Zawgyi ျဖင့္ဖတ္ရန္

လူမင္း တို႔ ဇနီးေမာင္ႏွံ ဟာ ေမလ(၂၉)ရက္ေန႔ ညပိုင္းက ဘဘဘိုကေလးတင့္ေအာင္ရဲ႕ ေနအိမ္သို႔ သြားေရာက္ၿပီး ဘဘအတြက္ ေမြးေန႔အႀကိဳ Surprise ေလး ျပဳလုပ္ေပးခဲ့ပါတယ္။ ဘဘရဲ႕ အသက္(၉၆)ႏွစ္ျပည့္ ေမြးေန႔မွာ သူတို႔ဇနီးေမာင္ႏွံက ရန္ကုန္မွာ မရွိတာေၾကာင့္ အခုလို ႀကိဳၿပီး ေမြးေန႔အႀကိဳျပဳလုပ္ေပးခဲ့တာလို႔ လူမင္း ရဲ႕ ေဖ့စ္ဘြတ္ ေပ့ခ်္မွာ ေရးသားထားပါတယ္။

 

 

“ဘဘဗိုလ္ကေလးတင့္ေအာင္ရဲ႕(၉၆)ႏွစ္ျပည့္ေမြးေန႔မွာ ရန္ကုန္မွာမရွိလို႔ ဘဘေမြးေန႔ကို ႀကိဳၿပီး Surprise လုပ္ခဲ့တယ္ ဘဘအသက္ရာေက်ာ္ရွည္ပါေစ” ဆိုၿပီး ေျပာထားပါတယ္။ဘဘရဲ႕ ေမြးေန႔အႀကိဳ ပုံရိပ္ေလးကလည္း ေတြ႕ျမင္ရတာ ၾကည္ႏူးဖို႔ ေကာင္းလွပါတယ္။ေမြးေန႔အႀကိဳ ျပဳလုပ္ေပးခဲ့တဲ့ လူမင္းတို႔ ဇနီးေမာင္ႏွံကိုလည္း ပရိသတ္ေတြခ်ီးက်ဴးလို႔ ေနၾကပါတယ္။

 

 

ဘဘဘိုးကေလးတင့္ေအာင္ဟာ ၂၀၁၇ခုႏွစ္က က်င္းပျပဳလုပ္ခဲ့တဲ့ အကယ္ဒမီ ထူးခြၽန္ဆုေပးပြဲႀကီးမွာ ႐ုပ္ရွင္တစ္သက္တာဆုကို ေပးအပ္ခ်ီးျမႇင့္ျခင္း ခံခဲ့ရပါေသးတယ္။အဲ့ဒီဆုကို ျမန္မာႏိုင္ငံ၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ေပးအပ္ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။ ဘဘဟာ ဆုယူရင္းနဲ႔ ယခုလို ေျပာခဲ့ပါေသးတယ္။ “ကြၽန္ေတာ္မခ်မ္းသာခ်င္ဘူး။ စိတ္ခ်မ္းသာခ်င္တယ္။ လူမခ်မ္းသာခ်င္ေနပါေစ။ စိတ္ခ်မ္းသာရင္ၿပီးေရာလို႔ သေဘာထားတဲ့သူပါ။ အသက္ ၁၀၀ ျပည့္ဖို႔ပဲ ႀကိဳးစားပါ့မယ္ခင္ဗ်ာ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။

 

ဘဘဘိုကေလးတင့္ေအာင္ဟာ အႏုပညာေလာက ထဲကို ၁၉၄၇ ခုႏွစ္ကတည္းက စတင္ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ႐ုပ္႐ုပ္၊ ဂီတ၊ စာေပ စတဲ့ အႏုပညာအလုပ္ေတြနဲ႔ပဲ အသက္ေမြးခဲ့သူ ျဖစ္ပါတယ္။ ဘဘဘိုကေလးတင့္ေအာင္ စတင္ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ကားေတြက ဦးေအာင္ဇံနဲ႔ ငယ္ကြၽမ္းေဆြျဖစ္ပါတယ္။ဘဘက လက္ပံပြင့္ေကာက္အေရာက္လာမယ္၊ ေမတၱာဟူသည္၊ တံငါသီခ်င္း၊ ဂ်င္မေလးဂ်မ္းစတဲ့ သီခ်င္းေတြအပါအဝင္ နာမည္ေက်ာ္ သီခ်င္းအေတာ္မ်ားမ်ားကို ေရးစပ္ခဲ့တဲ့ ဂီတပညာရွင္ႀကီးလည္း ျဖစ္ပါတယ္။

 

