Zawgyi ျဖင့္ဖတ္ရန္

 

ေယာက်ၤားေလး ေတြဟာ တစ္ခါတစ္ေလမွာ တစ္ခ်ိုဳ႕ေသာကိစၥေတြကို အမွန္တိုင္းေျပာဖို႕ခက္ခဲျကတဲ႔ အေျခေနမ်ိဳးေတြရွိတတ္ျကပါတယ္။ တစ္ခ်ိဳ႕အရာေတြက တမင္သက္သက္ လိမ္ခ်င္လို႕လိမ္တာမ်ိဳးျဖစ္နိုင္ေပမဲ႔ တစ္ခ်ိဳ႕အရာေတြကေတာ႔ မျဖစ္မေနေျကာင္႔လိမ္လိုက္ရတာမ်ိဳးေတြလည္းရွိပါတယ္။ဆိုေတာ႔ေကာင္ေလးေတာ္ေတာ္မ်ားမ်ား အမွန္တိုင္းေျပာရခက္တဲ႔အေျကာင္းအရာေတြက ဘာေတြလဲဆိုတာ…

(၁) အခ်စ္ေဟာင္း၊ ရည္းစားေဟာင္း နဲ႕ပတ္သတ္ျပီးလိမ္တတ္ျကတယ္

မိန္းကေလး ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္႔ခ်စ္သူေကာင္ေလးရဲ႕ အခ်စ္ေဟာင္းရည္းစားေဟာင္းေတြနဲ႔ပတ္သတ္ျပီးသိပ္ျပီးသိခ်င္တာေတြမ်ားတတ္ျကပါတယ္။သူနဲ႕တုန္းကရွင္တကယ္ခ်စ္ခဲ႔တာလားတို႕၊ လက္ကိုင္ဖူးလား ဘယ္ေတြေလ်ွာက္သြားဘူးလဲစသည္ျဖင္႔ အေမးျမန္းထူတတ္ျကပါတယ္။ အမွန္တိုင္းပြင္႔ပြင္႔လင္းလင္းေတြေျပာျပရင္လည္း စိတ္ဆိုးစိတ္ေကာက္ျဖစ္တတ္ျကျပီးသ၀န္တိုတတ္ျကလြန္းလို႕ ေယာက်ၤားေလးေတာ္ေတာ္မ်ားမ်ားဟာ ရည္းစားေဟာင္းနဲ႕ပတ္သတ္တဲ႔ေမးခြန္းေတာ္ေတာ္မ်ားမ်ားကို အမွန္တိုင္းေျပာျပဖို႕ခက္ခဲတတ္ပါတယ္။

(၂) Online ေပၚက ပို႕စ္တစ္ခ်ိဳ႕နဲ႔ပတ္သတ္ျပီး လိမ္တတ္ျကတယ္

ေကာင္ေလးေတြေတာ္ေတာ္မ်ားမ်ားဟာ သူတို႕စိတ္ထဲမွာရွိတဲ႔အတိုင္း အားလံုးလုပ္တတ္ျကတဲ႔အမ်ိဳးပါ။ ကိုယ္သေဘာက်တဲ႔စတိုင္မ်ိဳးနဲ႕ေမာ္ဒယ္ေကာင္မေလးေတြေတြ႕ျပီဆိုရင္ ဘာရယ္မဟုတ္ဘူး Share တာမ်ိဳး Save ထားတာမ်ိဳးလုပ္တတ္ျကပါတယ္။ ဒါကိုမ်ားေကာင္မေလးေတြျမင္လိုက္လို႕ကေတာ႔ ေဖာက္ျပန္တဲ႔အလားေသာင္းက်န္းမွာအေသခ်ာပါပဲ။ ဒါေျကာင္႔လည္းသူတို႕ရွယ္ထားတဲ႔ပံုေတြ သိမ္းထားတဲ႔ပံုေတြကိုေကာင္မေလးေတြျမင္တဲ႔အခါလိမ္ညာျပီး သဲ ဓာတ္ပံုရိုက္ရင္ပို႕စ္ေတြယူလို႕ရေအာင္… ေကာင္မေလးကိုျကိုက္လို႕မဟုတ္ဘူး စတုိင္ေလးက မိုက္လို႔ဘာညာနဲ႕အမွန္တိုင္းျကိုက္လို႕Share တာလို႕ ေျပာဖို႕၀န္ေလးတတ္ျကပါတယ္။

