ZawGyiျဖင့္ဖတ္ရန္

 

ျမန္မာႏိုင္ငံ ဟာ လူဦးေရ သန္း ၅၀ ေက်ာ္ ရွိၿပီး ၇၀ ရာခိုင္ႏႈန္းဟာ အေျခခံလူတန္းစားေတြျဖစ္တဲ့ အတြက္ ရပ္ကြက္ေဈးတန္း၊ လမ္းေဈးတန္း၊ ႐ြာေဈးတန္းေတြမွာပဲ အမ်ားစုဟာ ဝယ္ယူစားသုံး ေနၾကရပါတယ္။ ေငြေၾကးခ်မ္းသာတဲ့လူနည္းစုေလာက္သာShopping Mall ေတြ၊ Mart ေတြမွာ ဝယ္ယူစားသုံးၾကတာပါ။

ဒီလိုခမ္းနားႀကီးက်ယ္တဲ့ ေဈးဆိုင္ႀကီးေတြမွာေတာ့ ေရာင္းခ်တဲ့ ပစၥည္းေတြဟာ သာမန္ေဈး ကထက္ ပိုမိုေဈးႀကီးသလို မွတ္ပုံတင္ၿပီးမွ ေဈးကြက္တင္ၾကတာျဖစ္လို႔ ပစၥည္းအရည္အေသြးနဲ႔ ေဘး အႏၲရာယ္ ကင္းရွင္းမႈမွာ စိတ္ခ်ရပါတယ္။ ေန႔စဥ္အိမ္ရွင္မအမ်ားစု အားထားဝယ္ယူရတဲ့ ေဈးတန္းေတြက အစားအ ေသာက္ေတြကေတာ့ ေဈးသက္သာေပမယ့္ က်န္းမာေရးအတြက္ မစိစစ္ႏိုင္ရင္ အႏၲရာယ္ရွိတဲ့ ေရာင္းကုန္ေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ WHO ရဲ႕ အၫႊန္းကိန္း အရ ျမန္မာႏိုင္ငံ မွာ အျဖစ္အမ်ားဆုံးေရာဂါဟာ ကင္ဆာေရာဂါျဖစ္ၿပီး ဒုတိယ အျဖစ္ အမ်ားဆုံးေရာဂါဟာ အသည္း ေရာဂါျဖစ္ပါတယ္။ တရားဝင္ ထုတ္ျပန္ထားတဲ့ စာရင္းမ်ားအရ ျမန္မာႏိုင္ငံမွာ ကင္ဆာေရာဂါ ျဖစ္ပြားမႈႏႈန္းဟာ ကမာၻ႔ႏိုင္ငံ ၁၉၆ ႏိုင္ငံအနက္ ဒုတိယေနရာမွာ ရွိေနသလို အသည္းေရာဂါျဖစ္ပြားမႈႏႈန္း ထားဟာ အဆင့္ ၁၈ ေနရာမွာ ရွိေနပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀ က ျမန္မာလူမ်ိဳးေတြရဲ႕ သက္တမ္းဟာ ႏွစ္ ၈၀ တစ္ဝိုက္မွာ ရွိေပမယ့္ လက္ရွိကေတာ့ ၆၀ နဲ႔ ၇၀ ၾကားကို က်သြားခဲ့ၿပီျဖစ္ပါ တယ္။

ျမန္မာလူမ်ိဳးေတြရဲ႕ က်န္းမာ ေရးအဆင့္အတန္း နိမ့္က်လာရ ျခင္းဟာ တိုင္းျပည္ဆင္းရဲမႈက အဓိကက်ေပမယ့္ စားေသာက္ေနထိုင္မႈပုံစံေၾကာင့္ က်ဆင္းလာတာလည္း ပါပါတယ္။ ျမန္မာလူမ်ိဳး ေတြရဲ႕ ေန႔စဥ္အစားအစာထဲမွာ မျဖစ္မေနသုံးရတဲ့ ဆီ၊ ဆား၊ အေရာင္ေတြဆိုးထားတဲ့ အေရာင္တင္မႈန႔္၊ မႈိေတြ ေရာႁပြမ္းေနတဲ့ င႐ုတ္သီးမႈန႔္ စတာေတြပါပါ တယ္။ ဒီအရာေတြဟာ အသည္း ကိုအဓိက ထိခိုက္ေစသလို ဆက္စပ္ေနတဲ့ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ ေက်ာက္ ကပ္ေရာဂါေတြ လည္း ျဖစ္တတ္ ပါတယ္။

