Zawgyi ျဖင့္ဖတ္ရန္

 

 

မိန္းကေလး ေတာ္ေတာ္မ်ားမာ်းဟာ စစေတြ႔ခ်င္းမွာေတာ့ အရမး္ကို တည္ၾကည္ၿပီး အိေႁႏၵႀကီး၊ မာနႀကီးလိမ့္မယ္လို႔ အထင္ခံရၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းေပါင္းၾကည့္လိုက္တဲ့အခါ၊ အရမး္ကို ေပ်ာ္တတ္ၿပီး ဟာသဉာဏ္လညး္ရႊင္တဲ့ ေပါေတာေတာေလးေတြ ျဖစ္ေနမွန္း သိသြားၾကပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ အိေႁႏၵႀကီး တစ္ခြဲသားနဲ႔ တကယ္တမ္းက်ေတာ့ အရမ္းေပါတဲ့ေကာင္မေလးေတြရဲ႕ အေၾကာင္းပါ။ သင္နဲ႔ ဒါမွမဟုတ္ သင့္သူငယ္ခ်င္းတစ္ေယာက္ေယာက္နဲ႔မ်ား တိုက္ဆိုင္ေနမလား ၾကည့္ရေအာင္ေနာ္။

(၁) စေတြ႕တုန္းက အရမး္တည္တယ္

 

ေပါေတာေတာေနတဲ့ ေကာင္မေလးေတြဟာ စေတြ႕တုန္းကနဲ႔ လံုးဝတျခားစီပါ။ သူတုိ႔ကိုစေတြ႕တုနး္က၊ သူတို႔နဲ႔ မရင္းႏွီးခင္တုန္းက မ်က္ႏွာထားကလည္းတည္၊ စကားကလညး္နည္းေတာ့ ကုိယ္ေတာင္ ခပ္လန္႔လန္႔ျဖစ္သြားမွာပါ။ ဒါေပမယ့္ တကယ္လညး္ ခင္မင္းရင္းႏွီးသြားတဲ့အခ်ိန္မွာေတာ့ စေတြ႕တုနး္ကပံုစံကိုျမင္ရဖို႔ ေတာ္ေတာ္ခက္သြားပါၿပီ။ အရမ္းေပါၿပီး ေပါက္ကရေတြ၊ ဟာသေတြ အရမ္းေျပာတတ္တဲ့အျပင္ သူတို႔ကိုယ္တိုင္ ရယ္စရာပံုစံေတြ အမ်ိဳးမ်ိဳးလုပ္တတ္တဲ့သူေတြပါ။

(၂) မသိတဲ့သူေတြေရွ႕မွာတည္တယ္

ဒီလိုမိန္းကေလးေတြဟာ အေပါင္းအသင္းေတြ သူငယ္ခ်င္းေတြေရွ႕မွာ အရမး္ေပါသေလာက္ မသိတဲ့၊ မရင္းႏွီးတဲ့သူေတြ ေရွ႕မွာေတာ့ အရမး္ကိုတည္ၾကပါတယ္။ အေပါင္းအသင္းေတြမပါဘဲ တစ္ေယာက္တညး္ အျပင္သြားတဲ့အခ်ိန္ေတြဆို ဖုနး္၊ ဒါမွမဟုတ္ အရာတစ္ခုခုကိုပဲ အာ႐ံုစိုက္ေနေလ့ရွိတယ္။ ဒါေၾကာင့္ပဲ တျခားသူေတြက သူတို႔ကို မာနႀကီးမယ္ထင္ၿပီး မေခၚရဲဲမေျပာရဲျဖစ္ေနတတ္ၾကပါတယ္။

(၃) သူငယ္ခ်င္းေတြကုိ အရမး္သံေယာဇဥ္ႀကီးတယ္

 

ဒီလိုမိန္းကေလးေတြဟာ သူငယ္ခ်င္းေတြအေပၚကို အရမး္သံေယာဇဥ္ႀကီးပါတယ္။ သူငယ္ခ်င္းေတြစံုလာၿပီဆို ရယ္စရာေတြေျပာ၊ ဟာသေတြလုပ္ၿပီး သူငယ္ခ်င္းေတြကို ေဖ်ာ္ေျဖဖို႔ တာဝန္ယူထားၾကသူေတြပါ။ သူတို႔မွာ သူငယ္ခ်င္းအမ်ားႀကီး မရွိပါဘူး။ ဒါေပမယ့္ ရွိတဲ့သူငယ္ခ်င္းအနညး္ငယ္အေပၚမွာေတာ့ အရမး္ကုိ သံေယာဇဥ္ႀကီးၿပီး အနစ္နာခံစရာရွိလည္း သူတုိ႔ပဲ အနစ္နာခံပါတယ္။

