ZawGyiျဖင့္ဖတ္ရန္

 

(၁) ကြြၽန္မ နာမည္က ရွင္ေႏွာင္းပါ။ သူနဲ႔ စေတြ႕တဲ့ အျဖစ္အပ်က္က ႐ိုးရွင္းလွေပမယ့္ ေနာက္ပိုင္းမွာ မ႐ိုးရွင္းတဲ့အရာေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ အခုတေလာ ကြၽန္မ အနီးအနားမွာ သူ႔ကို မၾကာခဏေတြ႕လာရတယ္။ သူ႔ရဲ႕ အၾကည့္နက္နက္ေတြကို ကြၽန္မ ေရွာင္ဖို႔ခက္လွသလို ရွက္စိတ္ေလးနဲ႔ ရင္ဖိုမိတယ္လို႔ ေျပာရမလားပဲ။ လူပ်ိဳႀကီး မိန္းမမယူေသးဘူးလားလို႔ ဝိုင္းစေနၾကတဲ့ သူ႔သူငယ္ခ်င္းေတြကိုလည္း သူက” ေဟ့ေကာင္ေတြ မေနာက္ၾကပါနဲ႔ကြာ “ဆိုၿပီး မ်က္ႏွာႀကီး ရဲခနဲျဖစ္ၿပီး ျပန္ေျပာတယ္။ ကြၽန္မ စဥ္းစားမိတယ္။ သူ႔ေလာက္ ေခ်ာေမာခန႔္ညားတဲ့သူက ဘာလို႔ခုထိ အိမ္ေထာင္မျပဳေသးတာလဲ ဆိုတာကိုေပါ့။ လိုရင္းေျပာရရင္ေတာ့ ကြၽန္မနဲ႔ သူနဲ႔ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ အခုေခတ္က မလြယ္ဘူးေလ။ လူလိမ္ေတြက အမ်ားသားမို႔လား။ ဒါေၾကာင့္ ခ်စ္သူရွိလား အိမ္ေထာင္ရွိလား ကြၽန္မေသခ်ာေအာင္ ေမးပါတယ္။ အဲ့လိုေမးလိုက္တဲ့အခါတိုင္း သူက ျပန္ေျပာတယ္။ ” စိုးရိမ္တတ္ရန္ေကာ ကေလးရယ္ “တဲ့။ ဘာပဲျဖစ္ျဖစ္ ေသခ်ာေအာင္စုံစမ္းရမွာက ကြၽန္မတာဝန္ေလ။ တစ္သက္လုံး သိကၡာရွိရွိ ရပ္တည္လာခဲ့ၿပီးမွ မယားငယ္ လည္း အျဖစ္မခံႏိုင္သလို စႏိုက္ေက်ာ္လို႔လည္း အေျပာမခံႏိုင္ေပါင္။ သူ႔အေၾကာင္းေတြ စုံစမ္းရင္းနဲ႔ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြကအစ ကြၽန္မနဲ႔ ေတာ္ေတာ္ရင္းႏွီးေနၿပီ။ တစ္ျဖည္းျဖည္းနဲ႔ သိလာရတာက သူအိမ္ေထာင္မျပဳျဖစ္တဲ့ အေၾကာင္းရင္းက အေမခ်စ္သားမိုလို႔ပါတဲ့။ သူ႔ရည္းစားေဟာင္းကို ျဖတ္ခဲ့တာကလည္း သူ႔အေမ သေဘာမတူလို႔ပါတဲ့။ သူနဲ႔အတူ ခ်စ္သူ ဘဝကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေနေပမဲ့ …….. ဝမ္းနည္းနာက်ည္းဖြယ္ရာ အျဖစ္အပ်က္က ေစာင့္ႀကိဳလို႔ေနပါေတာ့တယ္။

 

(၂) ကြၽန္မအတြက္ အရမ္းကိုတုန္လႈပ္ေခ်ာက္ျခားေစခဲ့တဲ့ ေန႔တစ္ေန႔ပါ။ ကြၽန္မဆီကို ဖုန္းနံပါတ္ အစိမ္းတစ္ခု ဝင္လာခဲ့တယ္။ ” ကြၽန္မ ျမယမုံပါ။ ကိုသီဟထက္ႏိုင္ရဲ႕ အမ်ိဳးသမီး ပါ။ ကိုယ့္ညီမတစ္ေယာက္လို သေဘာထားၿပီး သတိေပးလိုက္မယ္၊ ပိုင္ရွင္ရွိ ေယာက္်ားတစ္ေယာက္ကို ျမႇဴဆြယ္ေနတဲ့ကိစၥ ရပ္တန္းက ရပ္ေပးပါ” တဲ့။ ျမယမုံဆိုတဲ့ အမ်ိဳးသမီး ကြၽန္မကို စိတ္ဆိုးမာန္ဆိုးနဲ႔ စကားေတြ အဆက္မျပတ္ ေျပာသြားေပမဲ့ သူ႔အသံေတြ တုန္ေနတာ ကြၽန္မသတိထားမိတယ္။ ကြၽန္မမွာ ျပန္ေျပာစရာ စကားေတာင္ မရွိေတာ့ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ အိပ္မက္ႀကီးထဲ ေရာက္ေနသလိုလို။ ရွက္႐ြံ႕စိတ္ နာက်ည္းစိတ္ေတြနဲ႔အတူ ရင္ဘတ္ႀကီးတစ္ခုလုံး ဟာတာတာခံစားခ်က္ေတြနဲ႔။ ဂုဏ္သိကၡာ ကို အရမ္းတန္ဖိုးထားတတ္တဲ့ ကြၽန္မ……ဘဝတစ္ေလွ်ာက္လုံး ျဖဴစင္စြာ ေနလာခဲ့တဲ့ ကြၽန္မ…. အခုေတာ့….. အခုေတာ့ေလ…….. သူမ်ားလင္ကိုမွ………….။
ေမာင့္ကို ကြၽန္မ စြန႔္လႊတ္ရေတာ့မွာလား ဆိုတဲ့ အသိက ကြၽန္မရင္ကို မီးစနဲ႔ ထိုးသလို ပိုၿပီး နာက်င္ေစပါတယ္။ ဟင့္အင္း…. ေမာင့္ကို မစြန႔္လႊတ္ႏိုင္ဘူး၊ ရေအာင္ယူမယ္။ ရေအာင္ကို ယူျပမယ္။ ဒီလိုနဲ႔ပဲ …………. စႏိုက္ေက်ာ္ေျခလွမ္းနဲ႔ ေရွ႕တစ္လွမ္းတိုးလိုက္ပါေတာ့တယ္။ မိသားစုဘဝေတြကို လိုက္ဖ်က္ဆီးေနတဲ့ စႏိုက္ေက်ာ္ေျခလွမ္းဆိုတာ …… ဘယ္လိုမ်ိဳးလဲ………။

