ZawGyiျဖင့္ဖတ္ရန္

အမီယာ ခန္း(Amir Khan)ဟာ ပါကစၥတန္လူမ်ိဳး ၿဗိတိန္ႏိုင္ငံသား လက္ေဝွ႔ေက်ာ္ တစ္ဦးပါ။ (၃၆)ပြဲ မွာ (၃၂)ပြဲႏိုင္၊ (၄)ပြဲရႈံး၊ သေရပြဲ မရွိနဲ႔ ခမ္းနားတဲ့ မွတ္တမ္းတစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ ၿဗိတိန္ပရိသတ္ေတြ ရဲ႕ လက္ေဝွ႔ေက်ာ္ ခန္းဟာ ႀကိဳးဝိုင္းထဲမွာတင္ အစြမ္းျပတာ မဟုတ္ဘဲ ႀကိဳးဝိုင္းျပင္ပမွာလည္း အစြမ္းျပတဲ့ ကိစၥေတြရွိေနပါတယ္။ ဒါကေတာ့ ခန္းဟာ အိမ္ေထာင္ရွိရက္သားနဲ႔ ျမႇာေပြလြန္းတာပါ။

အမီယာဟာ ပါကစၥတန္-အေမရိကန္ကျပား အေမရိကန္ႏိုင္ငံသူ ဖာရယ္လ္ မာခ့္ဒြန္း(Faryal Makhdoom) နဲ႔ (၂၀၁၃)ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ ဖာရယ္လ္ဟာ “ေသွ်ာင္ေနာက္ ဆံထုံးပါ” ဆိုသလိုမ်ိဳးပဲ ခင္ပြန္း အမီယာ ရဲ႕ ေနာက္ကို လိုက္ၿပီး နယူးေယာက္ၿမိဳ႕ကေန လန္ဒန္ၿမိဳ႕မွာ ေျပာင္းေ႐ႊ႕အေျခခ် ေနထိုင္ခဲ့ပါတယ္။ (၂၀၁၄)ခုႏွစ္ ဧၿပီလ(၂၄)ရက္ေန႔မွာေတာ့ သမီးဦးေလး လာမီဆာ (Lamisah)ကို ေမြးဖြားခဲ့ပါတယ္။

 

ၿပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္ ဧၿပီလ(၂၃)ရက္ေန႔မွာေတာ့ ဖာရယ္လ္ဟာ ဒုတိယေျမာက္သမီးေလး အေလနာ(Alayna) ကို ဖြားျမင္ခဲ့ပါတယ္။ ဒါေပမယ့္ ျမႇာေပြလြန္းတဲ့ အမီယာဟာ ဇနီးသည္ မီးဖြားၿပီး (၁၇)ရက္အၾကာမွာပဲ ေမလ(၁၀)ရက္ေန႔မွာ အလွအေပေရးရာ ဘေလာ့ဂ္ဂါတစ္ဦးျဖစ္တဲ့ ဆိုဖီယာ ဟာမာနီ(Sophia Hammani)နဲ႔ လန္ဒန္က ေဟာ္တယ္တစ္ခုမွာ တစ္ည လုံး ေပ်ာ္ပါးခဲ့ပါတယ္။ ကာယကံရွင္ ဆိုဖီယာကိုယ္တိုင္က ဒီကိစၥကို ေဖာ္ေကာင္လုပ္ခဲ့တာပါ။

အမီယာရဲ႕ ဇနီးသည္ ဖာရယ္လ္ဟာ ခင္ပြန္းျဖစ္သူရဲ႕ ဖုန္းေပၚမွာ ဆိုဖီယာရဲ႕ ဖုန္းနံပါတ္နဲ႔ သူတို႔ႏွစ္ဦး အတူ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို ေတြ႕သြားခဲ့ ပါတယ္။ ဖာရယ္လ္ဟာ ဆိုဖီယာဆီကို “What a f**ing a**hole.He makes me sick.I cannot believe this man.”(ဘယ္လို ေအာက္တန္းစားမွန္း မသိပါဘူး။ ငါ့ကို အရမ္းစိတ္ပ်က္ေအာင္ လုပ္တယ္။ သူ႔ကို ယုံလို႔ ကို မရေတာ့ဘူး) ဆိုတဲ့ မက္ေဆ့ခ်္ကို သူမရဲ႕ ဖုန္းကေန ခ်က္ခ်င္း ပို႔ခဲ့ပါတယ္။

