ZawGyiျဖင့္ဖတ္ရန္

အရက်စ္တဲ့အရစ္က်

ေျပာခ်င္လြန္းလို႔ေျပာရဦးမယ္။

အေႂကြးရရင္ ဆင္ေတာင္သက္ေစ့ယူမတဲ့။ ျမန္မာေတြေျပာေနၾကစကား။ အခုေခတ္ ဆင္ေတြကလူတိုင္းအသုံးမျပဳေတာ့ေပမယ့္ လူတိုင္းအတြက္ မရွိမျဖစ္လိုအပ္တဲ့အရာေတြကေတာ့ ရွိေနေသးတယ္။ အဲ့ဒါေတြကေတာ့ ေနစရာအိမ္နဲ႔ စီးစရာကားေပါ့။

ခုေခတ္က တိုးတက္လာၿပီ။ ပိုက္ဆံစုၿပီး အိမ္ဝယ္မယ္။ ကားဝယ္မယ္ဆိုတာေတြနားထားေတာ့။ ဒါေတြကို အေႂကြးစနစ္နဲ႔ဝယ္ႏိုင္ေနၿပီ။ အိမ္ေတြ၊ ကားေတြ ဝယ္ၿပီးမွပဲ ပိုက္ဆံစုၿပီးအရစ္က်ျပန္ေပး႐ုံေခတ္ျဖစ္ေနၿပီ။အရစ္က်တဲ့။ ေခၚလို႔လည္းေကာင္းသလို စနစ္ကေလးကလည္း သေဘာက်စရာ။ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစဘဲ လစဥ္ ျဖည္းျဖည္းခ်င္းေပးသြား႐ုံနဲ႔ အိမ္ပိုင္ ကားပိုင္ျဖစ္ႏိုင္ၿပီတဲ့။

 

ေဒၚသီရိတို႔စိတ္ဝင္စားၿပီေလ။

အဲ့ဒါနဲ႔ မေန႔ကဘဏ္သြားၿပီး ေဆြးေႏြးျဖစ္တယ္။ ေဒၚသီရိလိုခ်င္ေနတဲ့ အေဆာက္အဦးက သိန္း ၄၅၀၀ တန္ အေဆာက္အဦး။

အဲ့အတြက္ ကနဦးသြင္းေငြ ၂၀ ရာခိုင္ႏႈန္း သြင္းရမယ္ဆိုေတာ့ သိန္း ၉၀၀။ ok ရတယ္ေပါ့။ ဒါနဲ႔ပဲဆက္တြက္ၾကတယ္။ ၄၅၀၀ မွာ ၉၀၀ သြင္းတယ္ဆိုေတာ့ ဘဏ္ဆီက ၃၆၀၀ ေခ်းမယ္ေပါ့။ ဒါေပမယ့္ တစ္ခုက ေခ်းေတာ့သာ ၃၆၀၀။ ဒါေပမယ့္ ကိုယ္တကယ္သုံးရမွာကေတာ့ ၃၅၄၃ သိန္းပဲတဲ့။ ဘာလို႔လဲဆိုေတာ့ ဘဏ္ကို ဝန္ေဆာင္ခ ၅၇ သိန္းဝန္းက်င္ေပးရမွာမို႔တဲ့။ ဒါဆို သိန္း ၄၅၀၀ တန္ အေဆာက္အဦးကို ဘဏ္နဲ႔ခ်ိတ္ဆက္ၿပီးဝယ္ဖို႔ ကိုယ့္လက္ထဲမွာ သိန္း ၁၀၀၀ ေလာက္ အရင္ရွိမွရမယ္ဆိုတဲ့သေဘာေပါ့။ ေဒၚသီရိ နည္းနည္းမ်က္လုံးျပဴးလာၿပီ။ ကဲပါေလ။ ဒါလည္းျဖစ္ေသးတာပဲ။ ပိုက္ဆံတစ္ျပားမွမရွိဘဲ သိန္းေလးေထာင္ေက်ာ္တန္ႀကီးေတာ့ဘယ္ဝယ္လို႔ရပါ့မလဲ။ ရပါတယ္။ ဆက္တြက္ေပါ့။

 

