ZawGyiဖြင့်ဖတ်ရန်




 


 

#အဓိကပြောချင်တာလေးက မိဘ တွေ ကို့သားသမီးလေးတွေကြိုတင်ကာကွယ်ဖို့ အချိန်မှန်အိပ် အချိန်မှန်စားအောင်ပြုစုစောင့်ရှောက်ကြပါလို့ဖစ်လာရင် #ကုန်ကြစရိတ်တွေကတော်တော်များတယ်…#ဘန်ကောက် လို ခေတ်မီစက်ပစ္စည်းစုံတဲ့နေရာမှာတောင်စိတ်မချရတာ #ကျွန်တော်တို့ မြန်မာပြည် မှာဆိုရင်တော့…ခေတ်မီစက်ပစ္စည်းအစုံအလင်ရှိပါ့မလား…


 

UniCodeဖြင့်ဖတ်ရန်

အိမ်မှာရှိတဲ့ သားသမီးငယ်လေးတွေ အစ်ကိုတစ်ယောက်ရဲ့ သားလေးလိုအဖြစ်မျိုးမဖြစ်အောင် ဒါလေး ဖတ်ဖြစ်အောင်ဖတ်ပေးပါ

အိမ်မှာရှိတဲ့ သားသမီးငယ်လေးတွေ ကျွန်တော့အစ်ကိုတစ်ယောက်ရဲ့ သားလေးရဲ့ ဒီလိုအဖြစ်မျိုးမဖြစ်အောင် မိဘပြည်သူအပေါင်း မိမိတို့သားသမီးများကို အချိန်မှန်အိပ် အချိန်မှန်စားဖို့ မဖြစ်တာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်အောင်လို့ပါ…

