ZawGyiဖြင့်ဖတ်ရန်

 



Credit:MCNTV

UniCodeဖြင့်ဖတ်ရန်

မြန်မာကို တရုတ် ကူညီတာ အပြန်အလှန် လိုချင်လို့ ဖြစ်တယ်လို့ တရုတ်အရေး ကျွမ်းကျင်သူ ပြော

တရုတ်က မြန်မာကို ကူညီတယ်ဆိုတာ အပြန်အလှန် လိုချင်လို့ဆိုတာ မြန်အစိုးရနဲ့ ပြည်သူတွေ သိသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ စတင်ဆန် (Stimson) မူဝါဒလေ့လာရေးအဖွဲ့ တရုတ်ရေးရာဌာန ဒါရိုက်တာ ယွန်ဆန်က ပြောပါတယ်။
မြစ်ဆုံစီမံကိန်း ပြန်စနေပြီလို့ ကျွန်မ မထင်ပါဘူး၊ ဒါပေမဲ့လည်း ဒီအတွက် လျော်ကြေးပေးရမလား၊ စီမံကိန်း ပြန်စမလားဆိုတဲ့ ဆွေးနွေးမှု မစရသေးပါဘူး၊ ဒီနှစ်နိုင်ငံကြားမှာ မညှိရသေးတဲ့ကိစ္စ ဖြစ်နေပါတယ်၊ လူထု ထင်ယောင်ထင်မှား မဖြစ်အောင်လို့ အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ ကျွန်မ ယူဆတယ်လို့ VOA သတင်းဌာနက ဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ယွန်ဆန်က ဖြေကြားထားပါတယ်။

မစ္စ ယွန်ဆန်က ဆက်လက်ပြီး တရုတ်က မြန်မာကို ကူညီတယ်ဆိုတာ အပြန်အလှန် လိုချင်လို့ဆိုတာ မြန်မာအစိုးရနဲ့ ပြည်သူတွေ သိသင့်ပါတယ်၊ ပြဿနာရှိနေတဲ့ မြစ်ဆုံစီမံကိန်း မဟုတ်ရင်တောင်မှ တရုတ်က တခုခုတော့ လိုချင်နေတာပါ၊ ရိုဟင်ဂျာကိစ္စမှာ ကူညီမယ်ဆိုတာလည်း တစုံတခု လိုချင်နေလို့ပါလို့ ပြောကြားသွားပါတယ်။

Credit:MCNTV