Zawgyi ျဖင့္ဖတ္ရန္

 

နွစ္ဦးနွစ္ဖက္ေျပေျပလည္လည္နဲ႕တစ္ေယာက္ေပၚတစ္ေယာက္တစ္ဘ၀လံုးစာထိရည္ရြယ္ျပီးလက္တြဲထားျကတဲ႔RS ဘ၀ ကိုပိုင္ဆိုင္ထားျကျပီဆိုတဲ႔အတြဲေတြ ဟာ ဒီအခ်က္ေလးေတြေတာ႔ တစ္ေယာက္ေပၚတစ္ေယာက္တာ၀န္ေက်ဖို႕လိုပါတယ္…

(၁) ကတိတည္ပါ
ကတိ တစ္လံုးဟာ တည္တံ့တဲ႔ ပတ္သတ္မႈမ်ိဳးျဖစ္ဖို႕ဆိုတဲ႔ေနရာမွာ အရမ္းကိုအေရးပါတဲ႔အရာတစ္ခုပါ။ ဒါေျကာင္႔ ေသခ်ာျပီဆိုမွကတိတစ္ခုကိုေပးျပီးတည္တံ့ေအာင္ျကိုးစားပါ။ ကတိတည္ျခင္းမတည္ျခင္းဟာ လူတစ္ေယာက္ရဲ႕စိတ္ဓာတ္နဲ႕သိပ္ကိုသက္ဆိုင္တာမလို႕ ကိုယ္႔ခ်စ္သူရဲ႕အျပည္႔၀ယံုျကည္မႈကိုရေအာင္ကတိတည္တတ္ဖို႕လိုပါတယ္။

(၂) ကိုယ္႔ရဲ႕ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ကိုအသိေပးးပါ
ေအာင္မေလးယူေတာင္မယူရေသးဘူး ကိုယ္ဆံုးျဖတ္သမ်ွအကုန္ေျပာျပေနရတယ္ဆိုတဲ႔စိတ္မ်ိဳးမထားပါနဲ႕။ တစ္ဘ၀လံုးအတြက္ရည္ရြယ္ထားသူမလို႕ကိုယ္႔ရဲ႕ဆံုးျဖတ္ခ်က္ေတာ္ေတာ္မ်ားမ်ားကို သူ႕ဆီကခြင္႔ေတာင္းတာမ်ိဳးေလာက္ထိေတာ႔မဟုတ္ပဲ အသိေပးတာမ်ိဳးေလာက္ေတာ႔ တစ္ေယာက္ေပၚတစ္ေယာက္အေလးထားတဲ႔သေဘာနဲ႔ျပဳလုပ္သင္႔ပါတယ္။

(၃) ဘယ္သြားမယ္ ဘာလုပ္မယ္ ဘယ္သူေတြနဲ႕ဆိုတာကိုအရိုးသားဆံုးေျပာျပပါ
လိမ္တာဟာ အျမန္ဆံုးျပတ္နည္းတစ္ခုပါပဲ။ တစ္ေယာက္နဲ႕တစ္ေယာက္ယံုျကည္မႈအေလ်ာ႕ဆံုး နည္းတစ္နည္းပါ။ ဒါေျကာင္႔ ကိုယ္႔လိပ္ျပာကိုယ္လံုလံုနဲ႕ကိုယ္လုပ္မဲ႔အရာကို အသိေပးပါ။အမွန္တိုင္းေျပာပါ၊ ဒါကိုမွလံုး၀လက္မခံနို္င္တဲ႔သူမ်ိဳးဆိုရင္ေတာ႔ သင္တို႕နွစ္ေယာက္နားလည္မႈတစ္ခုရေအာင္ျပန္ညိွဖို႕လိုပါျပီ။ ေဖာက္ျပန္ ေလာ္လီေနတာမ်ိဳးမဟုတ္ပဲ မတရားပိတ္ပင္တာေတြဟာလည္း မျကာခင္ ကြဲကြာရေတာ႔မဲ႔လမ္းစေတြပါပဲ။

(၄) အခ်ိန္ ေပးပါ
ကိုယ္႔ခ်စ္သူကို အခ်ိန္ေပးတတ္ဖို႕လိုပါတယ္။ အခ်ိန္ျပည္႔မဟုတ္ရင္ေတာင္ နွစ္ေယာက္လံုးအတြက္အေရးပါတဲ႔ေန႕ေတြသူကိုယ္႔ကိုလိုအပ္တယ္လို႕ထင္ရတဲ႔ေန႕ေတြမွာ အခ်ိန္ ေပးတတ္ဖို႕လိုပါတယ္။

(၅) တန္ဖိုး ထားေျကာင္းသိေအာင္ျပပါ
ကိုယ္႔ရင္ထဲမွာပဲခ်စ္တယ္ဆိုတာနဲ႕လည္းမျပီးေသးပါဘူး၊ ကိုယ္သူ႕အေပၚဘယ္ေလာက္အေလးထားေျကာင္း ဘယ္ေလာက္တန္ဖိုးထားေျကာင္းကို သူသိေအာင္ေျပာျပေပးဖို႕လည္းလိုပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္တာကိုရင္ထဲမွာပဲ ေျပာေနရင္ တည္ေဆာင္ထားတဲ႔RS ျကီးဟာ ေအးစက္စက္နဲ႕ေနာက္ဆံုးသူငါ႔မခ်စ္ေတာ႔ပါလားဆိုျပီးတစ္ေယာက္နဲ႕တစ္ေယာက္အထင္လြဲျပီး ပိုေ၀းသြားတတ္ျကပါတယ္။
ဆိုေတာ႔ကိုယ္ခ်စ္တဲ႔သူနဲဲ႕တစ္ဘ၀လံုးတည္တည္တံ့တ့ံလက္တြဲခ်င္ရင္ေတာ႔ အေပၚကအခ်က္ေလးေတြကို တာ၀န္ေက်ေပးဖို႕လိုပါတယ္…

