Zawgyi ျဖင့္ဖတ္ရန္

မ်က္ခုံးေမႊး ဆိုတာလည္း သပ္သပ္ရပ္ရပ္ဆြဲႏိုင္မွ ေကာင္းမြန္တဲ့မိတ္ကပ္ျပင္ဆင္မႈမ်ိဳးကို ရရွိမွာေပါ့။ မ်က္ခုံးေမႊး ရွိတဲ့သူေတြလည္း မ်က္ခုံးေမႊးေလးထပ္ၿပီးဆြဲေပးမွ ၿပီးျပည့္စုံတဲ့ full Makeup မ်ိဳးကိုရရွိမွာေပါ့။ ၿပီးျပည့္စုံလြန္းတဲ့ မိတ္ကပ္ျပင္ဆင္မႈကို ရရွိဖို႔ဆိုတာကလည္း မ်က္ခုံးေမႊးကိုသပ္သပ္ရပ္ရပ္ဆြဲတတ္ဖို႔က အေရးႀကီးတာေပါ့။ ဒါေၾကာင့္ မ်က္ခုံးေမႊးကိုသပ္သပ္ရပ္ရပ္ဆြဲတတ္လာဖို႔ အလြယ္ကူဆုံး နည္းလမ္း ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

 

သင္ မ်က္ႏွာ နဲ႔လိုက္ဖက္တဲ့ မ်က္ခုံးေမႊးမ်ိဳးကိုရရွိဖို႔ဆိုရင္ မ်က္ခုံးေမႊးဆြဲတဲ့အခါမွာ ေအာက္နားကေနအရင္စၿပီး ပုံေဖာ္ၿပီးဆြဲေပးဖို႔ လိုပါတယ္။ မ်က္ခုံးေအာက္နားနဲ႔ ေပၚေနရာနားကို အရင္ေဘာင္ကြပ္သလိုမ်ိဳး ပုံအရင္ေဖာ္ေပးတာက ပိုလြယ္ကူၿပီး ပိုၿပီးလည္းသပ္ရပ္မႈရွိပါတယ္။

 

 

မ်က္ခုံးေမႊး ဆြဲတဲ့အခါမွာ မွန္ ကိုအနီးကပ္ထားၿပီးဆြဲတတ္ၾကပါတယ္။ တစ္ဖက္ကိုဆြဲၿပီးသြားလို႔ ေနာက္တစ္ဖက္ကိုဆြဲေတာ့မယ္ဆိုရင္ ေသခ်ာခ်ိန္ညႇိၿပီး တစ္ျခားတစ္ဖက္တဲ့တူေအာင္လိုက္ညႇီၿပီး ဆြဲတတ္ဖို႔လိုပါတယ္။ တစ္ဖက္ထဲကိုၾကည့္ၿပီးပဲ ဆြဲေနမယ္ဆိုရင္ မ်က္ခုံး တစ္ဖက္နဲ႔တစ္ဖက္က မတူညီပဲ ပိုၿပီးၾကည့္ရဆိုးေနေစပါတယ္ေနာ္။

 

မ်က္ခုံးေမႊးစၿပီးဆြဲေတာ့မယ္ဆိုရင္ မ်က္ခုံးေမႊးေတြကို ေသသပ္မႈရွိေအာင္ အရင္ဆုံးဖီးၿပီးရွင္းလင္းေပးလိုက္မွလည္း ဆြဲရတာပိုလြယ္ကူမႈရွိၿပီး လွပေနမွာပဲျဖစ္ပါတယ္။ မ်က္ခုံးေမႊးကို ခဏခဏရိတ္ပစ္တာမ်ိဳးေတြကလည္း သင့္ရဲ႕ပင္ကိုယ္မ်က္ခုံးေမႊးပုံစံကို ေပ်ာက္ကြယ္သြားေစႏိုင္ပါတယ္။

 

မ်က္ခုံးေမႊးအကြာအေဝးကိုလည္း ခ်ိန္တတ္ဖို႔လိုပါတယ္။ မ်က္ခုံးေမႊးဆြဲလိုက္တယ္ဆိုေပမယ့္လည္း သဘာဝဆန္တဲ့မ်က္ခုံးေမႊးပုံစံကို ေပ်ာက္ၿပီးဆြဲတာမ်ိဳးေတြက ဘယ္ေလာက္ပဲ သပ္ရပ္ေနပါေစ ၾကည့္မေကာင္းပါဘူးေနာ္။ မ်က္ခုံးေမႊးတစ္ခုနဲ႔ တစ္ခုအကြာအေဝးကလည္း အရမ္းလည္းမေဝး၊ အရမ္းလည္းမနီးလြန္းတာမ်ိဳးဆိုရင္ ပိုၿပီးေတာ့အဆင္ေျပေစမွာပါ။

မ်က္ခုံးေမႊးဆြဲတယ္ဆိုတာကလည္း လြယ္မလိုနဲ႔ခက္ခဲမႈေတြရွိႏိုင္တာေၾကာင့္ ေသေသသပ္သပ္မဆြဲႏိုင္ရင္ သင့္ကိုပိုၿပီးၾကည့္ရဆိုးေစႏိုင္တာေၾကာင့္ အခ်ိန္ေပးၿပီးေတာ့ ေသခ်ာဆြဲတတ္ေအာင္လုပ္ဖို႔ အေရးႀကီးပါတယ္ေနာ္။