(၄) အရမး္ရွက္တတ္တယ္
သူတုိ႔ကို ေပါေတာေတာေနလို႔ သိပ္မရွက္တတ္ဘူးလို႔ ထင္ေနရင္ေတာ့ အရမး္ကို မွားသြားပါၿပီ။ သူတုိ႔ဟာ သူငယ္ခ်င္းေတြရွိရင္သာ အာက်ယ္အာက်ယ္လုပ္တာ၊ သူငယ္ခ်င္းေတြမပါရင္ အျပင္ေတာင္ သိပ္မသြားတတ္ပါဘူး။ သူငယ္ခ်င္းေတြမပါရင္ အားငယ္သလုိလုိ၊ ရွက္သလိုလိုျဖစ္တတ္ၾကၿပီး အလုိုလိုေနရင္းနဲ႔ကို ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ ေလ်ာ႔တတ္ၾကတယ္။ အဲဒါကိုဖံုးကြယ္ဖုိ႔အတြက္ မ်က္ႏွာတည္ႀကီးနဲ႔ မာနႀကီးတဲ့အသြင္ကို တမင္လုပ္ယူတတ္ၾကပါတယ္။

(၅) ေၾကာက္တတ္တယ္

 

ဒီလိုမိန္းကေလးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္က သရဲအရမး္ေၾကာက္တတ္ပါတယ္။ တစ္ခါတေလ အိပ္ေနရာက ႏိုးလာရင္ေတာင္ ဘာလဲဟ ဆိုၿပီး ေတာင္ေတြးေျမာက္ေတြးနဲ႔ ေၾကာက္စိတ္ေတြ ဝင္လာတတ္တဲ့သူေတြပါ။ တစ္ေယာက္တည္းအိပ္ရင္လညး္ မီးေတြအားလံုး ဖြင့္အိပ္တတ္ၾကပါတယ္။ သူတုိ႔က သရဲတင္ေၾကာက္တာလားဆိုေတာ့ မဟုတ္ပါဘူး။ လူဆိုးေတြ၊ သူခိုးေတြ၊ ဓားျပေတြကိုလည္း အရမး္ေၾကာက္ၾကပါတယ္။ သူတုိ႔ဟာ အရမး္ေၾကာက္တတ္ေပမယ့္ လံုးဝမေၾကာက္တတ္တဲ့ပံုစံကို ဖမ္းထားတတ္ၾကပါတယ္။

Source : Anty May

 

Unicode ျဖင့္ဖတ္ရန္

 

မိန်းကလေးတော်တော်များမာျးဟာ စစတွေ့ချင်းမှာတော့ အရမ်းကို တည်ကြည်ပြီး အိနြေ္ဒကြီး၊ မာနကြီးလိမ့်မယ်လို့ အထင်ခံရကြပါတယ်။ ဒါပေမယ့် တကယ်တမ်းပေါင်းကြည့်လိုက်တဲ့အခါ၊ အရမ်းကို ပျော်တတ်ပြီး ဟာသဉာဏ်လည်းရွှင်တဲ့ ပေါတောတောလေးတွေ ဖြစ်နေမှန်း သိသွားကြပါတယ်။ ခုဖော်ပြပေးမှာကတော့ အိနြေ္ဒကြီးတစ်ခွဲသားနဲ့ တကယ်တမ်းကျတော့ အရမ်းပေါတဲ့ကောင်မလေးတွေရဲ့ အကြောင်းပါ။ သင်နဲ့ ဒါမှမဟုတ် သင့်သူငယ်ချင်းတစ်ယောက်ယောက်နဲ့များ တိုက်ဆိုင်နေမလား ကြည့်ရအောင်နော်။

(၁) စတွေ့တုန်းက အရမ်းတည်တယ်

 

ပေါတောတောနေတဲ့ ကောင်မလေးတွေဟာ စတွေ့တုန်းကနဲ့ လုံးဝတခြားစီပါ။ သူတို့ကိုစတွေ့တုန်းက၊ သူတို့နဲ့ မရင်းနှီးခင်တုန်းက မျက်နှာထားကလည်းတည်၊ စကားကလည်းနည်းတော့ ကိုယ်တောင် ခပ်လန့်လန့်ဖြစ်သွားမှာပါ။ ဒါပေမယ့် တကယ်လည်း ခင်မင်းရင်းနှီးသွားတဲ့အချိန်မှာတော့ စတွေ့တုန်းကပုံစံကိုမြင်ရဖို့ တော်တော်ခက်သွားပါပြီ။ အရမ်းပေါပြီး ပေါက်ကရတွေ၊ ဟာသတွေ အရမ်းပြောတတ်တဲ့အပြင် သူတို့ကိုယ်တိုင် ရယ်စရာပုံစံတွေ အမျိုးမျိုးလုပ်တတ်တဲ့သူတွေပါ။

