ZawGyiဖြင့်ဖတ်ရန်








 

Credit:Aung Thiha

 

 

UniCodeဖြင့်ဖတ်ရန်

ပုလဲလေးတို့၏ မိခင် ကမာခေါ် မုတ်ကောင်

ကမာသည်အခွံနှစ်ခြမ်းရှိသောရေနေခရုအုပ်စုဝင်ယောက်သွားကြီးတစ်မျိုးဖြစ်သည်။ထိုအခွံနှစ်ခြမ်းကိုရုံးနိုင်၊ကျုံ့နိုင်သောအကြောတစ်ခုကတစ်နေရာတွင်ပတ္တာသဖွယ်ဆိုင်းထားသည်။

ယေဘုယျအားဖြင့်အပေါ်ခွံသည်ပြား၍အောက်ခွံသည်ခွက်သည်။ထိုအခွက်ထဲ၌ကမာ၏ခန္ဓာကိုယ်တည်ရှိသည်။

ကမာ၏ကိုယ်ထဲသို့သဲမှုန်စသည်တို့ဝင်လျှင်ကမာသည်ကိုယ်ကိုညှစ်၍ကိုယ်ထဲရှိဓာတ်ရည်တို့ဖြင့်အထပ်ထပ်ရစ်ဖုံးလေ့ရှိသည်။

ထိုသို့အကြိမ်ကြိမ်ညှစ်ရာမှထိုအရည်တို့သည်မာလာကာပုလဲလုံးလေးများဖြစ်လာသည်။

ကမာများကိုဖမ်း၍ပုလဲရအောင်ပြုလုပ်ပြီးပင်လယ်ရေထဲပြန်ချကာမွေးမြူးးထားသည်။၎င်းကောင်းပုလဲကိုမွေးပုလဲဟုခေါ်သည်။

ကမာသည်ဘဝတစ်သက်တာတွင်အဖိုအမအားဖြင့်လိင်ပြောင်းလဲနိုင်သည်။

ကမာတိုင်းသည်ပုလဲမထွက်ပေ။ပုလဲထွက်သောကမာကို မုတ်ကောင်ဟုခေါ်သည်။ကမာတွင်အမျိုးပေါင်း၁၀၀ကျော်မျှရှိသည်။
Credit:Aung Thiha