ZawGyiျဖင့္ဖတ္ရန္

 

ဝင္းဦးေပါက္စေလးနဲ႔ တူတယ္ဆိုတဲ့ ခ်ီးက်ဴးတဲ့အေပၚ ေျပာျပလိုက္တာပါ။အဆိုေတာ္ ရဲရင့္ေအာင္ တစ္ေယာက္ ဇြန္လ ၁ ရက္ေန႔မွာ ႐ုံတင္ေတာ့မယ့္ ” ငါ့ကို နမ္းတဲ့မုန္တိုင္း” ႐ုပ္ရွင္ ဇာတ္ကားႀကီးနဲ႔ ပတ္သက္ၿပီး ရင္ေတြခုန္ေနတယ္လို႔ ဆိုပါတယ္။ အဲ့ဒီေနာက္ အကယ္ဒမီေဒၚေဆြဇင္ထိုက္က ဝင္းဦးေပါက္စေလးနဲ႔ တူတယ္ဆိုတဲ့ ခ်ီးက်ဴးခဲ့တဲ့အေပၚ သူ႔ရင္ထဲက စကားသံကို အခုလိုေျပာျပခဲ့ပါတယ္။

 

” ကြၽန္ေတာ္ ႏႈတ္ခမ္းေမႊး ေလးတပ္ထားလို႔ထင္တယ္။ ကြၽန္ေတာ္ႏႈတ္ခမ္းေမႊးပါလို႔ ဦးဝင္းဦးနဲ႔တူတယ္လို႔ အေျပာခံရတာပဲထင္ပါတယ္ ခင္ဗ်။ ေပ်ာ္တာေပါ့ Leading တစ္ေယာက္နဲ႔ ႏႈိင္းယွဥ္ခံရတာဆိုေတာ့ ဒါေပမယ့္ ကြၽန္ေတာ္ခံယူထားတာေတာ့ ကြၽန္ေတာ္က ႏႈတ္ခမ္းေမႊးနဲ႔ နည္းနည္း ဂ်စ္ကန္ကန္ပုံျဖစ္ေနေတာ့ ဦးဝင္းဦး နဲ႔ တူတယ္လို႔ ေျပာတာလို႔ဘဲ ယူဆပါတယ္” လို႔ သူကဆိုပါတယ္။

ရဲရင့္ေအာင္ အေနနဲ႔ ငါ့ကိုနမ္းတဲ့ မုန္တိုင္း ဇာတ္ကားထဲက ၾသရထူး ဆိုတဲ့ကာ႐ိုက္တာအေပၚ တာဝန္ေက်ပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ ရွိခဲ့ေသးတယ္လို႔ ဆိုပါတယ္။

”လုပ္ရမယ့္ ကာ႐ိုက္တာ အေပၚ တာဝန္ေက်ပါ့မလားဆိုတာမ်ိဳးေတာ့ စိုးရိမ္မႈရွိခဲ့တယ္။ ကြၽန္ေတာ္အခုထိ ရင္ခုန္ေနတုန္းပါပဲ။ ၁ ရက္ေန႔ က်ရင္ ႐ုံေပၚေရာက္ေတာ့မွာဆိုေတာ့ ပရိသတ္ၾကည့္ၿပီးရင္ ဘာေတြ ဆက္ျဖစ္မလဲ ဆိုတာကို ရင္ခုန္ေနပါတယ္။ ကြၽန္ေတာ္လုပ္ခဲ့တဲ့ အရာ ေတြအတြက္ အသိအမွတ္ျပဳျခင္းခံရတာကိုလည္း တကယ္ဝမ္းသာပါတယ္။ ေအာင္ျမင္မယ္လို႔ ထင္ထားတယ္ဆိုတာမ်ိဳး စိတ္ထဲမွာ မရွိဘူး”

ရဲရင့္ေအာင္အတြက္ ပထမဆုံး႐ုံတင္လိုက္တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးအေပၚ အားေပးေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြရွိတာေၾကာင့္ ေနာက္ထပ္လည္း အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။ အခြင့္အေရးရရင္လည္း သ႐ုပ္ေဆာင္အလုပ္ကို ဆက္လုပ္သြားဦးမယ္လို႔ ဆိုပါတယ္။

” ကြၽန္ေတာ္လုပ္ေနတဲ့ တျခားအႏုပညာေတြကိုေရာတျခားလုပ္တဲ့အရာေတြေရာ အားေပးပါ။ ကြၽန္ေတာ္ႀကိဳးစားေနပါတယ္၊ ကြၽန္ေတာ့္ရဲ႕ ဒုတိယအေခြကိုလည္း ပရိသတ္လက္ထဲ အျမန္ဆုံးထည့္ေပးႏိုင္ေအာင္ႀကိဳးစားေနပါတယ္။ ဇာတ္ကားေတြ ႐ိုက္ကူးခြင့္ရရင္လည္း ႐ိုက္ကူးဦးမွာပါခင္ဗ်” လို႔ ဆိုပါတယ္။
ဇြန္လ ၁ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မယ့္ ” ငါ့ကိုနမ္းတဲ့ မုန္တိုင္း” ႐ုပ္ရွင္ဇာတ္ကားႀကီးကို Bo Bo Flim Production ကေန ထုတ္လုပ္တာ ျဖစ္ၿပီး ဒါ႐ိုက္တာေအာင္ေဇာ္လင္းနဲ႔ ဝင္းလြင္ထက္ တို႔က ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာ ၾသရထူး အျဖစ္ ရဲရင့္ေအာင္၊ ေနညိဳသြင္ အျဖစ္ လႊမ္းပိုင္၊ ရွင္ပ်ိဴ အျဖစ္ ေဖြးေဖြးတို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

