ZawGyiျဖင့္ဖတ္ရန္

မူလက ဘရာဇီးကစားသမားျဖစ္ေပမယ့္ ဒဏ္ရာေၾကာင့္ ဘရာဇီးကစားသမားက ႏႈတ္ထြက္ခဲ့တာေၾကာင့္ ဂ်ပန္ ကစားသမားကို ေ႐ြးခ်ယ္ခဲ့ၾကတာ ျဖစ္ပါတယ္။One Championship MMA ၿပိဳင္ပြဲရဲ႕ မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္ ေ႐ႊခါးပတ္ခ်န္ပီယံ ေအာင္လအန္ဆန္က လာမယ့္ ဇြန္လ ၂၉ ရက္ေန႔မွာ ထိုးသတ္ရမယ့္ မစ္ဒယ္ဝိတ္ ေ႐ႊခါးပတ္ကာကြယ္ပြဲမွာ ဂ်ပန္ကစားသမားနဲ႔ ထိုးသတ္ရမယ့္အေပၚ ရင္ခုန္စိတ္လႈပ္ရွားေနမိတယ္လို႔ ဆိုပါတယ္။

ယေန႔(ေမလ ၃၀)ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ေအာင္လအန္ဆန္နဲ႔ ျမန္မာမီဒီယာေတြ႕ဆုံပြဲမွာ ေအာင္လအန္ဆန္က Skype မီဒီယာမွ တစ္ဆင့္ ေတြ႕ဆုံ ေျဖၾကားေပးခဲ့တာလည္း ျဖစ္ပါတယ္။

ေအာင္လအန္ဆန္အေနနဲ႔ ႐ုရွႏိုင္ငံသာ းဘစ္ဒစ္ရွ္ကို အႏိုင္ယူၿပီး ပိုင္ဆိုင္ထားတဲ့ မစ္ဒယ္ဝိတ္ေ႐ႊခါးပတ္ကို ပထမဆုံးအႀကိမ္ ျပန္လည္ကာ ကြယ္ရမွာ ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံသားကမ္ဟာဆီဂါဝါျဖစ္ၿပီး ဂ်ပန္ ဂ်ဴဒို ခါးပတ္နက္ ရရွိထားသူလို႔ သိရပါတယ္။

အဆိုပါ ဂ်ပန္ကစားသမားနဲ႔ ေတြ႕ဆုံရမယ့္အေပၚ ေအာင္လက -” ကြၽန္ေတာ့္ ကစားသမားဘ၀ တစ္ေလွ်ာက္ ဂ်ပန္ လူမ်ိဳး ၿပိဳင္ဖက္နဲ႔ တစ္ႀကိမ္ မွ် မေတြ႕ဆုံဖူးပါဘူး။ကြၽန္ေတာ္ ဥေရာပက ဖိုက္တာေတြ၊ဘရာဇီး၊႐ုရွားနဲ႔ အျခား အာရွတိုက္တြင္းက ဖိုက္တာေတြနဲ႔ ထိုးသတ္ခဲ့ဖူးေပမယ့္ ဂ်ပန္ လူမ်ိဳး ဖိုုက္တာ တစ္ေယာက္နဲ႔ ထိုးသတ္ရမွာကေတာ့ ကစားသမားဘ၀ ပထမဆုံးအႀကိမ္လည္း ျဖစ္တာေၾကာင့္ ရင္ခုန္စိတ္လႈပ္ရွားေနမိပါ တယ္။” လို႔ ယေန႔ အြန္လိုင္းမွ ေတြ႕ဆုံမႈမွာ ေျပာခဲ့ပါတယ္။

ယခုရင္ဆိုင္ရမယ့္ ဂ်ပန္လူမ်ိဳး ဖိုက္တာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေလ့လာမႈေတြ ျပဳလုပ္ထားသလို မိမိကိုယ္မိမိလည္း ပိုၿပီး ေကာင္းမြန္ေအာင္ ျပင္ဆင္ေနတယ္လို႔လည္း ေအာင္လက ေျပာပါတယ္။

” ဂ်ပန္ ကစားသမားေတြရဲ႕ ဂုဏ္ က ခံႏိုင္ရည္အားေကာင္းၾကတာပါပဲ။သူက ဂ်ဴဒို မွာလည္ းခါးပတ္နက္ရထားတယ္လို႔ သိရတယ္။သူ႔ရဲ႕ နည္းစ နစ္ေတြက အရမ္းေကာင္းပါတယ္။။ဒါေပမယ့္ ကြၽန္ေတာ္ကလည္း သူ႔ရဲ႕ နည္းစနစ္ေတြကို သူအသုံးမျပဳႏိုင္ေအာင္ game plan ေတြရွိပါတယ္။” လို႔ ေျပာခဲ့ပါေသးတယ္။

