ZawGyiျဖင့္ဖတ္ရန္

အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြထြက္ေနတဲ့ ရီးယဲလ္တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ ရီးယဲလ္ၿပီးတဲ့ေနာက္ ဘယ္အသင္းကို ေ႐ြးခ်ယ္မလဲဆိိုတာ စိတ္ဝင္စားစရာ ျဖစ္ေနပါၿပီ။အသင္းရဲ႕ ဂ်ာစီသစ္ မိတ္ဆက္တဲ့ပုံေတြမွာ ေရာ္နယ္ဒိုရဲ႕ ဓာတ္ပုံကို ခ်န္လွပ္ျခင္းခံခဲ့ရၿပီးတဲ့ေနာက္ ေရာ္နယ္ဒိုတစ္ေယာက္ အသင္းကေန ထြက္ခြာဖို႔ ေသခ်ာသြားခဲ့ၿပီဆိုတဲ့ သတင္းေတြက ပိုမိုက်ယ္ျပန႔္လာခဲ့ပါတယ္။

ရီးယဲလ္အသင္းက PSG တိုက္စစ္မႉး ေနမာကို ေခၚယူဖို႔ ႀကိဳးစားေနခ်ိန္မွာ ေနမာသာေရာက္လာခဲ့ရင္ ေရာ္နယ္ဒို ထြက္ခြာဖို႔ ပိုေသခ်ာသြားလိမ့္မယ္ဆိုတဲ့ သတင္းေတြကလည္း အမ်ားအျပားေဖာ္ျပေနၾကတာပါ။

လက္ရွိမွာေတာ့ သူ႔ရဲ႕အသက္အ႐ြယ္နဲ႔ က်ဆင္းလာတဲ့ စြမ္းေဆာင္ရည္အရဆိုရင္ ေရာ္နယ္ဒိုက ပိုက္ဆံမ်ားမ်ား ရတဲ့အသင္းမ်ိဳးကိုသာ ေ႐ြးခ်ယ္ရေတာ့မွာပါ။

ေရာ္နယ္ဒိုအေနနဲ႔ လက္ရွိအခ်ိန္မွာ PSG အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္လည္း သူ႔ရဲ႕ မိခင္ျဖစ္သူကေတာ့ PSG ထက္စာရင္ မန္ယူအသင္းကိုသာ ေျပာင္းေစခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ မိခင္ျဖစ္တဲ့ ေအဗီ႐ို က French TV နဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ ျပင္သစ္ႏိုင္ငံကို သေဘာက်ေပမယ့္လည္း သားျဖစ္သူအတြက္ေတာ့ မန္ယူ က ပိုၿပီး သင့္ေတာ္တယ္လို႔ ေျဖသြားခဲ့ပါတယ္။

“ကြၽန္မ ျပင္သစ္ ကို သေဘာက်ပါတယ္။ ေနာက္ဆုံးေရာက္ျဖစ္တဲ့ အခ်ိန္ကေတာ့ ကြၽန္မရဲ႕သား ေ႐ႊေဘာလုံးဆု ရတဲ့အခ်ိန္ပါပဲ။ သူ႔အေနနဲ႔ PSG ကိုေျပာင္းသင့္သလားဆိုတဲ့ အေပၚမွာေတာ့ အ႐ိုးသားဆုံးေျပာရရင္ အဲဒီကို ေျပာင္းခဲ့ရင္လည္း ကြၽန္မအတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္မကေတာ့ သူ႔ကို မန္ယူအသင္းဆီ ပိုလို႔ ေျပာင္းေစခ်င္ပါတယ္” လို႔ ေအဗီ႐ိုက ဆိုလိုက္ပါတယ္။

ေရာ္နယ္ဒို ကိုယ္တိုင္ကလည္း သူ႔ရဲ႕အနာဂတ္ နဲ႔ ပတ္သက္လို႔ ရီးယဲလ္ မွာ မေသခ်ာေတာ့ေၾကာင္း ဝန္ခံထားၿပီး လာမယ့္ေန႔ေတြမွာ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ တိက်တဲ့အေျဖတစ္ခုေပးသြားမယ္လို႔ ခ်န္ပီယံလိဂ္ႏိုင္ပြဲအၿပီးမွာ ေျပာခဲ့ပါေသးတယ္။

