Zawgyi ျဖင့္ဖတ္ရန္

 

 

သူတို႔ႏွစ္ေယာက္ ဘာေတာ္လဲဆိုတာ သိရင္ သင္ မ်က္လံုးျပဴးသြားလိမ့္မယ္…(၂၀)ေက်ာ္ အရြယ္လုိ႔သာ ထင္ရေစတဲ့ ကေလးႏွစ္ေယာက္မိခင္ရဲ႕ အံ့ဖြယ္အရြယ္တင္ႏုပ်ိဳမႈ

က်န္းမာျခင္းသည္ လာဘ္တစ္ပါးလုိ႔ ဆုိၾကပါတယ္။ က်န္းမာျခင္းဟာ လူတစ္ေယာက္ရဲ႕ ႐ုပ္ရည္ အသြင္အျပင္ေပၚမွာလည္း အဓိကဆက္စပ္ေနၿပီး၊ အသက္အရြယ္တူ အလြန္မက်န္းမာတဲ့ သူတစ္ေယာက္နဲ႔ အလြန္က်န္းမာတဲ့သူတုိ႔ကုိ ႏႈိင္းယွဥ္တဲ့အခါမွာ ထင္ရွားေပၚလြင္ေစပါတယ္။ Viral မွာ ေဖာ္ျပထားတဲ့ ကေလးမိခင္တစ္ဦးကေတာ့ အံ့မခန္း အရြယ္တင္မႈကို ပိုင္ဆုိင္ထားတယ္လုိ႔ ဆုိရမွာပါ။

 

Denni Sha Dii အမည္ရတဲ့ လူမႈကြန္ယက္ အသုံးျပဳတဲ့ လူလက္အရြယ္ အမ်ိဳးသားတစ္ဦးဟာ သူရဲ႕ မိခင္ ႏွစ္ 50 ျပည့္ ေမြးေန႔ကို ေမြးေန႔ကိတ္တစ္ခုနဲ႔ ဂုဏ္ျပဳခဲ့ပါတယ္။ ဒီဂုဏ္ျပဳမႈမွာ 50 ဂဏန္းေရးထုိးထားတဲ့ ေမြးေန႔ကိတ္ ကို သားအမိႏွစ္ေယာ္က ကိုင္ထားၿပီး Pose ေပးခဲ့တာပါ။

မိခင္ျဖစ္သူရဲ႕ အသက္ကုိ ဒီအတုိင္းသာ ေဖာ္ျပမထားဘူးဆုိရင္ ေတာ္ေတာ္မ်ားမ်ားက အဲဒီမိခင္ကုိ အသက္ 20 ေက်ာ္အရြယ္ သုိ႔မဟုတ္ အမ်ားဆုံး အသက္ 30 ေက်ာ္အရြယ္လုိ႔ ယူဆမိၾကမွာလုိ႔ Viral က ဆုိပါတယ္။ ဒါေပမယ့္ သူမရဲ႕ အသက္က 50 ဆုိေပမယ့္၊ သူမရဲ႕ အလွအပနဲ႔ အသားေရ၊ ခႏၶာကိုယ္ႀကံ့ခုိင္မႈနဲ႔ ဆံပင္စသည္တုိ႔ဟာ အံ့ၾသစရာပါ။

အဆုိပါ အမ်ိဳးသမီးရဲ႕ အျခားဓာတ္ပုံေတြကလည္း လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး၊ အမ်ိဳးသမီးငယ္ငယ္ေလးေတြက ဘာေတြစားလုိ႔၊ ဘယ္ေလ့ကက်င့္ခန္းေတြလုပ္လုိ႔ ဒီလုိအရြယ္တင္ႏုပ်ိဳမႈကို ပိုင္ဆုိင္ရသလဲဆုိၿပီး စိတ္၀င္စားမႈေတြ ျမင့္တက္ခဲ့ပါတယ္။ ယင္းေနာက္ Ochie’Aswan Arsyad အမည္ရ လူမႈကြန္ယက္မွလည္း သူမရဲ႕ 50 ႏွစ္ျပည့္ ေမြးေန႔ ဗြီဒီယုိကို မွ်ေ၀ခဲ့ရာ ၀င္ေရာက္ၾကည့္႐ႈသူ 2.6 သန္းအထိ ရွိခဲ့ပါတယ္။

