ZawGyiျဖင့္ဖတ္ရန္

 

ပစိဖိတ္ သမုဒၵရာ ထဲက “ရပ္” လို႔ေခၚတဲ့ ကြၽန္းေသးေသးေလးမွာေနထိုင္တဲ့ ရပ္လူမ်ိဳးေတြဟာ ေက်က္တုံးေတြကို ေငြေၾကးအျဖစ္ သုံးစြဲတဲ့အတြက္ လူသိမ်ားပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက ဒီေက်ာက္တုံးပိုက္ဆံကို မဂၤလာခန္းဝင္ပစၥည္းအတြက္၊ ေတာင္းပန္ဖို႔ အတြက္နဲ႔ တျခား သူတို႔ယဥ္ေက်းမႈနဲ႔ဆိုင္တဲ့ ကိစၥေတြမွာ လက္ရွိအသုံးျပဳေနၾကဆဲပါ။
ေရွးေခတ္တုန္းက ရပ္လူမ်ိဳးေတြဟာ Palau ေရာက္စဥ္ ပုလဲ နဲ႔ေရာစပ္ထားတဲ့ ေက်ာက္တုံးႀကီးေတြကို ေတြ႕ရွိခဲ့ပါတယ္။ ဒီေက်ာက္တုန္းႀကီးေတြက လွပလြန္းတဲ့အတြက္ ေငြေၾကးအျဖစ္ေျပာင္းလဲခ်င္စိတ္ ေၾကာင့္ ရပ္လူမ်ိဳးေတြရဲ႕ေငြေၾကးအေနနဲ႔ ထုတ္လုပ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ သြားလာေရးအခက္အခဲ ေၾကာင့္ တခ်ိဳ႕ေက်ာက္တုံးေတြဟာ ေရေအာက္ကို နစ္ျမဳပ္ေပ်ာက္ကြယ္ခဲ့ၾကပါတယ္။
ဒီေက်ာက္တုံးပိုက္ဆံေတြကို ဟိုတယ္ အဝင္အဝမွာ အလွဆင္ ထားတာေတြ႕ႏိုင္သလို ကြၽန္းက ေတာအုပ္ေတြထဲမွာလည္း ေတြ႕ႏိုင္ပါတယ္။ ဒါတင္မကပါဘူး။ ဒီ ေက်ာက္တုံး ပိုက္ဆံ အတြက္ ဘဏ္ေတာင္ရွိေနပါေသးတယ္။ ေက်ာက္တုံးေတြဟာ (၃၀) စင္တီမီတာကေန (၃.၅) မီတာအထိရွိၿပီး အ႐ြယ္ႀကီးေလ တန္ဖိုးႀကီးေလပါ။ ရာစုႏွစ္မ်ားစြာတုန္းကေတာ့ ေက်ာက္တုန္းအ႐ြယ္အစားက ေသးငယ္ပါတယ္။ ဒါေပမယ့္ တိုးတက္လာတဲ့ နည္းပညာေတြနဲ႔အတူ အ႐ြယ္အစားေတြပါ ႀကီးမားလာပါတယ္။

 

ေက်ာက္တုံးက အ႐ြယ္အစားႀကီးၿပီး သယ္ယူရခက္ခဲေလ၊ ဘယ္သူ႔အတြက္ေပးမယ္၊ ေပးရတဲ့ရည္ ႐ြယ္ခ်က္ေပၚမူတည္ၿပီး တန္ဖိုးႀကီးေလပါ။
ဒါေပမယ့္ သိထားရမွာက ဒီေက်ာက္တုံးေတြကို ေန႔စဥ္ သုံးစြဲရမယ့္ ကိစၥေတြမွာ သယ္ယူသုံးစြဲေနတာမဟုတ္ပါဘူး။ ဒီကိစၥေတြအတြက္ေတာ့ ေဒၚလာကိုသာ သုံးၾကပါတယ္။ မဂၤလာခန္းဝင္ပစၥည္းအတြက္၊ ေကာက္ပဲခင္းပ်က္စီးသြားလို႔အစားအေသာက္အတြက္လိုမ်ိဳးေတြ မွာသာဒီေက်ာက္တုံးေတြကို သုံးစြဲၾကပါတယ္။

ေက်ာက္တုန္းေတြမွာလည္း သုံးစြဲသူေတြအေပၚမူတည္ၿပီး ေတာင္းပန္မႈ၊ ပဋိပကၡ၊ မဂၤလာပြဲ စသျဖင့္ သမိုင္းေၾကာင္းေတြရွိေနပါတယ္။ ၿပီးေတာ့ ဒီသမိုင္းေၾကာင္းေတြကို ေဒသအတြင္း ေနထိုင္သူေတြေလာက္သာ သိတဲ့အတြက္ ဘယ္ေက်ာက္တုန္းက တန္ဖိုးပိုႀကီးတယ္ဆိုတာ သူတို႔ပဲ ဆုံးျဖတ္ႏိုင္ၾကပါတယ္။ ေက်ာက္တုန္းပိုက္ဆံေတြဟာ ပိုင္ရွင္ေျပာင္းသြားႏိုင္ေပမယ့္ ၎ပိုင္ရွင္ဆီကို ေ႐ႊ႕ေျပာင္းသယ္ေဆာင္ သြားစရာမလိုပါဘူး။ တ႐ြာလုံးက ဘယ္သူပိုင္တယ္ဆိုတာ အားလုံးသိၾကပါတယ္။

 