ျမန္မာလူမ်ိဳးေတြ ေန႔စဥ္ ခ်က္ျပဳတ္ေနတဲ့ ဟင္း ခ်က္ စရာထဲမွာ Dying လို႔ေခၚတဲ့ ဆိုးေဆးေတြနဲ႔ မကင္းလြတ္ပါဘူး။ မယုံရင္ ရပ္ကြက္ေဈးတန္း ကို တစ္ေခါက္ေလာက္ ေလွ်ာက္ၾကည့္ၿပီးေလ့လာေစ ခ်င္ပါတယ္။ မွ်စ္သည္ေတြဆိုရင္ မွ်စ္ေတြ အ ေရာင္အဆင္းလွဖို႔အတြက္ အနီေရာင္ ဆိုးေဆးကို သုံးပါတယ္။ ငါးပိသည္ဆိုရင္လည္း ငါးပိအေရာင္ လွပဖို႔အတြက္ ဆိုးေဆးကို သုံးပါတယ္။

အေရာင္တင္မႈန႔္ကေတာ့ အထူးေျပာစရာမလိုေတာ့ပါဘူး။ ငါးသည္၊ ပုစြန္သည္ေတြေတာင္ ဆိုးေဆးလက္မလႊတ္ပါ ဘူး။ ပုစြန္ေတြ လတ္ဆတ္တယ္လို႔ ဝယ္သူေတြ အထင္မွားေစရန္ အတြက္ စိမ္းဖန႔္ဖန႔္အေရာင္ေတြ ဆိုးသလို ငါးပုဏၰား ငါးကိုလည္းအဝါေရာင္ ဆိုးေဆးေတြ ဆိုးေလ့ရွိပါတယ္။ ငါးေျခာက္ေတြ၊ ငါးပိေကာင္ေတြဆိုရင္ လည္း ယင္မနားေစဖို႔အတြက္ ဓာတုပိုးသတ္ေဆးေတြ ဖ်န္းၿပီး ထုတ္လုပ္ေနတာကို ဘယ္အဖြဲ႕ အစည္းကမွ တားျမစ္ျခင္း မရွိ ပါဘူး။

ငါးေျခာက္ေတြ ထုတ္လုပ္တဲ့ေနရာမွာ ယင္မနားေအာင္ ဓာတု ပိုးသတ္ေဆး အသုံးျပဳမႈ ကို ထိုင္းႏိုင္ငံကလည္း လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က လုပ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အစိုးရကသိေတာ့ ပိုးသတ္ေဆးအသုံးမျပဳဖို႔ သတိေပးပါတယ္။ ထုတ္လုပ္သူေတြက ဒီ သတိေပးခ်က္ကို မလိုက္နာတဲ့ အတြက္ စားသုံးသူအခြင့္အေရး ကာကြယ္မႈ ဥပေဒအျပင္ အျခား ဥပေဒပုဒ္မေတြနဲ႔ စစ္ဆင္ေရး သဖြယ္ျပဳလုပ္ၿပီး ေထာင္ဒဏ္ ႏွစ္ရွည္ ခ်မွတ္မႈေတြ လုပ္ခဲ့ရပါတယ္။ ဥပေဒအရ ထိထိ ေရာက္ေရာက္ အေရးယူလိုက္မွ ထိုင္းႏိုင္ငံမွာ ဓာတုပိုးသတ္ေဆး သုံးစြဲမႈ ရပ္တန႔္သြားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ေဈးေတြ ထဲမွာ ေန႔စဥ္ေရာင္းဝယ္ေဖာက္ကားေနတဲ့ ငွက္ေပ်ာ္သီးေတြ၊ သေဘၤာသီးေတြ ဆိုရင္လည္း ဓာတုေဆးရည္ေတြနဲ႔ မကင္းလြတ္ပါဘူး။ အပင္ကခူးၿပီး ေဈးကြက္တင္ပို႔ရာမွာ အေရာင္လွၿပီး အမွည့္ျမန္ေစဖို႔အတြက္ တို႔ေဆး လို႔ေခၚတဲ့ ဓာတုေဆးရည္တစ္မ်ိဳး ကို အသီးေတြေပၚမွာ တို႔ပါတယ္။ ဒါေၾကာင့္ သဘာဝအတိုင္း မ ဟုတ္ဘဲ မွည့္လာတဲ့အသီးအႏွံ ေတြကို စားသုံးေနၾကရတာ ျဖစ္ပါတယ္။