အဲ့ဒီမွာ ဘယ္ႏွႏွစ္အရစ္က်ျပန္ေပးမွာလဲဆိုတဲ့ အခ်က္ကစဥ္းစားစရာျဖစ္လာျပန္ေရာ။ အနည္းဆုံး ၃ ႏွစ္ကေန အမ်ားဆုံး ၂၅ ႏွစ္အထိ။ ကဲဒါဆိုလည္း ၃ ႏွစ္ဆို ဘယ္လိုသြင္းရမလဲ။ အတိုးကစုစုေပါင္းဘယ္ေလာက္က်သြားမလဲ။ စုစုေပါင္းသြင္းေငြ ဘယ္ေလာက္ျဖစ္သြားမလဲ တြက္ေပးပါေပါ့။ ေနာက္ၿပီး ၅ ႏွစ္စာ၊ ၁၀ ႏွစ္စာ၊ ၂၅ ႏွစ္စာ အကုန္တြက္ေပးပါေပါ့။ ဘဏ္ကလူေတြကလည္း စိတ္ရွည္လက္ရွည္တြက္ေပးၾကပါတယ္။

(၃ ႏွစ္စာအတြက္)

တစ္လခ်င္းသြင္းေငြ – ၁၂၁၂၉၈၂၂ က်ပ္ (သိန္း ၁၂၀ေက်ာ္)

၃ ႏွစ္စုစုေပါင္းသြင္းလိုက္ရေငြ – ၄၃၆၆၇၃၅၉၂(သိန္း ၄၃၆၀ေက်ာ္)

ဘဏ္ကိုအျမတ္ေပးလိုက္ရေငြ – ၈၂၃၇၃၅၉၂ (သိန္း ၈၂၀ ေက်ာ္)
……………………………………….

(၅ ႏွစ္စာအတြက္)

တစ္လခ်င္းသြင္းေငြ – ၈၁၉၁၁၀၆ (သိန္း ၈၀ ေက်ာ္)

၅ ႏွစ္စုစုေပါင္းသြင္းလိုက္ရေငြ – ၄၉၁၄၆၆၃၆၀ ( သိန္း ၄၉၀၀ ေက်ာ္)

ဘဏ္ကိုအျမတ္ေပးလိုက္ရေငြ – ၁၃၇၁၆၆၃၆၀ ( သိန္း ၁၃၇၀ ေက်ာ္)

………………………………………..

(၁၀ ႏွစ္စာအတြက္)

တစ္လခ်င္းသြင္းေငြ – ၅၃၇၅၁၈၆ ( သိန္း ၅၀ ေက်ာ္)

၁၀ ႏွစ္စုစုေပါင္းသြင္းလိုက္ရေငြ – ၆၄၅၀၂၂၃၂၀ ( သိန္း ၆၄၅၀ ေက်ာ္)

ဘဏ္ကိုအျမတ္ေပးလိုက္ရေငြ – ၂၉၀၇၂၂၃၂၀ ( သိန္း ၂၉၀၀ ေက်ာ္)

……………………………………………

(၂၅ ႏွစ္စာအတြက္)

တစ္လခ်င္းသြင္းေငြ – ၄၀၆၀၂၀၇ ( သိန္း ၄၀ ေက်ာ္)

၂၅ ႏွစ္စုစုေပါင္းသြင္းလိုက္ရေငြ – ၁၂၁၈၀၆၂၁၀၀ ( သိန္း ၁၂၁၈၀ ေက်ာ္)

ဘဏ္ ကို အျမတ္ ေပးလိုက္ရ ေငြ – ၈၆၃၇၆၂၁၀၀ ( သိန္း ၈၆၃၀ ေက်ာ္)

…………………………………………

ၿခဳံၿပီးေျပာရရင္ ဘဏ္ ကေန ၃၅၄၃ သိန္းကို

၃ ႏွစ္ယူရင္ သိန္း ၄၃၆၀ ေက်ာ္ျပန္ေပးရမယ္။
၅ ႏွစ္ယူရင္ သိန္း ၄၉၁၀ ေက်ာ္ျပန္ေပးရမယ္။
၁၀ ႏွစ္ယူရင္ သိန္း ၆၄၅၀ ေက်ာ္ျပန္ေပးရမယ္။
၂၅ ႏွစ္ယူရင္ သိန္း ၁၂၁၈၀ ေက်ာ္ျပန္ေပးရမယ္။
ေဒၚသီရိမ်က္လုံးျပဴး႐ုံတင္မကဘူး။ လွ်ာပါထြက္ခ်င္သြားတယ္။

