ZawGyiျဖင့္ဖတ္ရန္

 

ၿဗိတိန္ ရဲ႕အႀကီးဆုံးမိသားစုႀကီးဟာ မိသားစု ဦးေရ ထပ္မံတိုးလာဦးမယ့္ အလားအလာမွာ ရွိေနပါတယ္။အိမ္ေထာင္ရွင္မတစ္ဦးျဖစ္တဲ့ စူးရက္ဒ္ဖို႔ဒ္က သူမမွာ (၂၁)ေယာက္ေျမာက္ ကေလး ကိုယ္ဝန္ လြယ္ထားရၿပီလို႔ ဆိုလိုက္ပါတယ္။

စူးဟာ YouTube ကေန သူမတို႔ မိသားစု ထဲကို သမီးကေလး တစ္ေယာက္ ထပ္ေရာက္လာေတာ့မယ္လို႔ ဗီဒီယိုတင္ၿပီး ေၾကညာခဲ့တာျဖစ္ပါတယ္။

အသက္(၄၃)ႏွစ္အ႐ြယ္ စူးက ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကမွ ေနာက္ဆုံးကေလးတစ္ဦး ေမြးခဲ့ၿပီး ထပ္မေမြးေတာ့ဘူးလို႔ ကတိေပးခဲ့ ပါေသးတယ္။

ဒါေပမယ့္ အခုအခါမွာ စူးဟာကိုယ္ဝန္ ထပ္ရွိလာခဲ့တာျဖစ္ၿပီး ကေလးရဲ႕အာထရာေဆာင္းစကန္ ဓာတ္ပုံကို အင္စတာဂရမ္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။

စူးရဲ႕အမ်ိဳးသားျဖစ္တဲ့ အသက္(၄၇) ႏွစ္အ႐ြယ္ ႏိုဝယ္ကလည္း မိသားစုထဲမွာ အဖိုးတန္ရတနာေလးတစ္ခု ထပ္ေရာက္လာတာကို မႀကိဳဆိုပဲ ေနလို႔မရေၾကာင္း ေရးသားခဲ့ပါေသးတယ္။

ကေလးေတြပတ္လည္ဝိုင္းေနတဲ့ၾကားကစူးကသူမအေနနဲ႔ယခုကိုယ္ဝန္လြယ္ထားတဲ့ကေလးကိုေယာက်္ားေလးလို႔သာထင္ထားေၾကာင္းနဲ႔မိန္းကေလးျဖစ္မွန္းသိရတဲ့အတြက္အံ့အားသင့္မိတယ္လို႔ ေျပာျပခဲ့ပါတယ္။

လန္ကာရႈိင္းယားမွာ ေနထိုင္ၾကတဲ့ စူးတို႔ဇနီးေမာင္ႏွံဟာ စူးအသက္(၇)ႏွစ္ အ႐ြယ္ကတည္းက စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

ခရစ္စ္အမည္ရွိတဲ့ သားဦးေလးကို လြန္ခဲ့တဲ့(၂၈)ႏွစ္တုန္းက ေမြးဖြားခဲ့ၿပီး သားဦးေလး ေမြးခ်ိန္မွာ စူးဟာ အသက္(၁၄)ႏွစ္ပဲ ရွိပါေသးတယ္။

အခုဆိုရင္ တစ္စထက္တစ္စ ႀကီးထြားလာေနတဲ့ မိသားစုႀကီးဟာ လြန္ခဲ့တဲ့(၁၁)ႏွစ္တုန္းက ဝယ္ယူထားခဲ့တဲ့ ေပါင္(၂၄၀,၀၀၀) တန္ ဗစ္တိုးရီးယန္းအိမ္ႀကီးမွာ ေနထိုင္ေနၾကပါတယ္။

စူးတို႔ ဇနီးေမာင္ႏွံႏွစ္ဦးဟာ ကေလးေတြကို ေကြၽးေမြးျပဳစုရာမွာ အျခားလူေတြရဲ႕ ေငြေၾကးအကူအညီ တစ္စုံတစ္ရာမပါပဲ ျပဳစုေစာင့္ေရွာက္ခဲ့တယ္လို႔ သိရပါတယ္။

မိသားစုတစ္စုလုံးလည္း ႏွစ္စဥ္ အားလပ္ရက္ အပန္းေျဖခရီး ထြက္ေလ့ရွိပါတယ္။

တစ္ပတ္ကို မိသားစုစားဖို႔ေသာက္ဖို႔ အတြက္ ေဈးဝယ္ထြက္ရာမွာ ေပါင္(၃၀၀) ေလာက္ ကုန္က်ေၾကာင္းလည္း သိရပါတယ္။

(၂၀၁၃)ခုႏွစ္တုန္းကေတာ့ စူးတို႔ဇနီးေမာင္ႏွံရဲ႕ ကေလး(၁၆)ေယာက္နဲ႔အတူ သူတို႔ရဲ႕ အိပ္ခန္း(၁၀)ခန္းပါအိမ္ႀကီးကို Channel 4 ရႈိးကဗီဒီယို႐ိုက္ကူးခဲ့ေသးေၾကာင္းလည္းသိရပါတယ္။

