ZawGyiျဖင့္ဖတ္ရန္

ကေလးမိခင္တစ္ဦးဟာ သားျဖစ္သူရဲ႕ မ်က္ႏွာေပၚက ေမြးရာပါအမွတ္ၾကီးအတိုင္း လိုက္လံတုပၿပီး မ်က္ႏွာေပၚမွာ မိတ္ကပ္ျခယ္မႈန္းခဲ့တယ္လို႔ သိရပါတယ္။ သူမရဲ႕ အခုလိုျခယ္သမႈေၾကာင့္ သားျဖစ္သူက သူ႔ရဲ႕ရုပ္ပိုင္းဆိုင္ရာဟာ မိခင္နဲ႔တူတယ္ဆိုၿပီး ဂုဏ္ယူေစခ်င္တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာျပပါတယ္။

 

အသက္(၁)ႏွစ္အရြယ္ အန္ဇိုဆက္တာရီဟာ ေမြးကင္းစကတည္းက သူ႔ရဲ႕နဖူးေနရာမွာ အမဲေရာင္္အမွတ္ၾကီးတစ္ခုဟာ ႏွာေခါင္းအထိ ေတာက္ေလွ်ာက္ျဖတ္ဆင္းၿပီး ပါလာတာျဖစ္ပါတယ္။ အန္ဇိုရဲ႕မိခင္ကေတာ့ ဘရာဇီးႏိုင္ငံဖြား အသက္(၂၆)အရြယ္ ကယ္ရိုလိုင္းနားဆိုသူ ျဖစ္ပါတယ္။

ကယ္ရိုလိုင္းနားဟာ သူငယ္ခ်င္းမိတ္ကပ္ပညာရွင္ တစ္ေယာက္ကိုေခၚၿပီး အန္ဇိုရဲ႕မ်က္ႏွာေပၚက အမွတ္အတိုင္း သူမမ်က္ႏွာေပၚမွာ ျခယ္သေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ ကယ္ရိုလိုင္းနားဟာ သူမရဲ႕အမွတ္ၾကီးနဲ႔ ပတ္သက္ၿပီး လူေတြရဲ႕ ထင္ျမင္ခ်က္ကို ပိုၿပီးနားလည္ႏိုင္ဖို႔အတြက္ တစ္ေန႔တာလံုး မိတ္ကပ္လိမ္းျခယ္ခဲ့ၿပီး ယင္းမိတ္ကပ္နဲ႔ပဲ ရံုးသြားခဲ့ပါတယ္။

 

ကယ္ရုိလိုင္းနား က “တစ္ခါတစ္ေလမွာ လူ႔အဖြဲ႔အစည္းက အမွတ္ၾကီးနဲ႔ကြ်န္မရဲ႕သားကိုသနားစရာ၊ ထိတ္လန္႔ေၾကာက္ရြံ႕စရာအျဖစ္ ျမင္ၾကမွာပါ။ ကေလးအေနနဲ႔ ဒါကိုလက္သင့္ခံႏိုင္ဖို႔က မလြယ္ကူေပမယ့္ ကြ်န္မနဲ႔ ကြ်န္္မအမ်ိဳးသားႏွစ္ဦးစလံုးက ကေလးကို သူ႔ရုပ္ရည္အတြက္ သူေက်နပ္လက္ခံႏိုင္ဖို႔ပဲ ေမွ်ာ္လင့္မိပါတယ္။”

“မိတ္ကပ္ ကေတာ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အကူအညီနဲ႔ေပါ့။ ကေလးမ်က္ႏွာက အမွတ္အတိုင္း တစ္ေထရာတည္းတူေအာင္ ျခယ္ေပးပါလို႔ အကူအညီေတာင္းရတာေပါ့။ မိတ္ကပ္ လည္းၿပီးသြားေရာ ကိုယ့္ကိုကိုယ္ အလွဆံုးလို႔ ထင္မိတယ္။” လို႔ဆိုပါတယ္။

ဒါ့အျပင္ အန္ဇို ဟာ သူ႔အေမ မ်က္ႏွာ မွာ ျခယ္သထားတဲ့ မိတ္ကပ္အမွတ္ၾကီးကို ျမင္တဲ့အခါ သေဘာက်ေနခဲ့ၿပီး နားမလည္ေပမယ့္ ေပ်ာ္ရႊင္ေနပံုရတယ္လို႔ ကယ္ရိုလိုင္းနားက ျပန္လည္ေျပာျပပါတယ္။ အန္ဇိုကို (၂၀၁၇)ေမလတုန္းက ခ်က္ၾကိဳးဟာ ႏွစ္ပတ္တိတိ လည္ပင္းကို ပတ္ေနတာေၾကာင့္ ခြဲေမြးခဲ့ရတာျဖစ္ပါတယ္။ အစပိုင္း ကေလးေမြးတုန္းက အန္ဇိုရဲ႕မ်က္ႏွာမွာရွိတဲ့ အမဲေရာင္ေတြဟာ အညစ္အေၾကးေတြလို႔ ထင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာမွ အမွတ္ၾကီးျဖစ္ေနမွန္း သိခဲ့ရပါတယ္။ ဒါေပမယ့္ ကေလး ဟာ က်န္းမာၿပီး ေရာဂါ ကင္းတာေၾကာင့္ ေပ်ာ္ရႊင္ခဲ့ရေၾကာင္း ကယ္ရုိလိုင္းနားက ျပန္လည္ေျပာျပခဲ့ပါတယ္။

