ZawGyiျဖင့္ဖတ္ရန္

 

ႏြမ္းပါးတဲ့ ေက်ာင္းသူတစ္ဦးဟာ အိမ္ေထာင္ ငါးခါ ျပဳၿပီးျဖစ္တဲ့ ႐ုရွားစီးပြားေရးသမားတစ္ဦးနဲ႔ လက္ထပ္ဖို႔အတြက္ တီဗီဂိမ္းရႈိးတစ္ခုမွာ အႏိုင္ရသြားခဲ့ပါတယ္။ ႐ုရွား စီးပြားေရး လုပ္ငန္းရွင္ ဟာ ဇိမ္ခံအေဆာက္အဦး၊ ႐ြက္ေလွနဲ႔ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြ ပိုင္ဆိုင္ၿပီး စည္းစိမ္ဥစၥာ ႂကြယ္ဝသူတစ္ဦး ျဖစ္ပါတယ္။ ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တဲ့ သူကေတာ့ အသက္(၂၉) ႏွစ္အ႐ြယ္ ယူလီယာအမည္ရွိ ေက်ာင္းသူေလးျဖစ္ပါတယ္။ ယူလီယာကို အသက္(၅၅)ႏွစ္အ႐ြယ္ ေရနံသူေဌးကြန္စတန္တင္ရွာဘီနင္ရဲ႕ ကေလးေတြက သူတို႔အေဖအတြက္ သတို႔သမီးအသစ္ကို ေ႐ြးခ်ယ္ေပးခဲ့တာျဖစ္ပါတယ္။

Marriage လို႔အမည္ေပးထားတဲ့ အဆိုပါတီဗီရႈိးကို ေလွ်ာက္ထားသူေပါင္း(၂,၀၀၀) ရွိခဲ့ပါတယ္။ သူေဌးရွာဘီနင္ရဲ႕ကေလးငါးေယာက္ဟာ အသက္(၁၆)ႏွစ္ကေန (၃၅) ႏွစ္အတြင္း အသီးသီးရွိၾကပါတယ္။ ကေလးေတြရဲ႕မိေထြးျဖစ္လာမယ့္ ယူလီယာဟာ ရွာဘီနင္ရဲ႕(၆)ေယာက္ေျမာက္နဲ႔ ေနာက္ဆုံးဇနီးျဖစ္လာမွာျဖစ္ပါတယ္။

တီဗီရႈိးအရ ယူလီယာဟာ ဟန္းနီးမြန္းခရီးစဥ္မွာ ခင္ပြန္းျဖစ္သူနဲ႔အတူ ဒူဘိုင္းကို ပ်ံသန္းမွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ေမာ္စကိုနဲ႔ ေလာ့စ္အင္ဂ်လိစ္ၿမိဳ႕ေတြမွာတစ္လွည့္စီ ေနထိုင္ၿပီး ခင္ပြန္းျဖစ္သူရဲ႕ ဇိမ္ခံတန္ဖိုးႀကီး ကားေတြနဲ႔ ေလ်ာက္လည္မွာျဖစ္ပါတယ္။

ယူလီယာဟာ ဆိုက္ေဘးရီးယားအေရွ႕ဘက္ကအစြန္အဖ်ားၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္တဲ့ ခါဗာ႐ိုဗက္စ္ခ္ကေန ႐ုရွားၿမိဳ႕ေတာ္ႀကီးကို ပိုက္ဆံတျပားတခ်ပ္မွမပါပဲ ေရာက္လာခဲ့တာျဖစ္ပါတယ္။ ထိုအခ်ိန္ကတည္းက ေက်ာင္းသူတစ္ေယာက္ျဖစ္လာၿပီး အခ်ိန္ပိုင္း အခမ္းအနားပြဲေတြ စီစဥ္တဲ့ မန္ေနဂ်ာတစ္ဦးအျဖစ္ အလုပ္ လုပ္ခဲ့ပါတယ္။