(၃) ေမာင့္ကို ကမာၻေပၚမွာ နားလည္မႈအရွိဆုံး မိန္းမလိုမ်ိဳး ကြၽန္မ ေနခဲ့တယ္။ ခ်စ္သူစိတ္ခ်မ္းသာဖို႔ဆို ဘာမဆို ေပးဆပ္ဖို႔ အဆင္သင့္ဆိုတဲ့ ပုံစံမ်ိဳးကို ေမာင္ယုံေအာင္ ဟန္ေဆာင္ႏိုင္ခဲ့တယ္။ ေမာင့္အမ်ိဳးသမီးဆီက ဖုန္းလာလို႔ ေမာင္က မကိုင္ခ်င္ရင္ေတာင္ ” ကိုင္လိုက္ပါေမာင္ရယ္. …. ေမာင့္သမီးေလးကိစၥျဖစ္ခ်င္ ျဖစ္ေနမွာေပါ့” ဆိုၿပီး စာနာနားလည္မႈရွိသလိုမ်ိဳး ေျပာေပးလိုက္တယ္။ စိတ္ထဲကေတာ့ ဘယ္ပါပါ့မလဲေနာ္။ ေမာင့္မ်က္လုံးထဲမွာ ကြၽန္မကို စိတ္ထားအရမ္းျဖဴစင္တဲ့ ေကာင္မေလးအျဖစ္ ျမင္လာေအာင္ မာယာမ်ိဳးစုံနဲ႔ လွည့္ျဖားပါေတာ့တယ္။ ဒါဟာ စႏိုက္ေက်ာ္ၿပီဆိုတာနဲ႔ မိန္းမေတြ အလိုလိုတတ္လာတဲ့ ပညာပါ။ ၿပီးေတာ့ေလ ေမာင့္မိန္းမ က်က္သေရရွိလွတဲ့အေၾကာင္း ေခ်ာေၾကာင္း လွေၾကာင္းပါ ကြၽန္မက ခ်ီးက်ဴးလိုက္ေသးတာ။ ေမာင္က ကြၽန္မေခါင္းေလးကို ခပ္ဖြဖြ ပုတ္ၿပီး ေျပာလိုက္ေသးတယ္။ ” မနာလိုတယ္ဆိုတာ ဘာမွန္းမသိတဲ့ ေမာင့္ရဲ႕ အျဖဴထည္ ငတုံးမေလး”တဲ့။ ကြၽန္မအေပၚ သနားစဖြယ္ သတၱဝါေလးလို ေမာင္က စိုက္ၾကည့္ေနပါေတာ့တယ္။ ေႂကြဆင္းလာတဲ့ ေမာင့္အၾကည့္ေတြကို ရီေဝေဝျပန္ၾကည့္ရင္း အခြင့္အေရးကို အမိအရ အသုံးခ်ပါတယ္။ ေမာင့္လည္ပင္းကို သိုင္းဖက္လိုက္ရင္း……. ေမာင့္မ်က္ႏွာကို ႐ႊန္း႐ႊန္းစားစား စိုက္ၾကည့္ရင္း ” ေမာင္ရယ္…….. ေမာင္နဲ႔ ခြၽတ္စြပ္တူတဲ့ သားေလးတစ္ေယာက္ေလာက္ ေမြးခ်င္လိုက္တာ “ဆိုၿပီး စကားလုံးေတြနဲ႔ ကြၽန္မ ခ်ဳပ္လိုက္ပါေတာ့တယ္။ တျဖည္းျဖည္းနဲ႔ ေမာင္ဟာ ကြၽန္မစကားလုံးေတြေအာက္ အရည္ေပ်ာ္လာပါေတာ့တယ္။ ဘဝအဆက္ဆက္က သံေယာဇဥ္ေတြေၾကာင့္ ဒီဘဝမွာ ႐ုန္းထြက္လို႔မရေတာ့ေလာက္ေအာင္ ခ်စ္မိသြားတယ္ဆိုတဲ့စကားကို တျဖည္းျဖည္းနဲ႔ ေမာင့္ကို နားသြင္းခဲ့တယ္၊ ကိုယ္တိုင္ ႐ုန္းမထြက္ခ်င္တာကို ဝန္မခံဘဲ ဝဋ္ေႂကြးရွိလို႔ ႐ုန္းထြက္မရတာဆိုၿပီး ေမာင္သနားေအာင္ မ်က္ရည္ခ်ဴခဲ့တယ္။ ” ေမာင့္အိမ္ေထာင္ေရးကို မဖ်က္ဆီးခ်င္ပါဘူး။ ကြၽန္မကို လာမေတြ႕ပါနဲ႔ေတာ့ ကြၽန္မကို ထားခဲ့လိုက္ပါေတာ့ေနာ္” ဆိုၿပီး ေမာင့္ရင္ခြင္ထဲ ေခါင္းထည့္ၿပီး မင္းသမီးရႈံးေအာင္ ဟန္ေဆာင္ပန္ေဆာင္နဲ႔အားရပါးရ ငိုျပခဲ့တယ္။ “ ကြၽန္မအေနအထားနဲ႔ဆို ႀကိဳက္တဲ့လူပ်ိဳကို ေခါင္းေခါက္ယူလို႔ရတယ္ ေမာင့္ကို ခ်စ္လြန္းလို႔သာ အပ်ိဳေလးတန္မဲ့သည္းခံေနရတာ”ဆိုၿပီးေတာ့လည္း မရွိမဲ့ရွိမဲ့ စႏိုက္သိကၡာကို ျမႇင့္တင္ရျပန္တယ္။ ေမာင္ ကြၽန္မကို အထင္ေသးလို႔မျဖစ္ဘူး။ ေမာင့္မ်က္လုံးထဲမွာ ကြၽန္မဟာ အျဖဴစင္ဆုံး မိန္းကေလး… ဟုတ္တယ္ ကြၽန္မသာလွ်င္ အျဖဴစင္ဆုံး။

(၄) ကြၽန္ေတာ္ သီဟထက္ႏိုင္ပါ။ ကြၽန္ေတာ္မယားငယ္ထားတာ မဟုတ္ဘူးခင္ဗ်။ ရည္းစားထားတာပါ။ မိန္းမရွိရက္နဲ႔ ရည္းစားထားတယ္ေပါ့ဗ်ာ။ ကြၽန္ေတာ့္အလုပ္တာဝန္က နယ္ေတြေျပာင္းၿပီး တာဝန္ထမ္းေဆာင္ရတယ္။ မိန္းမကလည္း သူ႔အလုပ္နဲ႔သူဆိုေတာ့ ကြၽန္ေတာ္နဲ႔လိုက္မေနႏိုင္ဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြေတာင္ ကြၽန္ေတာ့္ကို လူပ်ိဳပဲထင္ၾကတာ။ ဆိုေတာ့ကာ ဂြင္ဖန္လို႔ ေကာင္းတာေပါ့ဗ်ာ။ ကြၽန္ေတာ္တြဲတဲ့ ေကာင္မေလးတိုင္းကို ကိုကိုလို႔ေခၚခိုင္းတယ္။ ဇာတ္လမ္းေတြထဲကလို ဦးေတြ ကိုႀကီးေတြေတာ့ မေခၚခိုင္းဘူး။ ဖီးလ္မလာလို႔။ အခုေကာင္မေလးကေတာ့ ဘာစိတ္ကူးေပါက္တယ္မသိ။ ေမာင္လို႔ေခၚတယ္။ အစကေတာ့ ရွင္ေႏွာင္းဆိုတဲ့ ေကာင္မေလးကို အေပ်ာ္ထားတာပဲ။ ငယ္ငယ္႐ြယ္႐ြယ္ ခ်စ္စရာေကာင္မေလးတစ္ေယာက္က ကြၽန္ေတာ့္ကို ကေလးအေဖႀကီးမွန္း သိသြားတာေတာင္ စိတ္မနာတဲ့အျပင္ ခြင့္လႊတ္တယ္တဲ့ဗ်ာ။ ကေလးတစ္ေယာက္အေဖ အိမ္ေထာင္နဲ႔ဆိုတာ ကြၽန္ေတာ္ မေျပာျပခဲ့တာကိုေတာင္ သူက အျပစ္မျမင္ဘူးဗ်၊ မခြဲႏိုင္လို႔ ညာခဲ့တာ သူသိပါတယ္တဲ့။ စိတ္ထား ႏူးညံ့လြန္းတဲ့ မိန္းကေလးပါဗ်ာ။ ရွင္ေႏွာင္းနဲ႔ေတြ႕မွ ကိုယ့္ကိုယ္ကိုယ္ လူရာဝင္သလို ခံစားလာရတယ္။ သူက ကြၽန္ေတာ့္ကို အရမ္းေလးစားတယ္။ အရမ္းလည္း အားကိုးတယ္။ ကြၽန္ေတာ့္မိန္းမ ကြၽန္ေတာ္မရွိလို႔ျဖစ္ရင္ ျဖစ္မယ္။ ရွင္ေႏွာင္းေလးက ကြၽန္ေတာ္မရွိလို႔မျဖစ္ဘူး။ သူက သိပ္ၿပီး စိတ္အားငယ္တတ္တာဗ်။ သိပ္လည္း ႐ိုးသားတယ္။
…. ေမာင့္လို ကေလးအေဖကိုေတာင္ ဘာမွရယူလိုျခင္းမရွိဘဲ ခ်စ္တယ္တဲ့လား ရွင္ေႏွာင္းေလးရယ္။ ကိုယ့္အေပၚ နားလည္မႈအရွိဆုံးမိန္းမတစ္ေယာက္ကို စြန႔္လႊတ္ရေလာက္ေအာင္အထိေတာ့ ေမာင္မအေသးပါဘူး ကေလးရယ္…….ေမာင္တို႔ အတူေနႏိုင္ဖို႔ ေမာင္အရာအားလုံးကို ရင္ဆိုင္မယ္ေနာ္။ ရွင္ေႏွာင္းေလးသာရွိရင္ ေမာင္ဘာမဆို ရင္ဆိုင္ဖို႔ အသင့္ပဲ။
(မွတ္ခ်က္၊ ယခုအခ်ိန္သည္ သားသမီးေမ့ေလာက္ေအာင္ မႊန္ေသာအခ်ိန္ျဖစ္သည္)

