Zawgyi ျဖင့္ဖတ္၇န္

စီလင္းဒီ႐ြန္ (Celine Dion) ဆိုတာ ကမၻာမွာ ေျပာစမွတ္ျပဳရေလာက္ေအာင္ ထင္ရွားေက်ာ္ၾကားတဲ့ နာမည္ပါ။ စီလင္းဒီ႐ြန္က သန္မာထက္ျမက္ၿပီး တန္ဖိုးျမတ္တဲ့ အမ်ိဳးသမီး တစ္ဦးလည္းျဖစ္ပါတယ္။ သူ႕ရဲ႕ထူးျခားမႈ၊ ဂီတအျမင္ရွိမႈ၊ ၫႈိ႔ယူဖမ္းစားႏိုင္ၿပီး လွပတဲ့အသံကို ပိုင္ဆိုင္ထားမႈ စတဲ့ အေၾကာင္းေတြေလာက္ေတာ့သိေပမဲ့

သူ႕အေၾကာင္း ေစ့ေစ့ေပါက္ေပါက္ေတာ့ ကၽြန္မတို႔မသိထားပါဘူး။ စီလင္းဒီ႐ြန္ က သားသုံးေယာက္မိခင္ျဖစ္ၿပီး ခင္ပြန္းျဖစ္သူ အန္းဂ်လီကေတာ့၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ (၁၄) ရက္ေန႔မွာ ကြယ္လြန္ သြားခဲ့ပါတယ္။ သူနဲ႔ပတ္သက္တဲ့ အေၾကာင္းေလး နည္းနည္းေတာ့ ေဝမၽွေပးခ်င္ပါတယ္။

သူ (မ) က ေယာက္်ား ဘက္ကပါလာတဲ့ သားထက္ ပိုငယ္ပါတယ္

စီလင္း နဲ႔လက္မထပ္ခင္ ခင္ပြန္းေလာင္း ရန္နီးအန္းဂ်လီ (Rene Angelil) မွာ အိမ္ေထာင္ဆက္ ႏွစ္ဆက္ရွိခဲ့ပါတယ္။ ပထမအိမ္ေထာင္ဆက္က ဒီႏိုင္းဆဲ ( Denyse) ဆိုသူအမ်ိဳးသမီး နဲ႔ ျဖစ္ၿပီး ၁၉၆၆ ခုႏွစ္မွာလက္ထပ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးမွာ ပက္ထရစ္အန္းဂ်လီ လို႔ေခၚတဲ့ သားတစ္ဦးေမြးဖြားခဲ့ပါတယ္။ စီလင္းနဲ႔ ရန္နီး လက္ထပ္ခ်ိန္မွာ သားျဖစ္သူ ပက္ထရစ္က သူ(မ) ထက္ေတာင္ အသက္ နည္းနည္းပိုႀကီးပါတယ္။

မိခင္ျဖစ္သူနဲ႔ျပႆနာ

စီလင္းက ရန္နီးကို ဘယ္ေလာက္ပဲ ေမတၱာသက္ဝင္ပါေစ သူ(မ) ရဲ႕ အေမကေတာ့ သူတို႔ႏွစ္ဦးကို ကန္႔ကြက္သလို ပတ္သက္မႈမရွိေအာင္ တတ္ႏိုင္သမၽွ အာဏာသုံးၿပီး တားျမစ္ခဲ့ပါတယ္။ အိမ္ေထာင္ႏွစ္ခါကြဲထားတယ္ဆိုတဲ့ အခ်က္က စီလင္းရဲ႕အေမအတြက္ စိုးရိမ္ပူပန္စရာ ျဖစ္ေစခဲ့ပါတယ္။

ကေလးေမြးဖြားျခင္းျပႆနာ

၂၀၀၀ ခုႏွစ္မွာ စီလင္းက ေဖ်ာ္ေျဖတင္ဆက္မႈေတြကို နားၿပီး မိသားစု အတြက္ အခ်ိန္ေပးခဲ့ပါတယ္။ ကိုယ္ဝန္အႀကိမ္ႀကိမ္ပ်က္က် ၿပီးတဲ့ေနာက္မွာ သူ (မ)က ေဆးဝါးကုသမႈေတြခံယူၿပီး သေႏၶသားရႏိုင္ခြင့္ကို ဖန္တီးယူခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔မွာေတာ့ ပထမဆုံးသားေလး ရန္နီးခ်ားလ္စ္ကို ေမြးဖြားခဲ့ပါတယ္။

