ZawGyiျဖင့္ဖတ္ရန္

အသက္(၁၇)လသမီးသာ ရွိေသးတဲ့ Taylor McGowan အမည္ရ ေကာင္မေလး ကေတာ့ အိုင္စတိုင္းပုံစံဆံပင္ေၾကာင့္ လူမႈကြန္ယက္မွာ နာမည္အေတာ္ေလး ႀကီးေနပါတယ္။ Taylor ဟာ ကမာၻေပၚမွာ လူနည္းစုအနည္းငယ္သာ ခံစားရတဲ့ တကယ့္ရွားပါးေရာဂါျဖစ္တဲ့ Uncombable Hair Syndrome ေရာဂါကို ခံစားေနရပါတယ္။

မိဘေတြျဖစ္တဲ့ Cara နဲ႔ Tom McGowan တို႔မွာေတာ့ ဒီလိုဆံပင္ပုံစံမ်ိဳးမဟုတ္ဘဲ၊ ႏွစ္ဦးစလုံးမွာ အညိဳေရာင္ဆံပင္ကို ပိုင္ဆိုင္ထားသလို၊ ဘီးနဲ႔ ၿဖီးရသပ္ရပ္လည္း လြယ္ပါတယ္။ ဒါေပမယ့္ Taylor ကေတာ့ အားလုံးျမင္တဲ့အတိုင္းပါဘဲ အျဖဴေရာင္ေတာက္ေတာက္ ဆံပင္ေတြနဲ႔ ထိုးထိုးေထာင္ေထာင္ ျဖစ္ေနတာကို ေတြ႕ရမွာပါ။

ဘယ္လိုဘီးနဲ႔ၿဖီးသည္ျဖစ္ေစ Taylor ရဲ႕ ဆံပင္က အခ်ိဳးမေျပပါဘူး။ ဒါေၾကာင့္ Taylor ဟာ ဘယ္ေနရာကိုသြားသြား မ်က္ႏွာပြင့္ေနသူျဖစ္ၿပီး မိခင္ျဖစ္သူ Cara ရဲ႕အဆိုအရ Taylor နဲ႔အျပင္ထြက္တိုင္း (၁၀၀)ႀကိမ္မွာ (၉)ႀကိမ္ေလာက္ကို လူေတြက “ခဏရပ္ပါဦး … ကေလးကို ၾကည့္ပါရေစ”ဆိုၿပီး အေျပာခံရေလ့ရွိတယ္လို႔ ဆိုပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ဟာသအျဖစ္နဲ႔ Taylor ဟာ ငယ္ငယ္ေလးကတည္းက ပလက္ေပါက္ကို လက္နဲ႔ႏႈိက္မိလို႔ ဓာတ္လိုက္ၿပီး ဆံပင္ေတြက ေထာင္ကုန္တာလားဆိုၿပီးေတာ့ ေမးၾကတယ္လို႔ ဆိုပါတယ္။ တစ္ခ်ိဳ႕ကေတာ့ Taylor ရဲ႕ဆံပင္ေတြကို အသည္းယားေနၿပီး ဆံပင္ ဖက္ရွင္ဆိုင္တစ္ခုခုမွာ အပူေပးတဲ့စက္နဲ႔ျပင္ေပးဖို႔ အႀကံေပးၾကပါတယ္။

ဒါေပမယ့္ Cara တို႔ဇနီးေမာင္ႏွံကေတာ့ Taylor ရဲ႕ဆံပင္ကို အလြန္သေဘာက်ေနၾကၿပီး ‘Einstein 2.0’လို႔ေတာင္ အမည္ေျပာင္ ေပးထားၾကပါတယ္။ Cara ဟာ ယခင္ကေတာ့ စိတ္က်န္းမာေရးသုနာျပဳအျဖစ္ ရပ္တည္ခဲ့ေပမယ့္ အခုအခါမွာေတာ့ Taylor ကို အခ်ိန္ျပည့္ေစာင့္ေရွာက္ေနပါတယ္။

Cara က ” ဓာတုေဗဒေဆးေတြကို သုံးၿပီး ကေလးရဲ႕ဆံပင္ကို မျပင္ေပးခ်င္ပါဘူး … ရွားေစာင္းဂ်ယ္လ္ ကေတာ့ ဒီလိုဆံပင္အတြက္ အဆင္ေျပေစတယ္ဆိုလို႔ အႀကိမ္မ်ားစြာ စမ္းၾကည့္ဖူးပါေသးတယ္ … မထိေရာက္ပါဘူး … သူ႔ဘာသာ ဆံပင္ေတြက ခဏေနေတာ့ ျပန္ေထာင္တာပါဘဲ … “လို႔ ေျပာပါတယ္။

Cara တို႔ဟာ သဘာဝေဆးအမ်ိဳးအမည္ေပါင္း (၁၅)ခုေလာက္ စမ္းသုံးခဲ့ၾကေပမယ့္ အခုထက္ထိေတာ့ Taylor ရဲ႕ဆံအပင္ေတြကို ပိပိရိရိ သပ္သပ္ရပ္ရပ္ ျဖစ္ေစမယ့္ ေဆးေတာ့ မေပၚေသးပါဘူး။ ေနာက္ဆုံးေတာ့ မိဘေတြဟာ လက္ေလွ်ာ့အရႈံးေပးလိုက္ရၿပီး အခုဆိုရင္ ကမာၻေက်ာ္ပညာရွင္ႀကီး အိုင္စတိုင္း ပုံစံ အဝတ္အစားေလးေတြကို သမီးအတြက္ ခ်ဳပ္ေပးေနတယ္လို႔ ဆိုပါတယ္။