Credit : Trend

 

Unicode ဖြင့်ဖတ်ရန်

 

နှစ်ဦးနှစ်ဖက်ပြေပြေလည်လည်နဲ့တစ်ယောက်ပေါ်တစ်ယောက်တစ်ဘဝလုံးစာထိရည်ရွယ်ပြီးလက်တွဲထားကြတဲ့RS ဘဝကိုပိုင်ဆိုင်ထားကြပြီဆိုတဲ့အတွဲတွေ ဟာ ဒီအချက်လေးတွေတော့ တစ်ယောက်ပေါ်တစ်ယောက်တာဝန်ကျေဖို့လိုပါတယ်…

(၁) ကတိတည်ပါ
ကတိတစ်လုံးဟာ တည်တံ့တဲ့ ပတ်သတ်မှုမျိုးဖြစ်ဖို့ဆိုတဲ့နေရာမှာ အရမ်းကိုအရေးပါတဲ့အရာတစ်ခုပါ။ ဒါကြောင့် သေချာပြီဆိုမှကတိတစ်ခုကိုပေးပြီးတည်တံ့အောင်ကြိုးစားပါ။ ကတိတည်ခြင်းမတည်ခြင်းဟာ လူတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့သိပ်ကိုသက်ဆိုင်တာမလို့ ကိုယ့်ချစ်သူရဲ့အပြည့်ဝယုံကြည်မှုကိုရအောင်ကတိတည်တတ်ဖို့လိုပါတယ်။

(၂) ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုအသိပေးးပါ
အောင်မလေးယူတောင်မယူရသေးဘူး ကိုယ်ဆုံးဖြတ်သမျှအကုန်ပြောပြနေရတယ်ဆိုတဲ့စိတ်မျိုးမထားပါနဲ့။ တစ်ဘဝလုံးအတွက်ရည်ရွယ်ထားသူမလို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တော်တော်များများကို သူ့ဆီကခွင့်တောင်းတာမျိုးလောက်ထိတော့မဟုတ်ပဲ အသိပေးတာမျိုးလောက်တော့ တစ်ယောက်ပေါ်တစ်ယောက်အလေးထားတဲ့သဘောနဲ့ပြုလုပ်သင့်ပါတယ်။

(၃) ဘယ်သွားမယ် ဘာလုပ်မယ် ဘယ်သူတွေနဲ့ဆိုတာကိုအရိုးသားဆုံးပြောပြပါ
လိမ်တာဟာ အမြန်ဆုံးပြတ်နည်းတစ်ခုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုအလျော့ဆုံး နည်းတစ်နည်းပါ။ ဒါကြောင့် ကိုယ့်လိပ်ပြာကိုယ်လုံလုံနဲ့ကိုယ်လုပ်မဲ့အရာကို အသိပေးပါ။အမှန်တိုင်းပြောပါ၊ ဒါကိုမှလုံးဝလက်မခံနို်င်တဲ့သူမျိုးဆိုရင်တော့ သင်တို့နှစ်ယောက်နားလည်မှုတစ်ခုရအောင်ပြန်ညှိဖို့လိုပါပြီ။ ဖောက်ပြန် လော်လီနေတာမျိုးမဟုတ်ပဲ မတရားပိတ်ပင်တာတွေဟာလည်း မကြာခင် ကွဲကွာရတော့မဲ့လမ်းစတွေပါပဲ။

(၄) အချိန်ပေးပါ
ကိုယ့်ချစ်သူကို အချိန်ပေးတတ်ဖို့လိုပါတယ်။ အချိန်ပြည့်မဟုတ်ရင်တောင် နှစ်ယောက်လုံးအတွက်အရေးပါတဲ့နေ့တွေသူကိုယ့်ကိုလိုအပ်တယ်လို့ထင်ရတဲ့နေ့တွေမှာ အချိန်ပေးတတ်ဖို့လိုပါတယ်။

(၅) တန်ဖိုးထားကြောင်းသိအောင်ပြပါ
ကိုယ့်ရင်ထဲမှာပဲချစ်တယ်ဆိုတာနဲ့လည်းမပြီးသေးပါဘူး၊ ကိုယ်သူ့အပေါ်ဘယ်လောက်အလေးထားကြောင်း ဘယ်လောက်တန်ဖိုးထားကြောင်းကို သူသိအောင်ပြောပြပေးဖို့လည်းလိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်တာကိုရင်ထဲမှာပဲ ပြောနေရင် တည်ဆောင်ထားတဲ့RS ကြီးဟာ အေးစက်စက်နဲ့နောက်ဆုံးသူငါ့မချစ်တော့ပါလားဆိုပြီးတစ်ယောက်နဲ့တစ်ယောက်အထင်လွဲပြီး ပိုဝေးသွားတတ်ကြပါတယ်။
ဆိုတော့ကိုယ်ချစ်တဲ့သူနဲဲ့တစ်ဘဝလုံးတည်တည်တံ့တ့ံလက်တွဲချင်ရင်တော့ အပေါ်ကအချက်လေးတွေကို တာဝန်ကျေပေးဖို့လိုပါတယ်…

Credit : Trend