ဒါက ဘဏ္ အပိုင္း။

———————

အခု ေဒၚသီရိအပိုင္းအေနနဲ႔ ေျပာခ်င္တာကိုေျပာရမယ္ဆိုရင္ေတာ့….ေနရ႐ုံကလြဲၿပီးဘာမွတိုးပြားလာမႈမရွိဘဲ ေငြေသျဖစ္သြားမယ့္အိမ္တစ္ခုအတြက္ ကြၽန္မတို႔ ဘဏ္ကိုလုပ္ေကြၽးသင့္ရဲ႕လားဆိုတာပါပဲ။ဟိုးအရင္ေခတ္က ဘဏ္ကေန စက္မႈလုပ္ငန္းရွင္ေတြကို သိန္း ၃၀ ထုတ္ေခ်းတယ္။ ေခ်းေငြထုတ္ၿပီး အိမ္ဝယ္တဲ့သူက ျပန္ဆပ္တဲ့အခ်ိန္က် အဲ့အိမ္ကိုေရာင္းၿပီးဆပ္တာေတာင္ ေနာက္ထပ္အိမ္တစ္လုံးျပန္ဝယ္ႏိုင္ေသးေအာင္ အိမ္ၿခံေျမေဈးတက္တဲ့ေခတ္…ေခ်းေငြထုတ္ၿပီးကားဝယ္တဲ့သူက ျပန္ဆပ္တဲ့အခ်ိန္က် အဲ့ကားျပန္ေရာင္းၿပီးဆပ္တာေတာင္ ေနာက္ကားတစ္စီး ျပန္ဝယ္ႏိုင္ေသးေအာင္ ကားေဈးတတ္တဲ့ေခတ္…အဲ့ဒီေခတ္ေတြက ကုန္သြားၿပီ။

ဒါ့ေၾကာင့္ အရရစ္က်ဆိုတိုင္း အရက်စ္ၿပီး စုမိေအာင္ဝယ္ထားလိုက္မယ္ဆိုတဲ့သူမ်ား….စဥ္းစားၾကပါေနာ္။

ဘဏ္ေခ်းေငြဆိုတာက တစ္ႏွစ္ကို ၁၃ က်ပ္အတိုးႏႈန္း။အဲ့ဒီေတာ့ အဲ့ဒီေခ်းေငြကိုထုတ္ၿပီး အဲ့ဒီေငြကိုအသုံးခ်ၿပီး ဘဏ္ကိုအတိုးေပးအၿပီး ကိုယ့္အတြက္ ဘယ္ေလာက္ျမတ္မလဲ။ ရဲရဲသာေခ်းၾကပါ။ လုပ္ၾကကိုင္ၾကပါ။ မိမိမိသားစုတိုးတက္ဖို႔၊ မိမိႏိုင္ငံတိုးတက္ဖို႔ မိမိကိုယ္တိုင္လုပ္ငန္းရွင္ေတြျဖစ္ဖို႔ တကယ့္ကို လိုအပ္ေနပါတယ္။ အလုပ္လုပ္ဖို႔အတြက္ကေတာ့ စြန႔္စားပါ။ ရင္းႏွီးပါ။

ဒါေပမယ့္ ဘာဝင္ေငြမွျပန္မရဘဲ၊ အဲ့ဒီေငြကိုလည္း အသုံးခ်လို႔မရဘဲ ေနရ႐ုံသက္သက္အတြက္ဆိုရင္ေတာ့…စဥ္းစားၾကပါေနာ္…၂၅ ႏွစ္ႀကီးမ်ားေတာင္ေစာင့္ေပးတယ္ဆိုတဲ့အေတြးနဲ႔ ေတာ့ သိန္း၄၅၀၀ တန္အိမ္ကို သိန္း ၁၃၀၀၀ ေက်ာ္ေပးမဝယ္လိုက္ၾကပါနဲ႔ေနာ္။

အရစ္က် အရစ္က် နဲ႔ ကိုယ့္တစ္သက္ရွာသမွ်ကို ေနစရာေလးတစ္ခုအတြက္ေပးဆပ္သြားရၿပီး အရက်စ္ခံသြားရမယ့္အျဖစ္မွ ေရွာင္ရွားႏိုင္ၾကပါေစေနာ္။

