ZawGyiျဖင့္ဖတ္ရန္

အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရသည္ ၎အာဏာရရွိခဲ့သည့္ အလြန္တိုေတာင္းလွသည့္ ၂ ႏွစ္တာ ကာလ အတြင္း မ်ားျပားလွသည့္ ျပည္သူ႔ဘ႑ာေငြမ်ားကို ကိုယ္ပိုင္ေငြလို သုံးစြဲခဲ့ေၾကာင္း အတိုက္အခံ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ (ႀကံ့ခိုင္ေရး) ဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ ႀကံ့ခိုင္ေရးပါတီ ႐ုံးခ်ဳပ္တြင္ ျပဳလုပ္သည့္ ၂၀၁၈ ခုႏွစ္၊ လူငယ္ ညီလာခံ အဖြင့္ မိန႔္ခြန္းတြင္ ၎က အထက္ပါ အတိုင္း ေျပာဆိုလိုက္ျခင္း ျဖစ္ၿပီး ၎၏ ပါတီကိုမူ သမိုင္းေၾကာင္းႏွင့္ခ်ီ၍ ပုံဖ်က္ခံခဲ့ရေၾကာင္း ေျပာဆိုခဲ့သည္။

“မိမိတို႔ ပါတီကို သမိုင္းေၾကာင္းနဲ႔ခ်ီ ပုံဖ်က္ထားေပးမယ့္ အလြန္တိုေတာင္းတဲ့ ၂ ႏွစ္တာ ကာလအတြင္းမွာပဲ မ်ားျပားလွတဲ့ ျပည္သူ႔ ဘ႑ာေငြေတြကို ကိုယ္ပိုင္ေငြလို သုံးခဲ့တာ”ဟု ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္၏ ပကတိအေျခအေနမွာ ေတာင္သူ၊ လက္လုပ္၊ လခစားမွစ၍ လုပ္ငန္းရွင္ႀကီးမ်ားအထိ အဆင္မေျပမႈမ်ား၊ ၾကပ္တည္းမႈမ်ားႏွင့္ ေန႔စဥ္ရင္ဆိုင္ေနရၿပီး မေရရာသည့္ အနာဂတ္ကို ေစာင့္ေမွ်ာ္ေနရသလို ျဖစ္ေနေၾကာင္း ၎က ေထာက္ျပသည္။

၎က “ျပည္သူ႔ကိုယ္စားလွယ္ေတြရဲ႕ ေမးျမန္းမႈေတြကို ပိတ္ပင္ခဲ့တာေတြ၊ နာမည္ဆိုးတဲ့ ေက်ာ္ၾကားမႈေတြဟာ လက္ရွိ တာဝန္ရွိသူမ်ား အသိုင္းအဝိုင္းထဲမွာ ဖုံးထားလို႔ မရေအာင္ ေပၚေပါက္ေနၿပီ ျဖစ္ပါတယ္”ဟုလည္း ဆိုသည္။

နာမည္ဆိုးႏွင့္ ေက်ာ္ၾကားသူဟု ေျပာျခင္းမွာ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေက်ာ္ဝင္း ႏုတ္ထြက္သြားရသည့္ ကိစၥ၊ လူမႈေရး ကိစၥျဖင့္ ႏုတ္ထြက္သြားရသည့္ မေကြးတိုင္းဝန္ႀကီးေဟာင္း ဦးေနမ်ိဳးေက်ာ္၊ ရခိုင္ျပည္နယ္တြင္လည္း လႊတ္ေတာ္အမတ္မ်ား၏ ကန႔္ကြက္မႈတခ်ိဳ႕ ေၾကာင့္ ႏုတ္ထြက္သြားရသည့္ ဝန္ႀကီ ဦးမင္းေအာင္တို႔ကို ဆိုလိုျခင္း ျဖစ္ေၾကာင္း ႀကံ့ခိုင္ေရးပါတီ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ နႏၵာ လွျမင့္က ေျပာသည္။

