်လိုက်ပြီဆိုရင်တော့ သင့်ကိုပိုပြီးစိတ်ဆိုးသွားပါလိမ့်မယ်။ ပြဿနာရှာပြီး ပြတ်မယ်လို့တောင်ပြောတာခံရနိုင်ပါတယ်။
မဆက်သွယ်နဲ့ ဖုန်းလည်းမဆက်နဲ့။
မဆက်သွယ်နဲ့လို့ပြောတိုင်း တကယ်မဆက်သွယ်ပဲမနေလိုက်ပါနဲ့။ သင်ဘယ်တော့ဆက်သွယ်လာမလဲကို စောင့်နေကြတာပါ။ ဖုန်းမဆက်နဲ့လို့ပြောပြီး တကယ်မဆက်ရင်လည်း တစ်ယောက်ထဲ စိတ်တွေတိုနေတတ်ပါတယ်။ ဖုန်းဆက်ပိတ်ထားပြီးရင်လည်း ခဏခဏပြန်ဖွင့်ကြည့်ပြီး ဘယ်နှစ်ခါခေါ်ထားလဲဆိုတာကို ထိုင်တွက်နေတတ်တာ မိန်းကလေးတွေပါ။ ဒါကြောင့် သူတို့ပြောတိုင်းမယုံပါနဲ့။
နင်ဘာလုပ်လုပ်စိတ်မဝင်စားတော့ဘူး။
ဘာလုပ်လုပ်စိတ်မဝင်စားတော့ဘူးလို့ပြောလိုက်တိုင်း လုပ်ချင်တာလုပ်လို့ရပြီ၊ လွတ်လပ်ရေးရသွားပြီလို့ မထင်လိုက်ပါနဲ့။ အဲ့လိုပြောပြီး သေချာစောင့်ကြည့်နေကြတာပါ။ နည်းနည်းလောက်များ မဟုတ်တာလုပ်လိုက်မိရင်တော့ အကြီးအကျယ်ပြဿနာရှာတာ ခံရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုစကားတွေကို ယုံကြည်လိုက်လို့မဖြစ်ဘူးနော်။
ကြည့်မရဘူး မုန်းတယ်။
မိန်းကလေးတွေရဲ့မယုံကြည်ရတဲ့စကားထဲမှာတော့ ကြည့်မရဘူး မုန်းတယ်ဆိုတဲ့စကားလည်း ပါပါတယ်။ ကြည့်မရဘူးလို့ပြောတိုင်း သင့်ကိုတကယ်ကြည့်မရတာလို့ မထင်လိုက်ပါနဲ့။ မုန်းတယ်ပြောတိုင်းလည်း မယုံပါနဲ့။ သင့်ကိုချစ်လို့ ရွဲ့ပြောတာ၊ ဘုဂလန့်ပြောတာတွေဆိုတာကို သိထားဖို့ လိုပါတယ်။ သူတို့ပြောတဲ့ဒီလိုစကားတွေကို ပြောင်းပြန်ကောက်တတ်ဖို့ လိုတာပေါ့။
ဒါကြောင့် မိန်းကလေးတွေပြောတဲ့ ဒီစကား (၅) ခွန်းကို လုံးဝယုံကြည်လိုက်လို့ မဖြစ်ဘူးနော်။
Credit : mystyle myanmar