အစိုးရသစ္လက္ထက္မွာ FDA လို႔ ေခၚတဲ့ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနက ေဈးေတြ၊ ေက်ာင္း မုန႔္ေဈးတန္းေတြကို မၾကခဏ စစ္ေဆးအေရးယူတာေတြေတာ့ ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။ ဒါ ေပမဲ့ ရန္ကုန္နဲ႔ မန္ၱေလးၿမိဳ႕ႀကီး ေတြမွာသာ ေဆာင္႐ြက္တာေတြ႕ ၿပီး တစ္ႏိုင္လုံးအတိုင္းအတာ အေနနဲ႔ေတာ့ ေဆာင္႐ြက္ႏိုင္ျခင္း မ်ိဳးမရွိေသးပါဘူး။

မနက္တိုင္း ျမန္မာလူမ်ိဳးေတြ စားတတ္တဲ့ လက္ဖက္ရည္ထဲမွာလည္း ဆိုး ေဆးသုံးတဲ့ လက္ဖက္ေျခာက္ကို အသုံးျပဳေလ့ရွိသလို လက္ဖက္ရည္နဲ႔ တြဲဖက္စားသုံးရတဲ့ အီၾကာေကြးကိုလည္း ပိုၿပီးႀကီးေအာင္၊ ပြေအာင္ အမိုးနီးယားေတြထည့္ၿပီး ေၾကာ္တာမ်ိဳးေတြ လုပ္လာၾကပါတယ္။ ဒါေတြကို ေရရွည္စားသုံးရင္ေတာ့ ကင္ဆာ ေရာဂါျဖစ္ႏိုင္ေျခရွိပါတယ္။ ဒါ့ အျပင္ မုန႔္ဟင္းခါးဖတ္ေတြ၊ ေခါက္ဆြဲဖတ္ေတြ၊ ပဲျပားေတြ မွာလည္း ေဖာ္မလင္ ထည့္သြင္း အသုံးျပဳတာေတြကို ေနရာတိုင္း မွာ ေတြ႕ႏိုင္ပါတယ္။ ထိထိ ေရာက္ေရာက္ အေရးယူမယ္ဆို ရင္ေတာ့ မုန႔္ဖတ္ဖိုေတြကို စစ္ေဆးအေရးယူရမွာျဖစ္ပါတယ္။

ေက်ာင္းမုန႔္ေဈးတန္းေတြမွာ ေရာင္းခ်တဲ့ အခ်ိဳရည္နဲ႔ ယိုစုံ မုန႔္ေတြမွာလည္း ဓာတုပစၥည္း ေတြကို လြန္လြန္ကဲကဲ အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ကမာၻ ေပၚမွာ အစားအေသာက္အတြက္ ဆိုးေဆးအသုံးျပဳခြင့္ ေပးထား ေပမယ့္ Food Powder အျဖစ္ ထုတ္လုပ္တာေတြကိုပဲ သုံးစြဲရမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ Food Powder က ေဈးႀကီး ေနတဲ့အတြက္ အက်ႌေတြ၊ ခ်ည္ ခင္ေတြမွာ ဆိုးတဲ့ ဆိုးေဆးေတြ ကို ဝိသမေလာဘသားေတြက အသုံးျပဳၾကတာ ျဖစ္ပါတယ္။ အ စားအေသာက္ထဲမွာ သုံးခြင့္မျပဳတဲ့ ဓာတုပစၥည္း ေတြျဖစ္တဲ့ Borax (Boric Acid) ၊Sodium Hydrosulphite ၊ Salicylic Acid ၊ Fromalin ေတြကို ရက္ ရက္စက္စက္ သုံးၾကပါတယ္။

ေဖာ္မလင္ကို အမွန္တကယ္ အသုံးျပဳၾကတာက စကၠဴစက္႐ုံ၊ အထည္အလိပ္ စက္႐ုံေတြမွာ ထုတ္လုပ္မႈအတြက္ ျဖစ္ေပမယ့္ စီးပြားေရးသမားေတြက ပဲျပား ေတြ၊ မုန႔္ဖတ္ေတြထဲကို ထည့္ၿပီး အခ်ဥ္မေပါက္ေအာင္၊ ေရာင္းကုန္လွေအာင္ သုံးစြဲလာတာျဖစ္ ပါတယ္။ ေဖာ္မလင္ပါတဲ့ အစားအစာကို ေရရွည္စားသုံးမိမယ္ ဆိုရင္ ျပင္းထန္စြာ ဗိုက္ေအာင့္ျခင္းေတြ၊ သတိလစ္ေမ့ေျမာျခင္း ေတြ ျဖစ္လာၿပီး တျဖည္းျဖည္း ေက်ာက္ကပ္ ပ်က္စီးသြားႏိုင္ပါ တယ္။ ေဖာ္မလင္ကို ကာလရွည္ ၾကာစြာ ရွဴရႈိက္မယ္ဆိုရင္လည္း ကင္ဆာေရာဂါ ျဖစ္ပြားလာပါ လိမ့္မယ္။

