Zawgyi ျဖင့္ဖတ္ရန္

အလွအပ ဆိုတာ ဘာလဲလို႔ နာမည္ေက်ာ္ အလွအပ ဘေလာ့ဂါ ႀကီးတစ္ဦးကို ဂ်ာနယ္လစ္တစ္ေယာက္က ေမးျမန္းတဲ့အခါမွာ ဘေလာ့ဂါႀကီးက ” အလွအပ ဆိုတာ … အလွအပ ကို တကယ္ခံစားတတ္မႈသာ ျဖစ္တယ္”လို႔ ျပန္ေျပာခဲ့ပါတယ္။ တကယ္လည္း ဟုတ္ပါတယ္။ လူတစ္ေယာက္ဟာ မိမိစိတ္ သန္ရာသန္ရာကိုသာစြဲၿပီး လွတယ္၊ ႐ုပ္ဆိုးတယ္ သတ္မွတ္ၾကပါတယ္။

 

လူတစ္ေယာက္ ဘယ္ေလာက္ေခ်ာ၊ ဘယ္ေလာက္လွေနပါေစ ၾကည့္ျမင္ခံစားတဲ့သူခ်င္း ခံစားခ်က္မတူညီႏိုင္လို႔ လွတယ္/မလွဘူးဆိုတဲ့ ကြဲလြဲခ်က္ကေတာ့ ရွိေနႏိုင္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အေၾကာင္းအရာေလးကေတာ့ အဲဒီ အလွအပ နဲ႔ ပတ္သတ္ပါတယ္။ မိသားစု တစ္စုဟာ သူတို႔သမီးေလးကို သိပ္လွလြန္းလို႔ အိမ္ထဲကေန အိမ္အျပင္ ေပးမထြက္ပါဘူးတဲ့။

႐ုရွားႏိုင္ငံသူ၊ Angelica Kenova အမည္ရ အသက္(၂၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ သူမိဘေတြရဲ႕မ်က္စိထဲ တစ္ကမာၻမွာ အလွဆုံးသူတစ္ေယာက္လို႔ ထင္ျမင္ယူဆခံထားရတာေၾကာင့္ အိမ္ထဲကေနအိမ္အျပင္ကို ေပးမထြက္ဘူးလို႔ ေျပာပါတယ္။ အျပင္ထြက္ရင္လည္း ဘယ္သြားသြား သူ႔အေမနဲ႔ သြားရပါတယ္။ ဒါေပမယ့္ Kenova ဟာ ပေရာ္ဖက္ရွင္နယ္ ေမာ္ဒယ္တစ္ေယာက္ပါ။

 

သူမဟာ သက္ရွိ ဘာဘီအ႐ုပ္မေလးလို ျဖစ္ေနၿပီး တကယ္လည္း သူမရဲ႕႐ုပ္ရွည္က သူမတူေအာင္လွပတယ္လို႔ သတင္းမီဒီယာေတြက ဆိုပါတယ္။ Kenova ဟာ ေမာ္စကိုၿမိဳ႕မွာေနထိုင္သူျဖစ္ၿပီး၊ သူမရဲ႕ ေျပာစကားအရ သူမရဲ႕မိဘေတြဟာ သူမကို မင္းသမီးေလးတစ္ေယာက္လို ေျခေမြးမီးမေလာင္၊ လက္ေမြးမီးမေလာင္ ႀကီးျပင္းေစခဲ့ေၾကာင္းဆိုပါတယ္။

 

Kenova က ” ကြၽန္မကို မင္းသမီးေလးတစ္ေယာက္လို ေစာင့္ေရွာက္ခဲ့တာ … ဘယ္တုန္းကမွ အျပင္ကို ေပးမထြက္ဘူး … ေကာင္ေလးေတြနဲ႔လည္း ခ်ိန္းမေတြ႕ဖူးဘူး … အ႐ြယ္ေရာက္ၿပီးတဲ့သူေတြမွာ ရွိထားတဲ့ အေတြ႕အႀကဳံေတြ ကြၽန္မမွာ မႀကဳံခဲ့ရဘူး … ဒီေတာ့ သာမန္လူသားဘဝနဲ႔ အန္မဝင္ဘူး … ကြၽန္မက သက္ရွိအ႐ုပ္မေလးလိုပါဘဲ “လို႔ ေျပာခဲ့ပါတယ္။