Credit:လင္းလင္း (ShweMom)

 

UniCodeဖြင့်ဖတ်ရန်

(၂၁)ယောက်မြောက်သမီးလေး ကိုယ်ဝန်လွယ်ထားပြီဖြစ်တဲ့ ဗြိတိန်ရဲ့အကြီးဆုံးအိမ်ထောင်စု

ဗြိတိန်ရဲ့အကြီးဆုံးမိသားစုကြီးဟာ မိသားစုဦးရေ ထပ်မံတိုးလာဦးမယ့် အလားအလာမှာ ရှိနေပါတယ်။

အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ စူးရက်ဒ်ဖို့ဒ်က သူမမှာ (၂၁)ယောက်မြောက်ကလေး ကိုယ်ဝန်လွယ်ထားရပြီလို့ ဆိုလိုက်ပါတယ်။

စူးဟာ YouTube ကနေ သူမတို့မိသားစုထဲကို သမီးကလေးတစ်ယောက် ထပ်ရောက်လာတော့မယ်လို့ ဗီဒီယိုတင်ပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

အသက်(၄၃)နှစ်အရွယ် စူးက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ နောက်ဆုံးကလေးတစ်ဦး မွေးခဲ့ပြီး ထပ်မမွေးတော့ဘူးလို့ ကတိပေးခဲ့ ပါသေးတယ်။

ဒါပေမယ့် အခုအခါမှာ စူးဟာကိုယ်ဝန် ထပ်ရှိလာခဲ့တာဖြစ်ပြီး ကလေးရဲ့အာထရာဆောင်းစကန် ဓာတ်ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

စူးရဲ့အမျိုးသားဖြစ်တဲ့ အသက်(၄၇) နှစ်အရွယ် နိုဝယ်ကလည်း မိသားစုထဲမှာ အဖိုးတန်ရတနာလေးတစ်ခု ထပ်ရောက်လာတာကို မကြိုဆိုပဲ နေလို့မရကြောင်း ရေးသားခဲ့ပါသေးတယ်။

ကလေးတွေပတ်လည်ဝိုင်းနေတဲ့ကြားကစူးကသူမအနေနဲ့ယခုကိုယ်ဝန်လွယ်ထားတဲ့ကလေးကိုယောကျ်ားလေးလို့သာထင်ထားကြောင်းနဲ့မိန်းကလေးဖြစ်မှန်းသိရတဲ့အတွက်အံ့အားသင့်မိတယ်လို့ ပြောပြခဲ့ပါတယ်။

လန်ကာရှိုင်းယားမှာ နေထိုင်ကြတဲ့ စူးတို့ဇနီးမောင်နှံဟာ စူးအသက်(၇)နှစ် အရွယ်ကတည်းက စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ခရစ်စ်အမည်ရှိတဲ့ သားဦးလေးကို လွန်ခဲ့တဲ့(၂၈)နှစ်တုန်းက မွေးဖွားခဲ့ပြီး သားဦးလေး မွေးချိန်မှာ စူးဟာ အသက်(၁၄)နှစ်ပဲ ရှိပါသေးတယ်။

အခုဆိုရင် တစ်စထက်တစ်စ ကြီးထွားလာနေတဲ့ မိသားစုကြီးဟာ လွန်ခဲ့တဲ့(၁၁)နှစ်တုန်းက ဝယ်ယူထားခဲ့တဲ့ ပေါင်(၂၄၀,၀၀၀) တန် ဗစ်တိုးရီးယန်းအိမ်ကြီးမှာ နေထိုင်နေကြပါတယ်။

စူးတို့ ဇနီးမောင်နှံနှစ်ဦးဟာ ကလေးတွေကို ကျွေးမွေးပြုစုရာမှာ အခြားလူတွေရဲ့ ငွေကြေးအကူအညီ တစ်စုံတစ်ရာမပါပဲ ပြုစုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။

မိသားစုတစ်စုလုံးလည်း နှစ်စဉ် အားလပ်ရက် အပန်းဖြေခရီး ထွက်လေ့ရှိပါတယ်။

တစ်ပတ်ကို မိသားစုစားဖို့သောက်ဖို့ အတွက် ဈေးဝယ်ထွက်ရာမှာ ပေါင်(၃၀၀) လောက် ကုန်ကျကြောင်းလည်း သိရပါတယ်။

(၂၀၁၃)ခုနှစ်တုန်းကတော့ စူးတို့ဇနီးမောင်နှံရဲ့ ကလေး(၁၆)ယောက်နဲ့အတူ သူတို့ရဲ့ အိပ်ခန်း(၁၀)ခန်းပါအိမ်ကြီးကို Channel 4 ရှိုးကဗီဒီယိုရိုက်ကူးခဲ့သေးကြောင်းလည်းသိရပါတယ်။

Credit:လင်းလင်း (ShweMom)