အဆုိပါ အမည္ေဖာ္ျပထားျခင္းမရွိတဲ့ ကေလးမိခင္ဟာ အင္ဒုိနီးရွားႏုိင္ငံသူျဖစ္ၿပီး အရြယ္ေရာက္ၿပီး ကေလးႏွစ္ေယာက္ရဲ႕ မိခင္ျဖစ္ပါတယ္။ သူမရဲ႕ သားႏွစ္ေယာက္စလုံးေတာင္ လူပ်ိဳအရြယ္၊ လူပ်ိဳေပါက္အရြယ္ေတြ ေရာက္ေနၾကၿပီး၊ မိခင္ျဖစ္သူနဲ႔ ေမာင္ႏွမအလား ထင္မွတ္ရေစပါတယ္။

Credit: နတ္စည္ေတာ္ (Shwemom)

Unicode ဖြင့်ဖတ်ရန်

(၂၀)ကျော် အရွယ်လို့သာ ထင်ရစေတဲ့ ကလေးနှစ်ယောက်မိခင်ရဲ့ အံ့ဖွယ်အရွယ်တင်နုပျိုမှု

ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြပါတယ်။ ကျန်းမာခြင်းဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်ပေါ်မှာလည်း အဓိကဆက်စပ်နေပြီး၊ အသက်အရွယ်တူ အလွန်မကျန်းမာတဲ့ သူတစ်ယောက်နဲ့ အလွန်ကျန်းမာတဲ့သူတို့ကို နှိုင်းယှဉ်တဲ့အခါမှာ ထင်ရှားပေါ်လွင်စေပါတယ်။ Viral မှာ ဖော်ပြထားတဲ့ ကလေးမိခင်တစ်ဦးကတော့ အံ့မခန်း အရွယ်တင်မှုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။

Denni Sha Dii အမည်ရတဲ့ လူမှုကွန်ယက် အသုံးပြုတဲ့ လူလက်အရွယ် အမျိုးသားတစ်ဦးဟာ သူရဲ့ မိခင် နှစ် 50 ပြည့် မွေးနေ့ကို မွေးနေ့ကိတ်တစ်ခုနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ဒီဂုဏ်ပြုမှုမှာ 50 ဂဏန်းရေးထိုးထားတဲ့ မွေးနေ့ကိတ်ကို သားအမိနှစ်ယော်က ကိုင်ထားပြီး Pose ပေးခဲ့တာပါ။

မိခင်ဖြစ်သူရဲ့ အသက်ကို ဒီအတိုင်းသာ ဖော်ပြမထားဘူးဆိုရင် တော်တော်များများက အဲဒီမိခင်ကို အသက် 20 ကျော်အရွယ် သို့မဟုတ် အများဆုံး အသက် 30 ကျော်အရွယ်လို့ ယူဆမိကြမှာလို့ Viral က ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ အသက်က 50 ဆိုပေမယ့်၊ သူမရဲ့ အလှအပနဲ့ အသားရေ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ဆံပင်စသည်တို့ဟာ အံ့သြစရာပါ။

အဆိုပါ အမျိုးသမီးရဲ့ အခြားဓာတ်ပုံတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီး၊ အမျိုးသမီးငယ်ငယ်လေးတွေက ဘာတွေစားလို့၊ ဘယ်လေ့ကကျင့်ခန်းတွေလုပ်လို့ ဒီလိုအရွယ်တင်နုပျိုမှုကို ပိုင်ဆိုင်ရသလဲဆိုပြီး စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။ ယင်းနောက် Ochie’Aswan Arsyad အမည်ရ လူမှုကွန်ယက်မှလည်း သူမရဲ့ 50 နှစ်ပြည့် မွေးနေ့ ဗွီဒီယိုကို မျှဝေခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ 2.6 သန်းအထိ ရှိခဲ့ပါတယ်။

အဆိုပါ အမည်ဖော်ပြထားခြင်းမရှိတဲ့ ကလေးမိခင်ဟာ အင်ဒိုနီးရှားနိုင်ငံသူဖြစ်ပြီး အရွယ်ရောက်ပြီး ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သူမရဲ့ သားနှစ်ယောက်စလုံးတောင် လူပျိုအရွယ်၊ လူပျိုပေါက်အရွယ်တွေ ရောက်နေကြပြီး၊ မိခင်ဖြစ်သူနဲ့ မောင်နှမအလား ထင်မှတ်ရစေပါတယ်။

Credit: နတ်စည်တော် (Shwemom)