(၅) စိတ္ေတြဆင္းရဲလြန္းလို႔ သတ္ေသခ်င္စိတ္ေတာင္ ေပါက္တယ္။ သမီးေလးမ်က္ႏွာေၾကာင့္သာ ကြၽန္မ ျမယမုံ အားတင္းၿပီး ေနေနရတာပါ။ ၿခံခုန္တဲ့ႏြား အႀကိမ္ႀကိမ္ ၿခံခုန္တယ္ဆိုတာ ကြၽန္မ လက္ခံရေတာ့မယ္။ အရင္တစ္ေခါက္က သူေဖာက္ျပန္တဲ့ကိစၥကို လူႀကီးမိဘေတြ ညႇိႏႈိင္းေပးလို႔ သူနဲ႔ မကြာရွင္းျဖစ္ခဲ့ဘူး။ အရင္ စႏိုက္ေက်ာ္မတုန္းကလည္း ကိုယ့္လူကို ႏိုင္ေအာင္ ထိန္း ဆိုတဲ့စကားကိုပဲ ထပ္တလဲလဲေျပာတယ္။ စႏိုက္ေတြကို ရွင္းထုတ္တာကလည္း ကိုယ့္လူကို ႏိုင္ေအာင္ထိန္းတဲ့ နည္းလမ္းေတြထဲက တစ္ခုပဲေလ။ စႏိုက္မက အပ်ိဳဆိုေတာ့ တရားစြဲလည္း ကိုယ့္ေယာက္်ားပဲ ေထာင္က်မွာေလ။ အဲဒါေၾကာင့္လည္း စႏိုက္ေတြ ေမာက္မာေနႏိုင္တာေပါ့။ သက္ေသအေထာက္အထား မခိုင္လုံရင္ ကိုယ့္ေတာင္ ျပန္အမႈပတ္မဲ့ကိန္းမ်ိဳးပဲ။ ဒါေၾကာင့္ သက္ေသအေထာက္အထား ခိုင္လုံေအာင္ စုေဆာင္းရတယ္။ လက္ပူးလက္ၾကပ္မိေအာင္ ကြၽန္မ ႀကိဳးစားတယ္။ လက္ပူးလက္ၾကပ္ကို မိခဲ့ပါတယ္ေလ။ သမီးေလးရဲ႕ ေရွ႕ေရးအတြက္ ရွိစုမဲ့စုနဲ႔ ဝယ္ထားတဲ့ တိုက္ခန္းေလးမွာေပါ့။ သူတို႔ႏွစ္ေယာက္ ျဖစ္ပ်က္ေနပုံကို ျမင္လိုက္ရတဲ့ ကြၽန္မေနရာသာ ဝင္ၿပီး စဥ္းစားၾကည့္ပါေတာ့။ ခ်စ္လြန္းလို႔လက္ထပ္ခဲ့တဲ့ ေယာက္်ားနဲ႔ တျခားမိန္းမတစ္ေယာက္ ခ်စ္ပြဲဝင္ေနၾကတဲ့ပုံကို မ်က္လုံးထဲကကို မထြက္ဘူး။ ရင္ေတြနာလိုက္တာ မေျပာပါနဲ႔ေတာ့။ ႏွလုံးသားကို အက္ဆစ္နဲ႔ ပက္လိုက္သလိုပါပဲ။ အတိတ္ကာလက ဒဏ္ရာေတြေတာင္ အနာမက်က္ေသးတဲ့အခ်ိန္ ရွင္ေႏွာင္းဆိုတဲ့ မိန္းကေလး တစ္ေယာက္ ေပၚလာျပန္ပါတယ္။ ဒီကိစၥက တစ္ဖက္မိန္းကေလးကိုပဲ ကြၽန္မ အျပစ္မတင္ပါဘူး။ ကြၽန္မေယာက္်ားကိုယ္တိုင္က မေကာင္းတာ ကြၽန္မ ဝန္ခံပါတယ္။ ဒါေပမဲ့ ကြၽန္မ ေယာကၡမက အမွန္တရားဘက္က မပါပါဘူး။ သူ႔သားေဖာက္ျပန္တာေတာင္ ညည္းေ-ာက္သုံးမက်လို႔ ေဖာက္ျပန္တာေပါ့တဲ့။ ညည္းက ေပ်ာ္ေအာင္မထားလို႔ ငါ့သားေလးက အေပ်ာ္ရွာတာတဲ့။ ေျပာရက္လိုက္တာ။ သူလည္း သားအျပင္ သမီးေတြပါ ေမြးထားတာပဲ။ ကိုယ္ခ်င္းစာစိတ္ မရွိလိုက္တာ။ လင္ေယာက္်ားေဖာက္ျပန္လို႔ စိတ္ဆင္းရဲရတဲ့အျပင္ ေယာကၡမကလည္း ကိုယ့္ေၾကာင့္ ျဖစ္ရတယ္လို႔တစ္ဗ်စ္ေတာက္ေတာက္နဲ႔ ေျပာေနေလေတာ့ ကြၽန္မ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ပါဘူး။ ေဒါသေတြထြက္လာၿပီး အသံကလည္း ေတာ္ေတာ္က်ယ္သြားပါတယ္။

“ဒီမယ္ အေမ…. အေမ့သားကို ကြၽန္မ ေထာင္ခ်ပစ္လိုက္လို႔ရတယ္ဆိုတာ သိရဲ႕လား”

“ငါ့ေျမးရဲ႕ အေဖကို ညည္းက ေထာင္ခ်မယ္ေပါ့ ဟုတ္လား။ မျဖစ္ႏိုင္တာ မေျပာစမ္းပါနဲ႔ေအ” လို႔ ေယာကၡမက ခႏိုးခနဲ႔ ေလသံနဲ႔ ျပန္ေျပာပါတယ္။

သည္းမခံႏိုင္တဲ့အဆုံးမွာေတာ့ ေယာကၡမကို တရစပ္ ျပန္ေျပာမိပါေတာ့တယ္။
“ကြၽန္မေျပာတာ ေသခ်ာနားေထာင္ေပးပါ။ ဒီအခ်ိန္က မိန္းမသားခ်င္း ကိုယ္ခ်င္းစာေပးရမဲ့ အခ်ိန္ပါ။ အေမ့မွာလည္း လင္ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္ခ်င္းစာေပးပါ။ ညည္းကို ကိုယ္ခ်င္းစာေပးရေအာင္ ငါ့လင္က အဲ့လိုအတန္းစားထဲ မပါဘူးလို႔ အေမေျပာလည္း ေလာေလာဆယ္ေတာ့ အေမ့သားက အဲ့လိုအတန္းအစား ျဖစ္ေနပါၿပီ။ အေမ့သားကို ကြၽန္မတရားမစြဲတာကိုေတာင္ အေမတို႔က ကြၽန္မကို ေက်းဇူးတင္ေနရမွာပါ။ ဒါကို ေက်းဇူးမတင္တဲ့အျပင္ ဟိုအေကာင္ကို တရားစြဲခ်င္စိတ္ ေပၚလာေအာင္ အေမတို႔ကိုယ္တိုင္ ဆြေပးေနသလို ျဖစ္ေနတာကိုေရာ အေမတို႔သိရဲ႕လား။ သိၾကရဲ႕လား။ တစ္လင္တစ္မယားက်င့္သုံးျခင္းဆိုင္ရာဥပေဒဆိုတာ ကြၽန္မကိုယ္တိုင္ တရားစြဲမွရမယ္လို႔ အေမတို႔ထင္ေနတာလား။ မည္သူမဆို တရားစြဲလို႔ရပါတယ္။ ကြၽန္မအစ္ကိုက အရင္တစ္ေခါက္ကိစၥကတည္းက အေမ့သားကို သတ္ခ်င္ေနတာပါ။ သူ႔ညီမေလး ခံစားေနရတာ မၾကည့္ရက္လို႔ အေမ့သားကို ကြၽန္မအစ္ကိုက တစ္လင္တစ္မယားနဲ႔ တရားစြဲဖို႔လုပ္ေနပါတယ္။ ဒီေတာ့ အေမ့ပါးစပ္ကို ပိတ္ထားေပးပါ။ ဒီေန႔ ဒီအခ်ိန္ ဒီစကၠန႔္ပိုင္းကစလို႔ အေမ့ပါးစပ္က ကြၽန္မအသုံးမက်လို႔ ျဖစ္ရတာပါဆိုတဲ့စကား တစ္လုံးေတာင္ မဟပါနဲ႔။ ဒီေလာက္ ရွင္းျပေနတာေတာင္မွ အေမပါးစပ္ ဟရဲေသးတယ္ဆိုရင္ ဟၾကည့္လိုက္ပါ။”
ကြၽန္မစကားအဆုံးမွာေတာ့ ေယာကၡမမွာ တုပ္တုပ္မွ်ပင္ မလႈပ္ေတာ့ေခ်။

(ဇာတ္သိမ္း)

