Zawgyi ျဖင့္ဖတ္ရန္

 

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ အၿပီးမွာ လီဗာပူးလ္ ဂိုးသမား ေလာရစ္ ကာရီးယပ္စ္ ကို အသက္အႏၱရာယ္ၿခိမ္းေျခာက္တဲ့ ျဖစ္ရပ္ေတြကို သိရွိထားခဲ့တယ္လို႔ မာေဆးဆိုက္ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။စေနေန႔က ကိယက္ဗ္ကြင္းႀကီးမွာ ႀကိဳးၾကာနီေတြကို ၃.၁ ဂိုးနဲ႔ အႏိုင္ရေအာင္ ရီးရဲလ္မက္ဒရစ္ ကို အမွားႏွစ္ခုနဲ႔ ကူညီခဲ့တဲ့ အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္ ဂိုးသမား နဲ႔ သူ႕မိသားစုဟာ အၿခိမ္းေျခာက္ခံေနရတယ္လို႔ ဆိုပါတယ္။

ကာရီးယပ္စ္ ဟာ ပြဲသိမ္းခရာမႈတ္တဲ့အခ်ိန္မွာ မ်က္ရည္ ေတြ ေတြေတြစီးက်ၿပီး ပရိသတ္ေတြကို ေတာင္းပန္ခဲ့တယ္လို႔ ဆိုပါတယ္။

 

“ဒီလိုပံုစံ ၿခိမ္းေျခာက္တဲ့ သဘာ၀ရွိတဲ့ ဆိုရွယ္မီဒီယာပို႔စ္ေတြကို ကၽြန္ေတာ္တို႔ အေလးအနက္ထားပါတယ္။ဒီလိုအျပဳအမူေတြကို စံုစမ္းစစ္ေဆးသြားမွာပါ” လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

ဆိုရွယ္မီဒီယာကေနတစ္ဆင့္ ကြန္းမန္႔ေတြနဲ႔ ၿခိမ္းေျခာက္ေနတာေတြကို ရဲအရာရွိေတြက သိထားပါတယ္။မာေဆးဆိုက္ ရဲတပ္ဖြဲ႕အေနနဲ႔ ဆုိရွယ္မီဒီယာ အသံုးျပဳသူေတြကို ေျပာခ်င္တာက မသမာတဲ့ ဆက္သြယ္မႈပဲျဖစ္ျဖစ္၊ ၿခိမ္းေျခာက္တဲ့ အျပဳအမူပဲျဖစ္ျဖစ္ ဘယ္လိုေစာ္ကားမႈမ်ိဳးကိုမဆို စံုစမ္းစစ္ေဆးသြားမွာပါ” လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

 

စေနညကပြဲမွာေတာ့ ဂ်ာမန္ ဂိုးသမား ကာရီးယပ္စ္ က ရီးရဲလ္တိုက္စစ္မွဴး ဘန္ဇီမာ ကို လက္ေဆာင္ေပးလိုက္လို႔ ဘန္ဇီမာ က အဖြင့္ဂိုးကို အသာအယာပဲ သြင္းယူသြားခဲ့ပါတယ္။

ကာရီးယပ္စ္ ဟာ ေနာက္ပိုင္းမွာ ဂါရတ္ေဘးလ္ ရဲ႕ ဂိုးေတြကိုပါ အလြယ္တကူခြင့္ျပဳလိုက္လို႔ စပိန္ကလပ္ဟာ ခ်န္ပီယံလိဂ္ဖလားကို သံုးႏွစ္ဆက္တိုက္ ဆုပ္ကိုင္ခြင့္ရသြားခဲ့ပါတယ္။

 

တနဂၤေႏြေန႔မွာပဲ ကာရီးယပ္စ္ က ကၽြန္ေတာ့္ရဲ႕ ကစားေဖာ္ေတြနဲ႔ ပရိသတ္ေတြအတြက္ အရမ္းကို၀မ္းနည္းပါတယ္လို႔ ဆိုရွယ္မီဒီယာမွာ ပို႔စ္တင္ခဲ့ပါတယ္။

Share from : burmese.asia

 

Unicode ဖြင့်ဖတ်ရန်

လီဗာပူးလ် ဂိုးသမားအား ဆိုရှယ်မီဒီယာမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုများကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

 

ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ လီဗာပူးလ် ဂိုးသမား လောရစ် ကာရီးယပ်စ် ကို အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ ဖြစ်ရပ်တွေကို သိရှိထားခဲ့တယ်လို့ မာဆေးဆိုက် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

စနေနေ့က ကိယက်ဗ်ကွင်းကြီးမှာ ကြိုးကြာနီတွေကို ၃.၁ ဂိုးနဲ့ အနိုင်ရအောင် ရီးရဲလ်မက်ဒရစ်ကို အမှားနှစ်ခုနဲ့ ကူညီခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဂျာမန်ဂိုးသမားနဲ့ သူ့မိသားစုဟာ အခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

ကာရီးယပ်စ် ဟာ ပွဲသိမ်းခရာမှုတ်တဲ့အချိန်မှာ မျက်ရည်တွေ တွေတွေစီးကျပြီး ပရိသတ်တွေကို တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒီလိုပုံစံ ခြိမ်းခြောက်တဲ့ သဘာဝရှိတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ဒီလိုအပြုအမူတွေကို စုံစမ်းစစ်ဆေးသွားမှာပါ” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကွန်းမန့်တွေနဲ့ ခြိမ်းခြောက်နေတာတွေကို ရဲအရာရှိတွေက သိထားပါတယ်။မာဆေးဆိုက် ရဲတပ်ဖွဲ့အနေနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို ပြောချင်တာက မသမာတဲ့ ဆက်သွယ်မှုပဲဖြစ်ဖြစ်၊ ခြိမ်းခြောက်တဲ့ အပြုအမူပဲဖြစ်ဖြစ် ဘယ်လိုစော်ကားမှုမျိုးကိုမဆို စုံစမ်းစစ်ဆေးသွားမှာပါ” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

 

စနေညကပွဲမှာတော့ ဂျာမန် ဂိုးသမား ကာရီးယပ်စ် က ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ ကို လက်ဆောင်ပေးလိုက်လို့ ဘန်ဇီမာ က အဖွင့်ဂိုးကို အသာအယာပဲ သွင်းယူသွားခဲ့ပါတယ်။

ကာရီးယပ်စ် ဟာ နောက်ပိုင်းမှာ ဂါရတ်ဘေးလ် ရဲ့ ဂိုးတွေကိုပါ အလွယ်တကူခွင့်ပြုလိုက်လို့ စပိန်ကလပ်ဟာ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ဆုပ်ကိုင်ခွင့်ရသွားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့မှာပဲ ကာရီးယပ်စ် က ကျွန်တော့်ရဲ့ ကစားဖော်တွေနဲ့ ပရိသတ်တွေအတွက် အရမ်းကိုဝမ်းနည်းပါတယ်လို့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

Share from : burmese.asia