ZawGyiျဖင့္ဖတ္ရန္

 

အမွတ္တရ မွတ္တမ္း ေလးလည္းျဖစ္ၿပီး ေက်းဇူးတင္လႊာလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး ကိုယ့္လို မသိေသးတဲ့ မိဘမ်ားအတြက္လည္း သတင္းေကာင္းျဖစ္မွာပါ။သိၿပီးသားသူမ်ားအတြက္လည္း ေသခ်ာေလးသိရေအာင္ ေျပာျပေပးျခင္းျဖစ္ပါတယ္ေနာ္။

ၿပီးခဲ့တဲ့ 12.5.2018 စေနေန႔ ည 11 နာရီခန႔္မွာ သမီးေလး ဟာ ႐ုတ္တရက္ဆိုသလိုပဲ ႏွာေခါင္းေသြးေတြ အရမ္းယိုလာပါတယ္။ သုတ္ေပးေသာ္လည္း 3, 4, 5

ခါေလာက္ ယိုလာေတာ့ က်မတို ႔လင္မယားႏွစ္ေယာက္လည္း အရမ္းစိတ္ပူလာၿပီး 24 နာရီဖြင့္တဲ့ေဆး႐ုံကို ကေလးခ်ီၿပီး ေျပးခဲ့ၾကပါတယ္။ ေဆး႐ုံေရာက္ေတာ့

ဆရာဝန္ ေတြ၊ ဆရာမေတြ၊ ဝန္ထမ္း ေတြအကုန္ ေရွးဦးသူနာျပဳစုနည္းေတြနဲ႔ ဂ႐ုစိုက္ေပးၾကပါတယ္။ အမ ေငြမလိုဘူး… ကေလး အမည္ပဲ ေျပာေပးလို႔

ေျပာၾကပါတယ္။ ျပင္ပေဆး႐ုံဆိုေပမယ့္ တကယ့္ေစတနာေဆး႐ုံပါ။ ညဘက္ က်မတို႔မိသားစု အေရးေပၚျဖစ္တိုင္း သြားေနက်ေဆး႐ုံပါ။ ေတြ႕ေနက် တာဝန္ခံဆရာဝန္ပါ။ ကေလးက ႏွာေခါင္းေသြးေတြယိုေလ ငိုေလ ပိုထြက္ေလနဲ႔ က်မတို႔ အရမ္းကို တုန္လႈပ္ခဲ့ၾကပါတယ္။ ႏွာေခါင္းေသြးယိုတာမွ ျမင္ရက္စရာမရွိပါ။ ေရခဲေလးကပ္ေပး၊ ေဆးလိုလွ်င္ ထိုးေပးဖို႔ရန္ အဆင္သင့္လုပ္၊ Pressure တိုင္း၊ ဂြမ္းေအးေအးေလးနဲ႔ ႏွာေခါင္းကို ဆို႔ထားေပးရင္း ေသြးယိုတာ တိတ္သြားခဲ့ပါတယ္။ အဲခါမွ တာဝန္က် ဆရာဝန္က စိတ္အရမ္း မလႈပ္ရွားဖို႔၊ သို႔ေပမယ့္ ကေလးျဖစ္တဲ့အတြက္ေၾကာင့္ ကေလးေဆး႐ုံသို႔ ျပေစခ်င္ေၾကာင္း၊ လိုအပ္လွ်င္ ေဆး႐ုံတတ္ရမည္ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ထိုအခါ က်မက ျပင္ပေဆး႐ုံသို႔သာ တတ္ခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။ ဆရာက ”ကေလး ႏွာေခါင္းေသြး ယိုတာ မ်ားတဲ့အတြက္ေၾကာင့္ အကယ္လို႔ 100 မွာ 1 ေယာက္ျဖစ္ခဲတဲ့ ေသြးေရအၾကည္သြင္းရမည္ဆိုလွ်င္ ျပင္ပေဆး႐ုံမ်ားမွာ မရႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ကိရိယာတန္ဆာပလာ အားလုံးစုံသည့္ ရန္ကင္းကေလးေဆး႐ုံသို႔သာ သြားေစလိုေၾကာင္း ေအးေအးေဆးေဆး ေျပာျပေပးပါတယ္။ သို႔ျဖင့္ က်မတို႔2ေယာက္ ကေလးကို ခ်ီၿပီး ရန္ကင္း ကေလးေဆး႐ုံသို႔ အျမန္သြားခဲ့ၾကပါတယ္။ တလမ္းလုံးလည္း ဆုေတာင္းခဲ့ရတယ္ အဆင္ေျပပါေစ… စိတ္ထဲလည္း ဆရာၫႊန္လို႔ သြားသာ သြားခဲ့ရတယ္ အဆင္ေျပပါ့မလား စိုးတထိပ္ထိပ္နဲ႔ပါ။

