ZawGyiျဖင့္ဖတ္ရန္

 

ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ငါးထပ္ကြမ္း အကယ္ဒမီ ဆုရွင္ မို႔မို႔ျမင့္ေအာင္ ကို၁၉၆၀ ခုႏွစ္ ၊ေမလ (၂၅ )ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ နာမည္ေက်ာ္မင္းသားႀကီး ဦးျမင့္ေအာင္ နဲ႔ ေဒၚသန္းရင္ တို႔ရဲ႕ သမီးျဖစ္ၿပီး ေမြးခ်င္း ငါးေယာက္မွာ အငယ္ဆုံးလည္းျဖစ္ပါတယ္။နာမည္ႀကီးအဆိုေတာ္လႊမ္းမိုး နဲ႔ ၁၉၈၀ ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီး ၃ ႏွစ္အၾကာမွာ ကြာရွင္းခဲ့ပါတယ္။ ၁၉၈၇ ခုႏွစ္ သူမေအာင္ျမင္မႈ အထြပ္အထိပ္ေရာက္ခ်ိန္မွာသူေ႒းဦးေမာင္ေမာင္ေက်ာ္နဲ႔လက္ထပ္ေပါင္းသင္းခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ပဲ ၁၉၉၀ ခုႏွစ္မွာ ကားမေတာ္တဆ မႈတစ္ခုေၾကာင့္ ခင္ပြန္းျဖစ္သူ ခႏၶာကိုယ္ ေအာက္ပိုင္း ေသခဲ့ပါတယ္။

 

ျမန္မာ့႐ုပ္ရွင္သမိုင္းမ်ားအနက္ အေအာင္ျမင္ဆုံးနဲ႔ အထူးခြၽန္ဆုံး အမ်ိဳးသမီး စူပါစတား မ်ား အနက္တစ္ဦး အပါအဝင္ျဖစ္တဲ့ မို႔မို႔ျမင့္ေအာင္က ဒီဘက္ေခတ္ အခ်စ္ေရးကို ဘယ္လိုေဝဖန္ထားလဲဆိုေတာ့-

“ မို႔မို႔တို႔အခ်ိန္အခါတုန္းက living together ေတာ့မရွိဘူး။ အဲ့ဒါေတြလည္း လက္မခံဘူးေပါ့ေနာ္။ ခ်စ္တာေတာ့ခ်စ္ၾကပါ။ ဒါေပမဲ့ျမန္မာဆိုတဲ့စိတ္ကေလးေတာ့ထားေစခ်င္ပါတယ္။ကိုယ္တကယ္အိမ္ေထာင္ျပဳသြားၿပီဆိုရင္ကိုယ့္ခ်စ္သူကကိုယ့္ကိုတန္ဖိုးထားၿပီးခ်စ္ေနတဲ့ အခ်စ္တစ္ခုက ဘာနဲ႔မွလဲလို႔မရဘူး။ ကိုယ့္ခ်စ္သူကကိုယ့္ကို အထင္ေသးမႈေတြမျဖစ္ေစခ်င္ပါဘူး။ ခ်စ္သူဘဝမွာ သတိေလးေတြ ဆင္ျခင္မႈေလးေတြရွိရင္ အိမ္ေထာင္ေရးကပိုၿပီးသာယာပါတယ္။” လို႔ဆိုပါတယ္။

ဘဝတစ္ခုျပန္ထူေထာင္တဲ့ အခါ တန္ဖိုးရွိတဲ့ အိမ္ေထာင္ရွင္မျဖစ္ေအာင္ ေနထိုင္ခဲ့ပုံကိုလည္း အခုလိုျပန္ေျပာင္းေျပာျပပါတယ္။

“ အခုဟာက ခ်စ္လို႔လြယ္တယ္။ living together ေနလို႔လြယ္ၾကတဲ့ အခါက်ေတာ့ တကယ္အိမ္ေထာင္ျပဳတဲ့ အခါ သူ႔မယုံ ကိုယ့္မယုံေတြျဖစ္ၾက ေတာ့အိမ္ေထာင္ေရး ၿပိဳကြဲမႈေတြျဖစ္ၾကတာေပါ့ေနာ္။ မိုမိုတို႔အခ်ိန္ကာလတုန္းက မို႔မို႔ ဘဝ ကို ျပန္ထူေထာင္တဲ့ အခါမွာ ငါသည္ အိမ္ေထာင္မျပဳဘဲမေနဘူး။

ငါအိမ္ေထာင္ျပဳမယ့္သူ လက္ထပ္မယ့္သူအထင္ႀကီးေအာင္ ေလးစားေအာင္ ေနထိုင္ျပမယ္ဆိုၿပီး ေနထိုင္ျပပါတယ္။ ဘယ္သူနဲ႔မွ အေနအထိုင္ပက္စက္စြာ နာမည္ပ်က္ သတင္းမရွိခဲ့ပါဘူး။ တကယ္လည္း မို႔မို႔အမ်ိဳးသားအတြက္ ၊ အိမ္ေထာင္အတြက္တန္ဖိုးရွိတဲ့မိန္းမတစ္ေယာက္ျဖစ္ေအာင္ ျပန္ႀကိဳးစားၿပီး ေနခဲ့ျပပါတယ္။

မို႔မို႔က႐ုပ္ရွင္မင္းသမီးတစ္ေယာက္ပါ။ ဒါေပမဲ့ အိမ္ေထာင္ရွင္ဘက္မွာလည္းမို႔မို႔အကယ္ဒမီရေအာင္ႀကိဳးစားပါတယ္။” လို႔ဆိုပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးကေရာ အခ်စ္ေရးနဲ႔ပတ္သက္တဲ့ မမို႔ရဲ႕အႀကံေပးခ်က္ေလးေတြကို အျပည့္အဝေထာက္ခံပါသလား