ေန႔စဥ္ သတင္းစာေတြထဲမွာ စားသုံးရန္ မသင့္ေသာ ေသာက္ေရသန႔္အမွတ္တံဆိပ္ေတြ၊ ဆိုး ေဆးပါတဲ့ မုန႔္မ်ိဳးစုံေတြ၊ ဟင္းခ်က္ဖို႔အတြက္ ထုတ္လုပ္ထားတဲ့ အမ်ိဳးအမည္ေတြကို ထည့္သြင္း ေဖာ္ျပေလ့ရွိပါတယ္။ ဒါေပမဲ့ လူ ေတြအသက္အႏၲရာယ္ ျဖစ္ပြားမႈ ကို ဂ႐ုမစိုက္ဘဲ ကိုယ့္ပစၥည္း ေရာင္းခ်ရေရး သက္သက္ကိုသာ ၾကည့္တဲ့ ဝိသမေလာဘသား စီး ပြားေရးသမား ေတြကို ထိထိ ေရာက္ေရာက္ သတင္းကိုေတာ့ မေတြ႕ရပါဘူး။

ဒါေၾကာင့္ ဓာတုပစၥည္းေတြအသုံးျပဳၿပီး ထုတ္လုပ္ တဲ့လုပ္ငန္းရွင္ေတြဟာ သူ႔ေရာင္း ကုန္ ပစ္ၥည္း တစ္ခု တားျမစ္ခံရရင္ ေနာက္ထပ္ အမွတ္တံဆိပ္ တစ္ မ်ိဳးနဲ႔ ေဈးကြက္ထဲကို ျပန္လွည့္ ၿပီး သြင္းေလ့ရွိပါတယ္။ သက္ဆိုင္ရာ တာဝန္ရွိတဲ့သူေတြဟာ ပစ္ၥည္းအားလုံးကိုေတာ့ အခ်ိန္ တိုင္း စစ္ေဆးႏိုင္မွာ မဟုတ္ပါဘူး။

စားသုံးသူ ျပည္သူလူထု အတြက္ ေဗာ္လံတီယာအျဖစ္ ဖြဲ႕စည္းထားတဲ့ စားသုံးသူ ကာကြယ္ေရးအသင္း (Consumer Protection Association ) ဟာ တတ္ႏိုင္သမွ် အႏၲရာယ္ရွိတဲ့ အ စားအေသာက္ေတြကို စစ္ေဆး ေဖာ္ထုတ္ေပးေလ့ရွိပါတယ္။ ဒါ ေပမဲ့ ဒီလိုအဖြဲ႕အစည္းမ်ိဳးအ တြက္ ႏိုင္ငံေတာ္ကအစ ပုဂၢလိက လုပ္ငန္းရွင္အဆုံး ကူညီေပးမယ့္ သူမရွိပါဘူး။ ႏိုင္ငံတကာမွာ ေတာ့ ဒီလိုအဖြဲ႕အစည္းေတြဟာ အေရးပါၿပီး အစားအေသာက္ ေတြအတြက္ ခြင့္ျပဳခ်က္လက္မွတ္ ကိုေတာင္ ထုတ္ေပးႏိုင္တဲ့ အခြင့္ အာဏာမ်ိဳး ပိုင္ဆိုင္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကိုယ့္ထမင္း ကိုယ္စားၿပီး ေဆာင္ ႐ြက္ေနၾကရ ပါတယ္။

စားသုံးသူေတြအတြက္ အကာအကြယ္ေပးမယ့္ ဥပေဒ ေတြကလည္း ယခုအခ်ိန္အထိ ျပတ္ျပတ္သားသားမရွိဘဲ ေဝေ၀ ဝါးဝါး ႏိုင္လွပါတယ္။ လူ႔အသက္ ေသေစႏိုင္တဲ့ ဓာတုဆိုးေဆးေတြ သုံးၿပီး တင္ သြင္းေရာင္းခ်လို႔ စစ္ေဆးေတြ႕ရွိရင္လည္း ျပစ္ဒဏ္ကေတာ့ ေငြဒဏ္ေလာက္နဲ႔ပဲ ၿပီး သြားေလ့ရွိပါတယ္။ ေဈးကြက္က ေန အျမတ္အစြန္း အမ်ားႀကီး ရေနတဲ့ စီးပြားေရးသမားေတြ အတြက္ ဒဏ္ေၾကး ေလးငါး ဆယ္သိန္းဟာ ရယ္စရာ ေမာစ ရာ ေငြပမာဏျဖစ္ပါတယ္။