12.5.2018 စေနေန႔ ည 12 နာရီခန႔္မွာ ရန္ကင္းကေလးေဆး႐ုံသို႔ ေရာက္ခဲ့ၾကပါတယ္။ ေဆး႐ုံက Reception ကို ေရာက္တယ္ဆိုရင္ပဲ ဧည့္ႀကိဳညီမေလးက ၾကည္သာတဲ့မ်က္ႏွာေလးနဲ႔ ကေလးအေျခအေနေတြ၊ လိုအပ္တာေမးၿပီး စာအုပ္လုပ္ေပးခဲ့ပါတယ္။ ဆရာမေတြက အပူခ်ိန္တိုင္း၊ ကိုယ္အေလးခ်ိန္ေပါင္ခ်ိန္ၿပီးတာနဲ႔ ဆရာဝန္နဲ႔ တန္းေတြ႕ရပါတယ္။ အကူဆရာဝန္ 2ေယာက္နဲ႔ တာဝန္ခံဆရာဝန္ 1ေယာက္ ေသေခ်ာဂ႐ုစိုက္၊ အေသးစိတ္ေမးျမန္း၊ တကိုယ္လုံးေသခ်ာစမ္းသပ္နဲ႔ ညဘက္ႀကီးျဖစ္ေပမယ့္ အေတာ့္ကို လန္းလန္းဆန္းဆန္းနဲ႔ ေသခ်ာဂ႐ုတစိုက္ ရွိလွပါတယ္။ အဲလိုနဲ႔ ေသခ်ာစမ္းသပ္အၿပီးမွာ မိဘကို ေသခ်ာေျပာျပပါတယ္။ ေသြးစစ္လိုက္တာ ပိုေကာင္းေၾကာင္း လိုအပ္လွ်င္ ေဆး႐ုံတတ္ေစလိုေၾကာင္း၊ မလိုအပ္လွ်င္ မတတ္ရေၾကာင္း ေသခ်ာေျပာျပပါတယ္။ အဲဒါနဲ႔ ေသြးေဖာက္စစ္ခြင့္ျပဳခဲ့ပီး ေဆး႐ုံအတြင္းမွာရွိတဲ့ ေသြးလႉဘဏ္မွာ ေသြးသြားစစ္ခဲ့ၾကပါတယ္။ 15 မိနစ္မၾကာဘူး အေျဖလႊာရခဲ့ပါတယ္။ တာဝန္ခံဆရာဝန္ ေဆးစာဖတ္တဲ့အခါ ကေလးက ေရာဂါကင္းစင္ပါတယ္။ အဲေၾကာင့္ ေမေမျဖစ္ခ်င္တာ အရမ္းစိုးရိမ္ရင္လည္း ေဆး႐ုံတတ္ႏိုင္ေၾကာင္း၊ စိုးရိမ္စရာမရွိသည့္အတြက္ အိမ္မွာေနရင္း ေဆးေသာက္လို႔လည္း ရေၾကာင္း၊ မနက္တခါ လာျပသင့္ေၾကာင္း၊ အေရးေပၚလည္း ေပၚသလို အျမန္ေျပးလာေစလိုေၾကာင္း မိဘျဖစ္ခ်င္တာနဲ႔ ညႇိႏႈိင္းေျပာဆို ေဆြးေႏြးေပးပါတယ္။ က်မတို႔လည္း ကေလးလန္းလန္းဆန္းဆန္းရွိေနတာမို႔ ေနာက္တေန႔တေခါက္ လာျပမယ့္ အစီစဥ္ကို သေဘာတူလိုက္ၾကပါတယ္။ တာဝန္ခံဆရာဝန္က 5 ရက္စာေဆးေပးလိုက္ၿပီး ေနာက္ရက္ အေစာေလး ျပန္လာျပဖို႔ ေသခ်ာမွာလိုက္ပါတယ္။ ေဆးထုတ္ ေကာင္တာမွာျပေတာ့ တာဝန္က်ဆရာမႀကီးက ေဆးေတြကို ေဆးအိတ္ေပၚမွာ ေသခ်ာေရးေပး၊ ေျပာျပေပးတဲ့အျပင္ အေရးႀကီးလ်င္ႀကီးသလို အခ်ိန္မေ႐ြး ျပန္လာျပႏိုင္ေၾကာင္း၊ တာဝန္က်ဆရာဝန္ေတြ ဂ်ဴတီေတြနဲ႔ အလွည့္က် အခ်ိန္ျပည့္ရွိေနေၾကာင္း ေသခ်ာေလးမွာၾကားလိုက္ပါတယ္။ ေဆးဖိုး၊ စာအုပ္ဖိုး ဘယ္ေလာက္က်လဲရွင္လို႔ ေမးေတာ့ ေပးရန္မလိုေၾကာင္း ေအးေအးေဆးေဆးေလး ေျပာျပေပးပါတယ္။ က်မ ထိုင္ခုံမွာ ခဏထိုင္ရင္း တခဏေတာ့ ဆြံ႕အသြားမိတယ္။ က်မတို႔ ကိုယ့္အပူနဲ႔အပူမို႔ အိမ္ေနရင္းေတြနဲ႔ေျပးခဲ့ၾကတာပါ။ ေဆး႐ုံေရာက္ေတာ့ အေတာ္ခ်မ္းသာတယ္လို႔ထင္ရတဲ့ မိသားစုမ်ားလည္း လာေရာက္ ျပသေနၾကတာ ေတြ႕ရပါတယ္။ သို႔ေပမယ့္ ဧည့္ႀကိဳမွအစ တာဝန္ခံဆရာဝန္အဆုံး အဆင့္တိုင္းဟာ လာသမွ်သူအားလုံးကို တေျပးညီထဲ တန္းတူဆက္ဆံၾကတာ ေတြ႕ရပါတယ္။ အားလုံးကို ေလးေလးစားစား ေကာင္းေကာင္းမြန္မြန္ ေသခ်ာဂ႐ုစိုက္ခဲ့ၾကပါတယ္။ က်မအထင္နဲ႔ အျမင္ဟာ ေတာ္ေတာ္ကိုကြာဟေနတာမို႔ အေတာ္ကို အံ့ၾသသြားမိတဲ့ ညတညပါ။

13.5.18 တနဂၤေႏြ ည 8 နာရီေက်ာ္ေလာက္ ကေလးအေျခအေနသိရေအာင္ ဆရာလည္း ျပန္လာျပဖို႔ ေျပာထားတာနဲ႔ ေဆး႐ုံကို သြားခဲ့ၾကပါတယ္။ ဒီညမွာေတာ့ အကူဆရာဝန္ 3ေယာက္နဲ႔ တာဝန္ခံဆရာဝန္ 2ေယာက္ ရွိတာကို ေတြ႕ခဲ့ရပါတယ္။ တာဝန္ခံဆရာဝန္ 1ေယာက္က မေန႔ညက သမီးေလးနဲ႔ ျပခဲ့တဲ့ဆရာဝန္ပါ။ ဆရာကပဲ ေသြးလြန္တုတ္ေကြးရွိမရွိ ထပ္စစ္၊ ရင္ေက်ာေတြ ေသခ်ာစမ္းသပ္၊ လက္ေသြးခုန္ႏႈန္းတိုင္း၊ မ်က္လုံးေတြ ေသခ်ာၾကည့္၊ ပါးစပ္ကို ဓါတ္မီးထိုးၾကည့္၊ သိခ်င္တာေတြ အေမက အကုန္ေမး၊ ဆရာဝန္ေတြက ေသခ်ာရွင္းျပနဲ႔ အခ်ိန္ေပးၿပီးေတာ့ကို ၾကည့္ေပးခဲ့ၾကပါတယ္။ ကေလးလည္း အေတာ္လန္းတယ္မို႔ ေပးထားတဲ့ ေဆးကိုဆက္ေသာက္ရန္လိုေၾကာင္း၊ တရက္ျခားမွသာ ေနာက္တေခါက္ အေစာေလး လာျပေစလိုေၾကာင္း ေသခ်ာမွာလိုက္ၿပီး စာေရးေပးလိုက္ပါတယ္။ သမီးေလးကို စမ္းသပ္လို႔ေျပာဆိုအၿပီးမွာေတာ့ ဝ႐ုန္းသုန္းကားနဲ႔ ကေလးတေယာက္ကိုအေဖကခ်ီလို႔အေျပးလာၾကတဲ့ မိသားတစုကို ေတြ႕လိုက္ရပါတယ္။ ကေလးက မလႈပ္ခ်င္ေတာ့ဘူး။ သတိလစ္ လစ္သြားတယ္။ သူတို႔လည္း အဝတ္အစားေတြ ပီနံအိတ္ထဲထည့္ တကယ့္ကိုေပေပစုတ္စုတ္ေလးေတြနဲ႔ ေျပးလာၾကတာပါ။ အေတာ္ကို ႏြမ္းပါးၾကပုံလည္းေပၚေနတယ္။ လိုအပ္တာေတြ ႂကြတ္ႂကြတ္အိတ္အစုတ္ေလးေတြနဲ႔ထည့္လို႔ တကယ့္သနားစရာေလးေတြပါ။ သမီးေလးျပခဲ့တဲ့ တာဝန္ခံဆရာဝန္ အရမ္းေတာ္ပါတယ္။ ခ်ီေျပးဝင္လာတာလည္း ေတြ႕ေရာ ကေလးရွိရာကို အေျပးသြားပါတယ္။ ေအာက္စီဂ်င္အျမန္ယူလို႔ ေျပာေနသံေတြလည္း ၾကားရပါတယ္။ ဟိုးးးအရင္က ၾကားဖူးခဲ့တဲ့ ပိုက္ဆံမရွိလို႔ အသက္ဆုံးရပါတယ္ဆိုတာေတြက တကယ္ကို က်န္ခဲ့ပါၿပီ။ ”ကေလးအေရးေပၚျဖစ္လွ်င္ ရန္ကင္းကေလးေဆး႐ုံသို႔ အျမန္ဆုံးသြားေရာက္ဖို႔သာ လိုသည္” ဆိုတဲ့ အသိပညာသာ လိုအပ္ပါေတာ့တယ္။ တကယ္ကို ၾကည္ႏူးစရာျမင္ကြင္းပါ။ ဆရာဝန္ေလးေတြ အသက္အေတာ္ငယ္ၾကပါေသးတယ္။ သို႔ေပမယ့္ အေတာ္ကို စိတ္ထား ျပည့္ဝၾကတာ ေတြ႕ခဲ့ရပါတယ္။