ခ်စ္တဲ့

ေဒၚသီရိ

ဒီ post ဟာ ဘဏ္ ကေခ်းေငြထုတ္ၿပီး လုပ္ငန္း လုပ္ေနသူမ်ားအတြက္ ဆရာ လုပ္ျခင္းမဟုတ္ပါ။ ေနအိမ္ကိုအရစ္က်စနစ္နဲ႔ဝယ္ၿပီး မိမိလစာထဲက၊ မိသားစုဝင္ေငြထဲက လစဥ္ေပးသြားဖို႔ စဥ္းစားေနသူမ်ားအတြက္သာပါ။

credit ~ Thiri Oo

 

UniCodeဖြင့်ဖတ်ရန်

အိမ်တွေ ကားတွေ အသုံးအဆောင်ပစ္စည်းတွေ အရစ်ကျဝယ်ချင်သူများအတွက် သတိထားစရာလေး

အရကျစ်တဲ့အရစ်ကျ

ပြောချင်လွန်းလို့ပြောရဦးမယ်။

အကြွေးရရင် ဆင်တောင်သက်စေ့ယူမတဲ့။ မြန်မာတွေပြောနေကြစကား။ အခုခေတ် ဆင်တွေကလူတိုင်းအသုံးမပြုတော့ပေမယ့် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေကတော့ ရှိနေသေးတယ်။ အဲ့ဒါတွေကတော့ နေစရာအိမ်နဲ့ စီးစရာကားပေါ့။

ခုခေတ်က တိုးတက်လာပြီ။ ပိုက်ဆံစုပြီး အိမ်ဝယ်မယ်။ ကားဝယ်မယ်ဆိုတာတွေနားထားတော့။ ဒါတွေကို အကြွေးစနစ်နဲ့ဝယ်နိုင်နေပြီ။ အိမ်တွေ၊ ကားတွေ ဝယ်ပြီးမှပဲ ပိုက်ဆံစုပြီးအရစ်ကျပြန်ပေးရုံခေတ်ဖြစ်နေပြီ။အရစ်ကျတဲ့။ ခေါ်လို့လည်းကောင်းသလို စနစ်ကလေးကလည်း သဘောကျစရာ။ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လစဉ် ဖြည်းဖြည်းချင်းပေးသွားရုံနဲ့ အိမ်ပိုင် ကားပိုင်ဖြစ်နိုင်ပြီတဲ့။

ဒေါ်သီရိတို့စိတ်ဝင်စားပြီလေ။

အဲ့ဒါနဲ့ မနေ့ကဘဏ်သွားပြီး ဆွေးနွေးဖြစ်တယ်။ ဒေါ်သီရိလိုချင်နေတဲ့ အဆောက်အဦးက သိန်း ၄၅၀၀ တန် အဆောက်အဦး။

အဲ့အတွက် ကနဦးသွင်းငွေ ၂၀ ရာခိုင်နှုန်း သွင်းရမယ်ဆိုတော့ သိန်း ၉၀၀။ ok ရတယ်ပေါ့။ ဒါနဲ့ပဲဆက်တွက်ကြတယ်။ ၄၅၀၀ မှာ ၉၀၀ သွင်းတယ်ဆိုတော့ ဘဏ်ဆီက ၃၆၀၀ ချေးမယ်ပေါ့။ ဒါပေမယ့် တစ်ခုက ချေးတော့သာ ၃၆၀၀။ ဒါပေမယ့် ကိုယ်တကယ်သုံးရမှာကတော့ ၃၅၄၃ သိန်းပဲတဲ့။ ဘာလို့လဲဆိုတော့ ဘဏ်ကို ဝန်ဆောင်ခ ၅၇ သိန်းဝန်းကျင်ပေးရမှာမို့တဲ့။ ဒါဆို သိန်း ၄၅၀၀ တန် အဆောက်အဦးကို ဘဏ်နဲ့ချိတ်ဆက်ပြီးဝယ်ဖို့ ကိုယ့်လက်ထဲမှာ သိန်း ၁၀၀၀ လောက် အရင်ရှိမှရမယ်ဆိုတဲ့သဘောပေါ့။ ဒေါ်သီရိ နည်းနည်းမျက်လုံးပြူးလာပြီ။ ကဲပါလေ။ ဒါလည်းဖြစ်သေးတာပဲ။ ပိုက်ဆံတစ်ပြားမှမရှိဘဲ သိန်းလေးထောင်ကျော်တန်ကြီးတော့ဘယ်ဝယ်လို့ရပါ့မလဲ။ ရပါတယ်။ ဆက်တွက်ပေါ့။