ေအာင္လအန္ဆန္အေနနဲ႔ မူလက ၿပိဳင္ဖက္ ကစားသမားမွာ ဘရာဇီးႏိုင္ငံသား လီအန္ဒ႐ိုလို႔ သိထားရေပမယ့္လည္း အဆိုပါ ကစားမားမွာ ေအာင္လအန္ဆန္ကို စိန္ေခၚခြင့္ ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ယခုလို ဂ်ပန္လူမ်ိဳး ကစားသမားကို ေျပာင္းလဲ တြဲဆိုင္း စီစဥ္ခဲ့ရတာ ျဖစ္တယ္လို႔လည္းသိရပါတယ္။

ဘရာဇီးႏိုင္ငံသား အေနနဲ႔ ေအာင္လအန္ဆန္နဲ႔ ထိုးသတ္ဖို႔ ဒဏ္ရာ ျပႆနာ အနည္းငယ္ရွိေနတာေၾကာင့္လည္း စိန္ေခၚခြင့္ကို ပယ္ဖ်က္ခဲ့တာ ျဖစ္ၿပီး ယခု ေအာင္လအန္ဆန္နဲ႔ ဂ်ပန္ႏိုင္ငံသား ကမ္ တို႔မွ အႏိုင္ရသူကိုေတာ့ လာမယ့္ စက္တင္ဘာ(သို႔)ေအာက္တိုဘာမွာ ျပန္လည္စိန္ေခၚခြင့္ ရွိတယ္လို႔လည္း သိရပါတယ္။

ဂ်ပန္ႏိုင္ငံ သား ကမ္မွာ One Championship မွာ ဝင္ေရာက္ထိုးသတ္ဖူးျခင္းမရွိပဲ ယခုအႀကိမ္မွာ ပထမဆုံး ဝင္ေရာက္ထိုးသတ္တဲ့အေပၚ ေအာင္လအန္ဆန္ရဲ႕ အားသာခ်က္ ျဖစ္လာမလားဆိုတဲ့ ေမးခြန္းအေပၚမွာလည္း -” အားသာခ်က္ေတာ့ မရွိေလာက္ပါဘူး။ဘာလို႔လဲဆိုေတာ့ သူက ဒီၿပိဳင္ပြဲေအာက္မွာ မထိုးဖူးေပမယ့္ အျခား အဆင့္ျမင့္ပြဲေတြမွာ ထိုးသတ္ေနတဲ့ ကစားသမားတစ္ေယာက္ပါ။ေနာက္ဆုံးပြဲစဥ္ေတြကိုလည္ းအႏိုင္ရထားတာေၾကာင့္ အားသာခ်က္ရယ္လို႔ေတာ့ သိသိသာသာရွိမွာမဟုတ္ပါဘူး။” လို႔ ေအာင္လက သုံးသပ္ခဲ့ပါတယ္။

ၿပိဳင္ပြဲ ကို လာမယ့္ ဇြန္လ ၂၉ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ သုဝဏၰရွိ မိုးလုံေလလုံအားကစားကြင္းအတြင္း က်င္းပသြားမွာ ျဖစ္ၿပီး ေအာင္လအန္ဆန္ ကေတာ့ လာမယ့္ ဇြန္လ ၂၄ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိလာမယ္လို႔ သိရပါတယ္။

Credit:Duwun

 

UniCodeဖြင့်ဖတ်ရန်

ကစားသမားဘဝတစ်လျှောက် ဂျပန်လူမျိုး ပြိုင်ဖက်နဲ့ မထိုးဘူးလို့ ရင်ခုန်နေတဲ့ အောင်လအန်ဆန်

မူလက ဘရာဇီးကစားသမားဖြစ်ပေမယ့် ဒဏ်ရာကြောင့် ဘရာဇီးကစားသမားက နှုတ်ထွက်ခဲ့တာကြောင့် ဂျပန် ကစားသမားကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

One Championship MMA ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ချန်ပီယံ အောင်လအန်ဆန်က လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ထိုးသတ်ရမယ့် မစ်ဒယ်ဝိတ် ရွှေခါးပတ်ကာကွယ်ပွဲမှာ ဂျပန်ကစားသမားနဲ့ ထိုးသတ်ရမယ့်အပေါ် ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုပါတယ်။

ယနေ့(မေလ ၃၀)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အောင်လအန်ဆန်နဲ့ မြန်မာမီဒီယာတွေ့ဆုံပွဲမှာ အောင်လအန်ဆန်က Skype မီဒီယာမှ တစ်ဆင့် တွေ့ဆုံ ဖြေကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ ရုရှနိုင်ငံသာ းဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး ပိုင်ဆိုင်ထားတဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ပထမဆုံးအကြိမ် ပြန်လည်ကာ ကွယ်ရမှာ ဖြစ်ပြီး ဂျပန်နိုင်ငံသားကမ်ဟာဆီဂါဝါဖြစ်ပြီး ဂျပန် ဂျူဒို ခါးပတ်နက် ရရှိထားသူလို့ သိရပါတယ်။