15.5.18 အဂၤါေန႔ မနက္ 9 နာရီမထိုးမွီ ဆရာေျပာထားတဲ့အတိုင္း အေစာေလး အေရာက္သြားခ်ိန္မွာေတာ့ အမေလး… မ်ားျပားလိုက္တဲ့ကေလးေတြလို႔ ေတြးမိပါေတာ့တယ္။ အရင္ 2ရက္က ညပိုင္းေတြဆိုေတာ့ ေအးေအးေဆးေဆး လူသူတိတ္ဆိတ္လို႔ေပါ့။ အခုေတာ့ ေလွ်ာက္လမ္းေတြမွာေရာ၊ ထိုင္ခုံအျပည့္ေရာ အနယ္နယ္ အရပ္ရပ္က လာျပၾကတာ လူမ်ိဳးအစုံ၊ လူတန္းစားအစုံ အမ်ားႀကီးဆိုမွ အမ်ားႀကီးပါ။ ကိုယ္ေရာက္သြားခ်ိန္မွာ ေရွ႕မွာ လူေတြအေတာ္မ်ားပါတယ္။ ကေလးေတြ အေတာ္မ်ားမ်ား ေသြးစစ္ၾကရဆိုေတာ့ ကေလးငိုသံေတြနဲ႔ ဆူညံလို႔ပါပဲ။ ဒီေန႔မွာေတာ့ အကူဆရာဝန္ေတြ 5ေယာက္မကနဲ႔ တာဝန္ခံဆရာေတြ မ်ားတာ ေတြ႕ခဲ့ရပါတယ္။ သမီးေလး ျပရမယ့္ အလွည့္လည္း ေရာက္ေရာ အကူဆရာဝန္နဲ႔တာဝန္ခံဆရာဝန္က သမီးေလးကို ေသြးထပ္ေဖာက္စစ္ရန္ လိုအပ္ေၾကာင္း ေျပာျပပါတယ္။ ကေလးေသြးထပ္ေဖာက္မယ္လည္း ေျပာေရာ က်မလည္း ဘယ္လိုမွ ဟန္မလုပ္ႏိုင္ အရမ္းကို ငိုခ်ပစ္လိုက္ပါတယ္။ အဲဒါမွ အမည္ေတာ့ ေသခ်ာမဖတ္လိုက္မိပါ။ ရင္ထိုးေလးေတာ့ ပါတယ္။ ဝတုတ္တုတ္နဲ႔ ဆရာဝန္ေလးက မီးမီးေလးျဖစ္ေနတာ ဘာျဖစ္တာလဲ ေသခ်ာခ်ာသိရေအာင္ လိုအပ္လို႔ေဖာက္တာျဖစ္ေၾကာင္း၊ ေမေမ့မွာ ဘာျဖစ္တာမွန္းမသိ စိုးတထိတ္ထိတ္နဲ႔ ေနရတာနဲ႔စာရင္ အေျဖရွင္းရွင္းလင္းလင္း သိရေတာ့ စိတ္ေအးရမွာျဖစ္ေၾကာင္း၊ အရင္ေန႔က ေသြးအေျဖကို ယွဥ္စစ္ခ်င္လို႔ျဖစ္ေၾကာင္း ေသခ်ာေလး ေျပာျပပါတယ္။ အဲဆရာေလး ေျပာျပခဲ့တာနဲ႔ ေသြးေဖာက္စစ္တာကို လက္ခံခဲ့ပါတယ္။ ဒီေန႔ ေသြးလႉဘဏ္မွာ သြားစစ္ခ်ိန္မွာေတာ့ အရင္ညေတြ ေရာက္ခဲ့တုန္းကလိုေတာ့ မဟုတ္ေတာ့ပါဘူး။ ေမေမေတြ၊ ေဖေဖေတြ တန္းစီလို႔ပါပဲ။ ေဘာင္ခ်ာျဖတ္အၿပီးမွာေတာ့ အေျဖက ညေနပိုင္းမွ ရမွာျဖစ္တယ္ဆိုတာနဲ႔ က်မတို႔မိသားစု အတြန႔္မတတ္ဘဲ အိမ္ျပန္လာခဲ့ၾကပါတယ္။ ကိုယ့္ထက္အေရးႀကီးေနတဲ့ လူနာေတြ အမ်ားႀကီး ေတြ႕ခဲ့ရပါတယ္။

