ZawGyiျဖင့္ဖတ္ရန္

သားအိမ္ မွာ အရည္အိတ္တည္ေနတယ္လို႔ သိရပါတယ္။ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုတစ္ေယာက္ က်န္းမာေရးအေျခအေနေၾကာင့္ ဇာတ္ကား ႐ိုက္ကူးမႈေတြ နားထားတယ္လို႔ ဆိုပါတယ္။ နားထားရတဲ့ အေၾကာင္းအရင္းကလည္း သားအိမ္မွာ အရည္အိတ္တည္တဲ့ အေျခအေနေၾကာင့္ UK ႏိုင္ငံမွာ သြားေရာက္ခြဲစိတ္ဖို႔ ရည္႐ြယ္ထားေပမယ့္ Visa အခက္အခဲေၾကာင့္ ျမန္မာႏိုင္ငံအတြင္းမွာပဲ ခြဲစိတ္မႈလုပ္ေတာ့မယ္လို႔ မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

” UK မွာ သြားခြဲမလို႔ Visa မရတာနဲ႔ ဒီမွာပဲ Grand Hantha မွာ ဇြန္လ ၃ရက္ေန႔ ခြဲစိတ္မွာပါ။ ေၾကာက္တာေတာ့ မေၾကာက္ဘူး/ အစကတည္းက သုက ဒီမွာခြဲခ်င္တာ အေဒၚက ဟိုမွာဆိုေတာ့ သူ႔တူမ ခြဲစိတ္တာ သူ႔မ်က္စိအေရွ႕ျဖစ္ေစခ်င္လို႔သာ သြားၾကမွာ။ အခုေတာ့ Visa လည္းမရဘူး၊ သုကေတာ့ ကိုယ့္ႏိုင္ငံမွာပဲ ကိုယ္ခြဲခ်င္တာဆိုေတာ့ အဆင္ေျပသြားတယ္” လို႔ ဆိုပါတယ္။

စိုးရိမ္တႀကီးရွိေနၾကတဲ့ ပရိသတ္ေတြကို သု ေနျပန္ေကာင္းလာမွာပါလို႔ သတၱိခဲမေလး ပိုင္ၿဖိဳးသုက ျပန္ၿပီးေတာင္ အားေပးထားပါေသးတယ္။

” သု ေနျပန္ေကာင္းသြားမွာပါ၊ ခြဲၿပီးသြားရင္ေတာ့ အရင္ကထက္ အႏုပညာအလုပ္ေတြကို ပိုၿပီးေတာ့ ႀကိဳးစားသြားပါ့မယ္။ cystadenoma left ovary(သားအိမ္မွာအရည္အိတ္တည္ျခင္း)..ဆိုဒ္ကလည္း 7.5cm ေလာက္ရွိေနၿပီဆိုေတာ့ ခြဲလိုက္မွ စိတ္ခ်ရမွာေပါ့ေနာ္။ ဒီအတိုင္းထား လိုက္လို႔ အထဲမွာ ေပါက္သြားခဲ့ရင္ လူအတြက္ အႏၲရာယ္ရွိတယ္” လို႔ သူကဆိုပါတယ္။

လတ္တေလာမွာေတာ့ ပိုင္ၿဖိဳးသုဟာ ပြဲေတြတက္တယ္၊ ေၾကာ္ျငာေလးေတြပဲ ႐ိုက္ျဖစ္ေနတယ္လို႔ သိရပါတယ္။

” ဒီရက္ပိုင္းက အႏုပညာနဲ႔ပတ္သက္တဲ့ တျခားလႈပ္ရွားမႈေတြနားထားတယ္။ ပြဲတက္တာေတြနဲ႔ ေၾကာ္ျငာ႐ိုက္တာေလးေတြပဲ လုုပ္ျဖစ္ေနတယ္။ ကား႐ိုက္နားထားတယ္ဆိုတာလည္း သုသုရဲ႕ က်န္းမာေရးအရ ခြဲဖို႔ရွိလို႔ ကား႐ိုက္ေတြ ဖ်က္ထားတယ္။ က်န္းမာေရးအေျခအေနက ေကာင္းေတာ့ေကာင္းပါတယ္ ခြဲထုတ္လိုက္ဖို႔ေတာ့လိုတာေပါ့ေနာ္။ ခြဲလိုက္ရင္ေတာ့ ေကာင္းသြားၿပီ” လို႔ ဆိုပါတယ္။

ပိုင္ၿဖိဳးသုဟာ သူ႔ရဲ႕ က်န္းမာေရးအေျခအေနကို ေမလ ၂၀ ရက္ေန႔ကစၿပီး ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚကေနတဆင့္ ပရိသတ္ေတြကို အသိေပးလိုက္တာျဖစ္ပါတယ္။ အဲ့ဒီလို အသိေပးလိုက္တာေၾကာင့္လည္း ပရိသတ္ေတြက စိုးရိမ္တႀကီးရွိေနၾကပါတယ္။ သူ႔အေနနဲ႔ ႏိုင္ငံျခားေဆး႐ုံမွာတာဝန္ယူေနတဲ့ အေဒၚျဖစ္သူနဲ႔တိုင္ပင္ၿပီး UK ႏိုင္ငံမွာသြားေရာက္ ခြဲစိတ္မႈျပဳလုပ္ဖို႔အတြက္ဆုံးျဖတ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