Credit:နတ္စည္ေတာ္ (Shwemom)

 

 

UniCodeဖြင့်ဖတ်ရန်

ရောဂါကြောင့် အိုင်စတိုင်းရဲ့ဆံပင်ပုံစံဖြစ်နေလို့ နာမည်ကြီးနေတဲ့ ကလေးငယ်

အသက်(၁၇)လသမီးသာ ရှိသေးတဲ့ Taylor McGowan အမည်ရ ကောင်မလေးကတော့ အိုင်စတိုင်းပုံစံဆံပင်ကြောင့် လူမှုကွန်ယက်မှာ နာမည်အတော်လေး ကြီးနေပါတယ်။ Taylor ဟာ ကမ္ဘာပေါ်မှာ လူနည်းစုအနည်းငယ်သာ ခံစားရတဲ့ တကယ့်ရှားပါးရောဂါဖြစ်တဲ့ Uncombable Hair Syndrome ရောဂါကို ခံစားနေရပါတယ်။

မိဘတွေဖြစ်တဲ့ Cara နဲ့ Tom McGowan တို့မှာတော့ ဒီလိုဆံပင်ပုံစံမျိုးမဟုတ်ဘဲ၊ နှစ်ဦးစလုံးမှာ အညိုရောင်ဆံပင်ကို ပိုင်ဆိုင်ထားသလို၊ ဘီးနဲ့ ဖြီးရသပ်ရပ်လည်း လွယ်ပါတယ်။ ဒါပေမယ့် Taylor ကတော့ အားလုံးမြင်တဲ့အတိုင်းပါဘဲ အဖြူရောင်တောက်တောက် ဆံပင်တွေနဲ့ ထိုးထိုးထောင်ထောင် ဖြစ်နေတာကို တွေ့ရမှာပါ။

ဘယ်လိုဘီးနဲ့ဖြီးသည်ဖြစ်စေ Taylor ရဲ့ ဆံပင်က အချိုးမပြေပါဘူး။ ဒါကြောင့် Taylor ဟာ ဘယ်နေရာကိုသွားသွား မျက်နှာပွင့်နေသူဖြစ်ပြီး မိခင်ဖြစ်သူ Cara ရဲ့အဆိုအရ Taylor နဲ့အပြင်ထွက်တိုင်း (၁၀၀)ကြိမ်မှာ (၉)ကြိမ်လောက်ကို လူတွေက “ခဏရပ်ပါဦး … ကလေးကို ကြည့်ပါရစေ”ဆိုပြီး အပြောခံရလေ့ရှိတယ်လို့ ဆိုပါတယ်။

တစ်ချို့ကတော့ ဟာသအဖြစ်နဲ့ Taylor ဟာ ငယ်ငယ်လေးကတည်းက ပလက်ပေါက်ကို လက်နဲ့နှိုက်မိလို့ ဓာတ်လိုက်ပြီး ဆံပင်တွေက ထောင်ကုန်တာလားဆိုပြီးတော့ မေးကြတယ်လို့ ဆိုပါတယ်။ တစ်ချို့ကတော့ Taylor ရဲ့ဆံပင်တွေကို အသည်းယားနေပြီး ဆံပင်ဖက်ရှင်ဆိုင်တစ်ခုခုမှာ အပူပေးတဲ့စက်နဲ့ပြင်ပေးဖို့ အကြံပေးကြပါတယ်။

ဒါပေမယ့် Cara တို့ဇနီးမောင်နှံကတော့ Taylor ရဲ့ဆံပင်ကို အလွန်သဘောကျနေကြပြီး ‘Einstein 2.0’လို့တောင် အမည်ပြောင် ပေးထားကြပါတယ်။ Cara ဟာ ယခင်ကတော့ စိတ်ကျန်းမာရေးသုနာပြုအဖြစ် ရပ်တည်ခဲ့ပေမယ့် အခုအခါမှာတော့ Taylor ကို အချိန်ပြည့်စောင့်ရှောက်နေပါတယ်။

Cara က ” ဓာတုဗေဒဆေးတွေကို သုံးပြီး ကလေးရဲ့ဆံပင်ကို မပြင်ပေးချင်ပါဘူး … ရှားစောင်းဂျယ်လ်ကတော့ ဒီလိုဆံပင်အတွက် အဆင်ပြေစေတယ်ဆိုလို့ အကြိမ်များစွာ စမ်းကြည့်ဖူးပါသေးတယ် … မထိရောက်ပါဘူး … သူ့ဘာသာ ဆံပင်တွေက ခဏနေတော့ ပြန်ထောင်တာပါဘဲ … “လို့ ပြောပါတယ်။

Cara တို့ဟာ သဘာဝဆေးအမျိုးအမည်ပေါင်း (၁၅)ခုလောက် စမ်းသုံးခဲ့ကြပေမယ့် အခုထက်ထိတော့ Taylor ရဲ့ဆံအပင်တွေကို ပိပိရိရိ သပ်သပ်ရပ်ရပ် ဖြစ်စေမယ့် ဆေးတော့ မပေါ်သေးပါဘူး။ နောက်ဆုံးတော့ မိဘတွေဟာ လက်လျှော့အရှုံးပေးလိုက်ရပြီး အခုဆိုရင် ကမ္ဘာကျော်ပညာရှင်ကြီး အိုင်စတိုင်းပုံစံ အဝတ်အစားလေးတွေကို သမီးအတွက် ချုပ်ပေးနေတယ်လို့ ဆိုပါတယ်။

Credit:နတ်စည်တော် (Shwemom)