15.5.18 အဂၤါေန႔ည 8 နာရီေက်ာ္မွာ ေနာက္တေခါက္ ျပန္လာခဲ့ၾကပါတယ္။ ေသြးအေျဖေ႐ြးၿပီးတာနဲ႔ တာဝန္ခံဆရာဝန္နဲ႔ တန္းေတြ႕ရပါတယ္။ တာဝန္ခံဆရာဝန္က ေမေမတို႔ စိတ္ေအးခ်မ္းသာစြာသာ ေနေစလိုေၾကာင္း၊ ဘာေရာဂါမွ မေတြ႕ရေၾကာင္း၊ ကေလးေတြ ႏွာေခါင္းေသြးယိုတာ အၿမဲလိုလိုေတြ႕ရေၾကာင္း၊ မုန႔္ေတြ မေကြၽးေစလိုေၾကာင္း၊ လႈပ္ခါရမ္းေဆာ့တာေတြ မေဆာ့ေစလိုေၾကာင္းေသခ်ာရွင္းျပေပးၿပီး က်မတို႔လည္း သိလိုတာမ်ားကို စုံစုံေစ့ေစ့ ေမးခဲ့ၾကပါတယ္။

ရန္ကင္းကေလးေဆး႐ုံသို႔ 4 ခါ အသြားမွာ ၿခဳံငုံၿပီး ေျပာျပရမယ္ဆိုရင္ ဧည့္ႀကိဳ၊ ဆရာမေတြ၊ အကူဆရာဝန္ေတြ၊ တာဝန္ခံ ဆရာဝန္ေတြ အေတာ္ကို ေတာ္ပါတယ္။ လူနာနည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ၊ ေသခ်ာစြာ စစ္ေဆး ကုသေပးပါတယ္။ ေတာ္ရိေလ်ာ္ရိ မလုပ္ၾကပါဘူး။ ေနာက္တခုက စာအုပ္ဖိုး၊ ေဆးဖိုး၊ စမ္းသပ္ခ ဘာညာ ဘာဖိုးမွ မေပးရပါဘူး။ ေသြးတခါစစ္ 4500 က်ပ္နဲ႔ 2 ခါစစ္တာ 9000 က်ပ္သာ ကုန္ခဲ့ပါတယ္။ ဒါကလည္း အျပင္ေဆး႐ုံ၊ ေဆးခန္းေတြနဲ႔ယွဥ္ၾကည့္ရင္ အေတာ္ကို သက္သာတဲ့ႏႈန္းထားပါ။ အကယ္လို႔ ဆင္းရဲႏြမ္းပါးတယ္ဆိုရင္ ေထာက္ပံေၾကးေတြ၊ ေဆး႐ုံက ကုန္က်စရိတ္တဝက္က်ခံ ေပးတာမ်ိဳးေတြလည္း ရွိတယ္လို႔ သိခဲ့ရပါတယ္။ အကယ္လို႔ ကေလးေခြးကိုက္ခံရရင္ ေခြး႐ူးကာကြယ္ေဆး အခမဲ့ထိုးေပးေနတာကိုလည္း သိခဲ့ရပါတယ္။ အျပင္မွာဆိုရင္ တသိန္းဝန္းက်င္ေလာက္ ရွိတဲ့ေဆးကို အခေၾကးေငြမေပးရဘဲ ထိုးေပးေနတာပါ။ ေသြးစစ္တဲ့ေနရာမွာလည္း FOC ဆိုတဲ့ အခေၾကးေငြ မေပးရဘဲ စစ္ေပးေနတာေတြလည္း ေတြ႕ခဲ့ရပါတယ္။ ရပ္ကြက္ေထာက္ခံစာမ်ိဳးေတာ့ အနဲဆုံး လိုအပ္လိမ့္မယ္လို႔ ထင္ပါတယ္။ ေနာက္တခုက ဒီ ရန္ကင္းကေလးေဆး႐ုံႀကီးမွာ ကေလးလူႀကီးမေ႐ြး ႏွလုံးခြဲစိတ္ကုသမႈေတြ ျပဳလုပ္ေပးေနပါသတဲ့ေနာ္။ ေကာင္းလိုက္တဲ့ အစီအစဥ္ေတြနဲ႔ ေဆး႐ုံႀကီးပါ။ ေနရာအႏွံ႔မွာလည္း ”ဧရာဝတီေဖာင္ေဒးရွင္းမွ လႉဒါန္းသည္” ဟူေသာ စာတမ္းေတြလည္း ေတြ႕ခဲ့ရပါတယ္။ အလႉခံပုံးေတြ ရွိေနတာေတာင္ အလႉခံထည့္ခ်င္ ထည့္သြားႏိုင္တယ္လို႔ စကားတခြန္းမေျပာတဲ့ေဆး႐ုံပါ။ က်မလည္း ေက်းဇူးေတြ အရမ္းတင္လြန္းလို႔ ကိုယ္တတ္ႏိုင္သေလာက္ အလႉေငြ 2ေသာင္း ပုံးထဲကို ထည့္ခဲ့ပါတယ္။ ရန္ကင္းကေလးေဆး႐ုံကို သြားျပခဲ့တာမွာ အရမ္းလည္း အဆင္ေျပခဲ့တဲ့အျပင္ အေတာ္လည္း စိတ္ခ်မ္းသာမႈကို ရခဲ့ပါတယ္။ ေမေမေတြေျပာ ေျပာေနတဲ့ အျပင္ေဆးခန္းေတြ၊ ေဆး႐ုံေတြမွာ ေသခ်ာေဆြးေႏြးေျပာျပခြင့္မရလို႔ စိတ္ညစ္ရပါတယ္ဆိုသူမ်ား ရန္ကင္းကေလးေဆး႐ုံသို႔ သြားျပေစလိုပါတယ္ေနာ္။ ေသခ်ာေဆြးေႏြးျပသခြင့္က အတိုင္းထက္အလြန္ပါ။ ညပိုင္း 8နာရီေလာက္ဆို ပိုေကာင္းမယ္လို႔ ထင္ပါတယ္။ က်မလည္း ေနာက္ဆိုရင္ သမီးေလး ႏွာေစး၊ ေခ်ာင္းဆိုး၊ သာမာန္ကိုယ္ပူရင္ေတာင္မွ စိတ္ခ်မ္းသာမႈကို အျပည့္ေပးတဲ့ ရန္ကင္းကေလးေဆး႐ုံႀကီးသို႔သာ သြားျပေတာ့မယ္လို႔ စိတ္ဆုံးျဖတ္လိုက္ပါေတာ့တယ္။

