ZawGyiျဖင့္ဖတ္ရန္

 

ေမလ ၃၀ ရက္ေန႔မွာေတာ့ လက္နက္ႀကီးသံေတြပါ ျပန္ၾကားေနရၿပီး တိုက္ပြဲ ၄ႀကိမ္ေလာက္ ျဖစ္ခဲ့
ကခ်င္ျပည္နယ္ ဖားကန႔္ေဒသမွာ ေသနတ္သံ ေခတၱတိတ္ေနရာကေန ေမလ ၃၀ ရက္ေန႔မွာေတာ့ လက္နက္ႀကီးသံေတြပါ ျပန္ၾကားေနရၿပီး တိုက္ပြဲ ၄ႀကိမ္ေလာက္ ျဖစ္ခဲ့ပါတယ္။ေမလ ၃၀ မနက္ ၉နာရီကစၿပီး ဖားကန႔္ၿမိဳ႕နယ္နဲ႔ ကားမိုင္းၿမိဳ႕နယ္အစပ္ဖက္မွာ ေကအိုင္ေအ ကခ်င္ လြတ္လပ္ေရး တပ္မေတာ္ ရဲ႕ တပ္ရင္းေတြနဲ႔ အစိုးရရဲ႕ တပ္မ ၃၃ လက္ေအာက္ခံတပ္ရင္းေတြ တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။

မနက္ ၅ နာရီေက်ာ္ေက်ာ္ေလာက္မွာ ေမွာ္ရွန္ ဘက္မွာ ျဖစ္ၾကၿပီး ေန႔လည္ ၁ နာရီ ၂၀ ေလာက္မွာ ေတာေမွာ္သြားတဲ့ လမ္းဘက္ ရင္ကြဲေတာင္ဘက္မွာ သစ္တင္တဲ့ကားေတြနဲ႔ မိုင္းေတြကြဲၿပီး တိုက္ပြဲျဖစ္တယ္ ကာမိုင္းဘက္မွာလည္းျဖစ္တယ္လို႔ ဖားကန႔္ ေဒသခံတဦးက သူၾကားသိရတဲ့ အေျခအေနကို ေျပာျပပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ အေသးစိတ္ကို သိႏိုင္ဖို႔ ေကအိုင္ေအနဲ႔ ကခ်င္ျပည္နယ္က စစ္ဖက္အရာရွိေတြကို ဘီဘီစီက ဆက္သြယ္အတည္ျပဳေပမယ့္ ဆက္သြယ္လို႔ မရေသးတဲ့အတြက္ သီးသန႔္အတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။ ဒီေဒသမွာ စစ္ေရးအေျခအေန သတင္းေတြကိုစုေစာင္းေနတဲ့ ေဒသခံ အလြတ္သတင္းေထာက္ကေတာ့ တိုက္ပြဲ ၄ႀကိမ္ျဖစ္တာမွန္ကန္ေၾကာင္း ေျပာပါတယ္။

မနက္ ၉ နာရီ ညေန ၃ နာရီမွာ ျဖစ္ၿပီး ေနရာ ၄ ေနရာေလာက္ျဖစ္တယ္ ေကအိုင္ေအ တပ္မဟာ ၉ တပ္ရင္း ၆ နဲ႔ အစိုးရစစ္တပ္အၾကား ျဖစ္တယ္။

ေကအိုင္ေအ စခန္းတစ္ခုကို တပ္မေတာ္သိမ္း
ဆႏၵျပ ကခ်င္လူငယ္ေတြနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဆြးေႏြး
ဂိေဒါင္က အျပင္းအထန္ တိုက္ေနတဲ့ ေကအိုင္ေအ တပ္စခန္းက်
မူဆယ္တိုက္ခိုက္မႈ ေသဆုံးသူ ၁၉ ဦးရွိၿပီ
ကခ်င္ ဒုကၡသည္အေရး ကုလ စိုးရိမ္
အလယ္ကုန္းဘက္ ယာဥ္တန္းကိုေတာ့ ေကအိုင္ေအက ဝင္တိုက္တယ္ၾကားရသလို ေကအိုင္ေအဘက္ကလည္း ဒဏ္ရာရသူေတြရွိၿပီး စစ္တပ္ဘက္ကလည္း ေသဆုံး ဒဏ္ရာရသူေတြ ရွိတယ္လို႔ အဲဒီအလြတ္သတင္းေထာက္က ေျပာပါတယ္။

ဖားကန႔္ေဒသခံ အလြတ္သတင္းေထာက္ တေယာက္ေျပာသြားတာပါ။

ဖားကန႔္ၿမိဳ႕ရဲ႕ ျပည္နယ္လႊတ္ေတာ္အမတ္ကေတာ့ တိုက္ပြဲျဖစ္တာသိရေၾကာင္းနဲ႔ အေသးစိတ္ကိုေတာ့ သူမသိေၾကာင္း ေျပာပါတယ္။ ကခ်င္ျပည္နယ္ ဖားကန႔္ေဒသမွာ ဧၿပီ ၁၁ ရက္က တံတားညီေနာင္မွာ တပ္စြဲထားတဲ့ တပ္စိတ္တခုကို ေကအိုင္ေအက ဝင္တိုက္ရာက ၿမိဳ႕နယ္ ၁၀ ခုထက္မနည္းမွာ တိုက္ပြဲေတြျဖစ္ခဲ့လို႔ ေဒသခံေတြ ေထာင္ခ်ီၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနရဆဲျဖစ္ပါတယ္။

