ZawGyiျဖင့္ဖတ္ရန္

 

တစ္ခ်ိန္က နာမည္ႀကီးခဲ့တဲ့ အိအိ၊ ဇာလီႏိုင္၊ သီရိကိုကို တို႔ရဲ႕သီခ်င္းေခြပါ။လြန္ခဲ့တဲ့ ႏွစ္(၂၀)ေက်ာ္ေလာက္က တိပ္ေခြေခတ္မွာ ေအာင္ျမင္ခဲ့တဲ့ “ျမားသုံးစင္း” ဆိုတဲ့ သီခ်င္းေခြ ကို ယခုအခါ Audio အေနနဲ႔ေကာ DVD Karaoke အေနနဲ႔ပါ ျပန္လည္ထြက္ရွိလို႔ လာခဲ့ပါၿပီ။

တစ္ခ်ိန္က လူႀကိဳက္မ်ားခဲ့တဲ့ အိအိ၊ ဇာလီႏိုင္၊ သီရီကိုကိုတို႔ရဲ႕ ျမားသုံးစင္းသီခ်င္းေခြကို သူတို႔ ၃ ဦးကပဲ ျပန္လည္ သီဆိုသြားတာ ျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ ဒီ သီခ်င္း မွာ Featuring အေနနဲ႔ အနဂၢက ပါဝင္သီဆိုေပးထားတာပါ။

ျမားသုံးစင္း(3Arrows) သီခ်င္းေခြကို CD ေရာ DVD Karaoke ေရာ တစ္ၿပိဳင္နက္ထြက္ရွိမွာျဖစ္ပါတယ္။

ျမားသုံးစင္း(3Arrows) သီခ်င္းေခြထဲမွာ လူေမာင္ (ေဆး၁) ေရးသားထားတဲ့ သီခ်င္း(၁၂)ပုဒ္ပါဝင္ပါတယ္။ ယင္းသီခ်င္း(၁၂)ပုဒ္ကို တစ္ေယာက္ (၄)ပုဒ္စီ ပါဝင္သီဆိုထားၾကၿပီး သီရိကိုကိုက ေမးခြန္းေလးမ်ား၊ ေနရာတကာ၊ ဆြဲငင္အား၊ ဂ်ဴးလိယက္တို႔ကို သီဆိုထားကာ ဇာလီႏိုင္ က အရႈိက္၊ ေဘဘီေဘဘီ၊ ေမာင္ဘာေၾကာင့္ခ်စ္တာလဲ၊မဆီမဆိုင္စတဲ့ သီခ်င္းေတြ သီဆိုထားပါတယ္။ အိအိ က ဆက္ခ်စ္သြားပါရေစ၊ ေတြ႕ေအာင္ရွာမယ္၊ခ်ယ္ရီ၊အခန္းဆက္အေတြး စတဲ့ သီခ်င္းမ်ားကို သီဆိုထားၾကပါတယ္။

တစ္ခ်ိန္က အရမ္းႀကိဳက္ခဲ့ၾကၿပီး ရွာလို႔မလြယ္ေတာ့တဲ့ သီခ်င္းေတြကို Karaoke အေနနဲ႔ပါ ျပန္လည္နားဆင္ရေတာ့မွာ ျဖစ္လို႔ ပရိသတ္ေတြလည္း ဝမ္းသာလို႔ေနၾကပါတယ္။ 3 Arrows သီခ်င္းေခြကို ဒီေန႔(ေမလ၃၁ရက္)၊ FRIENDSHIP Restaurant မွာ စာနယ္ဇင္းမိတ္ဆက္ပြဲ ျပဳလုပ္ရင္း ပရိသတ္ေတြနဲ႔လည္း ေတြ႕ဆုံသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