(၃) ဘယ္လို႕ခ်စ္တာလဲလို႕ေကာင္မေလးေတြကေမးတဲ႔အခါလိမ္တတ္ျကတယ္

မိန္းကေလးေတာ္ေတာ္မ်ားမ်ားခဏခဏသူတို႕ေကာင္ေလးေတြကိုေမးေနျကစကားတစ္ခြန္းပါ၊ ေကာင္ေလးေတြအတြက္လည္းေျဖရအခက္ဆံုးနဲ႕ ဘာေျဖရမွန္းမသိဆံုးေမးခြန္းတစ္ခုပါပဲ။ လူတစ္ေယာက္ကိုတစ္ေယာက္တကယ္ခ်စ္မိတဲ႔အခါ ဘာလို႕ဆိုတဲ႔အေျဖမရွိပါဘူး။ ဒီလိုရွင္းျပလည္း ေကာင္မေလးေတြကေက်နပ္ျကတာမဟုတ္ေတာ႔ ဘာေလးကိုခ်စ္သြားတာ ညာေလးကို ခ်စ္သြားတာနဲ႕ မျဖစ္မေန လုပ္ယူလိမ္ညာလိုက္ရတာမ်ိဳးေတြလည္းရွိသြားတတ္ျကပါတယ္။

(၄) အသံုးစရိတ္ နဲ႔ပတ္သတ္ျပီးလိမ္တတ္ျကတယ္

မိန္းကေလးေတြဟာ ကိုယ္႔ခ်စ္သူေကာင္ေလးကို ေငြေျကးအသံုးစြဲမ်ားရင္သေဘာမက်တတ္ျကပါဘူး။ ဒီလိုနဲ႕ေကာင္ေလးေတြဟာ လည္းအမွန္တိုင္းေျပာရင္မျကိုက္မွာ ရန္ျဖစ္မွာ ဆူမွာ ပြစိပြစိ လုပ္မွာနဲ႕အတူတူ အသံုးစရိတ္ေတြ ၀ယ္ထားတဲ႔ပစၥည္းရဲ႕ေငြေျကးပမာဏေတြနဲ႕ပတ္သတ္ျပီး
လိမ္လိမ္ေျပာေလ႔ရွိပါတယ္။

(၅) သူတို႕ခံခဲ႔ရတဲ႔ကိစၥေတာ္ေတာ္မ်ားမ်ားကိုလိမ္ေျပာေလ႔ရွိတယ္

ေယာက်ၤားေလးဆိုတာမ်ိဳးက သူတုိ႕ေကာင္မေလးေတြေရွ႕မွာ အျမဲမားမားမတ္မတ္ရပ္တည္နိုင္တဲ႔ ဟီးရိုးျကီးေတြျဖစ္ခ်င္တတ္ျကတာပါ။ဒါေျကာင္႔ သူတို႕ရံႈးနိမ္႔ခဲ႔ရတဲ႔အရာေတြ သူတို႕ခံလာခဲ႔ရတဲ႔ကိစၥေတြဆို သိပ္ျပီး အမွန္တိုင္းေျပာေလ႔မရွိပဲ အနုိင္ရသေယာင္ ဘာမွမျဖစ္သေယာင္ ဟန္ေဆာင္
ေလ႔ရွိျကပါတယ္။

Credit : Trend

 

Unicode ဖြင့်ဖတ်ရန်

 

ယောကျင်္ား လေးတွေဟာ တစ်ခါတစ်လေမှာ တစ်ချိုု့သောကိစ္စတွေကို အမှန်တိုင်းပြောဖို့ခက်ခဲကြတဲ့ အခြေနေမျိုးတွေရှိတတ်ကြပါတယ်။ တစ်ချို့အရာတွေက တမင်သက်သက် လိမ်ချင်လို့လိမ်တာမျိုးဖြစ်နိုင်ပေမဲ့ တစ်ချို့အရာတွေကတော့ မဖြစ်မနေကြောင့်လိမ်လိုက်ရတာမျိုးတွေလည်းရှိပါတယ်။ဆိုတော့ကောင်လေးတော်တော်များများ အမှန်တိုင်းပြောရခက်တဲ့အကြောင်းအရာတွေက ဘာတွေလဲဆိုတာ…

(၁) အချစ်ဟောင်း၊ ရည်းစားဟောင်းနဲ့ပတ်သတ်ပြီးလိမ်တတ်ကြတယ်

မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူကောင်လေးရဲ့ အချစ်ဟောင်းရည်းစားဟောင်းတွေနဲ့ပတ်သတ်ပြီးသိပ်ပြီးသိချင်တာတွေများတတ်ကြပါတယ်။သူနဲ့တုန်းကရှင်တကယ်ချစ်ခဲ့တာလားတို့၊ လက်ကိုင်ဖူးလား ဘယ်တွေလျှောက်သွားဘူးလဲစသည်ဖြင့် အမေးမြန်းထူတတ်ကြပါတယ်။ အမှန်တိုင်းပွင့်ပွင့်လင်းလင်းတွေပြောပြရင်လည်း စိတ်ဆိုးစိတ်ကောက်ဖြစ်တတ်ကြပြီးသဝန်တိုတတ်ကြလွန်းလို့ ယောကျင်္ားလေးတော်တော်များများဟာ ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့မေးခွန်းတော်တော်များများကို အမှန်တိုင်းပြောပြဖို့ခက်ခဲတတ်ပါတယ်။