ဒါ ေၾကာင့္ ေဈးေတြထဲမွာ က်န္းမာ ေရးအတြက္ အႏၲရာယ္ရွိတဲ့ ပစ္ၥည္းေတြ ေရာင္းခ်ျခင္းကို ထိ ထိေရာက္ေရာက္ မကာကြယ္ မ တားဆီးႏိုင္ျခင္းျဖစ္ပါတယ္။ အ က်ိဳးဆက္ကေတာ့ က်န္းမာေရး ဘတ္ဂ်က္ အင္မတန္နည္းပါး တဲ့တိုင္းျပည္မွာ လူေတြ သက္တမ္းတိုၿပီး က်န္းမာေရးအဆင့္ အတန္း နိမ့္က်လာျခင္းပဲ ျဖစ္ပါ တယ္။

ဒါေၾကာင့္ ေခတ္နဲ႔ ေလ်ာ္ညီတဲ့ စားသုံးသူကာကြယ္ေရး ဥပေဒ အျမန္ဆုံး ေရးဆြဲျပ ႒ာန္း ေပးဖို႔ ျပည္သူေတြကိုယ္စား လႊတ္ေတာ္အသီးသီးကို ေမတၱာ ရပ္ခံအပ္ပါတယ္။

ေဇာ္သက္ေထြး

Credit:Tomorrow သတင္းဂ်ာနယ္

 

UniCodeဖြင့်ဖတ်ရန်

ဈေးထဲက လူသတ်သမား

မြန်မာနိုင်ငံဟာ လူဦးရေသန်း ၅၀ ကျော် ရှိပြီး ၇၀ ရာခိုင်နှုန်းဟာ အခြေခံလူတန်းစားတွေဖြစ်တဲ့ အတွက် ရပ်ကွက်ဈေးတန်း၊ လမ်းဈေးတန်း၊ ရွာဈေးတန်းတွေမှာပဲ အများစုဟာ ဝယ်ယူစားသုံး နေကြရပါတယ်။ ငွေကြေးချမ်းသာတဲ့လူနည်းစုလောက်သာShopping Mall တွေ၊ Mart တွေမှာ ဝယ်ယူစားသုံးကြတာပါ။

ဒီလိုခမ်းနားကြီးကျယ်တဲ့ ဈေးဆိုင်ကြီးတွေမှာတော့ ရောင်းချတဲ့ ပစ္စည်းတွေဟာ သာမန်ဈေးကထက် ပိုမိုဈေးကြီးသလို မှတ်ပုံတင်ပြီးမှ ဈေးကွက်တင်ကြတာဖြစ်လို့ ပစ္စည်းအရည်အသွေးနဲ့ ဘေး အန္တရာယ် ကင်းရှင်းမှုမှာ စိတ်ချရပါတယ်။ နေ့စဉ်အိမ်ရှင်မအများစု အားထားဝယ်ယူရတဲ့ ဈေးတန်းတွေက အစားအ သောက်တွေကတော့ ဈေးသက်သာပေမယ့် ကျန်းမာရေးအတွက် မစိစစ်နိုင်ရင် အန္တရာယ်ရှိတဲ့ ရောင်းကုန်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHO ရဲ့ အညွှန်းကိန်းအရ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးရောဂါဟာ ကင်ဆာရောဂါဖြစ်ပြီး ဒုတိယ အဖြစ် အများဆုံးရောဂါဟာ အသည်း ရောဂါဖြစ်ပါတယ်။ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းများအရ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာ့နိုင်ငံ ၁၉၆ နိုင်ငံအနက် ဒုတိယနေရာမှာ ရှိနေသလို အသည်းရောဂါဖြစ်ပွားမှုနှုန်း ထားဟာ အဆင့် ၁၈ နေရာမှာ ရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က မြန်မာလူမျိုးတွေရဲ့ သက်တမ်းဟာ နှစ် ၈၀ တစ်ဝိုက်မှာ ရှိပေမယ့် လက်ရှိကတော့ ၆၀ နဲ့ ၇၀ ကြားကို ကျသွားခဲ့ပြီဖြစ်ပါ တယ်။

မြန်မာလူမျိုးတွေရဲ့ ကျန်းမာ ရေးအဆင့်အတန်း နိမ့်ကျလာရ ခြင်းဟာ တိုင်းပြည်ဆင်းရဲမှုက အဓိကကျပေမယ့် စားသောက်နေထိုင်မှုပုံစံကြောင့် ကျဆင်းလာတာလည်း ပါပါတယ်။ မြန်မာလူမျိုး တွေရဲ့ နေ့စဉ်အစားအစာထဲမှာ မဖြစ်မနေသုံးရတဲ့ ဆီ၊ ဆား၊ အရောင်တွေဆိုးထားတဲ့ အရောင်တင်မှုန့်၊ မှိုတွေ ရောပြွမ်းနေတဲ့ ငရုတ်သီးမှုန့် စတာတွေပါပါ တယ်။ ဒီအရာတွေဟာ အသည်း ကိုအဓိက ထိခိုက်စေသလို ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ ကျောက် ကပ်ရောဂါတွေ လည်း ဖြစ်တတ် ပါတယ်။

