Zawgyi ျဖင့္ဖတ္ရန္

 

အိႏၵိယႏိုင္ငံ၊ ကုမၸဏီ တစ္ခုမွာ ဝန္ထမ္းတစ္ဦးဟာ အလြန္ရွက္စရာေကာင္းတဲ့ ျပစ္မႈတစ္ခုကို က်ဴးလြန္ခဲ့ပါတယ္။ အဲဒါကေတာ့ သူဟာ ေဘာ့စ္ အတြက္ ေရဘူး ထဲကေန ေရငွဲ႔ေပးရၿပီး၊ ဒီအခ်ိန္မွာ ဘယ္သူကမွ မသိဘူးအထင္နဲ႔ ေဘာ့စ္ေသာက္မယ့္ ေရခြက္ထဲမွာ တံေထြးကို ေထြးခ်လိုက္တာပါ။

 

ဒါေပမယ့္ ဒီလုပ္ရပ္ကို လွ်ိဳ႕ဝွက္ကင္မရာက မွတ္တမ္းတင္ထားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ အက္တာပရာဒက္ရွ္ျပည္နယ္မွာ ျဖစ္ပ်က္ခဲ့တာပါ။ အဆိုပါဝန္ထမ္းဟာ လက္ေထာက္ ဝန္ထမ္း တစ္ဦးျဖစ္ၿပီး သူဟာ ဒီလိုဆိုး႐ြားတဲ့ျပစ္မႈကို မက်ဴးလြန္ခင္မွာ ေဘးမွာ တစ္စုံတစ္ေယာက္ ရွိမရွိဆိုတာကို က်ီးကန္းေတာင္းေမွာက္ ၾကည့္လိုက္ပါေသးတယ္။


ယင္းေနာက္ ဘယ္သူမွ မျမင္ႏိုင္ဘူးအထင္နဲ႔ ေရခြက္ထဲကို တံေထြး,ေထြးခ်ခဲ့တာပါ။ ဒါေပမယ့္ သူ႔လုပ္ရပ္ကို လွ်ိဳ႕ဝွက္ကင္မရာက မွတ္တမ္းတင္ခဲ့သလို၊ တစ္ျခားလုပ္ေဖာ္ကိုင္ဘက္ေတြကလည္း သူ႔ကို လွမ္းသတိေပးခဲ့ေသးတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒီေနာက္မွ သူက ဆင္ျခင္တဲ့ပုံစံမ်ိဳး ျဖစ္သြားတာပါ။

ဒီလုပ္ရပ္က်ဴးလြန္ၿပီးခ်ိန္မွာ ေရခြက္ကို သူေဌးမ ေသာက္ဖို႔ သြားေပးခဲ့ပါတယ္။ သို႔ေသာ္ သူေဌးမက ေရခြက္ထဲမွာ အျမႇဳပ္ေတြပါလာလို႔ သူ႔ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တယ္လို႔ ဆိုပါတယ္။ ယင္းေနာက္မွာေတာ့ သူဟာ စုံစမ္းစစ္ေဆးခံခဲ့ရၿပီး ေနာက္ဆုံးမွာ သူဟာ ရာထူးကေန ဖယ္ရွားခံခဲ့ရတယ္လို႔ သိရပါတယ္။

 

Credit : နတ္စည္ေတာ္ (Shwemom)

Unicode ဖြင့်ဖတ်ရန်

ဘယ်သူမှမသိဘူးထင်ပြီး သူဌေးသောက်မယ့်ရေခွက်ထဲ မဟုတ်တာလုပ်ခဲ့တဲ့ ဝန်ထမ်း

အိန္ဒိယနိုင်ငံ၊ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတစ်ဦးဟာ အလွန်ရှက်စရာကောင်းတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဘော့စ်အတွက် ရေဘူးထဲကနေ ရေငှဲ့ပေးရပြီး၊ ဒီအချိန်မှာ ဘယ်သူကမှ မသိဘူးအထင်နဲ့ ဘော့စ်သောက်မယ့် ရေခွက်ထဲမှာ တံထွေးကို ထွေးချလိုက်တာပါ။

 

ဒါပေမယ့် ဒီလုပ်ရပ်ကို လျှို့ဝှက်ကင်မရာက မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အက်တာပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာပါ။ အဆိုပါဝန်ထမ်းဟာ လက်ထောက်ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူဟာ ဒီလိုဆိုးရွားတဲ့ပြစ်မှုကို မကျူးလွန်ခင်မှာ ဘေးမှာ တစ်စုံတစ်ယောက် ရှိမရှိဆိုတာကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်ပါသေးတယ်။

 

ယင်းနောက် ဘယ်သူမှ မမြင်နိုင်ဘူးအထင်နဲ့ ရေခွက်ထဲကို တံထွေး,ထွေးချခဲ့တာပါ။ ဒါပေမယ့် သူ့လုပ်ရပ်ကို လျှို့ဝှက်ကင်မရာက မှတ်တမ်းတင်ခဲ့သလို၊ တစ်ခြားလုပ်ဖော်ကိုင်ဘက်တွေကလည်း သူ့ကို လှမ်းသတိပေးခဲ့သေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီနောက်မှ သူက ဆင်ခြင်တဲ့ပုံစံမျိုး ဖြစ်သွားတာပါ။

 

ဒီလုပ်ရပ်ကျူးလွန်ပြီးချိန်မှာ ရေခွက်ကို သူဌေးမ သောက်ဖို့ သွားပေးခဲ့ပါတယ်။ သို့သော် သူဌေးမက ရေခွက်ထဲမှာ အမြှုပ်တွေပါလာလို့ သူ့ကို ပြစ်တင်ကြိမ်းမောင်းခဲ့တယ်လို့ ဆိုပါတယ်။ ယင်းနောက်မှာတော့ သူဟာ စုံစမ်းစစ်ဆေးခံခဲ့ရပြီး နောက်ဆုံးမှာ သူဟာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။

 

Credit : နတ်စည်တော် (Shwemom)