(၆)” သမီးႀကီးေရ……. ရွင္ေႏွာင္း….. ရွင္ေႏွာင္း”.။ ကြၽန္မ ေဇာေခြၽဴးေတြပ်ံၿပီး အိပ္မက္က လန႔္ႏိုးသြားပါတယ္။ အိပ္မက္ထဲမွာ ကြၽန္မရဲ႕ မိခင္က ကြၽန္မနာမည္ကို အားကိုးတႀကီး ေခၚေနပါတယ္။ အိပ္မက္ထဲမွာဆိုေပမဲ့ အျပင္မွာ ေခၚေနသလိုပါပဲ။ စိတ္ထဲမွာလည္းေလးေနသလို ျဖစ္ေနပါတယ္။ အဲဒီအခ်ိန္မွာပဲ ေမေမက တုန္ယင္ေနတဲ့ေလသံနဲ႔ ဖုန္းဆက္လာလို႔ အေၾကာင္းစုံ သိသြားပါတယ္၊ မီရာကားနဲ႔ မိဘအိမ္ကို အေျပးျပန္ခဲ့ပါေတာ့တယ္။ အိမ္ထဲအေရာက္မွာေတာ့…… ခုတင္ေပၚမွာ ပက္လက္ေလးလွဲေလ်ာင္းေနတဲ့ ကြၽန္မညီမေလးကို သနားစဖြယ္ ေတြ႕လိုက္ရပါေတာ့တယ္။ ကြၽန္မေခါင္းေတြ ခ်ာခ်ာလည္ မူးသြားပါေတာ့တယ္။ ခုတင္ေဘးမွာ ေခါင္းငိုက္စိုက္နဲ႔ ထိုင္ေနတဲ့ ေဖေဖ့လက္မွာလည္း ပတ္တီးေတြနဲ႔ပါလား။ ညီမေလးက ေန႔ေစ့လေစ့ ကိုယ္ဝန္ႀကီးနဲ႔ပါ။ ညီမေလးေယာက္်ား ကြၽန္မရဲ႕မတ္ ေဖာက္ျပန္ေနတာၾကာၿပီတဲ့ေလ။ ညီမေလးက ေန႔တိုင္း တငိုငိုတရီရီ ျဖစ္ေနၿပီး မေန႔ကေတာ့ ေသြးေၾကာကို ဘရိတ္ဓားနဲ႔ လွီးၿပီး သတ္ေသဖို႔လုပ္တယ္တဲ့။ အဲဒါကို ေဖေဖျမင္ေတာ့ သားသမီးေဇာနဲ႔ ေျပးလုလိုက္တာ ဘရိတ္ဓားက ေဖေဖ့လက္ဖဝါးကို ထိုးခြဲမိသလိုပါ ျဖစ္သြားတယ္တဲ့။ ေဖေဖရယ္….. သားသမီးအတြက္ အပူဟာ ေဖေဖ့လက္က ဒဏ္ရာထက္ ပိုၿပီးနာက်င္ရမယ္ဆိုတာ သမီးနားလည္ပါတယ္။ ညီမေလးက သူ႔ေယာက္်ားနဲ႔ ေဖာက္ျပန္တဲ့ မိန္းကေလးအေၾကာင္း ကြၽန္မကို ေျပာျပတဲ့အခ်ိန္မွာေတာ့….……. ။

(၇) ကိုယ္တိုင္ထိမွ ကြၽန္မနာတတ္ခဲ့ၿပီေလ။ ညီမေလးရဲ႕ ေယာက္်ားကို လုယူသြားတဲ့ မိန္းမလုပ္တဲ့အကြက္ေတြဟာ ကြၽန္မ ဦးသီဟထက္ႏိုင္ကို ျဖားေယာင္းခဲ့တဲ့ မာယာေတြနဲ႔ တစ္ထပ္တည္းပါပဲလား။ ဒါေၾကာင့္လည္း အဲ့လူက ဗိုက္ႀကီးသည္ညီမေလးကို ပစ္ၿပီး စႏိုက္မေနာက္ ပါသြားခဲ့တာကိုး။ ႐ြံစရာအေကာင္းဆုံး မာယာေတြနဲ႔ ျဖဴစင္ခ်င္ေယာင္ေဆာင္ၿပီး သူတစ္ပါးမိသားစုကို ဖ်က္ဆီးဖို႔ ကြၽန္မ ႀကိဳးစားခဲ့တယ္။ ကြၽန္မ အမွားႀကီး မွားသြားၿပီ။ လူတစ္ေယာက္ က်ဴးလြန္လိုက္တဲ့ အမွားဟာ သူနဲ႔ သက္ဆိုင္သူအားလုံးကို ထိခိုက္နာက်င္ေစတာပါလား။ အေတြးေလးတစ္ခ်က္ မွားတာနဲ႔ ကြၽန္မရဲ႕ ဂုဏ္သိကၡာ၊ မိသားစုဂုဏ္သိကၡာ၊ ကြၽန္မရဲ႕ အနာဂတ္ ေရစုန္ေမ်ာဖို႔ သီသီေလးပဲ လိုေတာ့တာပါလား၊ ကြၽန္မစိတ္ကူးမေျပာင္းခင္မွာပဲ ခဲရာခဲဆစ္ ဆုံးျဖတ္ခ်က္တစ္ခုကို အျမန္ခ်ၿပီး မျမယမုံဆီကို ဖုန္းေခၚလိုက္ပါေတာ့တယ္။ သူ႔ဆီကို ကြၽန္မဖုန္းေခၚၿပီး ကြၽန္မ မိဘနာမည္၊ မိဘဖုန္းနံပါတ္၊ ေနရပ္လိပ္စာတို႔ကို လိုက္မွတ္ခိုင္းလိုက္ပါတယ္။ ကြၽန္မ အလုပ္လိပ္စာနဲ႔ ဖုန္းနံပါတ္ကိုလည္း ေပးလိုက္ပါတယ္။ တကယ္လို႔ ကြၽန္မေရွ႕တိုးခဲ့မယ္ဆိုရင္ မျမယမုံအေနနဲ႔ ကြၽန္မကို အားမနာဘဲနဲ႔ ကြၽန္မ မိဘေတြဆီကို ဖုန္းဆက္တိုင္ပါ။ ကြၽန္မအလုပ္မွာ လာၿပီးေတာ့လည္း ကြၽန္မကို အရွက္ခြဲပါလို႔ ေျပာလိုက္ပါတယ္။ ဒါဟာ အေျပာသာလြယ္ေပမယ့္ အရမ္းကိုခက္ခဲလွတဲ့ ဂုဏ္သိကၡာအေလ်ာ္အစားတစ္ခုလည္း ျဖစ္ပါတယ္။ ကုမၸဏီမွာ အမ်ားေလးစားခံရတဲ့ ေနရာတစ္ခုအထိ ေရာက္ေအာင္ ခက္ခက္ခဲခဲ ႀကိဳးစားလာခဲ့ရတဲ့ ကြၽန္မအတြက္ နာမည္ပ်က္ခံလို႔လည္း မရပါဘူး။ စြဲလန္းမိသူကို သတိရတိုင္းမွာ ညီမေလးရဲ႕ အိမ္တြင္းေရးျပႆနာတစ္ခုနဲ႔တင္ စိတ္ဆင္းရဲေနရတဲ့မိဘႏွစ္ပါးမ်က္ႏွာ၊ သနားစရာညီမေလးရဲ႕မ်က္ႏွာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ မ်က္ႏွာကို ျမင္ေယာင္ရင္းနဲ႔ ကိုယ့္စိတ္ကို ႏိုင္ေအာင္ ျပန္တိုက္ရပါတယ္။ သူမ်ားေယာက္်ားကိုမွ လိုခ်င္တပ္မက္မိတဲ့ ႐ြံစရာအေကာင္းဆုံးစိတ္ကို စြန႔္လႊတ္လိုက္တဲ့အခါမွာေတာ့ အရမ္းေအးခ်မ္းတဲ့ လြတ္ေျမာက္မႈကို ရရွိသြားပါတယ္။ အဓိကနဲ႔ သာမညကို ကြၽန္မခြဲျခားတတ္လာပါတယ္။ စႏိုက္ေက်ာ္ဘဝကေန ကြၽန္မ ႐ုန္းထြက္ႏိုင္လိုက္ျခင္းဟာ ကြၽန္မရဲ႕ သိကၡာ၊ မိသားစုသိကၡာကိုသာမက ကြၽန္မရဲ႕ အနာဂတ္ကိုပါ ကယ္တင္လိုက္ႏိုင္ပါတယ္။

ႏွစ္ပတ္ခန႔္အၾကာမွာေတာ့ ျမယမုံဟာ ရွင္ေႏွာင္းဆီကို ဖုန္းဆက္လာၿပီး ေမးခြန္းတစ္ခု ေမးခဲ့ပါတယ္။
“ရွင္ေႏွာင္းနဲ႔ ကြၽန္မေယာက္်ား ဘယ္အေျခအေနထိ ေရာက္ခဲ့ၾကလဲ”တဲ့။ ျမယမုံ ေမးတဲ့ ေမးခြန္းကို ရွင္ေႏွာင္းက အမွန္အတိုင္း ျပန္ေျဖလိုက္ပါတယ္။ ရွင္ေႏွာင္းဘယ္လို ေျဖလိုက္သည္မသိ။ ျမယမုံ တစ္ခ်က္ေတာ့ ၿပဳံးသြားသည္။ ထိုအၿပဳံးသည္ ေက်နပ္ေသာအၿပဳံးလား၊ နာက်င္ေသာ မဲ့ၿပဳံးလားဆိုတာကိုေတာ့ မိန္းကေလးမ်ားသာ ခံစားနားလည္ႏိုင္ပါလိမ့္မည္။