မြန်မာလူမျိုးတွေ နေ့စဉ် ချက်ပြုတ်နေတဲ့ ဟင်း ချက် စရာထဲမှာ Dying လို့ခေါ်တဲ့ ဆိုးဆေးတွေနဲ့ မကင်းလွတ်ပါဘူး။ မယုံရင် ရပ်ကွက်ဈေးတန်း ကို တစ်ခေါက်လောက် လျှောက်ကြည့်ပြီးလေ့လာစေ ချင်ပါတယ်။ မျှစ်သည်တွေဆိုရင် မျှစ်တွေ အ ရောင်အဆင်းလှဖို့အတွက် အနီရောင် ဆိုးဆေးကို သုံးပါတယ်။ ငါးပိသည်ဆိုရင်လည်း ငါးပိအရောင် လှပဖို့အတွက် ဆိုးဆေးကို သုံးပါတယ်။

အရောင်တင်မှုန့်ကတော့ အထူးပြောစရာမလိုတော့ပါဘူး။ ငါးသည်၊ ပုစွန်သည်တွေတောင် ဆိုးဆေးလက်မလွှတ်ပါ ဘူး။ ပုစွန်တွေ လတ်ဆတ်တယ်လို့ ဝယ်သူတွေ အထင်မှားစေရန် အတွက် စိမ်းဖန့်ဖန့်အရောင်တွေ ဆိုးသလို ငါးပုဏ္ဏား ငါးကိုလည်းအဝါရောင် ဆိုးဆေးတွေ ဆိုးလေ့ရှိပါတယ်။ ငါးခြောက်တွေ၊ ငါးပိကောင်တွေဆိုရင် လည်း ယင်မနားစေဖို့အတွက် ဓာတုပိုးသတ်ဆေးတွေ ဖျန်းပြီး ထုတ်လုပ်နေတာကို ဘယ်အဖွဲ့ အစည်းကမှ တားမြစ်ခြင်း မရှိ ပါဘူး။

ငါးခြောက်တွေ ထုတ်လုပ်တဲ့နေရာမှာ ယင်မနားအောင် ဓာတု ပိုးသတ်ဆေး အသုံးပြုမှု ကို ထိုင်းနိုင်ငံကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အစိုးရကသိတော့ ပိုးသတ်ဆေးအသုံးမပြုဖို့ သတိပေးပါတယ်။ ထုတ်လုပ်သူတွေက ဒီ သတိပေးချက်ကို မလိုက်နာတဲ့ အတွက် စားသုံးသူအခွင့်အရေး ကာကွယ်မှု ဥပဒေအပြင် အခြား ဥပဒေပုဒ်မတွေနဲ့ စစ်ဆင်ရေး သဖွယ်ပြုလုပ်ပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်မှုတွေ လုပ်ခဲ့ရပါတယ်။ ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူလိုက်မှ ထိုင်းနိုင်ငံမှာ ဓာတုပိုးသတ်ဆေး သုံးစွဲမှု ရပ်တန့်သွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဈေးတွေ ထဲမှာ နေ့စဉ်ရောင်းဝယ်ဖောက်ကားနေတဲ့ ငှက်ပျော်သီးတွေ၊ သင်္ဘောသီးတွေ ဆိုရင်လည်း ဓာတုဆေးရည်တွေနဲ့ မကင်းလွတ်ပါဘူး။ အပင်ကခူးပြီး ဈေးကွက်တင်ပို့ရာမှာ အရောင်လှပြီး အမှည့်မြန်စေဖို့အတွက် တို့ဆေး လို့ခေါ်တဲ့ ဓာတုဆေးရည်တစ်မျိုး ကို အသီးတွေပေါ်မှာ တို့ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း မ ဟုတ်ဘဲ မှည့်လာတဲ့အသီးအနှံ တွေကို စားသုံးနေကြရတာ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာ FDA လို့ ခေါ်တဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဈေးတွေ၊ ကျောင်း မုန့်ဈေးတန်းတွေကို မကြခဏ စစ်ဆေးအရေးယူတာတွေတော့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါ ပေမဲ့ ရန်ကုန်နဲ့ မန်္တလေးမြို့ကြီး တွေမှာသာ ဆောင်ရွက်တာတွေ့ ပြီး တစ်နိုင်လုံးအတိုင်းအတာ အနေနဲ့တော့ ဆောင်ရွက်နိုင်ခြင်း မျိုးမရှိသေးပါဘူး။