တႏိုင္ငံလုံးမွာ ရွိတဲ့မိဘမ်ားလည္း သားသားမီးမီးတို႔အတြက္ က်န္းမာေရးစိတ္မေအးရဘူးျဖစ္ေနတယ္ဆိုရင္ ရန္ကင္းကေလးေဆး႐ုံႀကီးသို႔ သြားေရာက္ ျပသၾကဖို႔ သူငယ္ခ်င္းမိတ္ေဆြမ်ားမွ တဆင့္စကား တဆင့္နားျဖင့္ ေျပာျပေပးၾကပါေနာ္။

သမီးေလးက်န္းမာေရးအတြက္ 5 ရက္တာ ကာလအတြင္း ႀကဳံခဲ့ဆုံခဲ့ရတဲ့ ရန္ကင္းကေလးေဆး႐ုံႀကီးသို႔ သြားေရာက္ ျပသရန္ ေသခ်ာေျပာျပေပးခဲ့တဲ့ ”မိုးသီးေဆး႐ုံမွ ညတာဝန္ခံဆရာဝန္၊ ရန္ကင္းကေလးေဆး႐ုံႀကီးမွ ဆရာဝန္၊ ဆရာမမ်ား၊ သူနာျပဳမ်ား၊ ေဆး႐ုံဝန္ထမ္းမ်ား၊ ေဆး႐ုံသစ္ႀကီးအလႉရွင္ ဧရာဝတီေဖာင္ေဒးရွင္း၊ က်န္းမာေရးဝန္ႀကီးဌာန ႏွင့္ အစိုးရ” အားလုံးကို ေက်းဇူးအထူးတင္ပါတယ္ရွင္။

Credit: https://www.facebook.com/malailaitun2013/posts/2201238499901122

 

UniCodeဖြင့်ဖတ်ရန်

ကလေးကျန်းမာရေးအတွက် စိတ်အေး၊ စိတ်ချမ်းသာခဲ့ရတဲ့ ရန်ကင်းကလေးဆေးရုံအကြောင်းကို ပြောပြချင်ပါတယ်..

အမှတ်တရ မှတ်တမ်းလေးလည်းဖြစ်ပြီး ကျေးဇူးတင်လွှာလည်း ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်လို မသိသေးတဲ့ မိဘများအတွက်လည်း သတင်းကောင်းဖြစ်မှာပါ။
သိပြီးသားသူများအတွက်လည်း သေချာလေးသိရအောင် ပြောပြပေးခြင်းဖြစ်ပါတယ်နော်။

ပြီးခဲ့တဲ့ 12.5.2018 စနေနေ့ ည 11 နာရီခန့်မှာ သမီးလေးဟာ ရုတ်တရက်ဆိုသလိုပဲ နှာခေါင်းသွေးတွေ အရမ်းယိုလာပါတယ်။ သုတ်ပေးသော်လည်း 3, 4, 5

ခါလောက် ယိုလာတော့ ကျမတို့လင်မယားနှစ်ယောက်လည်း အရမ်းစိတ်ပူလာပြီး 24 နာရီဖွင့်တဲ့ဆေးရုံကို ကလေးချီပြီး ပြေးခဲ့ကြပါတယ်။ ဆေးရုံရောက်တော့

ဆရာဝန်တွေ၊ ဆရာမတွေ၊ ဝန်ထမ်းတွေအကုန် ရှေးဦးသူနာပြုစုနည်းတွေနဲ့ ဂရုစိုက်ပေးကြပါတယ်။ အမ ငွေမလိုဘူး… ကလေးအမည်ပဲ ပြောပေးလို့

ပြောကြပါတယ်။ ပြင်ပဆေးရုံဆိုပေမယ့် တကယ့်စေတနာဆေးရုံပါ။ ညဘက် ကျမတို့မိသားစု အရေးပေါ်ဖြစ်တိုင်း သွားနေကျဆေးရုံပါ။ တွေ့နေကျ တာဝန်ခံဆရာဝန်ပါ။ ကလေးက နှာခေါင်းသွေးတွေယိုလေ ငိုလေ ပိုထွက်လေနဲ့ ကျမတို့ အရမ်းကို တုန်လှုပ်ခဲ့ကြပါတယ်။ နှာခေါင်းသွေးယိုတာမှ မြင်ရက်စရာမရှိပါ။ ရေခဲလေးကပ်ပေး၊ ဆေးလိုလျှင် ထိုးပေးဖို့ရန် အဆင်သင့်လုပ်၊ Pressure တိုင်း၊ ဂွမ်းအေးအေးလေးနဲ့ နှာခေါင်းကို ဆို့ထားပေးရင်း သွေးယိုတာ တိတ်သွားခဲ့ပါတယ်။ အဲခါမှ တာဝန်ကျ ဆရာဝန်က စိတ်အရမ်း မလှုပ်ရှားဖို့၊ သို့ပေမယ့် ကလေးဖြစ်တဲ့အတွက်ကြောင့် ကလေးဆေးရုံသို့ ပြစေချင်ကြောင်း၊ လိုအပ်လျှင် ဆေးရုံတတ်ရမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ထိုအခါ ကျမက ပြင်ပဆေးရုံသို့သာ တတ်ချင်ကြောင်း ပြောခဲ့ပါတယ်။ ဆရာက ”ကလေး နှာခေါင်းသွေး ယိုတာ များတဲ့အတွက်ကြောင့် အကယ်လို့ 100 မှာ 1 ယောက်ဖြစ်ခဲတဲ့ သွေးရေအကြည်သွင်းရမည်ဆိုလျှင် ပြင်ပဆေးရုံများမှာ မရနိုင်ကြောင်း၊ ထို့ကြောင့် ကိရိယာတန်ဆာပလာ အားလုံးစုံသည့် ရန်ကင်းကလေးဆေးရုံသို့သာ သွားစေလိုကြောင်း အေးအေးဆေးဆေး ပြောပြပေးပါတယ်။ သို့ဖြင့် ကျမတို့2ယောက် ကလေးကို ချီပြီး ရန်ကင်း ကလေးဆေးရုံသို့ အမြန်သွားခဲ့ကြပါတယ်။ တလမ်းလုံးလည်း ဆုတောင်းခဲ့ရတယ် အဆင်ပြေပါစေ… စိတ်ထဲလည်း ဆရာညွှန်လို့ သွားသာ သွားခဲ့ရတယ် အဆင်ပြေပါ့မလား စိုးတထိပ်ထိပ်နဲ့ပါ။