သံသယဆူးေခ်ာင္းရဲ႕ နာက်င္မႈေတြနဲ႔အတူ ကြၽန္မ ျမယမုံ သမီးေလးကို ရင္ခြင္ထဲဆြဲသြင္းၿပီး က်စ္က်စ္ပါေအာင္ ဖက္လိုက္ပါေတာ့တယ္။ ႏူးႏူးညံ့ညံ့ လက္ေသးေသးေလးဟာ ကြၽန္မ မ်က္ႏွာေပၚေရာက္လာပါတယ္။ ေၾသာ္…. ကြၽန္မ မ်က္ရည္ေတြ က်ေနတာပါလား။ သမီးေလးကေတာ့ သူ႔လက္ေသးေသးေလးနဲ႔ မ်က္ရည္ေတြ လိုက္သုတ္ေပးေနရွာပါတယ္။ သမီးေလးက ငိုမဲ့မဲ့ျဖစ္ေနရင္း ေျပာလိုက္တာက ” ေမေမငိုရင္ သမီးလည္းငိုခ်င္တယ္တဲ့ “။ ကြၽန္မ ေနာက္ထပ္ မငိုေတာ့ပါဘူး။ ဘယ္အခ်ိန္ ၿခံထပ္ခုန္မယ္မွန္းမသိတဲ့ လင္ေယာက္်ားကိုလည္း ကြၽန္မ မတြယ္တာေတာ့ပါဘူး။ မိခင္တစ္ေယာက္ရဲ႕ အားအင္ေတြနဲ႔ သမီးေလးဘဝအတြက္ ကြၽန္မ အစြမ္းကုန္ႀကိဳးစားသြားပါေတာ့မယ္။ ကေလးတစ္ေယာက္အေဖ လူၿပိဳနဲ႔ ရွင္ေႏွာင္းတို႔ကိုလည္း ကြၽန္မစိတ္ထဲက အၿပီးတိုင္ ထုတ္လိုက္ပါၿပီ။

ဆက္လက္ေရးသားပါဦးမည္

Credit: ယြန္းဂ်ဴအာ

အခ်ိဳ႕မိန္းကေလးမ်ား ဒီစာေလးကို ဖတ္ၿပီး အသိတရားရသြားရင္ျဖင့္ ကြၽန္မေရးရက်ိဳးနပ္ပါၿပီ။ အမည္မ်ားတိုက္ဆိုင္သြားလွ်င္ ခြင့္လႊတ္ၾကပါကုန္၊ မိမိတို႔ရဲ႕ အေတြ႕အႀကဳံမ်ားကိုလည္း ထပ္မံျဖည့္စြက္ႏိုင္ပါတယ္။

UniCodeဖြင့်ဖတ်ရန်

ကလေးတစ်ယောက်အဖေ လူပြိုနှင့် ရှင်နှောင်း (လိပ်ပြာလုံသူများ၊ သူတစ်ပါးမိသားစုအား မဖျက်ဆီးသူများ၊ အမှားသိ၍ အမှန်ပြင်နိုင်သူများသာ ဤပို့စ်ကို ရှယ်နိုင်ပါသည်)

(၁) ကွျွန်မ နာမည်က ရှင်နှောင်းပါ။ သူနဲ့ စတွေ့တဲ့ အဖြစ်အပျက်က ရိုးရှင်းလှပေမယ့် နောက်ပိုင်းမှာ မရိုးရှင်းတဲ့အရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အခုတလော ကျွန်မ အနီးအနားမှာ သူ့ကို မကြာခဏတွေ့လာရတယ်။ သူ့ရဲ့ အကြည့်နက်နက်တွေကို ကျွန်မ ရှောင်ဖို့ခက်လှသလို ရှက်စိတ်လေးနဲ့ ရင်ဖိုမိတယ်လို့ ပြောရမလားပဲ။ လူပျိုကြီး မိန်းမမယူသေးဘူးလားလို့ ဝိုင်းစနေကြတဲ့ သူ့သူငယ်ချင်းတွေကိုလည်း သူက” ဟေ့ကောင်တွေ မနောက်ကြပါနဲ့ကွာ “ဆိုပြီး မျက်နှာကြီး ရဲခနဲဖြစ်ပြီး ပြန်ပြောတယ်။ ကျွန်မ စဉ်းစားမိတယ်။ သူ့လောက် ချောမောခန့်ညားတဲ့သူက ဘာလို့ခုထိ အိမ်ထောင်မပြုသေးတာလဲ ဆိုတာကိုပေါ့။ လိုရင်းပြောရရင်တော့ ကျွန်မနဲ့ သူနဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုခေတ်က မလွယ်ဘူးလေ။ လူလိမ်တွေက အများသားမို့လား။ ဒါကြောင့် ချစ်သူရှိလား အိမ်ထောင်ရှိလား ကျွန်မသေချာအောင် မေးပါတယ်။ အဲ့လိုမေးလိုက်တဲ့အခါတိုင်း သူက ပြန်ပြောတယ်။ ” စိုးရိမ်တတ်ရန်ကော ကလေးရယ် “တဲ့။ ဘာပဲဖြစ်ဖြစ် သေချာအောင်စုံစမ်းရမှာက ကျွန်မတာဝန်လေ။ တစ်သက်လုံး သိက္ခာရှိရှိ ရပ်တည်လာခဲ့ပြီးမှ မယားငယ်လည်း အဖြစ်မခံနိုင်သလို စနိုက်ကျော်လို့လည်း အပြောမခံနိုင်ပေါင်။ သူ့အကြောင်းတွေ စုံစမ်းရင်းနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကအစ ကျွန်မနဲ့ တော်တော်ရင်းနှီးနေပြီ။ တစ်ဖြည်းဖြည်းနဲ့ သိလာရတာက သူအိမ်ထောင်မပြုဖြစ်တဲ့ အကြောင်းရင်းက အမေချစ်သားမိုလို့ပါတဲ့။ သူ့ရည်းစားဟောင်းကို ဖြတ်ခဲ့တာကလည်း သူ့အမေ သဘောမတူလို့ပါတဲ့။ သူနဲ့အတူ ချစ်သူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပေမဲ့ …….. ဝမ်းနည်းနာကျည်းဖွယ်ရာ အဖြစ်အပျက်က စောင့်ကြိုလို့နေပါတော့တယ်။

(၂) ကျွန်မအတွက် အရမ်းကိုတုန်လှုပ်ချောက်ခြားစေခဲ့တဲ့ နေ့တစ်နေ့ပါ။ ကျွန်မဆီကို ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာခဲ့တယ်။ ” ကျွန်မ မြယမုံပါ။ ကိုသီဟထက်နိုင်ရဲ့ အမျိုးသမီးပါ။ ကိုယ့်ညီမတစ်ယောက်လို သဘောထားပြီး သတိပေးလိုက်မယ်၊ ပိုင်ရှင်ရှိ ယောက်ျားတစ်ယောက်ကို မြှူဆွယ်နေတဲ့ကိစ္စ ရပ်တန်းက ရပ်ပေးပါ” တဲ့။ မြယမုံဆိုတဲ့ အမျိုးသမီး ကျွန်မကို စိတ်ဆိုးမာန်ဆိုးနဲ့ စကားတွေ အဆက်မပြတ် ပြောသွားပေမဲ့ သူ့အသံတွေ တုန်နေတာ ကျွန်မသတိထားမိတယ်။ ကျွန်မမှာ ပြန်ပြောစရာ စကားတောင် မရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အိပ်မက်ကြီးထဲ ရောက်နေသလိုလို။ ရှက်ရွံ့စိတ် နာကျည်းစိတ်တွေနဲ့အတူ ရင်ဘတ်ကြီးတစ်ခုလုံး ဟာတာတာခံစားချက်တွေနဲ့။ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားတတ်တဲ့ ကျွန်မ……ဘဝတစ်လျှောက်လုံး ဖြူစင်စွာ နေလာခဲ့တဲ့ ကျွန်မ…. အခုတော့….. အခုတော့လေ…….. သူများလင်ကိုမှ………….။
မောင့်ကို ကျွန်မ စွန့်လွှတ်ရတော့မှာလား ဆိုတဲ့ အသိက ကျွန်မရင်ကို မီးစနဲ့ ထိုးသလို ပိုပြီး နာကျင်စေပါတယ်။ ဟင့်အင်း…. မောင့်ကို မစွန့်လွှတ်နိုင်ဘူး၊ ရအောင်ယူမယ်။ ရအောင်ကို ယူပြမယ်။ ဒီလိုနဲ့ပဲ …………. စနိုက်ကျော်ခြေလှမ်းနဲ့ ရှေ့တစ်လှမ်းတိုးလိုက်ပါတော့တယ်။ မိသားစုဘဝတွေကို လိုက်ဖျက်ဆီးနေတဲ့ စနိုက်ကျော်ခြေလှမ်းဆိုတာ …… ဘယ်လိုမျိုးလဲ………။