အဲ့ဒီမှာ ဘယ်နှနှစ်အရစ်ကျပြန်ပေးမှာလဲဆိုတဲ့ အချက်ကစဉ်းစားစရာဖြစ်လာပြန်ရော။ အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၂၅ နှစ်အထိ။ ကဲဒါဆိုလည်း ၃ နှစ်ဆို ဘယ်လိုသွင်းရမလဲ။ အတိုးကစုစုပေါင်းဘယ်လောက်ကျသွားမလဲ။ စုစုပေါင်းသွင်းငွေ ဘယ်လောက်ဖြစ်သွားမလဲ တွက်ပေးပါပေါ့။ နောက်ပြီး ၅ နှစ်စာ၊ ၁၀ နှစ်စာ၊ ၂၅ နှစ်စာ အကုန်တွက်ပေးပါပေါ့။ ဘဏ်ကလူတွေကလည်း စိတ်ရှည်လက်ရှည်တွက်ပေးကြပါတယ်။

(၃ နှစ်စာအတွက်)

တစ်လချင်းသွင်းငွေ – ၁၂၁၂၉၈၂၂ ကျပ် (သိန်း ၁၂၀ကျော်)

၃ နှစ်စုစုပေါင်းသွင်းလိုက်ရငွေ – ၄၃၆၆၇၃၅၉၂(သိန်း ၄၃၆၀ကျော်)

ဘဏ်ကိုအမြတ်ပေးလိုက်ရငွေ – ၈၂၃၇၃၅၉၂ (သိန်း ၈၂၀ ကျော်)
……………………………………….

(၅ နှစ်စာအတွက်)

တစ်လချင်းသွင်းငွေ – ၈၁၉၁၁၀၆ (သိန်း ၈၀ ကျော်)

၅ နှစ်စုစုပေါင်းသွင်းလိုက်ရငွေ – ၄၉၁၄၆၆၃၆၀ ( သိန်း ၄၉၀၀ ကျော်)

ဘဏ်ကိုအမြတ်ပေးလိုက်ရငွေ – ၁၃၇၁၆၆၃၆၀ ( သိန်း ၁၃၇၀ ကျော်)

………………………………………..

(၁၀ နှစ်စာအတွက်)

တစ်လချင်းသွင်းငွေ – ၅၃၇၅၁၈၆ ( သိန်း ၅၀ ကျော်)

၁၀ နှစ်စုစုပေါင်းသွင်းလိုက်ရငွေ – ၆၄၅၀၂၂၃၂၀ ( သိန်း ၆၄၅၀ ကျော်)

ဘဏ်ကိုအမြတ်ပေးလိုက်ရငွေ – ၂၉၀၇၂၂၃၂၀ ( သိန်း ၂၉၀၀ ကျော်)

……………………………………………

(၂၅ နှစ်စာအတွက်)

တစ်လချင်းသွင်းငွေ – ၄၀၆၀၂၀၇ ( သိန်း ၄၀ ကျော်)

၂၅ နှစ်စုစုပေါင်းသွင်းလိုက်ရငွေ – ၁၂၁၈၀၆၂၁၀၀ ( သိန်း ၁၂၁၈၀ ကျော်)

ဘဏ်ကိုအမြတ်ပေးလိုက်ရငွေ – ၈၆၃၇၆၂၁၀၀ ( သိန်း ၈၆၃၀ ကျော်)

…………………………………………

ခြုံပြီးပြောရရင် ဘဏ်ကနေ ၃၅၄၃ သိန်းကို

၃ နှစ်ယူရင် သိန်း ၄၃၆၀ ကျော်ပြန်ပေးရမယ်။
၅ နှစ်ယူရင် သိန်း ၄၉၁၀ ကျော်ပြန်ပေးရမယ်။
၁၀ နှစ်ယူရင် သိန်း ၆၄၅၀ ကျော်ပြန်ပေးရမယ်။
၂၅ နှစ်ယူရင် သိန်း ၁၂၁၈၀ ကျော်ပြန်ပေးရမယ်။
ဒေါ်သီရိမျက်လုံးပြူးရုံတင်မကဘူး။ လျှာပါထွက်ချင်သွားတယ်။

