ZawGyiဖြင့်ဖတ်ရန်
ချောစုခင်ဟာလည်း တစ်ကိုယ်တော်အခွေ ၁၃ခွေခန့် ထွက်ရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီးေ ဇ်ာပိုင်နဲ့ စုံတွဲ ထွက်ရှိထားတဲ့ “အကြင်နာအင်အား” ဆိုတဲ့ အခွေမှာ ပရိသတ်အားပေးမှု စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo : နင်ဇီမေ
Credit:Duwun
UniCodeဖြင့်ဖတ်ရန်
နင်ဇီမေကို ချီးကျူးထားတဲ့ ချောစုခင်
ကြိုးစားမှုအတွက် ကျေးဇူးပါဆိုပြီးလည်း ပြောထားပါတယ်။
ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ ချောစုခင်က Myanmar idol အစီအစဉ်ကနေ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် နင်ဇီမေကို ချီးကျူးစကားဆိုထားပါတယ်။”NINZI MAY” ရဲ့ သီချင်းခွေထဲက သီချင်းလေး တစ်ပုဒ်ကို ချောစုခင်က နားထောင်ခဲ့ပြီး ချီးကျူးစားဆိုထားတာပါ။
နင်ဇီမေ သီဆိုထားတဲ့ “ချစ်ခြင်း” ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီး ချောစုခင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလိုပြောထားတာ ဖြစ်ပါတယ်။
“Ninzi May အောင်မြင်ပါစေ ညီမလေးရေ… မိန်ကလေး အဆိုရှင်ထဲမှာ ထပ်ကျော့ ကျော့ပီးနားထောင်ချင်တဲ့သီချင်းလေးတွေ အတွက် ကြိုးစားမှု့အတွက် ကျေးဇူးပါ..မိုက်တယ်”ဆိုပြီး နင်ဇီမေရဲ့ သီချင်းစာသားလေးတွေကို ညဉ်းဆိုရင် ချီးကျူးစကားဆိုထားတာ ဖြစ်ပါတယ်။
ချောစုခင်ရဲ့ ချီးကျူးစကားနဲ့ ပတ်သက်ပြီး နင်ဇီမေတစ်ယောက်လည်း အရမ်းပျော်သွားခဲ့ပါတယ်။ချောစုခင်ဟာ နင်ဇီမေ ငယ်ငယ်ကတည်းက အားကျလေးစားရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ စကားတစ်ခွန်းကြောင့် အရာရာပြည့်စုံသွားတယ်လို့ နင်ဇီမေရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြီး ပြောထားပါတယ။်
“Wow ငယ်ငယ်က အားကျလေးစားအတုယူခဲ့ရတဲ့ အနုပညာရှင်ရဲ့ စကားတစ်ခွန်း အရာရာပြည့်စုံသွားတယ်။ ပျော်လွန်းလို့ သေနိုင်တယ်ဆက် ကြိုးစားဖို့ ခွန်အားတွေတပွေ့တပိုက်နဲ့ ဆက်လက်ကြိုးစားနေပါအုံးမယ်။ ကျေးဇူးအများကြီးတင်ပါတယ် အမရယ် တေးရေး ကို Lazy Lynn ရေ congratulations ပါဗျို့’” ဆိုပြီး ရေးသားထားပါတယ်။
နင်ဇီမေဟာ Myanmar Idol ကနေ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး Ninzi May ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။
ချောစုခင်ဟာလည်း တစ်ကိုယ်တော်အခွေ ၁၃ခွေခန့် ထွက်ရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီးေ ဇာ်ပိုင်နဲ့ စုံတွဲ ထွက်ရှိထားတဲ့ “အကြင်နာအင်အား” ဆိုတဲ့ အခွေမှာ ပရိသတ်အားပေးမှု စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo : နင်ဇီမေ
Credit:Duwun