စာနယ္ဇင္းပြဲ ၿပီးတာနဲ႔ သီခ်င္းေခြမ်ားကို စတင္ေရာင္းခ်ေပးသြားမွာ ျဖစ္လို႔ ပရိသတ္ေတြ လာေရာက္ၾကဖို႔ အဆိုေတာ္ သုံးဦးစလုံးက ဖိတ္ေခၚထားပါတယ္။

Credit:Duwun

 

UniCodeဖြင့်ဖတ်ရန်

နှစ် ၂၀ ကျော်ကြာမှာ ပြန်ထွက်ပေါ်လာတဲ့ မြားသုံးစင်း

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ အိအိ၊ ဇာလီနိုင်၊ သီရိကိုကို တို့ရဲ့သီချင်းခွေပါ။

လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်လောက်က တိပ်ခွေခေတ်မှာ အောင်မြင်ခဲ့တဲ့ “မြားသုံးစင်း” ဆိုတဲ့ သီချင်းခွေကို ယခုအခါ Audio အနေနဲ့ကော DVD Karaoke အနေနဲ့ပါ ပြန်လည်ထွက်ရှိလို့ လာခဲ့ပါပြီ။

တစ်ချိန်က လူကြိုက်များခဲ့တဲ့ အိအိ၊ ဇာလီနိုင်၊ သီရီကိုကိုတို့ရဲ့ မြားသုံးစင်းသီချင်းခွေကို သူတို့ ၃ ဦးကပဲ ပြန်လည် သီဆိုသွားတာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဒီသီချင်းမှာ Featuring အနေနဲ့ အနဂ္ဂက ပါဝင်သီဆိုပေးထားတာပါ။

မြားသုံးစင်း(3Arrows) သီချင်းခွေကို CD ရော DVD Karaoke ရော တစ်ပြိုင်နက်ထွက်ရှိမှာဖြစ်ပါတယ်။

မြားသုံးစင်း(3Arrows) သီချင်းခွေထဲမှာ လူမောင် (ဆေး၁) ရေးသားထားတဲ့ သီချင်း(၁၂)ပုဒ်ပါဝင်ပါတယ်။ ယင်းသီချင်း(၁၂)ပုဒ်ကို တစ်ယောက် (၄)ပုဒ်စီ ပါဝင်သီဆိုထားကြပြီး သီရိကိုကိုက မေးခွန်းလေးများ၊ နေရာတကာ၊ ဆွဲငင်အား၊ ဂျူးလိယက်တို့ကို သီဆိုထားကာ ဇာလီနိုင်က အရှိုက်၊ ဘေဘီဘေဘီ၊ မောင်ဘာကြောင့်ချစ်တာလဲ၊မဆီမဆိုင်စတဲ့ သီချင်းတွေ သီဆိုထားပါတယ်။ အိအိက ဆက်ချစ်သွားပါရစေ၊ တွေ့အောင်ရှာမယ်၊ချယ်ရီ၊အခန်းဆက်အတွေး စတဲ့ သီချင်းများကို သီဆိုထားကြပါတယ်။

တစ်ချိန်က အရမ်းကြိုက်ခဲ့ကြပြီး ရှာလို့မလွယ်တော့တဲ့ သီချင်းတွေကို Karaoke အနေနဲ့ပါ ပြန်လည်နားဆင်ရတော့မှာ ဖြစ်လို့ ပရိသတ်တွေလည်း ဝမ်းသာလို့နေကြပါတယ်။ 3 Arrows သီချင်းခွေကို ဒီနေ့(မေလ၃၁ရက်)၊ FRIENDSHIP Restaurant မှာ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ရင်း ပရိသတ်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စာနယ်ဇင်းပွဲ ပြီးတာနဲ့ သီချင်းခွေများကို စတင်ရောင်းချပေးသွားမှာ ဖြစ်လို့ ပရိသတ်တွေ လာရောက်ကြဖို့ အဆိုတော် သုံးဦးစလုံးက ဖိတ်ခေါ်ထားပါတယ်။

Credit:Duwun