(၃) မောင့်ကို ကမ္ဘာပေါ်မှာ နားလည်မှုအရှိဆုံး မိန်းမလိုမျိုး ကျွန်မ နေခဲ့တယ်။ ချစ်သူစိတ်ချမ်းသာဖို့ဆို ဘာမဆို ပေးဆပ်ဖို့ အဆင်သင့်ဆိုတဲ့ ပုံစံမျိုးကို မောင်ယုံအောင် ဟန်ဆောင်နိုင်ခဲ့တယ်။ မောင့်အမျိုးသမီးဆီက ဖုန်းလာလို့ မောင်က မကိုင်ချင်ရင်တောင် ” ကိုင်လိုက်ပါမောင်ရယ်. …. မောင့်သမီးလေးကိစ္စဖြစ်ချင် ဖြစ်နေမှာပေါ့” ဆိုပြီး စာနာနားလည်မှုရှိသလိုမျိုး ပြောပေးလိုက်တယ်။ စိတ်ထဲကတော့ ဘယ်ပါပါ့မလဲနော်။ မောင့်မျက်လုံးထဲမှာ ကျွန်မကို စိတ်ထားအရမ်းဖြူစင်တဲ့ ကောင်မလေးအဖြစ် မြင်လာအောင် မာယာမျိုးစုံနဲ့ လှည့်ဖြားပါတော့တယ်။ ဒါဟာ စနိုက်ကျော်ပြီဆိုတာနဲ့ မိန်းမတွေ အလိုလိုတတ်လာတဲ့ ပညာပါ။ ပြီးတော့လေ မောင့်မိန်းမ ကျက်သရေရှိလှတဲ့အကြောင်း ချောကြောင်း လှကြောင်းပါ ကျွန်မက ချီးကျူးလိုက်သေးတာ။ မောင်က ကျွန်မခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပြီး ပြောလိုက်သေးတယ်။ ” မနာလိုတယ်ဆိုတာ ဘာမှန်းမသိတဲ့ မောင့်ရဲ့ အဖြူထည် ငတုံးမလေး”တဲ့။ ကျွန်မအပေါ် သနားစဖွယ် သတ္တဝါလေးလို မောင်က စိုက်ကြည့်နေပါတော့တယ်။ ကြွေဆင်းလာတဲ့ မောင့်အကြည့်တွေကို ရီဝေဝေပြန်ကြည့်ရင်း အခွင့်အရေးကို အမိအရ အသုံးချပါတယ်။ မောင့်လည်ပင်းကို သိုင်းဖက်လိုက်ရင်း……. မောင့်မျက်နှာကို ရွှန်းရွှန်းစားစား စိုက်ကြည့်ရင်း ” မောင်ရယ်…….. မောင်နဲ့ ချွတ်စွပ်တူတဲ့ သားလေးတစ်ယောက်လောက် မွေးချင်လိုက်တာ “ဆိုပြီး စကားလုံးတွေနဲ့ ကျွန်မ ချုပ်လိုက်ပါတော့တယ်။ တဖြည်းဖြည်းနဲ့ မောင်ဟာ ကျွန်မစကားလုံးတွေအောက် အရည်ပျော်လာပါတော့တယ်။ ဘဝအဆက်ဆက်က သံယောဇဉ်တွေကြောင့် ဒီဘဝမှာ ရုန်းထွက်လို့မရတော့လောက်အောင် ချစ်မိသွားတယ်ဆိုတဲ့စကားကို တဖြည်းဖြည်းနဲ့ မောင့်ကို နားသွင်းခဲ့တယ်၊ ကိုယ်တိုင် ရုန်းမထွက်ချင်တာကို ဝန်မခံဘဲ ဝဋ်ကြွေးရှိလို့ ရုန်းထွက်မရတာဆိုပြီး မောင်သနားအောင် မျက်ရည်ချူခဲ့တယ်။ ” မောင့်အိမ်ထောင်ရေးကို မဖျက်ဆီးချင်ပါဘူး။ ကျွန်မကို လာမတွေ့ပါနဲ့တော့ ကျွန်မကို ထားခဲ့လိုက်ပါတော့နော်” ဆိုပြီး မောင့်ရင်ခွင်ထဲ ခေါင်းထည့်ပြီး မင်းသမီးရှုံးအောင် ဟန်ဆောင်ပန်ဆောင်နဲ့အားရပါးရ ငိုပြခဲ့တယ်။ “ ကျွန်မအနေအထားနဲ့ဆို ကြိုက်တဲ့လူပျိုကို ခေါင်းခေါက်ယူလို့ရတယ် မောင့်ကို ချစ်လွန်းလို့သာ အပျိုလေးတန်မဲ့သည်းခံနေရတာ”ဆိုပြီးတော့လည်း မရှိမဲ့ရှိမဲ့ စနိုက်သိက္ခာကို မြှင့်တင်ရပြန်တယ်။ မောင် ကျွန်မကို အထင်သေးလို့မဖြစ်ဘူး။ မောင့်မျက်လုံးထဲမှာ ကျွန်မဟာ အဖြူစင်ဆုံး မိန်းကလေး… ဟုတ်တယ် ကျွန်မသာလျှင် အဖြူစင်ဆုံး။

(၄) ကျွန်တော် သီဟထက်နိုင်ပါ။ ကျွန်တော်မယားငယ်ထားတာ မဟုတ်ဘူးခင်ဗျ။ ရည်းစားထားတာပါ။ မိန်းမရှိရက်နဲ့ ရည်းစားထားတယ်ပေါ့ဗျာ။ ကျွန်တော့်အလုပ်တာဝန်က နယ်တွေပြောင်းပြီး တာဝန်ထမ်းဆောင်ရတယ်။ မိန်းမကလည်း သူ့အလုပ်နဲ့သူဆိုတော့ ကျွန်တော်နဲ့လိုက်မနေနိုင်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေတောင် ကျွန်တော့်ကို လူပျိုပဲထင်ကြတာ။ ဆိုတော့ကာ ဂွင်ဖန်လို့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တွဲတဲ့ ကောင်မလေးတိုင်းကို ကိုကိုလို့ခေါ်ခိုင်းတယ်။ ဇာတ်လမ်းတွေထဲကလို ဦးတွေ ကိုကြီးတွေတော့ မခေါ်ခိုင်းဘူး။ ဖီးလ်မလာလို့။ အခုကောင်မလေးကတော့ ဘာစိတ်ကူးပေါက်တယ်မသိ။ မောင်လို့ခေါ်တယ်။ အစကတော့ ရှင်နှောင်းဆိုတဲ့ ကောင်မလေးကို အပျော်ထားတာပဲ။ ငယ်ငယ်ရွယ်ရွယ် ချစ်စရာကောင်မလေးတစ်ယောက်က ကျွန်တော့်ကို ကလေးအဖေကြီးမှန်း သိသွားတာတောင် စိတ်မနာတဲ့အပြင် ခွင့်လွှတ်တယ်တဲ့ဗျာ။ ကလေးတစ်ယောက်အဖေ အိမ်ထောင်နဲ့ဆိုတာ ကျွန်တော် မပြောပြခဲ့တာကိုတောင် သူက အပြစ်မမြင်ဘူးဗျ၊ မခွဲနိုင်လို့ ညာခဲ့တာ သူသိပါတယ်တဲ့။ စိတ်ထား နူးညံ့လွန်းတဲ့ မိန်းကလေးပါဗျာ။ ရှင်နှောင်းနဲ့တွေ့မှ ကိုယ့်ကိုယ်ကိုယ် လူရာဝင်သလို ခံစားလာရတယ်။ သူက ကျွန်တော့်ကို အရမ်းလေးစားတယ်။ အရမ်းလည်း အားကိုးတယ်။ ကျွန်တော့်မိန်းမ ကျွန်တော်မရှိလို့ဖြစ်ရင် ဖြစ်မယ်။ ရှင်နှောင်းလေးက ကျွန်တော်မရှိလို့မဖြစ်ဘူး။ သူက သိပ်ပြီး စိတ်အားငယ်တတ်တာဗျ။ သိပ်လည်း ရိုးသားတယ်။
…. မောင့်လို ကလေးအဖေကိုတောင် ဘာမှရယူလိုခြင်းမရှိဘဲ ချစ်တယ်တဲ့လား ရှင်နှောင်းလေးရယ်။ ကိုယ့်အပေါ် နားလည်မှုအရှိဆုံးမိန်းမတစ်ယောက်ကို စွန့်လွှတ်ရလောက်အောင်အထိတော့ မောင်မအသေးပါဘူး ကလေးရယ်…….မောင်တို့ အတူနေနိုင်ဖို့ မောင်အရာအားလုံးကို ရင်ဆိုင်မယ်နော်။ ရှင်နှောင်းလေးသာရှိရင် မောင်ဘာမဆို ရင်ဆိုင်ဖို့ အသင့်ပဲ။
(မှတ်ချက်၊ ယခုအချိန်သည် သားသမီးမေ့လောက်အောင် မွှန်သောအချိန်ဖြစ်သည်)