Credit:လင္းလင္း (ShweMom)

 

UniCodeဖြင့်ဖတ်ရန်

သားဖြစ်သူရဲ့ မွေးရာပါ အမှတ်ကြီးအတိုင်း မျက်နှာမှာ လိုက်လံခြယ်သခဲ့တဲ့ မိခင်

ကလေးမိခင်တစ်ဦးဟာ သားဖြစ်သူရဲ့ မျက်နှာပေါ်က မွေးရာပါအမှတ်ကြီးအတိုင်း လိုက်လံတုပပြီး မျက်နှာပေါ်မှာ မိတ်ကပ်ခြယ်မှုန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ အခုလိုခြယ်သမှုကြောင့် သားဖြစ်သူက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဟာ မိခင်နဲ့တူတယ်ဆိုပြီး ဂုဏ်ယူစေချင်တာကြောင့် ဖြစ်တယ်လို့ ပြောပြပါတယ်။

အသက်(၁)နှစ်အရွယ် အန်ဇိုဆက်တာရီဟာ မွေးကင်းစကတည်းက သူ့ရဲ့နဖူးနေရာမှာ အမဲရောင်အမှတ်ကြီးတစ်ခုဟာ နှာခေါင်းအထိ တောက်လျှောက်ဖြတ်ဆင်းပြီး ပါလာတာဖြစ်ပါတယ်။ အန်ဇိုရဲ့မိခင်ကတော့ ဘရာဇီးနိုင်ငံဖွား အသက်(၂၆)အရွယ် ကယ်ရိုလိုင်းနားဆိုသူ ဖြစ်ပါတယ်။

ကယ်ရိုလိုင်းနားဟာ သူငယ်ချင်းမိတ်ကပ်ပညာရှင် တစ်ယောက်ကိုခေါ်ပြီး အန်ဇိုရဲ့မျက်နှာပေါ်က အမှတ်အတိုင်း သူမမျက်နှာပေါ်မှာ ခြယ်သပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကယ်ရိုလိုင်းနားဟာ သူမရဲ့အမှတ်ကြီးနဲ့ ပတ်သက်ပြီး လူတွေရဲ့ ထင်မြင်ချက်ကို ပိုပြီးနားလည်နိုင်ဖို့အတွက် တစ်နေ့တာလုံး မိတ်ကပ်လိမ်းခြယ်ခဲ့ပြီး ယင်းမိတ်ကပ်နဲ့ပဲ ရုံးသွားခဲ့ပါတယ်။

ကယ်ရိုလိုင်းနားက “တစ်ခါတစ်လေမှာ လူ့အဖွဲ့အစည်းက အမှတ်ကြီးနဲ့ကျွန်မရဲ့သားကိုသနားစရာ၊ ထိတ်လန့်ကြောက်ရွံ့စရာအဖြစ် မြင်ကြမှာပါ။ ကလေးအနေနဲ့ ဒါကိုလက်သင့်ခံနိုင်ဖို့က မလွယ်ကူပေမယ့် ကျွန်မနဲ့ ကျွန်မအမျိုးသားနှစ်ဦးစလုံးက ကလေးကို သူ့ရုပ်ရည်အတွက် သူကျေနပ်လက်ခံနိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။”

“မိတ်ကပ်ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ ကလေးမျက်နှာက အမှတ်အတိုင်း တစ်ထေရာတည်းတူအောင် ခြယ်ပေးပါလို့ အကူအညီတောင်းရတာပေါ့။ မိတ်ကပ်လည်းပြီးသွားရော ကိုယ့်ကိုကိုယ် အလှဆုံးလို့ ထင်မိတယ်။” လို့ဆိုပါတယ်။

ဒါ့အပြင် အန်ဇိုဟာ သူ့အမေမျက်နှာမှာ ခြယ်သထားတဲ့ မိတ်ကပ်အမှတ်ကြီးကို မြင်တဲ့အခါ သဘောကျနေခဲ့ပြီး နားမလည်ပေမယ့် ပျော်ရွှင်နေပုံရတယ်လို့ ကယ်ရိုလိုင်းနားက ပြန်လည်ပြောပြပါတယ်။ အန်ဇိုကို (၂၀၁၇)မေလတုန်းက ချက်ကြိုးဟာ နှစ်ပတ်တိတိ လည်ပင်းကို ပတ်နေတာကြောင့် ခွဲမွေးခဲ့ရတာဖြစ်ပါတယ်။ အစပိုင်း ကလေးမွေးတုန်းက အန်ဇိုရဲ့မျက်နှာမှာရှိတဲ့ အမဲရောင်တွေဟာ အညစ်အကြေးတွေလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာမှ အမှတ်ကြီးဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒါပေမယ့် ကလေးဟာ ကျန်းမာပြီး ရောဂါကင်းတာကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ကယ်ရိုလိုင်းနားက ပြန်လည်ပြောပြခဲ့ပါတယ်။

Credit:လင်းလင်း (ShweMom)