Zawgyi ဖြင့်ဖတ်ရန်
(၁) Shoulder-off
(၂) ဒေါက်မြင့်ဖိနပ်
(၃) Oversized Shirt
BLACK/MULTI
(၅) Sneakers
(၆) Yoga Pants
(၇) Jumpsuit
Unicode ဖြင့်ဖတ်ရန်
ကောင်လေးတွေ သဘောကျတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဖက်ရှင်ဆိုတာ
ခရက်ရှ်နေရတဲ့ ကောင်လေးက သင့်ကို လုံးဝကြွေဆင်းသွားစေမယ့် ဖက်ရှင်တွေကို ပြောပြချင်ပါတယ်။ ကောင်လေးတွေကြည့်ကောင်းစေဖို့ ဝတ်တာမျိုးလည်း မဟုတ်ပေမယ့် မိမိကိုယ်ကိုယုံကြည်မှု ရှိနေစေဖို့ ဖက်ရှင်ကျကျတော့ ဝတ်ဆင်သင့်ပါတယ်နော်။ ဒါ့ကြောင့် ပျိုမေတို့ကို ယုံကြည်မှု ပိုရှိစေပြီးတော့ ကောင်လေးတွေ ရူးသွပ်သွားစေမယ့် ဖက်ရှင်များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Shoulder-off
မိန်းကလေးအများစုနဲ့ လိုက်ဖက်မှုရှိပြီးတော့ sexy bones လို့ခေါ်တဲ့ ပခုံးသားကို ထင်ပေါ်နေစေမယ့် ဖက်ရှင်ပါပဲ။ ကောင်လေးတွေအတွက်ကတော့ sexy bones ရှိတဲ့ ကောင်မလေးကို ပိုပြီးတော့ သဘောကျကြတယ်မဟုတ်ပါလား။
(၂) ဒေါက်မြင့်ဖိနပ်
မိန်းကလေးတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ အရာတွေထဲမှာ ဒေါက်မြင့်ဖိနပ်ကိုလည်း ချန်လှပ်ထားလို့ မရပါဘူးနော်။ ဒေါက်ဖိနပ်စီးလိုက်တဲ့အခါမှာ ခြေတံသွယ်လျသွားပြီးတော့ ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။ ပြီးတော့ ဒေါက်မြင့်ဖိနပ်စီးထားတဲ့ ကောင်မလေးကို ကောင်လေးတွေက ကြွေကြပါတယ်တဲ့။
(၃) Oversized Shirt
Sexy ကျပြီး ဆွဲဆောင်မှု ရှိတဲ့မိန်းကလေးဖြစ်ချင်တယ်ဆိုရင်တော့ ရှပ်အကျီၤခပ်ပွပွကို ဂျင်းဘောင်းဘီအတိုလေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ Oversized ရှပ်ဝတ်ထားတဲ့ ကောင်မလေးတွေက ကောင်လေးတွေအမြင်မှာ ပိုပြီးဆွဲဆောင်မှု ရှိနေပါတယ်။
(၄) ကောက်ကြောင်းအလှပေါ်လွင်တဲ့ dress
ခန္ဓာကိုယ်နဲ့ Fit ဖြစ်ပြီးတော့ ဘော်ဒီအလှကို ပေါ်လွင်စေတဲ့ bodycon dress ကိုလည်း ယုံကြည်မှု ရှိရှိဝတ်ဆင်လိုက်ပါ။ ကောင်မလေးတစ်ယောက်ရဲ့ မို့မောက်နေတဲ့ ခန္ဓာကိုယ်ကောင်ကြောင်းအလှကို သဘောကျကြတာကတော့ သဘာဝပါပဲ။
(၅) Sneakers
ကောင်လေးတွေ အများစု စီးနေကြတဲ့ ဖိနပ်ကိုကြည့်လိုက်ပါ။ sneakers တွေကို သိပ်ကြိုက်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ကြိုက်တဲ့ sneakers ကို ကောင်မလေးတွေ စီးတဲ့အခါမှာလည်း မိုက်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါ့ကြောင့် ယောကျာ်းလေးဆန်ဆန် sneakers ကိုလည်း စီးလို့ရပါတယ်။
(၆) Yoga Pants
ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူတွေအတွက်တော့ Yoga Pants က ပြီးပြည့်စုံတဲ့ ဖက်ရှင်လို့ ဆိုရပါမယ်။ ပြေပြစ်လှပတဲ့ ကောက်ကြောင်းအလှနဲ့ ကောင်မလေးတွေဆို ဆွဲဆောင်မှုရှိပြီးတော့ ကောင်လေးတွေလည်း ကြွေကြပါတယ်။
(၇) Jumpsuit
မိမိကိုယ်ကို ယုံကြည်မှုရှိပြီးတော့ ထက်မြတ်တဲ့ပုံစံပေါ်လွင်စေတဲ့ ဖက်ရှင်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ Jumpsuit က Lady boss အသွင်ဆောင်တဲ့အတွက် ကောင်လေးတွေက သဘောကျကြပါတယ်။
Credit : နန်း(ရွှေအင်းလေး)