Credit :we

Unicode ဖြင့်ဖတ်ရန်

မျက်ခုံးမွှေးကိုသပ်သပ်ရပ်ရပ်ဆွဲချင်သူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းကောင်းများ

မျက်ခုံးမွှေးဆိုတာလည်း သပ်သပ်ရပ်ရပ်ဆွဲနိုင်မှ ကောင်းမွန်တဲ့မိတ်ကပ်ပြင်ဆင်မှုမျိုးကို ရရှိမှာပေါ့။ မျက်ခုံးမွှေးရှိတဲ့သူတွေလည်း မျက်ခုံးမွှေးလေးထပ်ပြီးဆွဲပေးမှ ပြီးပြည့်စုံတဲ့ full Makeup မျိုးကိုရရှိမှာပေါ့။ ပြီးပြည့်စုံလွန်းတဲ့ မိတ်ကပ်ပြင်ဆင်မှုကို ရရှိဖို့ဆိုတာကလည်း မျက်ခုံးမွှေးကိုသပ်သပ်ရပ်ရပ်ဆွဲတတ်ဖို့က အရေးကြီးတာပေါ့။ ဒါကြောင့် မျက်ခုံးမွှေးကိုသပ်သပ်ရပ်ရပ်ဆွဲတတ်လာဖို့ အလွယ်ကူဆုံး နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

သင်မျက်နှာနဲ့လိုက်ဖက်တဲ့ မျက်ခုံးမွှေးမျိုးကိုရရှိဖို့ဆိုရင် မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အောက်နားကနေအရင်စပြီး ပုံဖော်ပြီးဆွဲပေးဖို့ လိုပါတယ်။ မျက်ခုံးအောက်နားနဲ့ ပေါ်နေရာနားကို အရင်ဘောင်ကွပ်သလိုမျိုး ပုံအရင်ဖော်ပေးတာက ပိုလွယ်ကူပြီး ပိုပြီးလည်းသပ်ရပ်မှုရှိပါတယ်။

 

 

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ မှန်ကိုအနီးကပ်ထားပြီးဆွဲတတ်ကြပါတယ်။ တစ်ဖက်ကိုဆွဲပြီးသွားလို့ နောက်တစ်ဖက်ကိုဆွဲတော့မယ်ဆိုရင် သေချာချိန်ညှိပြီး တစ်ခြားတစ်ဖက်တဲ့တူအောင်လိုက်ညှီပြီး ဆွဲတတ်ဖို့လိုပါတယ်။ တစ်ဖက်ထဲကိုကြည့်ပြီးပဲ ဆွဲနေမယ်ဆိုရင် မျက်ခုံးတစ်ဖက်နဲ့တစ်ဖက်က မတူညီပဲ ပိုပြီးကြည့်ရဆိုးနေစေပါတယ်နော်။

 

မျက်ခုံးမွှေးစပြီးဆွဲတော့မယ်ဆိုရင် မျက်ခုံးမွှေးတွေကို သေသပ်မှုရှိအောင် အရင်ဆုံးဖီးပြီးရှင်းလင်းပေးလိုက်မှလည်း ဆွဲရတာပိုလွယ်ကူမှုရှိပြီး လှပနေမှာပဲဖြစ်ပါတယ်။ မျက်ခုံးမွှေးကို ခဏခဏရိတ်ပစ်တာမျိုးတွေကလည်း သင့်ရဲ့ပင်ကိုယ်မျက်ခုံးမွှေးပုံစံကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။

 

မျက်ခုံးမွှေးအကွာအဝေးကိုလည်း ချိန်တတ်ဖို့လိုပါတယ်။ မျက်ခုံးမွှေးဆွဲလိုက်တယ်ဆိုပေမယ့်လည်း သဘာဝဆန်တဲ့မျက်ခုံးမွှေးပုံစံကို ပျောက်ပြီးဆွဲတာမျိုးတွေက ဘယ်လောက်ပဲ သပ်ရပ်နေပါစေ ကြည့်မကောင်းပါဘူးနော်။ မျက်ခုံးမွှေးတစ်ခုနဲ့ တစ်ခုအကွာအဝေးကလည်း အရမ်းလည်းမဝေး၊ အရမ်းလည်းမနီးလွန်းတာမျိုးဆိုရင် ပိုပြီးတော့အဆင်ပြေစေမှာပါ။

မျက်ခုံးမွှေးဆွဲတယ်ဆိုတာကလည်း လွယ်မလိုနဲ့ခက်ခဲမှုတွေရှိနိုင်တာကြောင့် သေသေသပ်သပ်မဆွဲနိုင်ရင် သင့်ကိုပိုပြီးကြည့်ရဆိုးစေနိုင်တာကြောင့် အချိန်ပေးပြီးတော့ သေချာဆွဲတတ်အောင်လုပ်ဖို့ အရေးကြီးပါတယ်နော်။

Credit :we