(၅) စိတ်တွေဆင်းရဲလွန်းလို့ သတ်သေချင်စိတ်တောင် ပေါက်တယ်။ သမီးလေးမျက်နှာကြောင့်သာ ကျွန်မ မြယမုံ အားတင်းပြီး နေနေရတာပါ။ ခြံခုန်တဲ့နွား အကြိမ်ကြိမ် ခြံခုန်တယ်ဆိုတာ ကျွန်မ လက်ခံရတော့မယ်။ အရင်တစ်ခေါက်က သူဖောက်ပြန်တဲ့ကိစ္စကို လူကြီးမိဘတွေ ညှိနှိုင်းပေးလို့ သူနဲ့ မကွာရှင်းဖြစ်ခဲ့ဘူး။ အရင် စနိုက်ကျော်မတုန်းကလည်း ကိုယ့်လူကို နိုင်အောင် ထိန်း ဆိုတဲ့စကားကိုပဲ ထပ်တလဲလဲပြောတယ်။ စနိုက်တွေကို ရှင်းထုတ်တာကလည်း ကိုယ့်လူကို နိုင်အောင်ထိန်းတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲလေ။ စနိုက်မက အပျိုဆိုတော့ တရားစွဲလည်း ကိုယ့်ယောက်ျားပဲ ထောင်ကျမှာလေ။ အဲဒါကြောင့်လည်း စနိုက်တွေ မောက်မာနေနိုင်တာပေါ့။ သက်သေအထောက်အထား မခိုင်လုံရင် ကိုယ့်တောင် ပြန်အမှုပတ်မဲ့ကိန်းမျိုးပဲ။ ဒါကြောင့် သက်သေအထောက်အထား ခိုင်လုံအောင် စုဆောင်းရတယ်။ လက်ပူးလက်ကြပ်မိအောင် ကျွန်မ ကြိုးစားတယ်။ လက်ပူးလက်ကြပ်ကို မိခဲ့ပါတယ်လေ။ သမီးလေးရဲ့ ရှေ့ရေးအတွက် ရှိစုမဲ့စုနဲ့ ဝယ်ထားတဲ့ တိုက်ခန်းလေးမှာပေါ့။ သူတို့နှစ်ယောက် ဖြစ်ပျက်နေပုံကို မြင်လိုက်ရတဲ့ ကျွန်မနေရာသာ ဝင်ပြီး စဉ်းစားကြည့်ပါတော့။ ချစ်လွန်းလို့လက်ထပ်ခဲ့တဲ့ ယောက်ျားနဲ့ တခြားမိန်းမတစ်ယောက် ချစ်ပွဲဝင်နေကြတဲ့ပုံကို မျက်လုံးထဲကကို မထွက်ဘူး။ ရင်တွေနာလိုက်တာ မပြောပါနဲ့တော့။ နှလုံးသားကို အက်ဆစ်နဲ့ ပက်လိုက်သလိုပါပဲ။ အတိတ်ကာလက ဒဏ်ရာတွေတောင် အနာမကျက်သေးတဲ့အချိန် ရှင်နှောင်းဆိုတဲ့ မိန်းကလေး တစ်ယောက် ပေါ်လာပြန်ပါတယ်။ ဒီကိစ္စက တစ်ဖက်မိန်းကလေးကိုပဲ ကျွန်မ အပြစ်မတင်ပါဘူး။ ကျွန်မယောက်ျားကိုယ်တိုင်က မကောင်းတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မ ယောက္ခမက အမှန်တရားဘက်က မပါပါဘူး။ သူ့သားဖောက်ပြန်တာတောင် ညည်းေ-ာက်သုံးမကျလို့ ဖောက်ပြန်တာပေါ့တဲ့။ ညည်းက ပျော်အောင်မထားလို့ ငါ့သားလေးက အပျော်ရှာတာတဲ့။ ပြောရက်လိုက်တာ။ သူလည်း သားအပြင် သမီးတွေပါ မွေးထားတာပဲ။ ကိုယ်ချင်းစာစိတ် မရှိလိုက်တာ။ လင်ယောက်ျားဖောက်ပြန်လို့ စိတ်ဆင်းရဲရတဲ့အပြင် ယောက္ခမကလည်း ကိုယ့်ကြောင့် ဖြစ်ရတယ်လို့တစ်ဗျစ်တောက်တောက်နဲ့ ပြောနေလေတော့ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ ဒေါသတွေထွက်လာပြီး အသံကလည်း တော်တော်ကျယ်သွားပါတယ်။

“ဒီမယ် အမေ…. အမေ့သားကို ကျွန်မ ထောင်ချပစ်လိုက်လို့ရတယ်ဆိုတာ သိရဲ့လား”

“ငါ့မြေးရဲ့ အဖေကို ညည်းက ထောင်ချမယ်ပေါ့ ဟုတ်လား။ မဖြစ်နိုင်တာ မပြောစမ်းပါနဲ့အေ” လို့ ယောက္ခမက ခနိုးခနဲ့ လေသံနဲ့ ပြန်ပြောပါတယ်။

သည်းမခံနိုင်တဲ့အဆုံးမှာတော့ ယောက္ခမကို တရစပ် ပြန်ပြောမိပါတော့တယ်။
“ကျွန်မပြောတာ သေချာနားထောင်ပေးပါ။ ဒီအချိန်က မိန်းမသားချင်း ကိုယ်ချင်းစာပေးရမဲ့ အချိန်ပါ။ အမေ့မှာလည်း လင်ရှိပါတယ်။ ဒါကြောင့် ကိုယ်ချင်းစာပေးပါ။ ညည်းကို ကိုယ်ချင်းစာပေးရအောင် ငါ့လင်က အဲ့လိုအတန်းစားထဲ မပါဘူးလို့ အမေပြောလည်း လောလောဆယ်တော့ အမေ့သားက အဲ့လိုအတန်းအစား ဖြစ်နေပါပြီ။ အမေ့သားကို ကျွန်မတရားမစွဲတာကိုတောင် အမေတို့က ကျွန်မကို ကျေးဇူးတင်နေရမှာပါ။ ဒါကို ကျေးဇူးမတင်တဲ့အပြင် ဟိုအကောင်ကို တရားစွဲချင်စိတ် ပေါ်လာအောင် အမေတို့ကိုယ်တိုင် ဆွပေးနေသလို ဖြစ်နေတာကိုရော အမေတို့သိရဲ့လား။ သိကြရဲ့လား။ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေဆိုတာ ကျွန်မကိုယ်တိုင် တရားစွဲမှရမယ်လို့ အမေတို့ထင်နေတာလား။ မည်သူမဆို တရားစွဲလို့ရပါတယ်။ ကျွန်မအစ်ကိုက အရင်တစ်ခေါက်ကိစ္စကတည်းက အမေ့သားကို သတ်ချင်နေတာပါ။ သူ့ညီမလေး ခံစားနေရတာ မကြည့်ရက်လို့ အမေ့သားကို ကျွန်မအစ်ကိုက တစ်လင်တစ်မယားနဲ့ တရားစွဲဖို့လုပ်နေပါတယ်။ ဒီတော့ အမေ့ပါးစပ်ကို ပိတ်ထားပေးပါ။ ဒီနေ့ ဒီအချိန် ဒီစက္ကန့်ပိုင်းကစလို့ အမေ့ပါးစပ်က ကျွန်မအသုံးမကျလို့ ဖြစ်ရတာပါဆိုတဲ့စကား တစ်လုံးတောင် မဟပါနဲ့။ ဒီလောက် ရှင်းပြနေတာတောင်မှ အမေပါးစပ် ဟရဲသေးတယ်ဆိုရင် ဟကြည့်လိုက်ပါ။”
ကျွန်မစကားအဆုံးမှာတော့ ယောက္ခမမှာ တုပ်တုပ်မျှပင် မလှုပ်တော့ချေ။

(ဇာတ်သိမ်း)

(၆)” သမီးကြီးရေ……. ရှင်နှောင်း….. ရှင်နှောင်း”.။ ကျွန်မ ဇောချွေူးတွေပျံပြီး အိပ်မက်က လန့်နိုးသွားပါတယ်။ အိပ်မက်ထဲမှာ ကျွန်မရဲ့ မိခင်က ကျွန်မနာမည်ကို အားကိုးတကြီး ခေါ်နေပါတယ်။ အိပ်မက်ထဲမှာဆိုပေမဲ့ အပြင်မှာ ခေါ်နေသလိုပါပဲ။ စိတ်ထဲမှာလည်းလေးနေသလို ဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ မေမေက တုန်ယင်နေတဲ့လေသံနဲ့ ဖုန်းဆက်လာလို့ အကြောင်းစုံ သိသွားပါတယ်၊ မီရာကားနဲ့ မိဘအိမ်ကို အပြေးပြန်ခဲ့ပါတော့တယ်။ အိမ်ထဲအရောက်မှာတော့…… ခုတင်ပေါ်မှာ ပက်လက်လေးလှဲလျောင်းနေတဲ့ ကျွန်မညီမလေးကို သနားစဖွယ် တွေ့လိုက်ရပါတော့တယ်။ ကျွန်မခေါင်းတွေ ချာချာလည် မူးသွားပါတော့တယ်။ ခုတင်ဘေးမှာ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေတဲ့ ဖေဖေ့လက်မှာလည်း ပတ်တီးတွေနဲ့ပါလား။ ညီမလေးက နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ပါ။ ညီမလေးယောက်ျား ကျွန်မရဲ့မတ် ဖောက်ပြန်နေတာကြာပြီတဲ့လေ။ ညီမလေးက နေ့တိုင်း တငိုငိုတရီရီ ဖြစ်နေပြီး မနေ့ကတော့ သွေးကြောကို ဘရိတ်ဓားနဲ့ လှီးပြီး သတ်သေဖို့လုပ်တယ်တဲ့။ အဲဒါကို ဖေဖေမြင်တော့ သားသမီးဇောနဲ့ ပြေးလုလိုက်တာ ဘရိတ်ဓားက ဖေဖေ့လက်ဖဝါးကို ထိုးခွဲမိသလိုပါ ဖြစ်သွားတယ်တဲ့။ ဖေဖေရယ်….. သားသမီးအတွက် အပူဟာ ဖေဖေ့လက်က ဒဏ်ရာထက် ပိုပြီးနာကျင်ရမယ်ဆိုတာ သမီးနားလည်ပါတယ်။ ညီမလေးက သူ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းကလေးအကြောင်း ကျွန်မကို ပြောပြတဲ့အချိန်မှာတော့….……. ။