စာေပအေရးအသားမွာလည္း ထူးခြၽန္လွတဲ့ ဘဘဘိုကေလးတင့္ေအာင္ဟာ ၁၉၉၆ ခုႏွစ္မွာ အမ်ိဳးသားစာေပဆုကို ရရွိခဲ့သလို အမ်ိဳးသား ယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) က ေပးအပ္တဲ့ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ကို ရွိခဲ့သူျဖစ္ကာ ႐ုပ္ရွင္ဂီတေလာကသားမ်ား ေလးစားၾကည္ညိဳရသူလည္း ျဖစ္ပါတယ္။

Credit : burmese.asia

 

Unicode ဖြင့်ဖတ်ရန်

ဘဘဘိုကလေးတင့်အောင်ရဲ့ အသက်(၉၆) နှစ်ပြည့်မွေးနေ့အကြိုကို SURPRISE လုပ်ခဲ့တဲ့ လူမင်းတို့ဇနီးမောင်နှံ

လူမင်းတို့ ဇနီးမောင်နှံဟာ မေလ(၂၉)ရက်နေ့ ညပိုင်းက ဘဘဘိုကလေးတင့်အောင်ရဲ့ နေအိမ်သို့ သွားရောက်ပြီး ဘဘအတွက် မွေးနေ့အကြို Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်။ ဘဘရဲ့ အသက်(၉၆)နှစ်ပြည့် မွေးနေ့မှာ သူတို့ဇနီးမောင်နှံက ရန်ကုန်မှာ မရှိတာကြောင့် အခုလို ကြိုပြီး မွေးနေ့အကြိုပြုလုပ်ပေးခဲ့တာလို့ လူမင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

 

 

 

“ဘဘဗိုလ်ကလေးတင့်အောင်ရဲ့(၉၆)နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မှာမရှိလို့ ဘဘမွေးနေ့ကို ကြိုပြီး Surprise လုပ်ခဲ့တယ် ဘဘအသက်ရာကျော်ရှည်ပါစေ” ဆိုပြီး ပြောထားပါတယ်။ဘဘရဲ့ မွေးနေ့အကြို ပုံရိပ်လေးကလည်း တွေ့မြင်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်။မွေးနေ့အကြို ပြုလုပ်ပေးခဲ့တဲ့ လူမင်းတို့ ဇနီးမောင်နှံကိုလည်း ပရိသတ်တွေချီးကျူးလို့ နေကြပါတယ်။

 

 

ဘဘဘိုးကလေးတင့်အောင်ဟာ ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ရုပ်ရှင်တစ်သက်တာဆုကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါသေးတယ်။အဲ့ဒီဆုကို မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဘဘဟာ ဆုယူရင်းနဲ့ ယခုလို ပြောခဲ့ပါသေးတယ်။ “ကျွန်တော်မချမ်းသာချင်ဘူး။ စိတ်ချမ်းသာချင်တယ်။ လူမချမ်းသာချင်နေပါစေ။ စိတ်ချမ်းသာရင်ပြီးရောလို့ သဘောထားတဲ့သူပါ။ အသက် ၁၀၀ ပြည့်ဖို့ပဲ ကြိုးစားပါ့မယ်ခင်ဗျာ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

 

ဘဘဘိုကလေးတင့်အောင်ဟာ အနုပညာလောက ထဲကို ၁၉၄၇ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ရုပ်ရုပ်၊ ဂီတ၊ စာပေ စတဲ့ အနုပညာအလုပ်တွေနဲ့ပဲ အသက်မွေးခဲ့သူ ဖြစ်ပါတယ်။ ဘဘဘိုကလေးတင့်အောင် စတင် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေက ဦးအောင်ဇံနဲ့ ငယ်ကျွမ်းဆွေဖြစ်ပါတယ်။ဘဘက လက်ပံပွင့်ကောက်အရောက်လာမယ်၊ မေတ္တာဟူသည်၊ တံငါသီချင်း၊ ဂျင်မလေးဂျမ်းစတဲ့ သီချင်းတွေအပါအဝင် နာမည်ကျော် သီချင်းအတော်များများကို ရေးစပ်ခဲ့တဲ့ ဂီတပညာရှင်ကြီးလည်း ဖြစ်ပါတယ်။

 

စာပေအရေးအသားမှာလည်း ထူးချွန်လှတဲ့ ဘဘဘိုကလေးတင့်အောင်ဟာ ၁၉၉၆ ခုနှစ်မှာ အမျိုးသားစာပေဆုကို ရရှိခဲ့သလို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ရှိခဲ့သူဖြစ်ကာ ရုပ်ရှင်ဂီတလောကသားများ လေးစားကြည်ညိုရသူလည်း ဖြစ်ပါတယ်။

Credit : burmese.asia