သူမက U TV ခ်န္နယ္ကို “ကြၽန္မက အေၾကာက္တရားကင္းတဲ့ လူတစ္ေယာက္ပါ။ ပိုက္ဆံမရွိေပမယ့္ ေမာ္စကို ကိုေျပာင္းလာဖို႔ စိတ္ဆုံးျဖတ္ခဲ့တယ္။ ကြၽန္မလို ဘယ္သူမွ လုပ္ႏိုင္မယ္မထင္ဘူး။ အခုလည္း ကြၽန္မၿပိဳင္ပြဲမွာ အႏိုင္ရၿပီ။ ဒီမွာေလ ကြၽန္မလက္စြပ္။” လို႔သူမရဲ႕ ေပါင္(၃၆,၅၀၀) တန္စိန္လက္စြပ္ႀကီးကိုႂကြားရင္းေျပာျပခဲ့ပါတယ္။

သူေဌးရွာဘီနင္ကေတာ့ သူ႔ကေလးေတြက ၿပိဳင္ပြဲဝင္ေတြထဲကေန ယူလီယာကို သူတို႔အေဖသေဘာက် ေ႐ြးခ်ယ္ခဲ့ေပမယ့္ ကေလးေတြနဲ႔ ယူလီယာၾကားမွာေတာ့ ျပႆနာအနည္းငယ္ ရွိလိမ့္မယ္ထင္ေၾကာင္း ဆိုပါတယ္။ ဒါေပမယ့္ ပိုက္ဆံအတြက္ခ်ည္း မဟုတ္ပဲ သူ႔ကိုေမတၱာသက္ဝင္ၿပီး လက္ထပ္ခဲ့တဲ့ ယူလီယာကို ပိုင္ဆိုင္ႏိုင္တဲ့အတြက္ ေပ်ာ္႐ႊင္ရေၾကာင္း ရွာဘီနင္ကေျပာျပခဲ့ပါတယ္။ ယူလီယာဟာ ေနာက္ဆုံးဆန္ကာတင္ ၿပိဳင္ပြဲဝင္ႏွစ္ဦးျဖစ္တဲ့ အသက္(၃၀)ႏွစ္အ႐ြယ္ မာရီယာပရိမ္နဲ႔ အသက္(၃၄)ႏွစ္အ႐ြယ္ အန္နာကမ္တို႔ကို ေက်ာ္ျဖတ္ၿပီး အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

Credit:Takhon

 

UniCodeဖြင့်ဖတ်ရန်

မီလျံနာတစ်ဦးရဲ့ ကြင်ယာရှာ ဂိမ်းပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့ နွမ်းပါးသူ မိန်းမပျိုလေး

နွမ်းပါးတဲ့ ကျောင်းသူတစ်ဦးဟာ အိမ်ထောင်ငါးခါ ပြုပြီးဖြစ်တဲ့ ရုရှားစီးပွားရေးသမားတစ်ဦးနဲ့ လက်ထပ်ဖို့အတွက် တီဗီဂိမ်းရှိုးတစ်ခုမှာ အနိုင်ရသွားခဲ့ပါတယ်။ ရုရှားစီးပွားရေး လုပ်ငန်းရှင်ဟာ ဇိမ်ခံအဆောက်အဦး၊ ရွက်လှေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာ ကြွယ်ဝသူတစ်ဦး ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သူကတော့ အသက်(၂၉) နှစ်အရွယ် ယူလီယာအမည်ရှိ ကျောင်းသူလေးဖြစ်ပါတယ်။ ယူလီယာကို အသက်(၅၅)နှစ်အရွယ် ရေနံသူဌေးကွန်စတန်တင်ရှာဘီနင်ရဲ့ ကလေးတွေက သူတို့အဖေအတွက် သတို့သမီးအသစ်ကို ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