မနက်တိုင်း မြန်မာလူမျိုးတွေ စားတတ်တဲ့ လက်ဖက်ရည်ထဲမှာလည်း ဆိုး ဆေးသုံးတဲ့ လက်ဖက်ခြောက်ကို အသုံးပြုလေ့ရှိသလို လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးရတဲ့ အီကြာကွေးကိုလည်း ပိုပြီးကြီးအောင်၊ ပွအောင် အမိုးနီးယားတွေထည့်ပြီး ကြော်တာမျိုးတွေ လုပ်လာကြပါတယ်။ ဒါတွေကို ရေရှည်စားသုံးရင်တော့ ကင်ဆာ ရောဂါဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့ အပြင် မုန့်ဟင်းခါးဖတ်တွေ၊ ခေါက်ဆွဲဖတ်တွေ၊ ပဲပြားတွေ မှာလည်း ဖော်မလင် ထည့်သွင်း အသုံးပြုတာတွေကို နေရာတိုင်း မှာ တွေ့နိုင်ပါတယ်။ ထိထိ ရောက်ရောက် အရေးယူမယ်ဆို ရင်တော့ မုန့်ဖတ်ဖိုတွေကို စစ်ဆေးအရေးယူရမှာဖြစ်ပါတယ်။

ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချတဲ့ အချိုရည်နဲ့ ယိုစုံ မုန့်တွေမှာလည်း ဓာတုပစ္စည်း တွေကို လွန်လွန်ကဲကဲ အသုံးပြုထားတာ တွေ့ရပါတယ်။ ကမ္ဘာ ပေါ်မှာ အစားအသောက်အတွက် ဆိုးဆေးအသုံးပြုခွင့် ပေးထား ပေမယ့် Food Powder အဖြစ် ထုတ်လုပ်တာတွေကိုပဲ သုံးစွဲရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Food Powder က ဈေးကြီး နေတဲ့အတွက် အကျႌတွေ၊ ချည် ခင်တွေမှာ ဆိုးတဲ့ ဆိုးဆေးတွေ ကို ဝိသမလောဘသားတွေက အသုံးပြုကြတာ ဖြစ်ပါတယ်။ အ စားအသောက်ထဲမှာ သုံးခွင့်မပြုတဲ့ ဓာတုပစ္စည်း တွေဖြစ်တဲ့ Borax (Boric Acid) ၊Sodium Hydrosulphite ၊ Salicylic Acid ၊ Fromalin တွေကို ရက် ရက်စက်စက် သုံးကြပါတယ်။

ဖော်မလင်ကို အမှန်တကယ် အသုံးပြုကြတာက စက္ကူစက်ရုံ၊ အထည်အလိပ် စက်ရုံတွေမှာ ထုတ်လုပ်မှုအတွက် ဖြစ်ပေမယ့် စီးပွားရေးသမားတွေက ပဲပြား တွေ၊ မုန့်ဖတ်တွေထဲကို ထည့်ပြီး အချဉ်မပေါက်အောင်၊ ရောင်းကုန်လှအောင် သုံးစွဲလာတာဖြစ် ပါတယ်။ ဖော်မလင်ပါတဲ့ အစားအစာကို ရေရှည်စားသုံးမိမယ် ဆိုရင် ပြင်းထန်စွာ ဗိုက်အောင့်ခြင်းတွေ၊ သတိလစ်မေ့မြောခြင်း တွေ ဖြစ်လာပြီး တဖြည်းဖြည်း ကျောက်ကပ် ပျက်စီးသွားနိုင်ပါ တယ်။ ဖော်မလင်ကို ကာလရှည် ကြာစွာ ရှူရှိုက်မယ်ဆိုရင်လည်း ကင်ဆာရောဂါ ဖြစ်ပွားလာပါ လိမ့်မယ်။

နေ့စဉ် သတင်းစာတွေထဲမှာ စားသုံးရန် မသင့်သော သောက်ရေသန့်အမှတ်တံဆိပ်တွေ၊ ဆိုး ဆေးပါတဲ့ မုန့်မျိုးစုံတွေ၊ ဟင်းချက်ဖို့အတွက် ထုတ်လုပ်ထားတဲ့ အမျိုးအမည်တွေကို ထည့်သွင်း ဖော်ပြလေ့ရှိပါတယ်။ ဒါပေမဲ့ လူ တွေအသက်အန္တရာယ် ဖြစ်ပွားမှု ကို ဂရုမစိုက်ဘဲ ကိုယ့်ပစ္စည်း ရောင်းချရရေး သက်သက်ကိုသာ ကြည့်တဲ့ ဝိသမလောဘသား စီး ပွားရေးသမား တွေကို ထိထိ ရောက်ရောက် သတင်းကိုတော့ မတွေ့ရပါဘူး။