(၂) မသိတဲ့သူတွေရှေ့မှာတည်တယ်

ဒီလိုမိန်းကလေးတွေဟာ အပေါင်းအသင်းတွေ သူငယ်ချင်းတွေရှေ့မှာ အရမ်းပေါသလောက် မသိတဲ့၊ မရင်းနှီးတဲ့သူတွေ ရှေ့မှာတော့ အရမ်းကိုတည်ကြပါတယ်။ အပေါင်းအသင်းတွေမပါဘဲ တစ်ယောက်တည်း အပြင်သွားတဲ့အချိန်တွေဆို ဖုန်း၊ ဒါမှမဟုတ် အရာတစ်ခုခုကိုပဲ အာရုံစိုက်နေလေ့ရှိတယ်။ ဒါကြောင့်ပဲ တခြားသူတွေက သူတို့ကို မာနကြီးမယ်ထင်ပြီး မခေါ်ရဲမပြောရဲဖြစ်နေတတ်ကြပါတယ်။

(၃) သူငယ်ချင်းတွေကို အရမ်းသံယောဇဉ်ကြီးတယ်

 

ဒီလိုမိန်းကလေးတွေဟာ သူငယ်ချင်းတွေအပေါ်ကို အရမ်းသံယောဇဉ်ကြီးပါတယ်။ သူငယ်ချင်းတွေစုံလာပြီဆို ရယ်စရာတွေပြော၊ ဟာသတွေလုပ်ပြီး သူငယ်ချင်းတွေကို ဖျော်ဖြေဖို့ တာဝန်ယူထားကြသူတွေပါ။ သူတို့မှာ သူငယ်ချင်းအများကြီး မရှိပါဘူး။ ဒါပေမယ့် ရှိတဲ့သူငယ်ချင်းအနည်းငယ်အပေါ်မှာတော့ အရမ်းကို သံယောဇဉ်ကြီးပြီး အနစ်နာခံစရာရှိလည်း သူတို့ပဲ အနစ်နာခံပါတယ်။

(၄) အရမ်းရှက်တတ်တယ်
သူတို့ကို ပေါတောတောနေလို့ သိပ်မရှက်တတ်ဘူးလို့ ထင်နေရင်တော့ အရမ်းကို မှားသွားပါပြီ။ သူတို့ဟာ သူငယ်ချင်းတွေရှိရင်သာ အာကျယ်အာကျယ်လုပ်တာ၊ သူငယ်ချင်းတွေမပါရင် အပြင်တောင် သိပ်မသွားတတ်ပါဘူး။ သူငယ်ချင်းတွေမပါရင် အားငယ်သလိုလို၊ ရှက်သလိုလိုဖြစ်တတ်ကြပြီး အလိုလိုနေရင်းနဲ့ကို ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့တတ်ကြတယ်။ အဲဒါကိုဖုံးကွယ်ဖို့အတွက် မျက်နှာတည်ကြီးနဲ့ မာနကြီးတဲ့အသွင်ကို တမင်လုပ်ယူတတ်ကြပါတယ်။

(၅) ကြောက်တတ်တယ်

 

ဒီလိုမိန်းကလေးတွေရဲ့ လျှို့ဝှက်ချက်က သရဲအရမ်းကြောက်တတ်ပါတယ်။ တစ်ခါတလေ အိပ်နေရာက နိုးလာရင်တောင် ဘာလဲဟ ဆိုပြီး တောင်တွေးမြောက်တွေးနဲ့ ကြောက်စိတ်တွေ ဝင်လာတတ်တဲ့သူတွေပါ။ တစ်ယောက်တည်းအိပ်ရင်လည်း မီးတွေအားလုံး ဖွင့်အိပ်တတ်ကြပါတယ်။ သူတို့က သရဲတင်ကြောက်တာလားဆိုတော့ မဟုတ်ပါဘူး။ လူဆိုးတွေ၊ သူခိုးတွေ၊ ဓားပြတွေကိုလည်း အရမ်းကြောက်ကြပါတယ်။ သူတို့ဟာ အရမ်းကြောက်တတ်ပေမယ့် လုံးဝမကြောက်တတ်တဲ့ပုံစံကို ဖမ်းထားတတ်ကြပါတယ်။

Source : Anty May