(၂) Online ပေါ်က ပို့စ်တစ်ချို့နဲ့ပတ်သတ်ပြီး လိမ်တတ်ကြတယ်

ကောင်လေးတွေတော်တော်များများဟာ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း အားလုံးလုပ်တတ်ကြတဲ့အမျိုးပါ။ ကိုယ်သဘောကျတဲ့စတိုင်မျိုးနဲ့မော်ဒယ်ကောင်မလေးတွေတွေ့ပြီဆိုရင် ဘာရယ်မဟုတ်ဘူး Share တာမျိုး Save ထားတာမျိုးလုပ်တတ်ကြပါတယ်။ ဒါကိုများကောင်မလေးတွေမြင်လိုက်လို့ကတော့ ဖောက်ပြန်တဲ့အလားသောင်းကျန်းမှာအသေချာပါပဲ။ ဒါကြောင့်လည်းသူတို့ရှယ်ထားတဲ့ပုံတွေ သိမ်းထားတဲ့ပုံတွေကိုကောင်မလေးတွေမြင်တဲ့အခါလိမ်ညာပြီး သဲ ဓာတ်ပုံရိုက်ရင်ပို့စ်တွေယူလို့ရအောင်… ကောင်မလေးကိုကြိုက်လို့မဟုတ်ဘူး စတိုင်လေးက မိုက်လို့ဘာညာနဲ့အမှန်တိုင်းကြိုက်လို့Share တာလို့ ပြောဖို့ဝန်လေးတတ်ကြပါတယ်။

(၃) ဘယ်လို့ချစ်တာလဲလို့ကောင်မလေးတွေကမေးတဲ့အခါလိမ်တတ်ကြတယ်

မိန်းကလေးတော်တော်များများခဏခဏသူတို့ကောင်လေးတွေကိုမေးနေကြစကားတစ်ခွန်းပါ၊ ကောင်လေးတွေအတွက်လည်းဖြေရအခက်ဆုံးနဲ့ ဘာဖြေရမှန်းမသိဆုံးမေးခွန်းတစ်ခုပါပဲ။ လူတစ်ယောက်ကိုတစ်ယောက်တကယ်ချစ်မိတဲ့အခါ ဘာလို့ဆိုတဲ့အဖြေမရှိပါဘူး။ ဒီလိုရှင်းပြလည်း ကောင်မလေးတွေကကျေနပ်ကြတာမဟုတ်တော့ ဘာလေးကိုချစ်သွားတာ ညာလေးကို ချစ်သွားတာနဲ့ မဖြစ်မနေ လုပ်ယူလိမ်ညာလိုက်ရတာမျိုးတွေလည်းရှိသွားတတ်ကြပါတယ်။

(၄) အသုံးစရိတ်နဲ့ပတ်သတ်ပြီးလိမ်တတ်ကြတယ်

မိန်းကလေးတွေဟာ ကိုယ့်ချစ်သူကောင်လေးကို ငွေကြေးအသုံးစွဲများရင်သဘောမကျတတ်ကြပါဘူး။ ဒီလိုနဲ့ကောင်လေးတွေဟာ လည်းအမှန်တိုင်းပြောရင်မကြိုက်မှာ ရန်ဖြစ်မှာ ဆူမှာ ပွစိပွစိ လုပ်မှာနဲ့အတူတူ အသုံးစရိတ်တွေ ဝယ်ထားတဲ့ပစ္စည်းရဲ့ငွေကြေးပမာဏတွေနဲ့ပတ်သတ်ပြီး
လိမ်လိမ်ပြောလေ့ရှိပါတယ်။

(၅) သူတို့ခံခဲ့ရတဲ့ကိစ္စတော်တော်များများကိုလိမ်ပြောလေ့ရှိတယ်

ယောကျင်္ားလေးဆိုတာမျိုးက သူတို့ကောင်မလေးတွေရှေ့မှာ အမြဲမားမားမတ်မတ်ရပ်တည်နိုင်တဲ့ ဟီးရိုးကြီးတွေဖြစ်ချင်တတ်ကြတာပါ။ဒါကြောင့် သူတို့ရှုံးနိမ့်ခဲ့ရတဲ့အရာတွေ သူတို့ခံလာခဲ့ရတဲ့ကိစ္စတွေဆို သိပ်ပြီး အမှန်တိုင်းပြောလေ့မရှိပဲ အနိုင်ရသယောင် ဘာမှမဖြစ်သယောင် ဟန်ဆောင်
လေ့ရှိကြပါတယ်။

 

Credit : Trend