#လူတစ်ယောက်မှာ အရေးကြီးဆုံးဟာ ဦးနှောက်ပါဘဲ..
အခု ခေတ်မီတိုးတတ်လာတဲ့ အမျှ ကလေးကစားစရာ ဂိမ်းအများအပြားပေါ်ပေါက်လာပြီး ကလေးများဟာ ထိုဂိမ်းတွေအပေါ်စွဲလမ်းကာ နေ့မအိပ်ညမအိပ် ဆော့ကစားလာခဲ့တယ်…
#အဖြစ်အပျက်ကအဲ့ကစတာဘဲ
ကျွန်တော့ အစ်ကိုတစ်ယောက်ရဲ့ သားလေးက
ILBC တတ်တာပါ…ဒီတော့သူကျောင်းသွားဖို့ မနက်စောစောထပြီး ကျောင်းတတ်ရပါတယ်…
ကလေးက ညဆို လူကြီးတွေနဲ့အခန်းထဲမှာတူတူမအိပ်တော့
ကလေးက ဘယ်အချိန်အိပ်လဲဆိုတာကိုသတိမထားကြမိဘူး…
တစ်နေ့ သူ့ရဲ့ လက်တစ်ဖက်က မြှောက်လို့မရဘူး မြှောက်တာနဲ့ပြန်ပြန်ကျနေတယ် ဆေးခန်းကဆရာဝန်ကတော့ ဒါလေဖြန်းချင်တာတဲ့ ဆိုပြီးကလေးကို ဆေးထိုးတယ် ကလေးတော်တော်ခံစားရတယ် လမ်းလျှောက်တာတောင် ထော့နဲ့ထော့နဲ့နဲ့ဖြစ်သွားတယ်…
ဆေးသောက်တာလဲမပျောက်တဲ့နောက်ဆုံး #ဘန်ကောက်က ဆေးရုံးသွားတယ်…
#ဟိုရောက်တော့ ဓါတ်မှန်ရိုက်ကြည့်တာ #ဦးနှောက်မှာအကြိပ်တွေ့တယ်တဲ့ အရေးဘော် အမြန်ခွဲရမယ် အသက်အန္တရယ်စိုးရိမ်ရတယ်တဲ့ လူလဲပြရာခက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီး
ဦးနှောက်ပိုင်းကျွမ်းကျင်တဲ့ ပါရဂူတွေရှိတဲ့ #Singapore ကိုသွားခဲ့တယ် ဘန်ကောက်က ဆရာဝန်တွေကတားသော်လည်းမရ ရအောင်သွားခဲ့တယ်…
Singapore မှာ နောက်တခါ ဓာတ်မှန်ထက်ရိုက်တယ်…
#ခင်ဗျားအရမ်းကံကောင်းတယ်တဲ့ ဒီကိုလာတာမှန်သွားတယ်တဲ့
#အကယ်၍သာ #ဘန်ကောက်မှာ ခွဲလိုက်ရင် ခင်ဗျားသား #အသက်ရှင်တော့မှာမဟုတ်တော့ဘူးတဲ့
#အကြိပ်လား သွေးခဲလားသေချာအောင် စစ်ဆေးပေးမယ်တဲ့
#၃ကြိမ်လောက်သေသေချာချာစစ်တယ်…
#နောက်မှ သွေးကြောပေါက်ပြီး သွေးခဲနေတယ်ဆိုတာ သေချာသွားတယ် အဲ့သွေးကြောက ခေါင်းမှာ အရည်ကြည်တွေများလာပြီး pressureဖြစ်သွားပြီး သွေးကြောပေါက်တာတဲ့…
#အကြောင်းအရင်းကတော့_ဂိမ်းကစားတာပါ_ညကို #၂နာရီ #၃နာရီမှအိပ်ပြီး မနက်အစောကြီးထပြီးကျောင်းကို၇နာရီအရောက်သွားရတော့ #ကလေးကအိပ်ချိန် #၃_၄နာရီလောက်ဘဲအိပ်ဖြစ်တယ် ကျောင်းကပြန်လာလဲမအိပ်ဖြစ်ဘူး
စာသင် ထမင်းစားပြီးတာနဲ့ ဂိမ်းစဆော့တာဘဲ ဒီလိုနဲ့လတွေကြာလာတော့အခုလိုဖြစ်တော့တာဘဲ…
ဖြစ်မှကာကွယ်တာထက်မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါဘဲ…
#အခုဆိုကလေးက TVရုပ်သံဇာတ်လမ်းတွေလဲမကြည့်ရတော့ဘူး #စိတ်လှုပ်ရှားပြီးဦးနှောက်ထိခိုက်မှာစိုးလို့
#အဆိုးဆုံးက အိမ်သာတတ်ရင်တောင် အားရပါးရညစ်လို့မရဘူး ဦးခေါင်းထိခိုက်မှာစိုးလို့
ဘယ်အရာမှမလုပ်ခိုင်းဘူး…
#သွေးခဲက 2.5cmကနေ အခု1.5cmလောက်ကျန်ပါသေးတယ် နှစ်လပြီးရင်ထက်သွားစစ်ရဦးမယ်…

#အဓိကပြောချင်တာလေးက မိဘတွေ ကို့သားသမီးလေးတွေကြိုတင်ကာကွယ်ဖို့ အချိန်မှန်အိပ် အချိန်မှန်စားအောင်ပြုစုစောင့်ရှောက်ကြပါလို့ ုဖစ်လာရင် #ကုန်ကြစရိတ်တွေကတော်တော်များတယ်…#ဘန်ကောက်လို ခေတ်မီစက်ပစ္စည်းစုံတဲ့နေရာမှာတောင်စိတ်မချရတာ #ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင်တော့…ခေတ်မီစက်ပစ္စည်းအစုံအလင်ရှိပါ့မလား…
ကို့သားသမီးလေးတွေကို ကြိုတင်ကာကွယ်နိုင်ပြီး
တခြားလူတွေကိုပါလက်ဆင့်ကမ်းနိုင်ပြီး အသိပေးနိုင်ရင်ဘဲ ကျွန်တော်လက်အညောင်းခံပြီး ရေးတဲ့အရာလေးတစ်ခုက သူတပါးရဲ့ အသက်ကိုကယ်ကွယ်နိုင်တာလေးတစ်ခုနဲ့ကြေနပ်ပါတယ်…
ကျွန်တော်လိုဘဲ တခြားလူတွေလဲ တစ်ယောက်ကိုတစ်ယောက်အသိပေးပြီး ကူညီနိုင်ပါစေ…

Credit: Ye Htut Oo (Ye Htut Oo)