ဒါကဘဏ်အပိုင်း။

———————

အခု ဒေါ်သီရိအပိုင်းအနေနဲ့ ပြောချင်တာကိုပြောရမယ်ဆိုရင်တော့….နေရရုံကလွဲပြီးဘာမှတိုးပွားလာမှုမရှိဘဲ ငွေသေဖြစ်သွားမယ့်အိမ်တစ်ခုအတွက် ကျွန်မတို့ ဘဏ်ကိုလုပ်ကျွေးသင့်ရဲ့လားဆိုတာပါပဲ။ဟိုးအရင်ခေတ်က ဘဏ်ကနေ စက်မှုလုပ်ငန်းရှင်တွေကို သိန်း ၃၀ ထုတ်ချေးတယ်။ ချေးငွေထုတ်ပြီး အိမ်ဝယ်တဲ့သူက ပြန်ဆပ်တဲ့အချိန်ကျ အဲ့အိမ်ကိုရောင်းပြီးဆပ်တာတောင် နောက်ထပ်အိမ်တစ်လုံးပြန်ဝယ်နိုင်သေးအောင် အိမ်ခြံမြေဈေးတက်တဲ့ခေတ်…ချေးငွေထုတ်ပြီးကားဝယ်တဲ့သူက ပြန်ဆပ်တဲ့အချိန်ကျ အဲ့ကားပြန်ရောင်းပြီးဆပ်တာတောင် နောက်ကားတစ်စီး ပြန်ဝယ်နိုင်သေးအောင် ကားဈေးတတ်တဲ့ခေတ်…အဲ့ဒီခေတ်တွေက ကုန်သွားပြီ။

ဒါ့ကြောင့် အရရစ်ကျဆိုတိုင်း အရကျစ်ပြီး စုမိအောင်ဝယ်ထားလိုက်မယ်ဆိုတဲ့သူများ….စဉ်းစားကြပါနော်။

ဘဏ်ချေးငွေဆိုတာက တစ်နှစ်ကို ၁၃ ကျပ်အတိုးနှုန်း။အဲ့ဒီတော့ အဲ့ဒီချေးငွေကိုထုတ်ပြီး အဲ့ဒီငွေကိုအသုံးချပြီး ဘဏ်ကိုအတိုးပေးအပြီး ကိုယ့်အတွက် ဘယ်လောက်မြတ်မလဲ။ ရဲရဲသာချေးကြပါ။ လုပ်ကြကိုင်ကြပါ။ မိမိမိသားစုတိုးတက်ဖို့၊ မိမိနိုင်ငံတိုးတက်ဖို့ မိမိကိုယ်တိုင်လုပ်ငန်းရှင်တွေဖြစ်ဖို့ တကယ့်ကို လိုအပ်နေပါတယ်။ အလုပ်လုပ်ဖို့အတွက်ကတော့ စွန့်စားပါ။ ရင်းနှီးပါ။

ဒါပေမယ့် ဘာဝင်ငွေမှပြန်မရဘဲ၊ အဲ့ဒီငွေကိုလည်း အသုံးချလို့မရဘဲ နေရရုံသက်သက်အတွက်ဆိုရင်တော့…စဉ်းစားကြပါနော်…၂၅ နှစ်ကြီးများတောင်စောင့်ပေးတယ်ဆိုတဲ့အတွေးနဲ့ တော့ သိန်း၄၅၀၀ တန်အိမ်ကို သိန်း ၁၃၀၀၀ ကျော်ပေးမဝယ်လိုက်ကြပါနဲ့နော်။

အရစ်ကျ အရစ်ကျနဲ့ ကိုယ့်တစ်သက်ရှာသမျှကို နေစရာလေးတစ်ခုအတွက်ပေးဆပ်သွားရပြီး အရကျစ်ခံသွားရမယ့်အဖြစ်မှ ရှောင်ရှားနိုင်ကြပါစေနော်။

ချစ်တဲ့

ဒေါ်သီရိ

ဒီ post ဟာ ဘဏ်ကချေးငွေထုတ်ပြီး လုပ်ငန်းလုပ်နေသူများအတွက်ဆရာလုပ်ခြင်းမဟုတ်ပါ။ နေအိမ်ကိုအရစ်ကျစနစ်နဲ့ဝယ်ပြီး မိမိလစာထဲက၊ မိသားစုဝင်ငွေထဲက လစဉ်ပေးသွားဖို့ စဉ်းစားနေသူများအတွက်သာပါ။

credit ~ Thiri Oo