ZawGyiဖြင့်ဖတ်ရန်

 



 


Credit: : MFF

 

UniCodeဖြင့်ဖတ်ရန်

ကမ္ဘာ့ဖလား ဝင်ခွင့်ရသော မြန်မာနိုင်ငံသား မင်းခန့်သူတို့အဖွဲ့ကို ရရှားသံအမတ်ကြီး လာရောက်တွေ့ဆုံ

ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာအန်၊အေ၊လီစတိုပါဒေါ့ဗ် က ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် Football For Friendship Program လူငယ်ဘောလုံးပွဲတော် သို့ သွားရောက် ပါဝင်ဆင်နွဲမဲ့ မြန်မာနိုင်ငံက ပထမဆုံး ကမ္ဘာ့ ဖလား ဝင်ခွင့် သော မင်းခန့်သူ ပါဝင်သည့် မြန်မာလူငယ်အဖွဲ့အား ရုရှားနိုင်ငံ ရုရှားသံရုံးမှ သံအမတ်ကြီး က ဧည့်ခံ တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါတယ်။

ရုရှားသံအမတ်ကြီးက ” Football For Friendship Program သည် လူငယ်များအချင်းချင်း ရင်းနှီးမှု ပိုမိုရရှိရေး အတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး မြန်မာ နိုင်ငံအနေနဲ့ ပါဝင်ဆင်နွဲခွင့် ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါတယ်”လို့ ပြောဆိုထားပါတယ်။မြန်မာ ဘောလုံး အကယ်ဒမီမှ မောင်မင်းခန့်သူ နဲ့ မင်းခန့်သူ၏ မိတ်ဆွေ လူငယ်သတင်းထောက် အဖြစ် မောင်သန့်တေဇာ တို့ သွားရောက်ပါဝင်မှာ ဖြစ်ပါတယ်။

မန်မာကစားသမား မင်းခန့် သူကတော့ နောက်တန်းကစားသမား အဖြစ် မော်ဒိုဗာ၊ ဆာမိုဟာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူးစသည့် နိုင်ငံများမှ ကစားသမားများနှင့် အတူ တွဲကစားရမှာပါ။ရုရှား သံအမတ်ကြီး က မင်းခန့်သူတို့ အဖွဲ့ ကို လာရောက်တွေ့ ဆုံတာကြောင့် မင်းခန့်သူအတွက်တော့ ဂုဏ်ယူစရာပါပဲ။မင်းခန့်သူ ပါဝင်တဲ့ Gharial အသင်း ဖလားရပြီး အောင်မြင်ပါစေလို့ ချစ်ပရိသတ်ကြီး က ဆုတောင်းပေးလိုက်ပါအုံးခင်ဗျာ။

Credit: : MFF