Photo: ငါ့ကိုနမ္းတဲ့ မုန္တိုင္း ေပ့ခ်္

Credit:Duwun

 

UniCodeဖြင့်ဖတ်ရန်

ဝင်းဦးနဲ့ နှိုင်းယှဉ်ခံရတဲ့ အပေါ် ရဲရင့်အောင်ရဲ့ ခံစားချက်

ဝင်းဦးပေါက်စလေးနဲ့ တူတယ်ဆိုတဲ့ ချီးကျူးတဲ့အပေါ် ပြောပြလိုက်တာပါ။

အဆိုတော် ရဲရင့်အောင်တစ်ယောက် ဇွန်လ ၁ ရက်နေ့မှာ ရုံတင်တော့မယ့် ” ငါ့ကို နမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ရင်တွေခုန်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ဝင်းဦးပေါက်စလေးနဲ့ တူတယ်ဆိုတဲ့ ချီးကျူးခဲ့တဲ့အပေါ် သူ့ရင်ထဲက စကားသံကို အခုလိုပြောပြခဲ့ပါတယ်။

” ကျွန်တော် နှုတ်ခမ်းမွှေးလေးတပ်ထားလို့ထင်တယ်။ ကျွန်တော်နှုတ်ခမ်းမွှေးပါလို့ ဦးဝင်းဦးနဲ့တူတယ်လို့ အပြောခံရတာပဲထင်ပါတယ် ခင်ဗျ။ ပျော်တာပေါ့ Leading တစ်ယောက်နဲ့ နှိုင်းယှဉ်ခံရတာဆိုတော့ ဒါပေမယ့် ကျွန်တော်ခံယူထားတာတော့ ကျွန်တော်က နှုတ်ခမ်းမွှေးနဲ့ နည်းနည်း ဂျစ်ကန်ကန်ပုံဖြစ်နေတော့ ဦးဝင်းဦးနဲ့ တူတယ်လို့ ပြောတာလို့ဘဲ ယူဆပါတယ်” လို့ သူကဆိုပါတယ်။

ရဲရင့်အောင်အနေနဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကားထဲက သြရထူး ဆိုတဲ့ကာရိုက်တာအပေါ် တာဝန်ကျေပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

”လုပ်ရမယ့် ကာရိုက်တာအပေါ် တာဝန်ကျေပါ့မလားဆိုတာမျိုးတော့ စိုးရိမ်မှုရှိခဲ့တယ်။ ကျွန်တော်အခုထိ ရင်ခုန်နေတုန်းပါပဲ။ ၁ ရက်နေ့ ကျရင် ရုံပေါ်ရောက်တော့မှာဆိုတော့ ပရိသတ်ကြည့်ပြီးရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ရင်ခုန်နေပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အရာ တွေအတွက် အသိအမှတ်ပြုခြင်းခံရတာကိုလည်း တကယ်ဝမ်းသာပါတယ်။ အောင်မြင်မယ်လို့ ထင်ထားတယ်ဆိုတာမျိုး စိတ်ထဲမှာ မရှိဘူး”

ရဲရင့်အောင်အတွက် ပထမဆုံးရုံတင်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအပေါ် အားပေးစောင့်မျှော်နေကြတဲ့ ပရိသတ်တွေရှိတာကြောင့် နောက်ထပ်လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အခွင့်အရေးရရင်လည်း သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

” ကျွန်တော်လုပ်နေတဲ့ တခြားအနုပညာတွေကိုရောတခြားလုပ်တဲ့အရာတွေရော အားပေးပါ။ ကျွန်တော်ကြိုးစားနေပါတယ်၊ ကျွန်တော့်ရဲ့ ဒုတိယအခွေကိုလည်း ပရိသတ်လက်ထဲ အမြန်ဆုံးထည့်ပေးနိုင်အောင်ကြိုးစားနေပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးခွင့်ရရင်လည်း ရိုက်ကူးဦးမှာပါခင်ဗျ” လို့ ဆိုပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ” ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo Flim Production ကနေ ထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာအောင်ဇော်လင်းနဲ့ ဝင်းလွင်ထက် တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သြရထူး အဖြစ် ရဲရင့်အောင်၊ နေညိုသွင် အဖြစ် လွှမ်းပိုင်၊ ရှင်ပျိူ အဖြစ် ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: ငါ့ကိုနမ်းတဲ့ မုန်တိုင်း ပေ့ချ်

Credit:Duwun