ေသျခင္းတရားနဲ႔ နီးစပ္ခဲ့ပုံမ်ား

စီလင္းဒီ႐ြန္က ေသလုနီးပါးျဖစ္ခဲ့ရတဲ့ အျဖစ္မ်ိဳး အမ်ားႀကီးႀကဳံခဲ့ရေပမယ့္ သူ(မ) (၅) ႏွစ္သမီး အ႐ြယ္မွာျဖစ္ခဲ့တာေလာက္ ဘယ္အရာကမွ မဆိုး႐ြားခဲ့ပါဘူး။ သူ(မ) ငါးႏွစ္သားအ႐ြယ္မွာ ထရပ္ကားနဲ႔တိုက္မိၿပီး ဦးေခါင္းခြံထိသြားလို႔ တစ္ပတ္နီးပါး ေမ့ေမ်ာသတိလစ္ေနခဲ့ပါတယ္။ ကံေကာင္းေထာက္မလို႔သာ အသက္ရွင္ခဲ့ရတာပါ။

“My Heart will go on” သီခ်င္းက သူ႕အႀကိဳက္မဟုတ္ခဲ့ပါဘူး

တိုင္တန္းနစ္ ဇာတ္ဝင္ေတး “My Heart will go on” ကို အသံသြင္းတုန္းက ဒီသီခ်င္းက ေပါက္မွာ မဟုတ္သလို သူ (မ) အလုပ္အကိုင္ကိုထိခိုက္ေစႏိုင္တယ္လို႔ ယုံၾကည္ခဲ့ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာေတာင္ “ အစက ဒီသီခ်င္းကို မႀကိဳက္ခဲ့ပါဘူး။ ဇာတ္ဝင္ေတး အတြက္ အျခားသီခ်င္းတစ္ပုဒ္ လုပ္ခဲ့ေသးတယ္။ မထင္မွတ္ဘဲ ဒီသီခ်င္းက အရမ္းေအာင္ျမင္ခဲ့ၿပီး ကံဇာတာေတြ တက္လာခဲ့ပါတယ္” ဆိုၿပီးေျပာခဲ့ပါတယ္။

ဒီသီခ်င္းကိုစင္ေပၚမွာ ေဖ်ာ္ေျဖဖို႔ အႀကံေပးခဲ့သူကရန္နီးပါ

“My Heart Will go on” သီခ်င္းကို စင္ေပၚမွာ တစ္ကိုယ္ေတာ္ ဆိုတာေလာက္ေတာ့ အနိမ့္ဆုံးလုပ္သင့္တယ္ လို႔ အႀကံေပးခဲ့သူက ရန္နီးပါ။ ဒါကို စီလင္းက သေဘာတူခဲ့ၿပီး တစ္ကိုယ္ေတာ္သီဆိုေဖ်ာ္ေျဖမႈကိုျပဳလုပ္ခဲ့ရာမွာ တစ္ကမၻာလုံးကို ေပါက္သြားခဲ့ပါတယ္။ ဒီသီခ်င္းကို သူက တစ္ႀကိမ္ပဲ စင္ေပၚမွာ ကိုယ္တိုင္ေဖ်ာ္ေျဖခဲ့တာျဖစ္ပါတယ္။

 

Unicodeဖြင့်ဖတ်ရန်

စီလင်းဒီရွန် (Celine Dion) ဆိုတာ ကမ္ဘာမှာ ပြောစမှတ်ပြုရလောက်အောင် ထင်ရှားကျော်ကြားတဲ့ နာမည်ပါ။ စီလင်းဒီရွန်က သန်မာထက်မြက်ပြီး တန်ဖိုးမြတ်တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားမှု၊ ဂီတအမြင်ရှိမှု၊ ညှို့ယူဖမ်းစားနိုင်ပြီး လှပတဲ့အသံကို ပိုင်ဆိုင်ထားမှု စတဲ့ အကြောင်းတွေလောက်တော့သိပေမဲ့

သူ့အကြောင်း စေ့စေ့ပေါက်ပေါက်တော့ ကျွန်မတို့မသိထားပါဘူး။ စီလင်းဒီရွန်က သားသုံးယောက်မိခင်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ အန်းဂျလီကတော့၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ အကြောင်းလေး နည်းနည်းတော့ ဝေမျှပေးချင်ပါတယ်။

သူ (မ) က ယောက်ျားဘက်ကပါလာတဲ့ သားထက်ပိုငယ်ပါတယ်

စီလင်း နဲ့လက်မထပ်ခင် ခင်ပွန်းလောင်း ရန်နီးအန်းဂျလီ (Rene Angelil) မှာ အိမ်ထောင်ဆက် နှစ်ဆက်ရှိခဲ့ပါတယ်။ ပထမအိမ်ထောင်ဆက်က ဒီနိုင်းဆဲ ( Denyse) ဆိုသူအမျိုးသမီး နဲ့ ဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးမှာ ပက်ထရစ်အန်းဂျလီ လို့ခေါ်တဲ့ သားတစ်ဦးမွေးဖွားခဲ့ပါတယ်။ စီလင်းနဲ့ ရန်နီး လက်ထပ်ချိန်မှာ သားဖြစ်သူ ပက်ထရစ်က သူ(မ) ထက်တောင် အသက် နည်းနည်းပိုကြီးပါတယ်။

