Zawgyi ျဖင့္ဖတ္ရန္

ေဟာလီးဝုဒ္ေလာကသားေတြရဲ႕ အခ်စ္ဇာတ္လမ္းေတြဟာ တကယ့္ ႐ုပ္ရွင္ဇာတ္လမ္းဆန္ဆန္ စိတ္လႈပ္ရွားစြာ ၾကည့္လိုက္ရ၊ ၿပီးဆုံးသြားလိုက္ၾကနဲ႔ ရွိေနပါတယ္။ တစ္ခ်ိဳ႕ Relationship ေတြက တစ္ေလာက္လေလာက္ခံတယ္။ တစ္ခ်ိဳ႕က တစ္ပတ္၊ တစ္ခါတစ္ရံမွာ တစ္ရက္ေလာက္နဲ႔ ၿပီးဆုံးသြားတာမ်ိဳးေတြလည္း ျမင္ေတြ႕ရတတ္ပါတယ္။ ခ်စ္ျခင္းေမတၱာရဲ႕ တကယ့္အဓိပၸာယ္ဆိုတာ မရွိသေလာက္၊ မေတြ႕ရသေလာက္ပါပဲ။ တစ္ေယာက္က အခ်စ္သစ္ေတြ႕ၿပီဆိုတာနဲ႔ က်န္တဲ့တစ္ဖက္ကလည္း ေလွ်ာ္ၿပီးသား၊ ေမ့ၿပီးသားပဲ။ ဒီလိုထဲကမွ အခ်စ္ကိုပဲ ဦးစားေပးၿပီး က်န္တဲ့စြဲေဆာင္မႈေတြ၊ မက္ေမာမႈေတြ၊ ဂုဏ္အဆင့္အတန္း၊ အသက္ကြာျခားမႈ၊ လူမ်ိဳး ႏိုင္ငံသားမတူတာေတြကို ေဘးခ်ိတ္ထားတဲ့ အႏုပညာရွင္ေတြကို အခုအခါမွာ ေဖာ္ျပေပးမွာျဖစ္ပါတယ္။

အ႐ုပ္အနိမ့္အျမင့္ကို အမႈမထားတဲ့သူေတြကေတာ့

Mary-Kate Olsen ဟာ ဖက္ရွင္ဒီဇိုင္နာ၊ ပ႐ိုဂ်ဴဆာနဲ႔ စာေရးဆရာ၊ အမ်ိဳးသမီး စီးပြားေရးစြမ္းေဆာင္ရွင္၊ ျမင္းစီးကြၽမ္းက်င္သူနဲ႔ မင္းသမီးေဟာင္းတစ္လက္ျဖစ္တယ္။ သူမရဲ႕ အရပ္အျမင့္က (၅)ေပ(၂)လက္မသာရွိၿပီး သူမနဲ႔ တိုးတိုးတိတ္တိတ္ လက္ထပ္ထားတဲ့ Olivier Sarkozy ဆိုသူကေတာ့ အေမရိကန္အေျခစိုက္ ျပင္သစ္ဘဏ္လုပ္ငန္းရွင္ျဖစ္ၿပီး အရပ္အျမင့္ကေတာ့ (၆) ေပ (၂) လက္မရွိပါသတဲ့။

ဟယ္ရီေပၚတာ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္မႈအႀကီးအက်ယ္ရရွိခဲ့တဲ့ အဂၤလိပ္မင္းသား Daniel Redcliffe တို႔စုံတြဲပဲျဖစ္ပါတယ္။ Daniel ရဲ႕ အရပ္အျမင့့္က (၅)ေပ (၅)လက္မျဖစ္ပါတယ္။ သူလက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး Erin Drake ကေတာ့ (၅)ေပ(၇)လက္မျမင့္ပါတယ္။ သူမဟာ အေမရိကန္မင္းသမီးျဖစ္ၿပီး Good Girls Revolt(2015) ႐ုပ္သံအစီအစဥ္ေတြထဲက Cindy ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ေက်ာ္ၾကားတဲ့သူျဖစ္တယ္။

အရပ္ အနိမ့္အျမင့္ကြာျခားမႈေနာက္မွာ အသက္ကြာျခားမႈဘက္ကိုလွည့္ပါမယ္။

အသက္ကြာျခားမႈက အေရးမပါဘူးဆိုတာကို ေနာက္ထပ္သက္ေသျပလိုက္တဲ့ ဆယ္လီစုံတြဲကေတာ့

(၁၉၄၄) ခုႏွစ္ဖြား အေမရိကန္ ႐ုပ္ရွင္ မင္းသား ၊ ပ႐ိုဂ်ဴဆာျဖစ္တဲ့ Micheal Dougles ဟာ (၁၉၆၉)ခုႏွစ္ဖြား မင္းသမီး Catherine Zeta-Jones နဲ႔ လက္ထပ္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ စက္တင္ဘာ (၂၅) ရက္ေန႔ဖြားေတြျဖစ္ၿပီး တိုက္ဆိုင္စြာ ေမြးေန႔ပါတူေနၾကတယ္။ တြက္ၾကည့္ရင္ (၂၅)ႏွစ္ႀကီးမ်ားေတာင္ ကြာပါတယ္။ ဒါက အခ်စ္မွာ အသက္အ႐ြယ္ရဲ႕ အေရးမပါေၾကာင္းကို သက္ေသျပလိုက္သလိုပါပဲ။ ေနာက္စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္က သူတို႔ဟာ ျမင္ျမင္ခ်င္း ခ်စ္ႀကိဳက္မိၾကတာပါတဲ့။