(၇) ကိုယ်တိုင်ထိမှ ကျွန်မနာတတ်ခဲ့ပြီလေ။ ညီမလေးရဲ့ ယောက်ျားကို လုယူသွားတဲ့ မိန်းမလုပ်တဲ့အကွက်တွေဟာ ကျွန်မ ဦးသီဟထက်နိုင်ကို ဖြားယောင်းခဲ့တဲ့ မာယာတွေနဲ့ တစ်ထပ်တည်းပါပဲလား။ ဒါကြောင့်လည်း အဲ့လူက ဗိုက်ကြီးသည်ညီမလေးကို ပစ်ပြီး စနိုက်မနောက် ပါသွားခဲ့တာကိုး။ ရွံစရာအကောင်းဆုံး မာယာတွေနဲ့ ဖြူစင်ချင်ယောင်ဆောင်ပြီး သူတစ်ပါးမိသားစုကို ဖျက်ဆီးဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မ အမှားကြီး မှားသွားပြီ။ လူတစ်ယောက် ကျူးလွန်လိုက်တဲ့ အမှားဟာ သူနဲ့ သက်ဆိုင်သူအားလုံးကို ထိခိုက်နာကျင်စေတာပါလား။ အတွေးလေးတစ်ချက် မှားတာနဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာ၊ မိသားစုဂုဏ်သိက္ခာ၊ ကျွန်မရဲ့ အနာဂတ် ရေစုန်မျောဖို့ သီသီလေးပဲ လိုတော့တာပါလား၊ ကျွန်မစိတ်ကူးမပြောင်းခင်မှာပဲ ခဲရာခဲဆစ် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချပြီး မမြယမုံဆီကို ဖုန်းခေါ်လိုက်ပါတော့တယ်။ သူ့ဆီကို ကျွန်မဖုန်းခေါ်ပြီး ကျွန်မ မိဘနာမည်၊ မိဘဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို လိုက်မှတ်ခိုင်းလိုက်ပါတယ်။ ကျွန်မ အလုပ်လိပ်စာနဲ့ ဖုန်းနံပါတ်ကိုလည်း ပေးလိုက်ပါတယ်။ တကယ်လို့ ကျွန်မရှေ့တိုးခဲ့မယ်ဆိုရင် မမြယမုံအနေနဲ့ ကျွန်မကို အားမနာဘဲနဲ့ ကျွန်မ မိဘတွေဆီကို ဖုန်းဆက်တိုင်ပါ။ ကျွန်မအလုပ်မှာ လာပြီးတော့လည်း ကျွန်မကို အရှက်ခွဲပါလို့ ပြောလိုက်ပါတယ်။ ဒါဟာ အပြောသာလွယ်ပေမယ့် အရမ်းကိုခက်ခဲလှတဲ့ ဂုဏ်သိက္ခာအလျော်အစားတစ်ခုလည်း ဖြစ်ပါတယ်။ ကုမ္ပဏီမှာ အများလေးစားခံရတဲ့ နေရာတစ်ခုအထိ ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ရတဲ့ ကျွန်မအတွက် နာမည်ပျက်ခံလို့လည်း မရပါဘူး။ စွဲလန်းမိသူကို သတိရတိုင်းမှာ ညီမလေးရဲ့ အိမ်တွင်းရေးပြဿနာတစ်ခုနဲ့တင် စိတ်ဆင်းရဲနေရတဲ့မိဘနှစ်ပါးမျက်နှာ၊ သနားစရာညီမလေးရဲ့မျက်နှာ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာကို မြင်ယောင်ရင်းနဲ့ ကိုယ့်စိတ်ကို နိုင်အောင် ပြန်တိုက်ရပါတယ်။ သူများယောက်ျားကိုမှ လိုချင်တပ်မက်မိတဲ့ ရွံစရာအကောင်းဆုံးစိတ်ကို စွန့်လွှတ်လိုက်တဲ့အခါမှာတော့ အရမ်းအေးချမ်းတဲ့ လွတ်မြောက်မှုကို ရရှိသွားပါတယ်။ အဓိကနဲ့ သာမညကို ကျွန်မခွဲခြားတတ်လာပါတယ်။ စနိုက်ကျော်ဘဝကနေ ကျွန်မ ရုန်းထွက်နိုင်လိုက်ခြင်းဟာ ကျွန်မရဲ့ သိက္ခာ၊ မိသားစုသိက္ခာကိုသာမက ကျွန်မရဲ့ အနာဂတ်ကိုပါ ကယ်တင်လိုက်နိုင်ပါတယ်။

နှစ်ပတ်ခန့်အကြာမှာတော့ မြယမုံဟာ ရှင်နှောင်းဆီကို ဖုန်းဆက်လာပြီး မေးခွန်းတစ်ခု မေးခဲ့ပါတယ်။
“ရှင်နှောင်းနဲ့ ကျွန်မယောက်ျား ဘယ်အခြေအနေထိ ရောက်ခဲ့ကြလဲ”တဲ့။ မြယမုံ မေးတဲ့ မေးခွန်းကို ရှင်နှောင်းက အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။ ရှင်နှောင်းဘယ်လို ဖြေလိုက်သည်မသိ။ မြယမုံ တစ်ချက်တော့ ပြုံးသွားသည်။ ထိုအပြုံးသည် ကျေနပ်သောအပြုံးလား၊ နာကျင်သော မဲ့ပြုံးလားဆိုတာကိုတော့ မိန်းကလေးများသာ ခံစားနားလည်နိုင်ပါလိမ့်မည်။

သံသယဆူးချောင်းရဲ့ နာကျင်မှုတွေနဲ့အတူ ကျွန်မ မြယမုံ သမီးလေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ကျစ်ကျစ်ပါအောင် ဖက်လိုက်ပါတော့တယ်။ နူးနူးညံ့ညံ့ လက်သေးသေးလေးဟာ ကျွန်မ မျက်နှာပေါ်ရောက်လာပါတယ်။ သြော်…. ကျွန်မ မျက်ရည်တွေ ကျနေတာပါလား။ သမီးလေးကတော့ သူ့လက်သေးသေးလေးနဲ့ မျက်ရည်တွေ လိုက်သုတ်ပေးနေရှာပါတယ်။ သမီးလေးက ငိုမဲ့မဲ့ဖြစ်နေရင်း ပြောလိုက်တာက ” မေမေငိုရင် သမီးလည်းငိုချင်တယ်တဲ့ “။ ကျွန်မ နောက်ထပ် မငိုတော့ပါဘူး။ ဘယ်အချိန် ခြံထပ်ခုန်မယ်မှန်းမသိတဲ့ လင်ယောက်ျားကိုလည်း ကျွန်မ မတွယ်တာတော့ပါဘူး။ မိခင်တစ်ယောက်ရဲ့ အားအင်တွေနဲ့ သမီးလေးဘဝအတွက် ကျွန်မ အစွမ်းကုန်ကြိုးစားသွားပါတော့မယ်။ ကလေးတစ်ယောက်အဖေ လူပြိုနဲ့ ရှင်နှောင်းတို့ကိုလည်း ကျွန်မစိတ်ထဲက အပြီးတိုင် ထုတ်လိုက်ပါပြီ။

ဆက်လက်ရေးသားပါဦးမည်

Credit: ယွန်းဂျူအာ

အချို့မိန်းကလေးများ ဒီစာလေးကို ဖတ်ပြီး အသိတရားရသွားရင်ဖြင့် ကျွန်မရေးရကျိုးနပ်ပါပြီ။ အမည်များတိုက်ဆိုင်သွားလျှင် ခွင့်လွှတ်ကြပါကုန်၊ မိမိတို့ရဲ့ အတွေ့အကြုံများကိုလည်း ထပ်မံဖြည့်စွက်နိုင်ပါတယ်။