12.5.2018 စနေနေ့ ည 12 နာရီခန့်မှာ ရန်ကင်းကလေးဆေးရုံသို့ ရောက်ခဲ့ကြပါတယ်။ ဆေးရုံက Reception ကို ရောက်တယ်ဆိုရင်ပဲ ဧည့်ကြိုညီမလေးက ကြည်သာတဲ့မျက်နှာလေးနဲ့ ကလေးအခြေအနေတွေ၊ လိုအပ်တာမေးပြီး စာအုပ်လုပ်ပေးခဲ့ပါတယ်။ ဆရာမတွေက အပူချိန်တိုင်း၊ ကိုယ်အလေးချိန်ပေါင်ချိန်ပြီးတာနဲ့ ဆရာဝန်နဲ့ တန်းတွေ့ရပါတယ်။ အကူဆရာဝန် 2ယောက်နဲ့ တာဝန်ခံဆရာဝန် 1ယောက် သေချောဂရုစိုက်၊ အသေးစိတ်မေးမြန်း၊ တကိုယ်လုံးသေချာစမ်းသပ်နဲ့ ညဘက်ကြီးဖြစ်ပေမယ့် အတော့်ကို လန်းလန်းဆန်းဆန်းနဲ့ သေချာဂရုတစိုက် ရှိလှပါတယ်။ အဲလိုနဲ့ သေချာစမ်းသပ်အပြီးမှာ မိဘကို သေချာပြောပြပါတယ်။ သွေးစစ်လိုက်တာ ပိုကောင်းကြောင်း လိုအပ်လျှင် ဆေးရုံတတ်စေလိုကြောင်း၊ မလိုအပ်လျှင် မတတ်ရကြောင်း သေချာပြောပြပါတယ်။ အဲဒါနဲ့ သွေးဖောက်စစ်ခွင့်ပြုခဲ့ပီး ဆေးရုံအတွင်းမှာရှိတဲ့ သွေးလှူဘဏ်မှာ သွေးသွားစစ်ခဲ့ကြပါတယ်။ 15 မိနစ်မကြာဘူး အဖြေလွှာရခဲ့ပါတယ်။ တာဝန်ခံဆရာဝန် ဆေးစာဖတ်တဲ့အခါ ကလေးက ရောဂါကင်းစင်ပါတယ်။ အဲကြောင့် မေမေဖြစ်ချင်တာ အရမ်းစိုးရိမ်ရင်လည်း ဆေးရုံတတ်နိုင်ကြောင်း၊ စိုးရိမ်စရာမရှိသည့်အတွက် အိမ်မှာနေရင်း ဆေးသောက်လို့လည်း ရကြောင်း၊ မနက်တခါ လာပြသင့်ကြောင်း၊ အရေးပေါ်လည်း ပေါ်သလို အမြန်ပြေးလာစေလိုကြောင်း မိဘဖြစ်ချင်တာနဲ့ ညှိနှိုင်းပြောဆို ဆွေးနွေးပေးပါတယ်။ ကျမတို့လည်း ကလေးလန်းလန်းဆန်းဆန်းရှိနေတာမို့ နောက်တနေ့တခေါက် လာပြမယ့် အစီစဉ်ကို သဘောတူလိုက်ကြပါတယ်။ တာဝန်ခံဆရာဝန်က 5 ရက်စာဆေးပေးလိုက်ပြီး နောက်ရက် အစောလေး ပြန်လာပြဖို့ သေချာမှာလိုက်ပါတယ်။ ဆေးထုတ် ကောင်တာမှာပြတော့ တာဝန်ကျဆရာမကြီးက ဆေးတွေကို ဆေးအိတ်ပေါ်မှာ သေချာရေးပေး၊ ပြောပြပေးတဲ့အပြင် အရေးကြီးလျင်ကြီးသလို အချိန်မရွေး ပြန်လာပြနိုင်ကြောင်း၊ တာဝန်ကျဆရာဝန်တွေ ဂျူတီတွေနဲ့ အလှည့်ကျ အချိန်ပြည့်ရှိနေကြောင်း သေချာလေးမှာကြားလိုက်ပါတယ်။ ဆေးဖိုး၊ စာအုပ်ဖိုး ဘယ်လောက်ကျလဲရှင်လို့ မေးတော့ ပေးရန်မလိုကြောင်း အေးအေးဆေးဆေးလေး ပြောပြပေးပါတယ်။ ကျမ ထိုင်ခုံမှာ ခဏထိုင်ရင်း တခဏတော့ ဆွံ့အသွားမိတယ်။ ကျမတို့ ကိုယ့်အပူနဲ့အပူမို့ အိမ်နေရင်းတွေနဲ့ပြေးခဲ့ကြတာပါ။ ဆေးရုံရောက်တော့ အတော်ချမ်းသာတယ်လို့ထင်ရတဲ့ မိသားစုများလည်း လာရောက် ပြသနေကြတာ တွေ့ရပါတယ်။ သို့ပေမယ့် ဧည့်ကြိုမှအစ တာဝန်ခံဆရာဝန်အဆုံး အဆင့်တိုင်းဟာ လာသမျှသူအားလုံးကို တပြေးညီထဲ တန်းတူဆက်ဆံကြတာ တွေ့ရပါတယ်။ အားလုံးကို လေးလေးစားစား ကောင်းကောင်းမွန်မွန် သေချာဂရုစိုက်ခဲ့ကြပါတယ်။ ကျမအထင်နဲ့ အမြင်ဟာ တော်တော်ကိုကွာဟနေတာမို့ အတော်ကို အံ့သြသွားမိတဲ့ ညတညပါ။