လူမႈေရးဂုဏ္၊ အဆင့္အတန္းေတြကိုလည္း မခြဲျခားၾကပါဘူး။

Matt Damon နဲ႔ Luciana Barroso တို႔အတြက္ကေတာ့ ဂုဏ္၊ အဆင့္အတန္းေတြဟာ လားလားမွ အေရးမပါပါဘူး။ Barroso သူ႔တို႔ လက္မထပ္ခင္မွာ ဘားမွာ စားပြဲထိုး တစ္ေယာက္အျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေတာင္ သူတို႔ အရင္အိမ္ေထာင္ေတြရွိခဲ့ၿပီးသားေနာ္။

 

ေနာ္ေဝႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသား နဲ႔ Haakon နဲ႔ Mette-Marit ဆိုသူ စားပြဲထိုးနဲ႔ ဂ်ာနယ္လစ္မေလးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးကလည္း ရင္ခုန္စိတ္လႈပ္ရွားဖြယ္ေကာင္းပါတယ္။ သူတို႔မွာ ရဲမႈခင္းမွတ္တမ္းရွိတဲ့ သားေတာ္ေမာင္ ကိုယ္စီရွိေနတာကလည္း တိုက္ဆိုင္မႈပဲဆိုမရလားမသိပါဘူး။ သူတို႔ လက္ထပ္ခဲ့ၾကပါတယ္။

ႏိုင္ငံသားမွတ္ပုံတင္ေတြနဲ႔ လူမ်ိဳးေရးေတြကို ဂ႐ုမစိုက္တဲ့ စုံတြဲေတြကေတာ့

နာမည္ေက်ာ္ စုံတြဲ တစ္တြဲျဖစ္တဲ့ စပိန္ေဘာလုံးသမား Gerard Pique (ေဖေဖာ္ဝါရီ ၂ရက္၊ ၁၉၈၇) နဲ႔ ကိုလံဘာီယာႏိုင္ငံသူ Shaikira (ေဖေဖာ္ဝါရီ ၂ရက္ ၁၉၇၇) တို႔ျဖစ္ပါတယ္။

ေနာက္တစ္တြဲကေတာ့ ကေနဒါႏိုင္ငံသား Ryan Gosling နဲ႔ အေမရိကန္ မင္းသမီး Eva Mendes တို႔ျဖစ္ပါတယ္။

Source : Alivetales

 

Unicode ဖြင့်ဖတ်ရန်

အချစ်ကလွဲပြီး ဘာမှ ဂရုစိုက်စရာမလိုကြောင်း သက်သေပြခဲ့တဲ့ ကမ္ဘာကျော် စုံတွဲများ

ဟောလီးဝုဒ်လောကသားတွေရဲ့ အချစ်ဇာတ်လမ်းတွေဟာ တကယ့် ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရ၊ ပြီးဆုံးသွားလိုက်ကြနဲ့ ရှိနေပါတယ်။ တစ်ချို့ Relationship တွေက တစ်လောက်လလောက်ခံတယ်။ တစ်ချို့က တစ်ပတ်၊ တစ်ခါတစ်ရံမှာ တစ်ရက်လောက်နဲ့ ပြီးဆုံးသွားတာမျိုးတွေလည်း မြင်တွေ့ရတတ်ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ဆိုတာ မရှိသလောက်၊ မတွေ့ရသလောက်ပါပဲ။ တစ်ယောက်က အချစ်သစ်တွေ့ပြီဆိုတာနဲ့ ကျန်တဲ့တစ်ဖက်ကလည်း လျှော်ပြီးသား၊ မေ့ပြီးသားပဲ။ ဒီလိုထဲကမှ အချစ်ကိုပဲ ဦးစားပေးပြီး ကျန်တဲ့စွဲဆောင်မှုတွေ၊ မက်မောမှုတွေ၊ ဂုဏ်အဆင့်အတန်း၊ အသက်ကွာခြားမှု၊ လူမျိုး နိုင်ငံသားမတူတာတွေကို ဘေးချိတ်ထားတဲ့ အနုပညာရှင်တွေကို အခုအခါမှာ ဖော်ပြပေးမှာဖြစ်ပါတယ်။

အရုပ်အနိမ့်အမြင့်ကို အမှုမထားတဲ့သူတွေကတော့

 

