Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကမ္ဘာ့ဖလားဘောလုံးပွဲ ကာလအတွင်း မိန်းမထံသို့ အထူးသတိပေးကြေညာချက်
1) TV , Skynet ရီမု များအား တလတိတိ အချိန်အထိ မိမိ အပိုင် ဖြစ်ကြောင်း သိစေအပ် ပါသည်။
2) ကမ္ဘာ့ ဖလား ဘောလုံးပွဲ ကာလ အတွင်းတွင် မည်သည့် မိတ်ဆွေ၏ မင်္ဂလာဆောင်ခြင်း ၊ မီးဖွားခြင်း ၊ မွေးနေ့ပွဲ ဂုဏ်ပြုပွဲ စသည်များသို့ ခေါ်မသွားရ ။ ခေါ်လည်း လိုက်မည် မဟုတ်ပါ ။
3) မိမိ လောင်းထားသော အသင်း ၊ အားပေးသော အသင်း များကိုသာ လိုက် အားပေး ရမည် ။
4) ဘောလုံးပွဲ ပွဲစဉ်များ ကစားနေစဉ် အတွင်းမှာ စကား မပြောရ ၊ အရေးကြီးသော ကိစ္စများ ပြောလိုပါက ပထမပိုင်း အပီး (သို့) ပွဲပြီးဆုံး ချိန် အထိ စောင့်ပါ ။
5) ဘောလုံး ပွဲစဉ်များ၏ ဟိုက်လိုက် များသည် တပွဲလုံး ၏ အနှစ်ချုပ် ဖြစ်သဖြင့် အခါ အားလျော်စွာ မိမိ ကြည့်ရှုမည် ဖြစ်သည် ။
6) ကိုရီးယား ဇာတ်လမ်းတွဲ များအား နေ့လည်ပိုင်း ပြန်လည် ပြသချိန်တွင်သာ ကြည့်ရှုရန် ။
7) ဘောလုံး ပွဲချိန် အတွင်း တီဗွီရှေ့ မှ မဖြစ်မနေ သွားလိုလျှင် ခေါင်းငုံ့သွားရုံ နဲ့ မလုံလောက်ပါ ။ တွားသွားပါ ။ ဖြစ်နိုင်လျှင် မသွားပါနှင့် ။
8) ဘောလုံး ပွဲချိန်အတွင်း ” ဒါ မန်ယူနဲ့ ဂျာမနီ ကန်နေတာလား ” တို့ ” ဘရာဇီး နဲ့ မြန်မာလား ” တို့ စသည့် အရူး မေးခွန်းများ မမေးရ ။
9) မိမိ လောင်းထားသည့် အသင်း ၊ အားပေးသည့် အသင်း ရှုံးနေချိန်တွင် ပြုံးမနေရ ။
10) ဘောလုံး ပွဲချိန်အတွင်း အခါ အားလျော်စွာ စွပ်ပြုတ် ကျိုပေးခြင်း၊ ခေါက်ဆွဲ ပြုတ်ပေးခြင်း ၊ ဘီယာ နှင့် အမြည်း အစရှိသည် များကို မကြာခဏ ဆိုသလို ပြုလုပ်ပေးရမည်။
11) ကမ္ဘာ့ဖလားဘောလုံး ပွဲစဉ်များ ကျင်းပပြုလုပ်နေချိန် အတွင်းကို အထူးကာလဟု မှတ်ယူရမည် ။
Credit Original Uploader