မိခင်ဖြစ်သူနဲ့ပြဿနာ

စီလင်းက ရန်နီးကို ဘယ်လောက်ပဲ မေတ္တာသက်ဝင်ပါစေ သူ(မ) ရဲ့ အမေကတော့ သူတို့နှစ်ဦးကို ကန့်ကွက်သလို ပတ်သက်မှုမရှိအောင် တတ်နိုင်သမျှ အာဏာသုံးပြီး တားမြစ်ခဲ့ပါတယ်။ အိမ်ထောင်နှစ်ခါကွဲထားတယ်ဆိုတဲ့ အချက်က စီလင်းရဲ့အမေအတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေခဲ့ပါတယ်။

ကလေးမွေးဖွားခြင်းပြဿနာ

၂၀၀၀ ခုနှစ်မှာ စီလင်းက ဖျော်ဖြေတင်ဆက်မှုတွေကို နားပြီး မိသားစု အတွက် အချိန်ပေးခဲ့ပါတယ်။ ကိုယ်ဝန်အကြိမ်ကြိမ်ပျက်ကျ ပြီးတဲ့နောက်မှာ သူ (မ)က ဆေးဝါးကုသမှုတွေခံယူပြီး သန္ဓေသားရနိုင်ခွင့်ကို ဖန်တီးယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ပထမဆုံးသားလေး ရန်နီးချားလ်စ်ကို မွေးဖွားခဲ့ပါတယ်။

သေခြင်းတရားနဲ့ နီးစပ်ခဲ့ပုံများ

စီလင်းဒီရွန်က သေလုနီးပါးဖြစ်ခဲ့ရတဲ့ အဖြစ်မျိုး အများကြီးကြုံခဲ့ရပေမယ့် သူ(မ) (၅) နှစ်သမီး အရွယ်မှာဖြစ်ခဲ့တာလောက် ဘယ်အရာကမှ မဆိုးရွားခဲ့ပါဘူး။ သူ(မ) ငါးနှစ်သားအရွယ်မှာ ထရပ်ကားနဲ့တိုက်မိပြီး ဦးခေါင်းခွံထိသွားလို့ တစ်ပတ်နီးပါး မေ့မျောသတိလစ်နေခဲ့ပါတယ်။ ကံကောင်းထောက်မလို့သာ အသက်ရှင်ခဲ့ရတာပါ။

“My Heart will go on” သီချင်းက သူ့အကြိုက်မဟုတ်ခဲ့ပါဘူး

တိုင်တန်းနစ် ဇာတ်ဝင်တေး “My Heart will go on” ကို အသံသွင်းတုန်းက ဒီသီချင်းက ပေါက်မှာ မဟုတ်သလို သူ (မ) အလုပ်အကိုင်ကိုထိခိုက်စေနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာတောင် “ အစက ဒီသီချင်းကို မကြိုက်ခဲ့ပါဘူး။ ဇာတ်ဝင်တေး အတွက် အခြားသီချင်းတစ်ပုဒ် လုပ်ခဲ့သေးတယ်။ မထင်မှတ်ဘဲ ဒီသီချင်းက အရမ်းအောင်မြင်ခဲ့ပြီး ကံဇာတာတွေ တက်လာခဲ့ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။

ဒီသီချင်းကိုစင်ပေါ်မှာ ဖျော်ဖြေဖို့ အကြံပေးခဲ့သူကရန်နီးပါ

“My Heart Will go on” သီချင်းကို စင်ပေါ်မှာ တစ်ကိုယ်တော် ဆိုတာလောက်တော့ အနိမ့်ဆုံးလုပ်သင့်တယ် လို့ အကြံပေးခဲ့သူက ရန်နီးပါ။ ဒါကို စီလင်းက သဘောတူခဲ့ပြီး တစ်ကိုယ်တော်သီဆိုဖျော်ဖြေမှုကိုပြုလုပ်ခဲ့ရာမှာ တစ်ကမ္ဘာလုံးကို ပေါက်သွားခဲ့ပါတယ်။ ဒီသီချင်းကို သူက တစ်ကြိမ်ပဲ စင်ပေါ်မှာ ကိုယ်တိုင်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

Ref: Celine Dion “Her life, Her Loves and The truth about the man who changed her life”

Credit; May Moe (႐ိုးရာေလး)