Mary-Kate Olsen ဟာ ဖက်ရှင်ဒီဇိုင်နာ၊ ပရိုဂျူဆာနဲ့ စာရေးဆရာ၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်၊ မြင်းစီးကျွမ်းကျင်သူနဲ့ မင်းသမီးဟောင်းတစ်လက်ဖြစ်တယ်။ သူမရဲ့ အရပ်အမြင့်က (၅)ပေ(၂)လက်မသာရှိပြီး သူမနဲ့ တိုးတိုးတိတ်တိတ် လက်ထပ်ထားတဲ့ Olivier Sarkozy ဆိုသူကတော့ အမေရိကန်အခြေစိုက် ပြင်သစ်ဘဏ်လုပ်ငန်းရှင်ဖြစ်ပြီး အရပ်အမြင့်ကတော့ (၆) ပေ (၂) လက်မရှိပါသတဲ့။

 

ဟယ်ရီပေါ်တာရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ အင်္ဂလိပ်မင်းသား Daniel Redcliffe တို့စုံတွဲပဲဖြစ်ပါတယ်။ Daniel ရဲ့ အရပ်အမြင့်က (၅)ပေ (၅)လက်မဖြစ်ပါတယ်။ သူလက်ထပ်ခဲ့တဲ့ အမျိုးသမီး Erin Drake ကတော့ (၅)ပေ(၇)လက်မမြင့်ပါတယ်။ သူမဟာ အမေရိကန်မင်းသမီးဖြစ်ပြီး Good Girls Revolt(2015) ရုပ်သံအစီအစဉ်တွေထဲက Cindy ဆိုတဲ့ ဇာတ်ကောင်နဲ့ ကျော်ကြားတဲ့သူဖြစ်တယ်။

အရပ် အနိမ့်အမြင့်ကွာခြားမှုနောက်မှာ အသက်ကွာခြားမှုဘက်ကိုလှည့်ပါမယ်။

အသက်ကွာခြားမှုက အရေးမပါဘူးဆိုတာကို နောက်ထပ်သက်သေပြလိုက်တဲ့ ဆယ်လီစုံတွဲကတော့

 

(၁၉၄၄) ခုနှစ်ဖွား အမေရိကန် ရုပ်ရှင်မင်းသား၊ ပရိုဂျူဆာဖြစ်တဲ့ Micheal Dougles ဟာ (၁၉၆၉)ခုနှစ်ဖွား မင်းသမီး Catherine Zeta-Jones နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ စက်တင်ဘာ (၂၅) ရက်နေ့ဖွားတွေဖြစ်ပြီး တိုက်ဆိုင်စွာ မွေးနေ့ပါတူနေကြတယ်။ တွက်ကြည့်ရင် (၂၅)နှစ်ကြီးများတောင် ကွာပါတယ်။ ဒါက အချစ်မှာ အသက်အရွယ်ရဲ့ အရေးမပါကြောင်းကို သက်သေပြလိုက်သလိုပါပဲ။ နောက်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က သူတို့ဟာ မြင်မြင်ချင်း ချစ်ကြိုက်မိကြတာပါတဲ့။

လူမှုရေးဂုဏ်၊ အဆင့်အတန်းတွေကိုလည်း မခွဲခြားကြပါဘူး။

 

Matt Damon နဲ့ Luciana Barroso တို့အတွက်ကတော့ ဂုဏ်၊ အဆင့်အတန်းတွေဟာ လားလားမှ အရေးမပါပါဘူး။ Barroso သူ့တို့ လက်မထပ်ခင်မှာ ဘားမှာ စားပွဲထိုးတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဒါတောင် သူတို့ အရင်အိမ်ထောင်တွေရှိခဲ့ပြီးသားနော်။

 

နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသားနဲ့ Haakon နဲ့ Mette-Marit ဆိုသူ စားပွဲထိုးနဲ့ ဂျာနယ်လစ်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းပါတယ်။ သူတို့မှာ ရဲမှုခင်းမှတ်တမ်းရှိတဲ့ သားတော်မောင် ကိုယ်စီရှိနေတာကလည်း တိုက်ဆိုင်မှုပဲဆိုမရလားမသိပါဘူး။ သူတို့ လက်ထပ်ခဲ့ကြပါတယ်။

နိုင်ငံသားမှတ်ပုံတင်တွေနဲ့ လူမျိုးရေးတွေကို ဂရုမစိုက်တဲ့ စုံတွဲတွေကတော့

 

နာမည်ကျော်စုံတွဲတစ်တွဲဖြစ်တဲ့ စပိန်ဘောလုံးသမား Gerard Pique (ဖေဖော်ဝါရီ ၂ရက်၊ ၁၉၈၇) နဲ့ ကိုလံဘာီယာနိုင်ငံသူ Shaikira (ဖေဖော်ဝါရီ ၂ရက် ၁၉၇၇) တို့ဖြစ်ပါတယ်။

 

နောက်တစ်တွဲကတော့ ကနေဒါနိုင်ငံသား Ryan Gosling နဲ့ အမေရိကန်မင်းသမီး Eva Mendes တို့ဖြစ်ပါတယ်။

Source : Alivetales