အဆိုပါ ဂျပန်ကစားသမားနဲ့ တွေ့ဆုံရမယ့်အပေါ် အောင်လက -” ကျွန်တော့် ကစားသမားဘ၀ တစ်လျှောက် ဂျပန် လူမျိုး ပြိုင်ဖက်နဲ့ တစ်ကြိမ် မျှ မတွေ့ဆုံဖူးပါဘူး။ကျွန်တော် ဥရောပက ဖိုက်တာတွေ၊ဘရာဇီး၊ရုရှားနဲ့ အခြား အာရှတိုက်တွင်းက ဖိုက်တာတွေနဲ့ ထိုးသတ်ခဲ့ဖူးပေမယ့် ဂျပန် လူမျိုး ဖိုုက်တာ တစ်ယောက်နဲ့ ထိုးသတ်ရမှာကတော့ ကစားသမားဘ၀ ပထမဆုံးအကြိမ်လည်း ဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေမိပါ တယ်။” လို့ ယနေ့ အွန်လိုင်းမှ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

ယခုရင်ဆိုင်ရမယ့် ဂျပန်လူမျိုး ဖိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာမှုတွေ ပြုလုပ်ထားသလို မိမိကိုယ်မိမိလည်း ပိုပြီး ကောင်းမွန်အောင် ပြင်ဆင်နေတယ်လို့လည်း အောင်လက ပြောပါတယ်။

” ဂျပန်ကစားသမားတွေရဲ့ ဂုဏ်က ခံနိုင်ရည်အားကောင်းကြတာပါပဲ။သူက ဂျူဒိုမှာလည် းခါးပတ်နက်ရထားတယ်လို့ သိရတယ်။သူ့ရဲ့ နည်းစ နစ်တွေက အရမ်းကောင်းပါတယ်။။ဒါပေမယ့် ကျွန်တော်ကလည်း သူ့ရဲ့ နည်းစနစ်တွေကို သူအသုံးမပြုနိုင်အောင် game plan တွေရှိပါတယ်။” လို့ ပြောခဲ့ပါသေးတယ်။

အောင်လအန်ဆန်အနေနဲ့ မူလက ပြိုင်ဖက် ကစားသမားမှာ ဘရာဇီးနိုင်ငံသား လီအန်ဒရိုလို့ သိထားရပေမယ့်လည်း အဆိုပါ ကစားမားမှာ အောင်လအန်ဆန်ကို စိန်ခေါ်ခွင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ယခုလို ဂျပန်လူမျိုး ကစားသမားကို ပြောင်းလဲ တွဲဆိုင်း စီစဉ်ခဲ့ရတာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဘရာဇီးနိုင်ငံသားအနေနဲ့ အောင်လအန်ဆန်နဲ့ ထိုးသတ်ဖို့ ဒဏ်ရာ ပြဿနာ အနည်းငယ်ရှိနေတာကြောင့်လည်း စိန်ခေါ်ခွင့်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပြီး ယခု အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ကမ်တို့မှ အနိုင်ရသူကိုတော့ လာမယ့် စက်တင်ဘာ(သို့)အောက်တိုဘာမှာ ပြန်လည်စိန်ခေါ်ခွင့် ရှိတယ်လို့လည်း သိရပါတယ်။

ဂျပန်နိုင်ငံသား ကမ်မှာ One Championship မှာ ဝင်ရောက်ထိုးသတ်ဖူးခြင်းမရှိပဲ ယခုအကြိမ်မှာ ပထမဆုံး ဝင်ရောက်ထိုးသတ်တဲ့အပေါ် အောင်လအန်ဆန်ရဲ့ အားသာချက် ဖြစ်လာမလားဆိုတဲ့ မေးခွန်းအပေါ်မှာလည်း -” အားသာချက်တော့ မရှိလောက်ပါဘူး။ဘာလို့လဲဆိုတော့ သူက ဒီပြိုင်ပွဲအောက်မှာ မထိုးဖူးပေမယ့် အခြား အဆင့်မြင့်ပွဲတွေမှာ ထိုးသတ်နေတဲ့ ကစားသမားတစ်ယောက်ပါ။နောက်ဆုံးပွဲစဉ်တွေကိုလည် းအနိုင်ရထားတာကြောင့် အားသာချက်ရယ်လို့တော့ သိသိသာသာရှိမှာမဟုတ်ပါဘူး။” လို့ အောင်လက သုံးသပ်ခဲ့ပါတယ်။

ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏရှိ မိုးလုံလေလုံအားကစားကွင်းအတွင်း ကျင်းပသွားမှာ ဖြစ်ပြီး အောင်လအန်ဆန် ကတော့ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။

Credit:Duwun