Credit:Nanmalgyi

 

UniCodeဖြင့်ဖတ်ရန်

Living together နေတဲ့ ချစ်သူတွေကိုဝေဖန်လိုက်တဲ့ မို့မို့မြင့်အောင်

မြန်မာ့ရုပ်ရှင်လောကရဲ့ ငါးထပ်ကွမ်းအကယ်ဒမီဆုရှင် မို့မို့မြင့်အောင်ကို၁၉၆၀ ခုနှစ် ၊မေလ (၂၅ )ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်ကျော်မင်းသားကြီး ဦးမြင့်အောင် နဲ့ ဒေါ်သန်းရင် တို့ရဲ့ သမီးဖြစ်ပြီး မွေးချင်း ငါးယောက်မှာ အငယ်ဆုံးလည်းဖြစ်ပါတယ်။

နာမည်ကြီးအဆိုတော်လွှမ်းမိုး နဲ့ ၁၉၈၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၃ နှစ်အကြာမှာ ကွာရှင်းခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် သူမအောင်မြင်မှု အထွပ်အထိပ်ရောက်ချိန်မှာသူဋ္ဌေးဦးမောင်မောင်ကျော်နဲ့လက်ထပ်ပေါင်းသင်းခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ၁၉၉၀ ခုနှစ်မှာ ကားမတော်တဆ မှုတစ်ခုကြောင့် ခင်ပွန်းဖြစ်သူ ခန္ဓာကိုယ်အောက်ပိုင်း သေခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းများအနက် အအောင်မြင်ဆုံးနဲ့ အထူးချွန်ဆုံး အမျိုးသမီးစူပါစတားများ အနက်တစ်ဦး အပါအဝင်ဖြစ်တဲ့ မို့မို့မြင့်အောင်က ဒီဘက်ခေတ် အချစ်ရေးကို ဘယ်လိုဝေဖန်ထားလဲဆိုတော့-

“ မို့မို့တို့အချိန်အခါတုန်းက living together တော့မရှိဘူး။ အဲ့ဒါတွေလည်း လက်မခံဘူးပေါ့နော်။ ချစ်တာတော့ချစ်ကြပါ။ ဒါပေမဲ့မြန်မာဆိုတဲ့စိတ်ကလေးတော့ထားစေချင်ပါတယ်။ကိုယ်တကယ်အိမ်ထောင်ပြုသွားပြီဆိုရင်ကိုယ့်ချစ်သူကကိုယ့်ကိုတန်ဖိုးထားပြီးချစ်နေတဲ့ အချစ်တစ်ခုက ဘာနဲ့မှလဲလို့မရဘူး။ ကိုယ့်ချစ်သူကကိုယ့်ကို အထင်သေးမှုတွေမဖြစ်စေချင်ပါဘူး။ ချစ်သူဘဝမှာ သတိလေးတွေ ဆင်ခြင်မှုလေးတွေရှိရင် အိမ်ထောင်ရေးကပိုပြီးသာယာပါတယ်။” လို့ဆိုပါတယ်။

ဘဝတစ်ခုပြန်ထူထောင်တဲ့ အခါ တန်ဖိုးရှိတဲ့ အိမ်ထောင်ရှင်မဖြစ်အောင် နေထိုင်ခဲ့ပုံကိုလည်း အခုလိုပြန်ပြောင်းပြောပြပါတယ်။

“ အခုဟာက ချစ်လို့လွယ်တယ်။ living together နေလို့လွယ်ကြတဲ့ အခါကျတော့ တကယ်အိမ်ထောင်ပြုတဲ့ အခါ သူ့မယုံ ကိုယ့်မယုံတွေဖြစ်ကြ တော့အိမ်ထောင်ရေး ပြိုကွဲမှုတွေဖြစ်ကြတာပေါ့နော်။ မိုမိုတို့အချိန်ကာလတုန်းက မို့မို့ ဘဝ ကို ပြန်ထူထောင်တဲ့ အခါမှာ ငါသည် အိမ်ထောင်မပြုဘဲမနေဘူး။

ငါအိမ်ထောင်ပြုမယ့်သူ လက်ထပ်မယ့်သူအထင်ကြီးအောင် လေးစားအောင် နေထိုင်ပြမယ်ဆိုပြီး နေထိုင်ပြပါတယ်။ ဘယ်သူနဲ့မှ အနေအထိုင်ပက်စက်စွာ နာမည်ပျက် သတင်းမရှိခဲ့ပါဘူး။ တကယ်လည်း မို့မို့အမျိုးသားအတွက် ၊ အိမ်ထောင်အတွက်တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်ဖြစ်အောင် ပြန်ကြိုးစားပြီး နေခဲ့ပြပါတယ်။

မို့မို့ကရုပ်ရှင်မင်းသမီးတစ်ယောက်ပါ။ ဒါပေမဲ့ အိမ်ထောင်ရှင်ဘက်မှာလည်းမို့မို့အကယ်ဒမီရအောင်ကြိုးစားပါတယ်။” လို့ဆိုပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော အချစ်ရေးနဲ့ပတ်သက်တဲ့ မမို့ရဲ့အကြံပေးချက်လေးတွေကို အပြည့်အဝထောက်ခံပါသလား

Credit:Nanmalgyi