ေရာ္နယ္ဒို တစ္ေယာက္ လစာမ်ားမ်ားရတဲ့ PSG ကိုေျပာင္းမလား၊ ဒါမွမဟုတ္ မိခင္ ေျပာင္းေစခ်င္တဲ့ မန္ယူအသင္းကိုပဲ တစ္ေက်ာ့ျပန္ ျပန္လည္ေျခခ်မလားဆိုတာကေတာ့…..။

Source : Dailymail

 

UniCodeဖြင့်ဖတ်ရန်

ရော်နယ်ဒိုရဲ့ အမေက သူ့သားကို မန်ယူဆီပဲ ပြောင်းစေချင်သတဲ့

အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတဲ့ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ရီးယဲလ်ပြီးတဲ့နောက် ဘယ်အသင်းကို ရွေးချယ်မလဲဆိိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါပြီ။

အသင်းရဲ့ ဂျာစီသစ် မိတ်ဆက်တဲ့ပုံတွေမှာ ရော်နယ်ဒိုရဲ့ ဓာတ်ပုံကို ချန်လှပ်ခြင်းခံခဲ့ရပြီးတဲ့နောက် ရော်နယ်ဒိုတစ်ယောက် အသင်းကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီဆိုတဲ့ သတင်းတွေက ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းက PSG တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ ကြိုးစားနေချိန်မှာ နေမာသာရောက်လာခဲ့ရင် ရော်နယ်ဒို ထွက်ခွာဖို့ ပိုသေချာသွားလိမ့်မယ်ဆိုတဲ့ သတင်းတွေကလည်း အများအပြားဖော်ပြနေကြတာပါ။

လက်ရှိမှာတော့ သူ့ရဲ့အသက်အရွယ်နဲ့ ကျဆင်းလာတဲ့ စွမ်းဆောင်ရည်အရဆိုရင် ရော်နယ်ဒိုက ပိုက်ဆံများများ ရတဲ့အသင်းမျိုးကိုသာ ရွေးချယ်ရတော့မှာပါ။

ရော်နယ်ဒိုအနေနဲ့ လက်ရှိအချိန်မှာ PSG အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့်လည်း သူ့ရဲ့ မိခင်ဖြစ်သူကတော့ PSG ထက်စာရင် မန်ယူအသင်းကိုသာ ပြောင်းစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ မိခင်ဖြစ်တဲ့ အေဗီရိုက French TV နဲ့ အင်တာဗျူး အစီအစဉ်မှာ ပြင်သစ်နိုင်ငံကို သဘောကျပေမယ့်လည်း သားဖြစ်သူအတွက်တော့ မန်ယူက ပိုပြီး သင့်တော်တယ်လို့ ဖြေသွားခဲ့ပါတယ်။

“ကျွန်မ ပြင်သစ်ကို သဘောကျပါတယ်။ နောက်ဆုံးရောက်ဖြစ်တဲ့ အချိန်ကတော့ ကျွန်မရဲ့သား ရွှေဘောလုံးဆု ရတဲ့အချိန်ပါပဲ။ သူ့အနေနဲ့ PSG ကိုပြောင်းသင့်သလားဆိုတဲ့ အပေါ်မှာတော့ အရိုးသားဆုံးပြောရရင် အဲဒီကို ပြောင်းခဲ့ရင်လည်း ကျွန်မအတွက် စိတ်အနှောင့်အယှက် ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မကတော့ သူ့ကို မန်ယူအသင်းဆီ ပိုလို့ ပြောင်းစေချင်ပါတယ်” လို့ အေဗီရိုက ဆိုလိုက်ပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ရီးယဲလ်မှာ မသေချာတော့ကြောင်း ဝန်ခံထားပြီး လာမယ့်နေ့တွေမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ တိကျတဲ့အဖြေတစ်ခုပေးသွားမယ်လို့ ချန်ပီယံလိဂ်နိုင်ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။

ရော်နယ်ဒိုတစ်ယောက် လစာများများရတဲ့ PSG ကိုပြောင်းမလား၊ ဒါမှမဟုတ် မိခင် ပြောင်းစေချင်တဲ့ မန်ယူအသင်းကိုပဲ တစ်ကျော့ပြန် ပြန်လည်ခြေချမလားဆိုတာကတော့…..။

Credit:Linn

Source : Dailymail