ZawGyiျဖင့္ဖတ္ရန္

စဥ့္ကူးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးၾကည္သက္ေမာင္သည္ အမ်ိဳးသမီးတဦးကို ကာမလိမ္လည္ၿပီး တိမ္းေရွာင္ေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီး၊ အမွတ္(၃)မဲဆႏၵနယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေက်ာ္သန္းထြန္း ေျပာၾကားသည္။

ေမ ၂၈ ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးေခတၱရပ္နားစဥ္ သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံ၍ ေဒါက္တာေက်ာ္သန္းထြန္းက ယင္းသို႔ ရွင္းလင္းေျပာၾကားခဲ့သည္။

“သူ႔မွာ အိမ္ေထာင္ရွိပါတယ္။ ဒီကေလးမေလးကို အင္ဂ်င္နီယာလို႔ေျပာၿပီး လိမ္လည္ၿပီး ကာမယူတယ္။ ကိုယ္ဝန္ရွိလာေတာ့ ကိုယ္ဝန္ကို ဖ်က္ဆီးတယ္။ ကိုယ္ဝန္က မပ်က္စီးဘူးေပါ့။ ဒီကိစၥ ဆရာ့ဆီကို တက္လာတယ္။ ဆရာက အမ်ိဳးသမီးေရးရာအဖြဲ႕ကို လွမ္းအေၾကာင္းၾကားတယ္။ ေဒၚသႏၲာဖုန္းဝင္းဆီကို အေၾကာင္းၾကားေပးပါတယ္။ အမ်ိဳးသမီးေရးရာက ဒီကိစၥကို ကိုင္တြယ္ပါတယ္။ အမွတ္(၁)ရဲစခန္းကို ေဒၚသႏၲာဖုန္းဝင္းက ေမးတဲ့အခါမွာ အမွတ္(၁)ရဲစခန္းက ဥပေဒရွာေနဆဲလို႔ ေျပာတယ္”ဟု ေဒါက္တာေက်ာ္သန္းထြန္းက ေျပာၾကားသည္။

အဆိုပါ အမ်ိဳးသမီးမွာ ျမစ္ႀကီးနားၿမိဳ႕ခံျဖစ္ၿပီး ၂၀၁၇ ဇြန္လက အလုပ္အကိုင္ရွာေဖြရန္ မႏၲေလးသို႔ လာေရာက္ခဲ့ျခင္းျဖစ္သည္။ မႏၲေလးေရာက္ၿပီး တပတ္ခန႔္အၾကာတြင္ ဦးၾကည္သက္ေမာင္ႏွင့္ေတြ႕ၿပီး ဦးၾကည္သက္ေမာင္မွ ၎မွာ လူပ်ိဳလူလြတ္၊ အင္ဂ်င္နီယာတဦးျဖစ္ေၾကာင္း မ— ယုံၾကည္ေအာင္ လွည့္ဖ်ား၍ ခ်စ္ေရးဆိုခဲ့ေၾကာင္း၊ ႏွစ္ဦးသေဘာတူခ်စ္ႀကိဳက္ၿပီး ႀကိမ္ဖန္မ်ားစြာ အတူေနခဲ့ၾကေၾကာင္း၊ ၂၀၁၈ ေဖေဖာ္ဝါရီလတြင္ မႏၲေလး၊ ေအာင္ေျမသာစံနယ္ေျမ အမွတ္(၁) ရဲစခန္း၌ တလင္တမယားက်င့္ဝတ္ဆိုင္ရာ ဥပေဒပုဒ္မ (၁၇) ျဖင့္ အမႈဖြင့္တိုင္တန္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္ထိ ထူးျခားမႈမရွိေသးေၾကာင္း တိုင္ၾကားစာတြင္ ပါရွိသည္။

အမ်ိဳးသမီး ၏ ကိုယ္ဝန္ မွာ (၁၀) လခန႔္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

“ရဲစခန္းက ဥပေဒ ရွာတယ္ဆိုတဲ့အေနအထားက စဥ္းစားစရာေကာင္းတဲ့ အဓိပၸာယ္တမ်ိဳးျဖစ္ေနပါတယ္။ ဖမ္းဆီးအေရးယူျခင္း မရွိဘူး။ ဒီပုဂၢိဳလ္က နဂိုက စဥ့္ကူးက ေထြအုပ္ ဦးၾကည္သက္ေမာင္ ျဖစ္ပါတယ္။ လက္ရွိမွာ စဥ့္ကူးမျပန္ဘဲနဲ႔ ဘယ္ေရာက္ေနတယ္ဆိုတာ ေသခ်ာစြာ မသိရပါဘူး။ တခ်ိဳ႕ေျပာတာကေတာ့ မႏၲေလးကို ေခၚထားတယ္ ေျပာပါတယ္”ဟုလည္း ၎က ေျပာၾကားခဲ့သည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ၁၄.၅.၂၀၁၈ ရက္စြဲျဖင့္ ႏိုင္ငံေတာ္ သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ၊ ျပည္ထဲေရးဝန္ႀကီး၊ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ မႏၲေလးတိုင္းေဒသႀကီး နယ္စပ္ေရးရာဝန္ႀကီး၊ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး၊ မႏၲေလး တိုင္းေဒသႀကီး အမ်ိဳးသမီးေရးရာအဖြဲ႕၊ ျပင္ဦးလြင္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးတို႔ထံ တိုင္ၾကားစာေပးပို႔ထားေၾကာင္းလည္း ေဒါက္တာေက်ာ္သန္းထြန္းက ေျပာၾကားခဲ့သည္။