“ဒီေန႔ဆိုလည္း မြန္ျပည္နယ္ ဝန္ႀကီးတပါး ထြက္ျပန္ၿပီေလ။ ေငြေၾကး ကိစၥနဲ႔ပဲ အတိုင္ခံရတာ။ အရင္တုန္းကလည္း ျပည္ခိုင္ၿဖိဳးကို ဒီလို ေတြ စြပ္စြဲခဲ့တာပဲ။ တကယ္ေတာ့ ဒါေတြက လူပုဂၢိဳလ္နဲ႔ပဲ ဆိုင္တာ။ အစိုးရ ျဖစ္လာရင္ ျဖစ္တတ္ၾကတယ္ေလ။ ငါတို႔ အစိုးရ လုံးဝ မခိုးဘူးတို႔။ ငါတို႔ကိုယ္စားလွယ္က လုံးဝ အရည္အခ်င္းရွိသူေတြဆိုၿပီး လက္ေတြ႕က်ေတာ့ ၾကည့္ေလ။ ျပည္ခိုင္ၿဖိဳးကိုက်ေတာ့ ခိုးတယ္။ အရည္အခ်င္း မရွိဘူးဆိုၿပီး ပုံဖ်က္ခဲ့တာေလ”ဟု ၎က ေျပာသည္။

ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ ဦးသန္းေဌး၏ ေထာက္ျပေျပာဆိုခ်က္မ်ားသည့္ အခ်က္အလက္ မပါေၾကာင္း၊ အစိုးရကို ေထာက္ျပလိုပါက အ ခ်က္အလက္ ျပည့္ျပည့္စုံစုံျဖင့္ ေျပာဆိုတတ္ရန္ လိုေၾကာင္း၊ NLD အစိုးရသည္ မည္သည့္ကိစၥကိုမွ် ဖုံးကြယ္မထားဘဲ အျပစ္ရွိသူမ်ား ကိုလည္း ထုတ္ပစ္ျခင္း၊ အနားေပးျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း NLD ပါတီမွ ဗဟိုေကာ္မတီဝင္ မုံ႐ြာေအာင္ရွင္က ေျပာသည္။

မုံ႐ြာ ေအာင္ရွင္ က “ဦးသန္းေဌးကေတာ့ ဒီလိုပဲ လိုက္ေျပာေနတာပဲ။ ဒီလို လိုက္ေျပာေနတာေတြက သူ႔အတြက္တင္ မကဘူး။ သူ႔ ပါတီ အတြက္ပါ က်ဆုံးမႈပဲ ျဖစ္ေစတယ္။ က်ေနာ္တို႔က ဒီလို လက္လႊတ္စပယ္ ဘယ္ေတာ့မွ မေျပာပါဘူး။ အခ်က္အလက္နဲ႔ပဲ ေျပာတယ္။ အခ်က္အလက္မပါဘဲ မေျပာဘူး”ဟု ေျပာသည္။

၎က ဆက္၍ “က်ေန္ာတို႔ေခါင္းေဆာင္ကလည္း အမွားမခံဘူး။ ျပည္သူလူထုအတြက္ မဟုတ္တာလုပ္ၿပီးဆိုရင္ေတာ့ သူကိုယ္တိုင္ ေခၚၿပီးေတာ့ သတိေပးတာ။ အျပစ္ေပးတာ လုပ္တယ္။ က်ေနာ္တို႔ အခုလုပ္ေနတာ အကင္းေတာင္ မရွိေသးဘူး။ သူတို႔ကမွ တိုင္းျပည္ရဲ႕ ဘ႑ာေငြေတြကို ဘယ္ေလာက္ထိ လုပ္ခဲ့လဲဆိုတာ လူေတြက အားလုံးသိေနတာပဲ”ဟု ဆိုသည္။

ထို႔ျပင္ ႀကံ့ခိုင္ေရး အစိုးရ လက္ထက္က သုံးစြဲခဲ့သည့္ ေငြေၾကးကိစၥမ်ားႏွင့္ ပတ္သက္၍ လြဲေခ်ာ္မႈမ်ားကို အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး မူအရ အေရးမယူခဲ့ျခင္းကိုလည္း သတိရေစလိုေၾကာင္း NLD ေခါင္းေဆာင္မ်ားက ေျပာသည္။

