Zawgyi ျဖင့္ဖတ္ရန္

ဖိလစ္ပိုင္ႏိုင္ငံမွာေတာ့ အက်င့္ပ်က္ျခစားမႈေတြကို ထိထိေရာက္ေရာက္ တုိက္ဖ်က္ဖို႔ လက္ရွိသမၼတ ရိုဒရီဂို ဒူတာေတးဦးေဆာင္တဲ့ အစုိးရ အဖြဲ႕က တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေဆာင္ရြက္ေနလ်က္ရွိရာမွာေတာ့ ယခုအခါမွာလည္း ႏိုင္ငံထဲကို တရားမ၀င္ နည္းလမ္း နဲ႔ တင္သြင္းလို႔ ေရာက္ရွိလာတဲ့c ယာဥ္ စီးေရ ၁၀၀ ေက်ာ္ကို ေျမတူးစက္နဲ႔ နင္းေျခဖ်က္ဆီးပစ္ခိုင္းခဲ့တယ္လို႔ သိရပါတယ္။

ေမလ ၃၀ ရက္ေန႔က မနီလာၿမိဳ႕မွာ ျပဳလုပ္တဲ့ အဆိုပါ တရားမ၀င္ တင္သြင္းလာတဲ့ ဇိမ္ခံ ကားေတြ၊ ဆိုင္ကယ္ေတြကို ေျမတူးစက္နဲ႔ နင္းေျခ ဖ်က္ဆီးခိုင္းတဲ့ အခမ္းအနားတစ္ရပ္မွာေတာ့ သမၼတ ဒူတာေတးကိုယ္တုိင္ တက္ေရာက္ၾကည့္ရႈခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ဖိလစ္ပိုင္အစိုးရအေနနဲ႔ ႏိုင္ငံတြင္းမွာ အခြန္ေရွာင္လြဲသူေတြကို အထူးပစ္မွတ္ထားအေရးယူသြားဖို႔ ရွိေနၿပီး အထူးသျဖင့္ အေကာက္ခြန္အရာရွိေတြအၾကား အက်င့္ပ်က္ျခစားမႈေတြကို အျမစ္ျပဳတ္ေအာင္ တိုက္ထုတ္မယ္ဆိုၿပီး ျပည္သူကို ေပးထားတဲ့ ကတိက၀တ္အတုိင္း လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

ယခုတစ္ႀကိမ္ ဖ်က္ဆီးပစ္ခဲ့တဲ့ တန္ဖုိးႀကီး ယာဥ္ေတြထဲမွာေတာ့ Mitsubishi Pajero ၊ Land Rovers ၊ Volvo ကားေတြအျပင္ တန္ဖုိးႀကီး ဆိုင္ကယ္ေပါင္းမ်ားစြာပါ ပါ၀င္သြားခဲ့ပါတယ္။

ယခုလို ဖ်က္ဆီးခုိင္းခဲ့တဲ့ တန္ဖုိးႀကီး ယာဥ္ေတြရဲ႕ စုစုေပါင္းတန္ဖုိးကေတာ့ ဖိလစ္ပိုင္ ပီဆို ၃၄ ဒသမ ၇၁ သန္း ခန္႔ရွိတယ္လို႔လည္း သိရပါတယ္။

Credit : mizimma

 

Unicode ဖြင့်ဖတ်ရန်

မှောင်ခိုသွင်းလာတဲ့ တန်ဖိုးကြီးကား၊ ဆိုင်ကယ်တွေကို မြေတူးစက်နဲ့ နင်းခြေဖျက်ဆီးပစ်တဲ့ ပွဲ သမ္မတ ဒူတာတေး ကိုယ်တိုင် တက်ရောက်အားပေး

ဖိလစ်ပိုင်နိုင်ငံမှာတော့ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေးဦးဆောင်တဲ့ အစိုးရအဖွဲ့က တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေလျက်ရှိရာမှာတော့ ယခုအခါမှာလည်း နိုင်ငံထဲကို တရားမဝင် နည်းလမ်းနဲ့ တင်သွင်းလို့ ရောက်ရှိလာတဲ့ တန်ဖိုးကြီး ယာဉ် စီးရေ ၁၀၀ ကျော်ကို မြေတူးစက်နဲ့ နင်းခြေဖျက်ဆီးပစ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မေလ ၃၀ ရက်နေ့က မနီလာမြို့မှာ ပြုလုပ်တဲ့ အဆိုပါ တရားမဝင် တင်သွင်းလာတဲ့ ဇိမ်ခံ ကားတွေ၊ ဆိုင်ကယ်တွေကို မြေတူးစက်နဲ့ နင်းခြေ ဖျက်ဆီးခိုင်းတဲ့ အခမ်းအနားတစ်ရပ်မှာတော့ သမ္မတ ဒူတာတေးကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ အခွန်ရှောင်လွဲသူတွေကို အထူးပစ်မှတ်ထားအရေးယူသွားဖို့ ရှိနေပြီး အထူးသဖြင့် အကောက်ခွန်အရာရှိတွေအကြား အကျင့်ပျက်ခြစားမှုတွေကို အမြစ်ပြုတ်အောင် တိုက်ထုတ်မယ်ဆိုပြီး ပြည်သူကို ပေးထားတဲ့ ကတိကဝတ်အတိုင်း လုပ်ဆောင်နေလျက်ရှိပါတယ်။

ယခုတစ်ကြိမ် ဖျက်ဆီးပစ်ခဲ့တဲ့ တန်ဖိုးကြီး ယာဉ်တွေထဲမှာတော့ Mitsubishi Pajero ၊ Land Rovers ၊ Volvo ကားတွေအပြင် တန်ဖိုးကြီး ဆိုင်ကယ်ပေါင်းများစွာပါ ပါဝင်သွားခဲ့ပါတယ်။

ယခုလို ဖျက်ဆီးခိုင်းခဲ့တဲ့ တန်ဖိုးကြီး ယာဉ်တွေရဲ့ စုစုပေါင်းတန်ဖိုးကတော့ ဖိလစ်ပိုင် ပီဆို ၃၄ ဒသမ ၇၁ သန်း ခန့်ရှိတယ်လို့လည်း သိရပါတယ်။

Credit : mizimma