13.5.18 တနင်္ဂနွေ ည 8 နာရီကျော်လောက် ကလေးအခြေအနေသိရအောင် ဆရာလည်း ပြန်လာပြဖို့ ပြောထားတာနဲ့ ဆေးရုံကို သွားခဲ့ကြပါတယ်။ ဒီညမှာတော့ အကူဆရာဝန် 3ယောက်နဲ့ တာဝန်ခံဆရာဝန် 2ယောက် ရှိတာကို တွေ့ခဲ့ရပါတယ်။ တာဝန်ခံဆရာဝန် 1ယောက်က မနေ့ညက သမီးလေးနဲ့ ပြခဲ့တဲ့ဆရာဝန်ပါ။ ဆရာကပဲ သွေးလွန်တုတ်ကွေးရှိမရှိ ထပ်စစ်၊ ရင်ကျောတွေ သေချာစမ်းသပ်၊ လက်သွေးခုန်နှုန်းတိုင်း၊ မျက်လုံးတွေ သေချာကြည့်၊ ပါးစပ်ကို ဓါတ်မီးထိုးကြည့်၊ သိချင်တာတွေ အမေက အကုန်မေး၊ ဆရာဝန်တွေက သေချာရှင်းပြနဲ့ အချိန်ပေးပြီးတော့ကို ကြည့်ပေးခဲ့ကြပါတယ်။ ကလေးလည်း အတော်လန်းတယ်မို့ ပေးထားတဲ့ ဆေးကိုဆက်သောက်ရန်လိုကြောင်း၊ တရက်ခြားမှသာ နောက်တခေါက် အစောလေး လာပြစေလိုကြောင်း သေချာမှာလိုက်ပြီး စာရေးပေးလိုက်ပါတယ်။ သမီးလေးကို စမ်းသပ်လို့ပြောဆိုအပြီးမှာတော့ ဝရုန်းသုန်းကားနဲ့ ကလေးတယောက်ကိုအဖေကချီလို့အပြေးလာကြတဲ့ မိသားတစုကို တွေ့လိုက်ရပါတယ်။ ကလေးက မလှုပ်ချင်တော့ဘူး။ သတိလစ် လစ်သွားတယ်။ သူတို့လည်း အဝတ်အစားတွေ ပီနံအိတ်ထဲထည့် တကယ့်ကိုပေပေစုတ်စုတ်လေးတွေနဲ့ ပြေးလာကြတာပါ။ အတော်ကို နွမ်းပါးကြပုံလည်းပေါ်နေတယ်။ လိုအပ်တာတွေ ကြွတ်ကြွတ်အိတ်အစုတ်လေးတွေနဲ့ထည့်လို့ တကယ့်သနားစရာလေးတွေပါ။ သမီးလေးပြခဲ့တဲ့ တာဝန်ခံဆရာဝန် အရမ်းတော်ပါတယ်။ ချီပြေးဝင်လာတာလည်း တွေ့ရော ကလေးရှိရာကို အပြေးသွားပါတယ်။ အောက်စီဂျင်အမြန်ယူလို့ ပြောနေသံတွေလည်း ကြားရပါတယ်။ ဟိုးးးအရင်က ကြားဖူးခဲ့တဲ့ ပိုက်ဆံမရှိလို့ အသက်ဆုံးရပါတယ်ဆိုတာတွေက တကယ်ကို ကျန်ခဲ့ပါပြီ။ ”ကလေးအရေးပေါ်ဖြစ်လျှင် ရန်ကင်းကလေးဆေးရုံသို့ အမြန်ဆုံးသွားရောက်ဖို့သာ လိုသည်” ဆိုတဲ့ အသိပညာသာ လိုအပ်ပါတော့တယ်။ တကယ်ကို ကြည်နူးစရာမြင်ကွင်းပါ။ ဆရာဝန်လေးတွေ အသက်အတော်ငယ်ကြပါသေးတယ်။ သို့ပေမယ့် အတော်ကို စိတ်ထား ပြည့်ဝကြတာ တွေ့ခဲ့ရပါတယ်။

15.5.18 အင်္ဂါနေ့ မနက် 9 နာရီမထိုးမှီ ဆရာပြောထားတဲ့အတိုင်း အစောလေး အရောက်သွားချိန်မှာတော့ အမလေး… များပြားလိုက်တဲ့ကလေးတွေလို့ တွေးမိပါတော့တယ်။ အရင် 2ရက်က ညပိုင်းတွေဆိုတော့ အေးအေးဆေးဆေး လူသူတိတ်ဆိတ်လို့ပေါ့။ အခုတော့ လျှောက်လမ်းတွေမှာရော၊ ထိုင်ခုံအပြည့်ရော အနယ်နယ် အရပ်ရပ်က လာပြကြတာ လူမျိုးအစုံ၊ လူတန်းစားအစုံ အများကြီးဆိုမှ အများကြီးပါ။ ကိုယ်ရောက်သွားချိန်မှာ ရှေ့မှာ လူတွေအတော်များပါတယ်။ ကလေးတွေ အတော်များများ သွေးစစ်ကြရဆိုတော့ ကလေးငိုသံတွေနဲ့ ဆူညံလို့ပါပဲ။ ဒီနေ့မှာတော့ အကူဆရာဝန်တွေ 5ယောက်မကနဲ့ တာဝန်ခံဆရာတွေ များတာ တွေ့ခဲ့ရပါတယ်။ သမီးလေး ပြရမယ့် အလှည့်လည်း ရောက်ရော အကူဆရာဝန်နဲ့တာဝန်ခံဆရာဝန်က သမီးလေးကို သွေးထပ်ဖောက်စစ်ရန် လိုအပ်ကြောင်း ပြောပြပါတယ်။ ကလေးသွေးထပ်ဖောက်မယ်လည်း ပြောရော ကျမလည်း ဘယ်လိုမှ ဟန်မလုပ်နိုင် အရမ်းကို ငိုချပစ်လိုက်ပါတယ်။ အဲဒါမှ အမည်တော့ သေချာမဖတ်လိုက်မိပါ။ ရင်ထိုးလေးတော့ ပါတယ်။ ဝတုတ်တုတ်နဲ့ ဆရာဝန်လေးက မီးမီးလေးဖြစ်နေတာ ဘာဖြစ်တာလဲ သေချာချာသိရအောင် လိုအပ်လို့ဖောက်တာဖြစ်ကြောင်း၊ မေမေ့မှာ ဘာဖြစ်တာမှန်းမသိ စိုးတထိတ်ထိတ်နဲ့ နေရတာနဲ့စာရင် အဖြေရှင်းရှင်းလင်းလင်း သိရတော့ စိတ်အေးရမှာဖြစ်ကြောင်း၊ အရင်နေ့က သွေးအဖြေကို ယှဉ်စစ်ချင်လို့ဖြစ်ကြောင်း သေချာလေး ပြောပြပါတယ်။ အဲဆရာလေး ပြောပြခဲ့တာနဲ့ သွေးဖောက်စစ်တာကို လက်ခံခဲ့ပါတယ်။ ဒီနေ့ သွေးလှူဘဏ်မှာ သွားစစ်ချိန်မှာတော့ အရင်ညတွေ ရောက်ခဲ့တုန်းကလိုတော့ မဟုတ်တော့ပါဘူး။ မေမေတွေ၊ ဖေဖေတွေ တန်းစီလို့ပါပဲ။ ဘောင်ချာဖြတ်အပြီးမှာတော့ အဖြေက ညနေပိုင်းမှ ရမှာဖြစ်တယ်ဆိုတာနဲ့ ကျမတို့မိသားစု အတွန့်မတတ်ဘဲ အိမ်ပြန်လာခဲ့ကြပါတယ်။ ကိုယ့်ထက်အရေးကြီးနေတဲ့ လူနာတွေ အများကြီး တွေ့ခဲ့ရပါတယ်။