အခုဆိုရင္ လုံေလာက္တဲ့ ပမာဏရွိေနၿပီးသားျဖစ္တဲ့အတြက္ ဒီေက်ာက္တုံးေတြကို ထပ္ၿပီး ဖန္တီးစရာမလိုပါဘူး။ ဒါေပမယ့္ သူတို႔ရဲ႕ စြမ္းရည္ကို မေမ့ေလ်ာ့သြားေစဖို႔ အခါအားေလ်ာ္စြာေတာ့ ဖန္တီးၾကပါေသးတယ္။

Credit:MyanmarNote

 

UniCodeဖြင့်ဖတ်ရန်

ကျောက်တုံးတွေကို ငွေကြေးအဖြစ်သုံးစွဲနေကြသေးတဲ့ ရွာလေးတရွာ

ပစိဖိတ်သမုဒ္ဒရာထဲက “ရပ်” လို့ခေါ်တဲ့ ကျွန်းသေးသေးလေးမှာနေထိုင်တဲ့ ရပ်လူမျိုးတွေဟာ ကျေက်တုံးတွေကို ငွေကြေးအဖြစ် သုံးစွဲတဲ့အတွက် လူသိများပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီကျောက်တုံးပိုက်ဆံကို မင်္ဂလာခန်းဝင်ပစ္စည်းအတွက်၊ တောင်းပန်ဖို့ အတွက်နဲ့ တခြား သူတို့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ လက်ရှိအသုံးပြုနေကြဆဲပါ။
ရှေးခေတ်တုန်းက ရပ်လူမျိုးတွေဟာ Palau ရောက်စဉ် ပုလဲနဲ့ရောစပ်ထားတဲ့ ကျောက်တုံးကြီးတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီကျောက်တုန်းကြီးတွေက လှပလွန်းတဲ့အတွက် ငွေကြေးအဖြစ်ပြောင်းလဲချင်စိတ် ကြောင့် ရပ်လူမျိုးတွေရဲ့ငွေကြေးအနေနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သွားလာရေးအခက်အခဲ ကြောင့် တချို့ကျောက်တုံးတွေဟာ ရေအောက်ကို နစ်မြုပ်ပျောက်ကွယ်ခဲ့ကြပါတယ်။
ဒီကျောက်တုံးပိုက်ဆံတွေကို ဟိုတယ်အဝင်အဝမှာ အလှဆင်ထားတာတွေ့နိုင်သလို ကျွန်းက တောအုပ်တွေထဲမှာလည်း တွေ့နိုင်ပါတယ်။ ဒါတင်မကပါဘူး။ ဒီကျောက်တုံးပိုက်ဆံအတွက် ဘဏ်တောင်ရှိနေပါသေးတယ်။ ကျောက်တုံးတွေဟာ (၃၀) စင်တီမီတာကနေ (၃.၅) မီတာအထိရှိပြီး အရွယ်ကြီးလေ တန်ဖိုးကြီးလေပါ။ ရာစုနှစ်များစွာတုန်းကတော့ ကျောက်တုန်းအရွယ်အစားက သေးငယ်ပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ အရွယ်အစားတွေပါ ကြီးမားလာပါတယ်။

ကျောက်တုံးက အရွယ်အစားကြီးပြီး သယ်ယူရခက်ခဲလေ၊ ဘယ်သူ့အတွက်ပေးမယ်၊ ပေးရတဲ့ရည် ရွယ်ချက်ပေါ်မူတည်ပြီး တန်ဖိုးကြီးလေပါ။
ဒါပေမယ့် သိထားရမှာက ဒီကျောက်တုံးတွေကို နေ့စဉ် သုံးစွဲရမယ့် ကိစ္စတွေမှာ သယ်ယူသုံးစွဲနေတာမဟုတ်ပါဘူး။ ဒီကိစ္စတွေအတွက်တော့ ဒေါ်လာကိုသာ သုံးကြပါတယ်။ မင်္ဂလာခန်းဝင်ပစ္စည်းအတွက်၊ ကောက်ပဲခင်းပျက်စီးသွားလို့အစားအသောက်အတွက်လိုမျိုးတွေ မှာသာဒီကျောက်တုံးတွေကို သုံးစွဲကြပါတယ်။
ကျောက်တုန်းတွေမှာလည်း သုံးစွဲသူတွေအပေါ်မူတည်ပြီး တောင်းပန်မှု၊ ပဋိပက္ခ၊ မင်္ဂလာပွဲ စသဖြင့် သမိုင်းကြောင်းတွေရှိနေပါတယ်။ ပြီးတော့ ဒီသမိုင်းကြောင်းတွေကို ဒေသအတွင်း နေထိုင်သူတွေလောက်သာ သိတဲ့အတွက် ဘယ်ကျောက်တုန်းက တန်ဖိုးပိုကြီးတယ်ဆိုတာ သူတို့ပဲ ဆုံးဖြတ်နိုင်ကြပါတယ်။ ကျောက်တုန်းပိုက်ဆံတွေဟာ ပိုင်ရှင်ပြောင်းသွားနိုင်ပေမယ့် ၎င်းပိုင်ရှင်ဆီကို ရွှေ့ပြောင်းသယ်ဆောင် သွားစရာမလိုပါဘူး။ တရွာလုံးက ဘယ်သူပိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။

အခုဆိုရင် လုံလောက်တဲ့ ပမာဏရှိနေပြီးသားဖြစ်တဲ့အတွက် ဒီကျောက်တုံးတွေကို ထပ်ပြီး ဖန်တီးစရာမလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ စွမ်းရည်ကို မမေ့လျော့သွားစေဖို့ အခါအားလျော်စွာတော့ ဖန်တီးကြပါသေးတယ်။

KSM

Credit:MyanmarNote