Marriage လို့အမည်ပေးထားတဲ့ အဆိုပါတီဗီရှိုးကို လျှောက်ထားသူပေါင်း(၂,၀၀၀) ရှိခဲ့ပါတယ်။ သူဌေးရှာဘီနင်ရဲ့ကလေးငါးယောက်ဟာ အသက်(၁၆)နှစ်ကနေ (၃၅) နှစ်အတွင်း အသီးသီးရှိကြပါတယ်။ ကလေးတွေရဲ့မိထွေးဖြစ်လာမယ့် ယူလီယာဟာ ရှာဘီနင်ရဲ့(၆)ယောက်မြောက်နဲ့ နောက်ဆုံးဇနီးဖြစ်လာမှာဖြစ်ပါတယ်။

တီဗီရှိုးအရ ယူလီယာဟာ ဟန်းနီးမွန်းခရီးစဉ်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ ဒူဘိုင်းကို ပျံသန်းမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ မော်စကိုနဲ့ လော့စ်အင်ဂျလိစ်မြို့တွေမှာတစ်လှည့်စီ နေထိုင်ပြီး ခင်ပွန်းဖြစ်သူရဲ့ ဇိမ်ခံတန်ဖိုးကြီး ကားတွေနဲ့ လျောက်လည်မှာဖြစ်ပါတယ်။

ယူလီယာဟာ ဆိုက်ဘေးရီးယားအရှေ့ဘက်ကအစွန်အဖျားမြို့လေးတစ်မြို့ဖြစ်တဲ့ ခါဗာရိုဗက်စ်ခ်ကနေ ရုရှားမြို့တော်ကြီးကို ပိုက်ဆံတပြားတချပ်မှမပါပဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျောင်းသူတစ်ယောက်ဖြစ်လာပြီး အချိန်ပိုင်း အခမ်းအနားပွဲတွေ စီစဉ်တဲ့ မန်နေဂျာတစ်ဦးအဖြစ် အလုပ် လုပ်ခဲ့ပါတယ်။

သူမက U TV ချန်နယ်ကို “ကျွန်မက အကြောက်တရားကင်းတဲ့ လူတစ်ယောက်ပါ။ ပိုက်ဆံမရှိပေမယ့် မော်စကို ကိုပြောင်းလာဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်။ ကျွန်မလို ဘယ်သူမှ လုပ်နိုင်မယ်မထင်ဘူး။ အခုလည်း ကျွန်မပြိုင်ပွဲမှာ အနိုင်ရပြီ။ ဒီမှာလေ ကျွန်မလက်စွပ်။” လို့သူမရဲ့ ပေါင်(၃၆,၅၀၀) တန်စိန်လက်စွပ်ကြီးကိုကြွားရင်းပြောပြခဲ့ပါတယ်။

သူဌေးရှာဘီနင်ကတော့ သူ့ကလေးတွေက ပြိုင်ပွဲဝင်တွေထဲကနေ ယူလီယာကို သူတို့အဖေသဘောကျ ရွေးချယ်ခဲ့ပေမယ့် ကလေးတွေနဲ့ ယူလီယာကြားမှာတော့ ပြဿနာအနည်းငယ် ရှိလိမ့်မယ်ထင်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ပိုက်ဆံအတွက်ချည်း မဟုတ်ပဲ သူ့ကိုမေတ္တာသက်ဝင်ပြီး လက်ထပ်ခဲ့တဲ့ ယူလီယာကို ပိုင်ဆိုင်နိုင်တဲ့အတွက် ပျော်ရွှင်ရကြောင်း ရှာဘီနင်ကပြောပြခဲ့ပါတယ်။ ယူလီယာဟာ နောက်ဆုံးဆန်ကာတင် ပြိုင်ပွဲဝင်နှစ်ဦးဖြစ်တဲ့ အသက်(၃၀)နှစ်အရွယ် မာရီယာပရိမ်နဲ့ အသက်(၃၄)နှစ်အရွယ် အန်နာကမ်တို့ကို ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref: TheSun

Credit:Takhon