ဆိုဖီယာဟာ ပထမေတာ့ အရမ္းအံ့ၾသသြားၿပီး ေနာက္ေတာ့မွ သူမဆီ မက္ေဆ့ခ်္ ပို႔ခဲ့သူဟာ အမီယာ ရဲ႕ ဇနီးသည္မွန္း သိသြားခဲ့ပါတယ္။ သူမတို႔ ႏွစ္ဦးဟာ ဖုန္းနဲ႔ စကားေျပာခဲ့ၿပီးေနာက္မွာေတာ့ ဆိုဖီယာဟာ အမီယာကို အိမ္ေထာင္ကြဲတစ္ဦးလို႔ ထင္ထားလို႔ ေပ်ာ္ပါးခဲ့ေၾကာင္း ေျပာၿပီး ဖာရယ္လ္ကို ေတာင္းပန္ခဲ့ပါတယ္။ ဒါ့အျပင္လည္း သူမကို ညီမတစ္ေယာက္လို ဆုံးမခဲ့တဲ့ ဖာရယ္လ္ကို အရမ္းေက်းဇူးတင္ေၾကာင္း ေမလ(၂၇)ရက္ေန႔မွာ သူမကိုယ္တိုင္ မီဒီယာ ေတြကို အမီယာရဲ႕ လုပ္ရပ္အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ဆိုဖီယာရဲ႕ ရည္႐ြယ္ခ်က္က ေတာ့ ဇနီးသည္ကို မေထာက္ထားတဲ့ အမီယာရဲ႕ လုပ္ရပ္ကို လူအမ်ား သိႏိုင္ဖို႔နဲ႔ အိမ္ေထာင္ကြဲ တစ္ဦးပါလို႔ လိမ္တတ္တဲ့ အမီယာ ကို ေနာက္ေနာင္လိမ္လို႔ မရေအာင္ ျဖစ္ပါတယ္။

ၿဗိတိန္တစ္ဝွမ္းမွာ သူ႔ရဲ႕ ဇာတ္ရႈပ္အေၾကာင္းေပၚ သြားတဲ့ေနာက္ လက္ေဝွ႔ေက်ာ္ အမီယာဟာ ခ်က္ခ်င္းဆိုသလို ပဲ သူ႔ရဲ႕ တြစ္တာေပၚမွာ ဆိုဖီယာေျပာတာ လိမ္ဆင္ေတြသာ ျဖစ္ေၾကာင္း ေျဖရွင္းခဲ့ပါတယ္။ အႀကံပိုင္တဲ့ ဖာရယ္လ္ကေတာ့ “S**t happens”(တကယ္ျဖစ္ခဲ့တာ)လို႔ အဓိပၸာယ္ရတဲ့ စာသားကို သူမရဲ႕ တြစ္တာေပၚမွာ ေရးသားၿပီး ခ်က္ခ်င္းဆိုသလို တုံ႔ျပန္ခဲ့ပါတယ္။

မီဒီယာေတြက ဆက္သြယ္ေမးျမန္းတဲ့ အခ်ိန္မွာေတာ့ ဖာရယ္လ္ ဟာ ခင္ပြန္းသည္ ရဲ႕ အေၾကာင္းကို ဘာမွ မွတ္ခ်က္မေပးလိုေၾကာင္း၊ လက္ရွိမွာေတာ့ သူမမွာ သာယာတဲ့ အိမ္ေထာင္ေရး ကို ပိုင္ဆိုင္ထားေၾကာင္းနဲ႔ သူမရဲ႕ ခင္ပြန္းသာ ကြယ္ရာမွာ ေဖာ္ျပန္ေနတယ္လို႔ သတင္း ထပ္ၾကားရင္ေတာ့ သူမကိုယ္တိုင္ စတင္ၿပီး ကြာရွင္း မွာျဖစ္ေၾကာင္း ေႁမြမေသ တုတ္မက်ိဳး ေျဖၾကားခဲ့ပါတယ္။