ဒါကြောင့် ဓာတုပစ္စည်းတွေအသုံးပြုပြီး ထုတ်လုပ် တဲ့လုပ်ငန်းရှင်တွေဟာ သူ့ရောင်း ကုန် ပစ်္စည်း တစ်ခု တားမြစ်ခံရရင် နောက်ထပ် အမှတ်တံဆိပ် တစ် မျိုးနဲ့ ဈေးကွက်ထဲကို ပြန်လှည့် ပြီး သွင်းလေ့ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေဟာ ပစ်္စည်းအားလုံးကိုတော့ အချိန် တိုင်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။

စားသုံးသူ ပြည်သူလူထု အတွက် ဗော်လံတီယာအဖြစ် ဖွဲ့စည်းထားတဲ့ စားသုံးသူ ကာကွယ်ရေးအသင်း (Consumer Protection Association ) ဟာ တတ်နိုင်သမျှ အန္တရာယ်ရှိတဲ့ အ စားအသောက်တွေကို စစ်ဆေး ဖော်ထုတ်ပေးလေ့ရှိပါတယ်။ ဒါ ပေမဲ့ ဒီလိုအဖွဲ့အစည်းမျိုးအ တွက် နိုင်ငံတော်ကအစ ပုဂ္ဂလိက လုပ်ငန်းရှင်အဆုံး ကူညီပေးမယ့် သူမရှိပါဘူး။ နိုင်ငံတကာမှာ တော့ ဒီလိုအဖွဲ့အစည်းတွေဟာ အရေးပါပြီး အစားအသောက် တွေအတွက် ခွင့်ပြုချက်လက်မှတ် ကိုတောင် ထုတ်ပေးနိုင်တဲ့ အခွင့် အာဏာမျိုး ပိုင်ဆိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုယ့်ထမင်း ကိုယ်စားပြီး ဆောင် ရွက်နေကြရ ပါတယ်။

စားသုံးသူတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေ တွေကလည်း ယခုအချိန်အထိ ပြတ်ပြတ်သားသားမရှိဘဲ ဝေေ၀ ဝါးဝါး နိုင်လှပါတယ်။ လူ့အသက် သေစေနိုင်တဲ့ ဓာတုဆိုးဆေးတွေ သုံးပြီး တင် သွင်းရောင်းချလို့ စစ်ဆေးတွေ့ရှိရင်လည်း ပြစ်ဒဏ်ကတော့ ငွေဒဏ်လောက်နဲ့ပဲ ပြီး သွားလေ့ရှိပါတယ်။ ဈေးကွက်က နေ အမြတ်အစွန်း အများကြီး ရနေတဲ့ စီးပွားရေးသမားတွေ အတွက် ဒဏ်ကြေး လေးငါး ဆယ်သိန်းဟာ ရယ်စရာ မောစ ရာ ငွေပမာဏဖြစ်ပါတယ်။

ဒါ ကြောင့် ဈေးတွေထဲမှာ ကျန်းမာ ရေးအတွက် အန္တရာယ်ရှိတဲ့ ပစ်္စည်းတွေ ရောင်းချခြင်းကို ထိ ထိရောက်ရောက် မကာကွယ် မ တားဆီးနိုင်ခြင်းဖြစ်ပါတယ်။ အ ကျိုးဆက်ကတော့ ကျန်းမာရေး ဘတ်ဂျက် အင်မတန်နည်းပါး တဲ့တိုင်းပြည်မှာ လူတွေ သက်တမ်းတိုပြီး ကျန်းမာရေးအဆင့် အတန်း နိမ့်ကျလာခြင်းပဲ ဖြစ်ပါ တယ်။

ဒါကြောင့် ခေတ်နဲ့ လျော်ညီတဲ့ စားသုံးသူကာကွယ်ရေး ဥပဒေ အမြန်ဆုံး ရေးဆွဲပြ ဋ္ဌာန်း ပေးဖို့ ပြည်သူတွေကိုယ်စား လွှတ်တော်အသီးသီးကို မေတ္တာ ရပ်ခံအပ်ပါတယ်။

ဇော်သက်ထွေး

Credit:Tomorrow သတင်းဂျာနယ်