တိုက္ပြဲ မျဖစ္တာ ၂ပတ္ေလာက္ရွိၿပီးမွ တိုက္ပြဲဟာ တေက်ာ့ျပန္ ျပန္ျဖစ္တာပါ။

ေမလ ၃၀ မွာ ကားမိုင္း နတ္ေဂ်ာ့ကြင္းဆိုတဲ့ အရပ္ကေန အစိုးရတပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတဲ့အသံေတြၾကားေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

Credit:BBC

UniCodeဖြင့်ဖတ်ရန်

၂ ပတ်ခန့် တိုက်ပွဲရပ်နားပြီးနောက် ၄ နေရာမှာ တိုက်ပွဲပြန်ဖြစ်

မေလ ၃၀ ရက်နေ့မှာတော့ လက်နက်ကြီးသံတွေပါ ပြန်ကြားနေရပြီး တိုက်ပွဲ ၄ကြိမ်လောက် ဖြစ်ခဲ့
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ သေနတ်သံ ခေတ္တတိတ်နေရာကနေ မေလ ၃၀ ရက်နေ့မှာတော့ လက်နက်ကြီးသံတွေပါ ပြန်ကြားနေရပြီး တိုက်ပွဲ ၄ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။

မေလ ၃၀ မနက် ၉နာရီကစပြီး ဖားကန့်မြို့နယ်နဲ့ ကားမိုင်းမြို့နယ်အစပ်ဖက်မှာ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်ရင်းတွေနဲ့ အစိုးရရဲ့ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မနက် ၅ နာရီကျော်ကျော်လောက်မှာ မှော်ရှန်ဘက်မှာ ဖြစ်ကြပြီး နေ့လည် ၁ နာရီ ၂၀ လောက်မှာ တောမှော်သွားတဲ့ လမ်းဘက် ရင်ကွဲတောင်ဘက်မှာ သစ်တင်တဲ့ကားတွေနဲ့ မိုင်းတွေကွဲပြီး တိုက်ပွဲဖြစ်တယ် ကာမိုင်းဘက်မှာလည်းဖြစ်တယ်လို့ ဖားကန့် ဒေသခံတဦးက သူကြားသိရတဲ့ အခြေအနေကို ပြောပြပါတယ်။

တိုက်ပွဲအခြေအနေနဲ့ အသေးစိတ်ကို သိနိုင်ဖို့ ကေအိုင်အေနဲ့ ကချင်ပြည်နယ်က စစ်ဖက်အရာရှိတွေကို ဘီဘီစီက ဆက်သွယ်အတည်ပြုပေမယ့် ဆက်သွယ်လို့ မရသေးတဲ့အတွက် သီးသန့်အတည်ပြုချက်တော့ မရသေးပါဘူး။ ဒီဒေသမှာ စစ်ရေးအခြေအနေ သတင်းတွေကိုစုစောင်းနေတဲ့ ဒေသခံ အလွတ်သတင်းထောက်ကတော့ တိုက်ပွဲ ၄ကြိမ်ဖြစ်တာမှန်ကန်ကြောင်း ပြောပါတယ်။

မနက် ၉ နာရီ ညနေ ၃ နာရီမှာ ဖြစ်ပြီး နေရာ ၄ နေရာလောက်ဖြစ်တယ် ကေအိုင်အေ တပ်မဟာ ၉ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဖြစ်တယ်။

ကေအိုင်အေ စခန်းတစ်ခုကို တပ်မတော်သိမ်း
ဆန္ဒပြ ကချင်လူငယ်တွေနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဆွေးနွေး
ဂိဒေါင်က အပြင်းအထန် တိုက်နေတဲ့ ကေအိုင်အေ တပ်စခန်းကျ
မူဆယ်တိုက်ခိုက်မှု သေဆုံးသူ ၁၉ ဦးရှိပြီ
ကချင် ဒုက္ခသည်အရေး ကုလ စိုးရိမ်
အလယ်ကုန်းဘက် ယာဉ်တန်းကိုတော့ ကေအိုင်အေက ဝင်တိုက်တယ်ကြားရသလို ကေအိုင်အေဘက်ကလည်း ဒဏ်ရာရသူတွေရှိပြီး စစ်တပ်ဘက်ကလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ အဲဒီအလွတ်သတင်းထောက်က ပြောပါတယ်။

ဖားကန့်ဒေသခံ အလွတ်သတင်းထောက် တယောက်ပြောသွားတာပါ။

ဖားကန့်မြို့ရဲ့ ပြည်နယ်လွှတ်တော်အမတ်ကတော့ တိုက်ပွဲဖြစ်တာသိရကြောင်းနဲ့ အသေးစိတ်ကိုတော့ သူမသိကြောင်း ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၁၁ ရက်က တံတားညီနောင်မှာ တပ်စွဲထားတဲ့ တပ်စိတ်တခုကို ကေအိုင်အေက ဝင်တိုက်ရာက မြို့နယ် ၁၀ ခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံတွေ ထောင်ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တိုက်ပွဲ မဖြစ်တာ ၂ပတ်လောက်ရှိပြီးမှ တိုက်ပွဲဟာ တကျော့ပြန် ပြန်ဖြစ်တာပါ။

မေလ ၃၀ မှာ ကားမိုင်း နတ်ဂျော့ကွင်းဆိုတဲ့ အရပ်ကနေ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Credit:BBC