ယခုအခါ ႀကံ့ခိုင္ေရး ပါတီ ေခါင္းေဆာင္မ်ားသည္ မၾကာမီ က်င္းပေတာ့မည္ ၾကားျဖတ္ေ႐ြးေကာက္ပြဲကိုပါ ဝင္ေရာက္ရန္ သင့္၊ မသင့္ စဥ္းစားေနၿပီး ေ႐ြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးဦးမည္ဟု ေျပာဆိုေနခ်ိန္တြင္ NLD ပါတီကမူ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ေနရာျပည့္ ဝင္ေရာက္ ယွဥ္ၿပိဳင္ မည္ဟု ေျပာဆိုထားၿပီး ျဖစ္သည္။

Credit:irrawaddy

 

UniCodeဖြင့်ဖတ်ရန်

NLD အစိုးရ ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ဘဏ္ဍာ “ကိုယ်ပိုင်ငွေ” လိုသုံးခဲ့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန်

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် ၎င်းအာဏာရရှိခဲ့သည့် အလွန်တိုတောင်းလှသည့် ၂ နှစ်တာ ကာလ အတွင်း များပြားလှသည့် ပြည်သူ့ဘဏ္ဍာငွေများကို ကိုယ်ပိုင်ငွေလို သုံးစွဲခဲ့ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ယနေ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ လူငယ် ညီလာခံ အဖွင့် မိန့်ခွန်းတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ၎င်း၏ ပါတီကိုမူ သမိုင်းကြောင်းနှင့်ချီ၍ ပုံဖျက်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။

“မိမိတို့ ပါတီကို သမိုင်းကြောင်းနဲ့ချီ ပုံဖျက်ထားပေးမယ့် အလွန်တိုတောင်းတဲ့ ၂ နှစ်တာ ကာလအတွင်းမှာပဲ များပြားလှတဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ငွေလို သုံးခဲ့တာ”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ထို့ကြောင့် နိုင်ငံတော်၏ ပကတိအခြေအနေမှာ တောင်သူ၊ လက်လုပ်၊ လခစားမှစ၍ လုပ်ငန်းရှင်ကြီးများအထိ အဆင်မပြေမှုများ၊ ကြပ်တည်းမှုများနှင့် နေ့စဉ်ရင်ဆိုင်နေရပြီး မရေရာသည့် အနာဂတ်ကို စောင့်မျှော်နေရသလို ဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။

၎င်းက “ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ မေးမြန်းမှုတွေကို ပိတ်ပင်ခဲ့တာတွေ၊ နာမည်ဆိုးတဲ့ ကျော်ကြားမှုတွေဟာ လက်ရှိ တာဝန်ရှိသူများ အသိုင်းအဝိုင်းထဲမှာ ဖုံးထားလို့ မရအောင် ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။

နာမည်ဆိုးနှင့် ကျော်ကြားသူဟု ပြောခြင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက်သွားရသည့် ကိစ္စ၊ လူမှုရေး ကိစ္စဖြင့် နုတ်ထွက်သွားရသည့် မကွေးတိုင်းဝန်ကြီးဟောင်း ဦးနေမျိုးကျော်၊ ရခိုင်ပြည်နယ်တွင်လည်း လွှတ်တော်အမတ်များ၏ ကန့်ကွက်မှုတချို့ ကြောင့် နုတ်ထွက်သွားရသည့် ဝန်ကြီ ဦးမင်းအောင်တို့ကို ဆိုလိုခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာ လှမြင့်က ပြောသည်။