Credit:Auntymay

 

UniCodeဖြင့်ဖတ်ရန်

မြှာပွေလွန်းတဲ့ ခင်ပွန်းကို မှတ်သားလောက်အောင် ပညာပေးခဲ့တဲ့ အမျိုးသမီး

အမီယာ ခန်း(Amir Khan)ဟာ ပါကစ္စတန်လူမျိုး ဗြိတိန်နိုင်ငံသား လက်ဝှေ့ကျော် တစ်ဦးပါ။ (၃၆)ပွဲ မှာ (၃၂)ပွဲနိုင်၊ (၄)ပွဲရှုံး၊ သရေပွဲ မရှိနဲ့ ခမ်းနားတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဗြိတိန်ပရိသတ်တွေ ရဲ့ လက်ဝှေ့ကျော် ခန်းဟာ ကြိုးဝိုင်းထဲမှာတင် အစွမ်းပြတာ မဟုတ်ဘဲ ကြိုးဝိုင်းပြင်ပမှာလည်း အစွမ်းပြတဲ့ ကိစ္စတွေရှိနေပါတယ်။ ဒါကတော့ ခန်းဟာ အိမ်ထောင်ရှိရက်သားနဲ့ မြှာပွေလွန်းတာပါ။

အမီယာဟာ ပါကစ္စတန်-အမေရိကန်ကပြား အမေရိကန်နိုင်ငံသူ ဖာရယ်လ် မာခ့်ဒွန်း(Faryal Makhdoom) နဲ့ (၂၀၁၃)ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ဖာရယ်လ်ဟာ “သျှောင်နောက် ဆံထုံးပါ” ဆိုသလိုမျိုးပဲ ခင်ပွန်း အမီယာ ရဲ့ နောက်ကို လိုက်ပြီး နယူးယောက်မြို့ကနေ လန်ဒန်မြို့မှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ပါတယ်။ (၂၀၁၄)ခုနှစ် ဧပြီလ(၂၄)ရက်နေ့မှာတော့ သမီးဦးလေး လာမီဆာ (Lamisah)ကို မွေးဖွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် ဧပြီလ(၂၃)ရက်နေ့မှာတော့ ဖာရယ်လ်ဟာ ဒုတိယမြောက်သမီးလေး အလေနာ(Alayna) ကို ဖွားမြင်ခဲ့ပါတယ်။ ဒါပေမယ့် မြှာပွေလွန်းတဲ့ အမီယာဟာ ဇနီးသည် မီးဖွားပြီး (၁၇)ရက်အကြာမှာပဲ မေလ(၁၀)ရက်နေ့မှာ အလှအပေရေးရာ ဘလော့ဂ်ဂါတစ်ဦးဖြစ်တဲ့ ဆိုဖီယာ ဟာမာနီ(Sophia Hammani)နဲ့ လန်ဒန်က ဟော်တယ်တစ်ခုမှာ တစ်ည လုံး ပျော်ပါးခဲ့ပါတယ်။ ကာယကံရှင် ဆိုဖီယာကိုယ်တိုင်က ဒီကိစ္စကို ဖော်ကောင်လုပ်ခဲ့တာပါ။