15.5.18 အင်္ဂါနေ့ည 8 နာရီကျော်မှာ နောက်တခေါက် ပြန်လာခဲ့ကြပါတယ်။ သွေးအဖြေရွေးပြီးတာနဲ့ တာဝန်ခံဆရာဝန်နဲ့ တန်းတွေ့ရပါတယ်။ တာဝန်ခံဆရာဝန်က မေမေတို့ စိတ်အေးချမ်းသာစွာသာ နေစေလိုကြောင်း၊ ဘာရောဂါမှ မတွေ့ရကြောင်း၊ ကလေးတွေ နှာခေါင်းသွေးယိုတာ အမြဲလိုလိုတွေ့ရကြောင်း၊ မုန့်တွေ မကျွေးစေလိုကြောင်း၊ လှုပ်ခါရမ်းဆော့တာတွေ မဆော့စေလိုကြောင်းသေချာရှင်းပြပေးပြီး ကျမတို့လည်း သိလိုတာများကို စုံစုံစေ့စေ့ မေးခဲ့ကြပါတယ်။

ရန်ကင်းကလေးဆေးရုံသို့ 4 ခါ အသွားမှာ ခြုံငုံပြီး ပြောပြရမယ်ဆိုရင် ဧည့်ကြို၊ ဆရာမတွေ၊ အကူဆရာဝန်တွေ၊ တာဝန်ခံ ဆရာဝန်တွေ အတော်ကို တော်ပါတယ်။ လူနာနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ သေချာစွာ စစ်ဆေး ကုသပေးပါတယ်။ တော်ရိလျော်ရိ မလုပ်ကြပါဘူး။ နောက်တခုက စာအုပ်ဖိုး၊ ဆေးဖိုး၊ စမ်းသပ်ခ ဘာညာ ဘာဖိုးမှ မပေးရပါဘူး။ သွေးတခါစစ် 4500 ကျပ်နဲ့ 2 ခါစစ်တာ 9000 ကျပ်သာ ကုန်ခဲ့ပါတယ်။ ဒါကလည်း အပြင်ဆေးရုံ၊ ဆေးခန်းတွေနဲ့ယှဉ်ကြည့်ရင် အတော်ကို သက်သာတဲ့နှုန်းထားပါ။ အကယ်လို့ ဆင်းရဲနွမ်းပါးတယ်ဆိုရင် ထောက်ပံကြေးတွေ၊ ဆေးရုံက ကုန်ကျစရိတ်တဝက်ကျခံ ပေးတာမျိုးတွေလည်း ရှိတယ်လို့ သိခဲ့ရပါတယ်။ အကယ်လို့ ကလေးခွေးကိုက်ခံရရင် ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးပေးနေတာကိုလည်း သိခဲ့ရပါတယ်။ အပြင်မှာဆိုရင် တသိန်းဝန်းကျင်လောက် ရှိတဲ့ဆေးကို အခကြေးငွေမပေးရဘဲ ထိုးပေးနေတာပါ။ သွေးစစ်တဲ့နေရာမှာလည်း FOC ဆိုတဲ့ အခကြေးငွေ မပေးရဘဲ စစ်ပေးနေတာတွေလည်း တွေ့ခဲ့ရပါတယ်။ ရပ်ကွက်ထောက်ခံစာမျိုးတော့ အနဲဆုံး လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခုက ဒီ ရန်ကင်းကလေးဆေးရုံကြီးမှာ ကလေးလူကြီးမရွေး နှလုံးခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးနေပါသတဲ့နော်။ ကောင်းလိုက်တဲ့ အစီအစဉ်တွေနဲ့ ဆေးရုံကြီးပါ။ နေရာအနှံ့မှာလည်း ”ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသည်” ဟူသော စာတမ်းတွေလည်း တွေ့ခဲ့ရပါတယ်။ အလှူခံပုံးတွေ ရှိနေတာတောင် အလှူခံထည့်ချင် ထည့်သွားနိုင်တယ်လို့ စကားတခွန်းမပြောတဲ့ဆေးရုံပါ။ ကျမလည်း ကျေးဇူးတွေ အရမ်းတင်လွန်းလို့ ကိုယ်တတ်နိုင်သလောက် အလှူငွေ 2သောင်း ပုံးထဲကို ထည့်ခဲ့ပါတယ်။ ရန်ကင်းကလေးဆေးရုံကို သွားပြခဲ့တာမှာ အရမ်းလည်း အဆင်ပြေခဲ့တဲ့အပြင် အတော်လည်း စိတ်ချမ်းသာမှုကို ရခဲ့ပါတယ်။ မေမေတွေပြော ပြောနေတဲ့ အပြင်ဆေးခန်းတွေ၊ ဆေးရုံတွေမှာ သေချာဆွေးနွေးပြောပြခွင့်မရလို့ စိတ်ညစ်ရပါတယ်ဆိုသူများ ရန်ကင်းကလေးဆေးရုံသို့ သွားပြစေလိုပါတယ်နော်။ သေချာဆွေးနွေးပြသခွင့်က အတိုင်းထက်အလွန်ပါ။ ညပိုင်း 8နာရီလောက်ဆို ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျမလည်း နောက်ဆိုရင် သမီးလေး နှာစေး၊ ချောင်းဆိုး၊ သာမာန်ကိုယ်ပူရင်တောင်မှ စိတ်ချမ်းသာမှုကို အပြည့်ပေးတဲ့ ရန်ကင်းကလေးဆေးရုံကြီးသို့သာ သွားပြတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်။

တနိုင်ငံလုံးမှာ ရှိတဲ့မိဘများလည်း သားသားမီးမီးတို့အတွက် ကျန်းမာရေးစိတ်မအေးရဘူးဖြစ်နေတယ်ဆိုရင် ရန်ကင်းကလေးဆေးရုံကြီးသို့ သွားရောက် ပြသကြဖို့ သူငယ်ချင်းမိတ်ဆွေများမှ တဆင့်စကား တဆင့်နားဖြင့် ပြောပြပေးကြပါနော်။

သမီးလေးကျန်းမာရေးအတွက် 5 ရက်တာ ကာလအတွင်း ကြုံခဲ့ဆုံခဲ့ရတဲ့ ရန်ကင်းကလေးဆေးရုံကြီးသို့ သွားရောက် ပြသရန် သေချာပြောပြပေးခဲ့တဲ့ ”မိုးသီးဆေးရုံမှ ညတာဝန်ခံဆရာဝန်၊ ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများ၊ ဆေးရုံသစ်ကြီးအလှူရှင် ဧရာဝတီဖောင်ဒေးရှင်း၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အစိုးရ” အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

Credit: https://www.facebook.com/malailaitun2013/posts/2201238499901122