“ဒီနေ့ဆိုလည်း မွန်ပြည်နယ် ဝန်ကြီးတပါး ထွက်ပြန်ပြီလေ။ ငွေကြေး ကိစ္စနဲ့ပဲ အတိုင်ခံရတာ။ အရင်တုန်းကလည်း ပြည်ခိုင်ဖြိုးကို ဒီလို တွေ စွပ်စွဲခဲ့တာပဲ။ တကယ်တော့ ဒါတွေက လူပုဂ္ဂိုလ်နဲ့ပဲ ဆိုင်တာ။ အစိုးရ ဖြစ်လာရင် ဖြစ်တတ်ကြတယ်လေ။ ငါတို့ အစိုးရ လုံးဝ မခိုးဘူးတို့။ ငါတို့ကိုယ်စားလှယ်က လုံးဝ အရည်အချင်းရှိသူတွေဆိုပြီး လက်တွေ့ကျတော့ ကြည့်လေ။ ပြည်ခိုင်ဖြိုးကိုကျတော့ ခိုးတယ်။ အရည်အချင်း မရှိဘူးဆိုပြီး ပုံဖျက်ခဲ့တာလေ”ဟု ၎င်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ထောက်ပြပြောဆိုချက်များသည့် အချက်အလက် မပါကြောင်း၊ အစိုးရကို ထောက်ပြလိုပါက အ ချက်အလက် ပြည့်ပြည့်စုံစုံဖြင့် ပြောဆိုတတ်ရန် လိုကြောင်း၊ NLD အစိုးရသည် မည်သည့်ကိစ္စကိုမျှ ဖုံးကွယ်မထားဘဲ အပြစ်ရှိသူများ ကိုလည်း ထုတ်ပစ်ခြင်း၊ အနားပေးခြင်းများ လုပ်ဆောင်နေကြောင်း NLD ပါတီမှ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။

မုံရွာ အောင်ရှင်က “ဦးသန်းဌေးကတော့ ဒီလိုပဲ လိုက်ပြောနေတာပဲ။ ဒီလို လိုက်ပြောနေတာတွေက သူ့အတွက်တင် မကဘူး။ သူ့ပါတီ အတွက်ပါ ကျဆုံးမှုပဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီလို လက်လွှတ်စပယ် ဘယ်တော့မှ မပြောပါဘူး။ အချက်အလက်နဲ့ပဲ ပြောတယ်။ အချက်အလက်မပါဘဲ မပြောဘူး”ဟု ပြောသည်။

၎င်းက ဆက်၍ “ကျနေ်ာတို့ခေါင်းဆောင်ကလည်း အမှားမခံဘူး။ ပြည်သူလူထုအတွက် မဟုတ်တာလုပ်ပြီးဆိုရင်တော့ သူကိုယ်တိုင် ခေါ်ပြီးတော့ သတိပေးတာ။ အပြစ်ပေးတာ လုပ်တယ်။ ကျနော်တို့ အခုလုပ်နေတာ အကင်းတောင် မရှိသေးဘူး။ သူတို့ကမှ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ဘယ်လောက်ထိ လုပ်ခဲ့လဲဆိုတာ လူတွေက အားလုံးသိနေတာပဲ”ဟု ဆိုသည်။

ထို့ပြင် ကြံ့ခိုင်ရေး အစိုးရလက်ထက်က သုံးစွဲခဲ့သည့် ငွေကြေးကိစ္စများနှင့် ပတ်သက်၍ လွဲချော်မှုများကို အမျိုးသား ပြန်လည် သင့်မြတ်ရေး မူအရ အရေးမယူခဲ့ခြင်းကိုလည်း သတိရစေလိုကြောင်း NLD ခေါင်းဆောင်များက ပြောသည်။

ယခုအခါ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည် မကြာမီ ကျင်းပတော့မည် ကြားဖြတ်ရွေးကောက်ပွဲကိုပါ ဝင်ရောက်ရန် သင့်၊ မသင့် စဉ်းစားနေပြီး ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးဦးမည်ဟု ပြောဆိုနေချိန်တွင် NLD ပါတီကမူ ကြားဖြတ်ရွေးကောက်ပွဲကို နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုထားပြီး ဖြစ်သည်။

Credit:irrawaddy