ပရိသတ္အခ်စ္ေတာ္မေလး သ႐ုပ္ေဆာင္ပိုင္ၿဖိဳးသုက အကယ္ဒမီဆုရရွိၿပီးတဲ့ ေနာက္ပိုင္းမွာလည္း အႏုပညာအလုပ္ေတြ ဆက္တိုက္ ဆိုသလို လုပ္ကိုင္ခဲ့ရသူ ျဖစ္ပါတယ္။သူမဟာ အႏုပညာပ်ိဳးခင္း(၂) ရဲ႕ စင္တင္မင္းသမီး တစ္ဦးျဖစ္ခဲ့တဲ့ ပိုင္ၿဖိဳးသုက ယခုလိုဆိုရင္ ပရိသတ္အားေပးမႈ ရရွိထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္ေနပါၿပီ။

Credit:Duwun

 

UniCodeဖြင့်ဖတ်ရန်

ဇွန်လ ၃ ရက်နေ့မှာ ခွဲစိတ်မှုလုပ်ရမယ့် ပိုင်ဖြိုးသု

သားအိမ်မှာ အရည်အိတ်တည်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုတစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နားထားတယ်လို့ ဆိုပါတယ်။ နားထားရတဲ့ အကြောင်းအရင်းကလည်း သားအိမ်မှာ အရည်အိတ်တည်တဲ့ အခြေအနေကြောင့် UK နိုင်ငံမှာ သွားရောက်ခွဲစိတ်ဖို့ ရည်ရွယ်ထားပေမယ့် Visa အခက်အခဲကြောင့် မြန်မာနိုင်ငံအတွင်းမှာပဲ ခွဲစိတ်မှုလုပ်တော့မယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

” UK မှာ သွားခွဲမလို့ Visa မရတာနဲ့ ဒီမှာပဲ Grand Hantha မှာ ဇွန်လ ၃ရက်နေ့ ခွဲစိတ်မှာပါ။ ကြောက်တာတော့ မကြောက်ဘူး/ အစကတည်းက သုက ဒီမှာခွဲချင်တာ အဒေါ်က ဟိုမှာဆိုတော့ သူ့တူမ ခွဲစိတ်တာ သူ့မျက်စိအရှေ့ဖြစ်စေချင်လို့သာ သွားကြမှာ။ အခုတော့ Visa လည်းမရဘူး၊ သုကတော့ ကိုယ့်နိုင်ငံမှာပဲ ကိုယ်ခွဲချင်တာဆိုတော့ အဆင်ပြေသွားတယ်” လို့ ဆိုပါတယ်။

စိုးရိမ်တကြီးရှိနေကြတဲ့ ပရိသတ်တွေကို သု နေပြန်ကောင်းလာမှာပါလို့ သတ္တိခဲမလေး ပိုင်ဖြိုးသုက ပြန်ပြီးတောင် အားပေးထားပါသေးတယ်။

” သု နေပြန်ကောင်းသွားမှာပါ၊ ခွဲပြီးသွားရင်တော့ အရင်ကထက် အနုပညာအလုပ်တွေကို ပိုပြီးတော့ ကြိုးစားသွားပါ့မယ်။ cystadenoma left ovary(သားအိမ်မှာအရည်အိတ်တည်ခြင်း)..ဆိုဒ်ကလည်း 7.5cm လောက်ရှိနေပြီဆိုတော့ ခွဲလိုက်မှ စိတ်ချရမှာပေါ့နော်။ ဒီအတိုင်းထား လိုက်လို့ အထဲမှာ ပေါက်သွားခဲ့ရင် လူအတွက် အန္တရာယ်ရှိတယ်” လို့ သူကဆိုပါတယ်။

လတ်တလောမှာတော့ ပိုင်ဖြိုးသုဟာ ပွဲတွေတက်တယ်၊ ကြော်ငြာလေးတွေပဲ ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

” ဒီရက်ပိုင်းက အနုပညာနဲ့ပတ်သက်တဲ့ တခြားလှုပ်ရှားမှုတွေနားထားတယ်။ ပွဲတက်တာတွေနဲ့ ကြော်ငြာရိုက်တာလေးတွေပဲ လုုပ်ဖြစ်နေတယ်။ ကားရိုက်နားထားတယ်ဆိုတာလည်း သုသုရဲ့ ကျန်းမာရေးအရ ခွဲဖို့ရှိလို့ ကားရိုက်တွေ ဖျက်ထားတယ်။ ကျန်းမာရေးအခြေအနေက ကောင်းတော့ကောင်းပါတယ် ခွဲထုတ်လိုက်ဖို့တော့လိုတာပေါ့နော်။ ခွဲလိုက်ရင်တော့ ကောင်းသွားပြီ” လို့ ဆိုပါတယ်။

ပိုင်ဖြိုးသုဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မေလ ၂၀ ရက်နေ့ကစပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေတဆင့် ပရိသတ်တွေကို အသိပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို အသိပေးလိုက်တာကြောင့်လည်း ပရိသတ်တွေက စိုးရိမ်တကြီးရှိနေကြပါတယ်။ သူ့အနေနဲ့ နိုင်ငံခြားဆေးရုံမှာတာဝန်ယူနေတဲ့ အဒေါ်ဖြစ်သူနဲ့တိုင်ပင်ပြီး UK နိုင်ငံမှာသွားရောက် ခွဲစိတ်မှုပြုလုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ပရိသတ်အချစ်တော်မလေး သရုပ်ဆောင်ပိုင်ဖြိုးသုက အကယ်ဒမီဆုရရှိပြီးတဲ့ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက် ဆိုသလို လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။သူမဟာ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်နေပါပြီ။

Credit:Duwun