အမီယာရဲ့ ဇနီးသည် ဖာရယ်လ်ဟာ ခင်ပွန်းဖြစ်သူရဲ့ ဖုန်းပေါ်မှာ ဆိုဖီယာရဲ့ ဖုန်းနံပါတ်နဲ့ သူတို့နှစ်ဦး အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တွေ့သွားခဲ့ ပါတယ်။ ဖာရယ်လ်ဟာ ဆိုဖီယာဆီကို “What a f**ing a**hole.He makes me sick.I cannot believe this man.”(ဘယ်လို အောက်တန်းစားမှန်း မသိပါဘူး။ ငါ့ကို အရမ်းစိတ်ပျက်အောင် လုပ်တယ်။ သူ့ကို ယုံလို့ ကို မရတော့ဘူး) ဆိုတဲ့ မက်ဆေ့ချ်ကို သူမရဲ့ ဖုန်းကနေ ချက်ချင်း ပို့ခဲ့ပါတယ်။

ဆိုဖီယာဟာ ပထမတော့ အရမ်းအံ့သြသွားပြီး နောက်တော့မှ သူမဆီ မက်ဆေ့ချ် ပို့ခဲ့သူဟာ အမီယာရဲ့ ဇနီးသည်မှန်း သိသွားခဲ့ပါတယ်။ သူမတို့ နှစ်ဦးဟာ ဖုန်းနဲ့ စကားပြောခဲ့ပြီးနောက်မှာတော့ ဆိုဖီယာဟာ အမီယာကို အိမ်ထောင်ကွဲတစ်ဦးလို့ ထင်ထားလို့ ပျော်ပါးခဲ့ကြောင်း ပြောပြီး ဖာရယ်လ်ကို တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင်လည်း သူမကို ညီမတစ်ယောက်လို ဆုံးမခဲ့တဲ့ ဖာရယ်လ်ကို အရမ်းကျေးဇူးတင်ကြောင်း မေလ(၂၇)ရက်နေ့မှာ သူမကိုယ်တိုင် မီဒီယာတွေကို အမီယာရဲ့ လုပ်ရပ်အကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆိုဖီယာရဲ့ ရည်ရွယ်ချက်က တော့ ဇနီးသည်ကို မထောက်ထားတဲ့ အမီယာရဲ့ လုပ်ရပ်ကို လူအများ သိနိုင်ဖို့နဲ့ အိမ်ထောင်ကွဲတစ်ဦးပါလို့ လိမ်တတ်တဲ့ အမီယာကို နောက်နောင်လိမ်လို့ မရအောင် ဖြစ်ပါတယ်။

ဗြိတိန်တစ်ဝှမ်းမှာ သူ့ရဲ့ ဇာတ်ရှုပ်အကြောင်းပေါ် သွားတဲ့နောက် လက်ဝှေ့ကျော် အမီယာဟာ ချက်ချင်းဆိုသလို ပဲ သူ့ရဲ့ တွစ်တာပေါ်မှာ ဆိုဖီယာပြောတာ လိမ်ဆင်တွေသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အကြံပိုင်တဲ့ ဖာရယ်လ်ကတော့ “S**t happens”(တကယ်ဖြစ်ခဲ့တာ)လို့ အဓိပ္ပာယ်ရတဲ့ စာသားကို သူမရဲ့ တွစ်တာပေါ်မှာ ရေးသားပြီး ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။

မီဒီယာတွေက ဆက်သွယ်မေးမြန်းတဲ့ အချိန်မှာတော့ ဖာရယ်လ်ဟာ ခင်ပွန်းသည်ရဲ့ အကြောင်းကို ဘာမှ မှတ်ချက်မပေးလိုကြောင်း၊ လက်ရှိမှာတော့ သူမမှာ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြောင်းနဲ့ သူမရဲ့ ခင်ပွန်းသာ ကွယ်ရာမှာ ဖော်ပြန်နေတယ်လို့ သတင်း ထပ်ကြားရင်တော့ သူမကိုယ်တိုင် စတင်ပြီး ကွာရှင်းမှာဖြစ်ကြောင်း မြွေမသေ တုတ်မကျိုး ဖြေကြားခဲ့ပါတယ်။

Ref: DailyMail, The Sun

Credit:Auntymay

[Edit]