ZawGyiဖြင့်ဖတ်ရန်


 




 

 



 

 


Credit:Moekalay

Source;nay chi oo’ s facebook

 

UniCodeဖြင့်ဖတ်ရန်

သမက်လောင်းမှာ ရှိသင့်တဲ့အရည်အချင်းတွေကို သတ်မှတ်ပေးလိုက်တဲ့ နေခြည်ဦးရဲ့ဖခင်

မျက်နှာချိုချိုလေးနဲ့ အမြဲတမ်း သွက်သွက်လက်လက်သူမရဲ့ ချစ်စရာအမူအရာလေးကြောင့် ပရိသတ်တွေစိတ်ဝင်စားခြင်းခံနေရသူလေးကတော့ Beauty Blogger နေခြည်ဦးပဲ ဖြစ်ပါတယ်။ Beauty Blogger လောကမှာ နာမည်ကြီး သူလေး နေခြည်ဦးက အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေပါ ရိုက်ကူးလာတာပဲဖြစ်ပါတယ်။ အခုတခာမှာတော့ နေခြည်ဦးက သူမဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးသူမဖခင်ရဲ့သဘောထားကိုရေးထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးအတွက် နေခြည်ဦးရဲ့ ပုံရိပ်လေးနဲ့ သူမရဲ့ အချစ်ရေး အကြောင်းကို ဖော်ပြပေးလိုက်တယ်နော်။
နေခြည်က သူမရဲ့ ချစ်သူနဲ့ တရားဝင်ပြတ်စဲ ပြီးတည်းက သူမအချစ်ရေးကငြိမ်သက်နေတာပဲဖြစ်ပါတယ်။ ဒီနေမှာတော့ သူမရဲ့အဖေက သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးပြောပုံလေးကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားတာပဲဖြစ်ပါတယ်။နေခြည်ဦးရေးထားတာကတော့ “အဖေ့လောက် ချစ်တတ်တဲ့ ယောက်ျားတွေ့မှ အဖေ့ရှေ့ကို ခေါ်လာပြပါ တဲ့ ” ဆိုပြီး အဖေတစ်ယောက်က သူ့ရဲ့သမီးလေးကို စိုးရိမ်ပူပင် ပြီးသူတန်ဖိုးထားချစ်မြတ်နိုးရတဲ့ သမီးလေးအတွက် သူ့လိုမျိုး နေခြည် အပေါ်တန်ဖိုးထားမြတ်နိုးတဲ့သူတွေ့မှ သူ့ဆီခေါ်လာပြပါလို့ ပြောတာပဲဖြစ်ပါတယ်။

နေခြည်ဦးတို့ရဲ့မိသားစု ပုံရိပ်လေး

နေခြည်ဦးတို့ရဲ့မိသားစု ပုံရိပ်လေး
နေခြည်ဦးကတော့ သူမအဖေရဲ့သဘောထားကို စနောက်ပြီး “ချုပ်ချက် ချုပ်ချက် #အပျိုကြီးဇာတာ” ဆိုပြီး ပြောထားပါသေးတယ်။

မြန်မာဝတ်စုံလေးနဲ့လှနေတဲ့နေခြည်ဦး

မြန်မာဝတ်စုံလေးနဲ့လှနေတဲ့နေခြည်ဦး

သူများနဲ့မတူတဲ့ နေခြည်ရဲ့ စတိုင်

Beauty Blogger နေခြည်ဦးရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေနဲ့သူမတို့မိသားစု ပုံရိပ်တချို့ကို သိရလို့မိုမိုလေးပရိသတ်ကြီးလည်းကျေနပ်လိမ့်မယ်ထင်ပါတယ်။ မိုမိုလေးပရိသတ်ကြီး ကလည်း နေခြည်ဦးရဲ့နောက်ထွက်လာမယ့် ရုပ်ရှင်ဇာတ်ကားတွေနဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။

Credit:Moekalay