Credit:ထြန္း(ေနျပည္ေတာ္)

 

UniCodeဖြင့်ဖတ်ရန်

စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးကြည်သက်မောင် အမျိုးသမီးတဦးကို ကာမလိမ်လည်ပြီး တိမ်းရှောင်နေကြောင်း

စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်သည် အမျိုးသမီးတဦးကို ကာမလိမ်လည်ပြီး တိမ်းရှောင်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၃)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သန်းထွန်း ပြောကြားသည်။

မေ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ဆုံ၍ ဒေါက်တာကျော်သန်းထွန်းက ယင်းသို့ ရှင်းလင်းပြောကြားခဲ့သည်။

“သူ့မှာ အိမ်ထောင်ရှိပါတယ်။ ဒီကလေးမလေးကို အင်ဂျင်နီယာလို့ပြောပြီး လိမ်လည်ပြီး ကာမယူတယ်။ ကိုယ်ဝန်ရှိလာတော့ ကိုယ်ဝန်ကို ဖျက်ဆီးတယ်။ ကိုယ်ဝန်က မပျက်စီးဘူးပေါ့။ ဒီကိစ္စ ဆရာ့ဆီကို တက်လာတယ်။ ဆရာက အမျိုးသမီးရေးရာအဖွဲ့ကို လှမ်းအကြောင်းကြားတယ်။ ဒေါ်သန္တာဖုန်းဝင်းဆီကို အကြောင်းကြားပေးပါတယ်။ အမျိုးသမီးရေးရာက ဒီကိစ္စကို ကိုင်တွယ်ပါတယ်။ အမှတ်(၁)ရဲစခန်းကို ဒေါ်သန္တာဖုန်းဝင်းက မေးတဲ့အခါမှာ အမှတ်(၁)ရဲစခန်းက ဥပဒေရှာနေဆဲလို့ ပြောတယ်”ဟု ဒေါက်တာကျော်သန်းထွန်းက ပြောကြားသည်။

အဆိုပါ အမျိုးသမီးမှာ မြစ်ကြီးနားမြို့ခံဖြစ်ပြီး ၂၀၁၇ ဇွန်လက အလုပ်အကိုင်ရှာဖွေရန် မန္တလေးသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ မန္တလေးရောက်ပြီး တပတ်ခန့်အကြာတွင် ဦးကြည်သက်မောင်နှင့်တွေ့ပြီး ဦးကြည်သက်မောင်မှ ၎င်းမှာ လူပျိုလူလွတ်၊ အင်ဂျင်နီယာတဦးဖြစ်ကြောင်း မ— ယုံကြည်အောင် လှည့်ဖျား၍ ချစ်ရေးဆိုခဲ့ကြောင်း၊ နှစ်ဦးသဘောတူချစ်ကြိုက်ပြီး ကြိမ်ဖန်များစွာ အတူနေခဲ့ကြကြောင်း၊ ၂၀၁၈ ဖေဖော်ဝါရီလတွင် မန္တလေး၊ အောင်မြေသာစံနယ်မြေ အမှတ်(၁) ရဲစခန်း၌ တလင်တမယားကျင့်ဝတ်ဆိုင်ရာ ဥပဒေပုဒ်မ (၁၇) ဖြင့် အမှုဖွင့်တိုင်တန်းခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

အမျိုးသမီး၏ကိုယ်ဝန်မှာ (၁၀) လခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ရဲစခန်းက ဥပဒေရှာတယ်ဆိုတဲ့အနေအထားက စဉ်းစားစရာကောင်းတဲ့ အဓိပ္ပာယ်တမျိုးဖြစ်နေပါတယ်။ ဖမ်းဆီးအရေးယူခြင်း မရှိဘူး။ ဒီပုဂ္ဂိုလ်က နဂိုက စဉ့်ကူးက ထွေအုပ် ဦးကြည်သက်မောင် ဖြစ်ပါတယ်။ လက်ရှိမှာ စဉ့်ကူးမပြန်ဘဲနဲ့ ဘယ်ရောက်နေတယ်ဆိုတာ သေချာစွာ မသိရပါဘူး။ တချို့ပြောတာကတော့ မန္တလေးကို ခေါ်ထားတယ် ပြောပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၁၄.၅.၂၀၁၈ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြားစာပေးပို့ထားကြောင်းလည်း ဒေါက်တာကျော်သန်းထွန်းက ပြောကြားခဲ့သည်။

Credit:ထွန်း(နေပြည်တော်)