ေမာ္ဒယ္တစ္ေယာက္ဆိုေပမယ့္ အလုပ္ခ်ိန္နဲ႔ ဘာအစားအစာေတြ စားရမလဲဆိုတာကအစ မိဘေတြကပဲ စီစဥ္ေပးပါတယ္တဲ့။ အခုလို တကယ့္အ႐ုပ္မေလးလို လွပတဲ့ခႏၶာကိုယ္ကိုရဖို႔ ခြဲစိတ္မႈေတြလုပ္ခဲ့တယ္လို႔ သတင္းမီဒီယာေတြက စြပ္စြဲခဲ့တာေတြအေပၚ Kenova က ျငင္းခ်က္ထုတ္ခဲ့ပါတယ္။

Kenova က ဒီလိုခႏၶာကိုယ္၊ အသားအေရကိုရဖို႔ သူမအေနနဲ႔ မည္သည့္ခြဲစိတ္မႈမွ် မလုပ္ခဲ့ဖူးေၾကာင္း၊ ဒါေပမယ့္ ေလ့က်င့္ခန္းေတြကို တစ္ပတ္ကို (၅)ရက္ ပုံမွန္လုပ္ေလ့ရွိၿပီး၊ တစ္ခါေလ့က်င့္ခန္းလုပ္ရင္ (၃)နာရီၾကာျမင့္ေၾကာင္း ဆိုထားပါတယ္။ သူမက “တစ္ခါမွ ပလက္စတစ္ဆာဂ်ရီ မလုပ္ဖူးဘူး … ေကာ္စမတ္တစ္ဆိုတာကေတာ့ မ်က္ႏွာေတြမွာ တစ္စုံတရာမွားယြင္းထားတဲ့အခါမ်ိဳးမွ လိုအပ္တာပဲေလ .. ကြၽန္မကေတာ့ မလိုအပ္ပါဘူး “လို႔ ေျပာခဲ့ပါတယ္။

သူမဟာ ငယ္ငယ္ေလးကတည္းက ဘာဘီအ႐ုပ္မေလးေတြရဲ႕ ဒီဇိုင္းပုံစံအတိုင္း ဝတ္ဆင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ သူမက ” ကြၽန္မ ေျခာက္ႏွစ္သမီးကတည္းက စၿပီး … ေမေမက အ႐ုပ္မေလးေတြဝတ္တဲ့ အဝတ္အစားေလးေတြပဲ ဝယ္ေပးေတာ့တယ္ … “လို႔ ေျပာပါတယ္။ ဒီလိုနဲ႔ သူမကလည္း မိဘေတြစိတ္ခ်မ္းသာေအာင္ ေနေပးရင္း ကိုယ္လည္း သက္ရွိဘာဘီအ႐ုပ္မေလးဘဝမွာ ေပ်ာ္ပါတယ္တယ္လို႔ ေျပာပါတယ္။

 

သူမကို မိခင္က အဝတ္ေတြလည္း ဝယ္ခြင့္မေပးသလို၊ ဝတ္ခ်င္တာရွိရင္လည္း ဝယ္မေပးပါဘူး။ ဘယ္ေန႔မွာ ဘာဝတ္ရမယ္ဆိုတာကို မိခင္ကပဲ ျပင္ဆင္ေပးပါတယ္တဲ့။ အခုအခါမွာေတာ့ Kenova ဟာ သူမရဲ႕ထူးျခားတဲ့အလွတရားေၾကာင့္ ေမာ္ဒယ္ေလာကမွာသာမက၊ လူမႈကြန္ယက္မွာပါ နာမည္ႀကီးသူတစ္ေယာက္ ျဖစ္ေနပါၿပီ။

Credit : shwemom

 

Unicode ဖြင့်ဖတ်ရန်

 

သိပ်လှလွန်းလို့ အိမ်ထဲနေအိမ်ပြင်မထွက်ဖို့ တားဆီးခံထားရတဲ့ ကောင်မလေး

 

အလှအပဆိုတာ ဘာလဲလို့ နာမည်ကျော် အလှအပ ဘလော့ဂါကြီးတစ်ဦးကို ဂျာနယ်လစ်တစ်ယောက်က မေးမြန်းတဲ့အခါမှာ ဘလော့ဂါကြီးက ” အလှအပဆိုတာ … အလှအပကို တကယ်ခံစားတတ်မှုသာ ဖြစ်တယ်”လို့ ပြန်ပြောခဲ့ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ လူတစ်ယောက်ဟာ မိမိစိတ် သန်ရာသန်ရာကိုသာစွဲပြီး လှတယ်၊ ရုပ်ဆိုးတယ် သတ်မှတ်ကြပါတယ်။

 

လူတစ်ယောက် ဘယ်လောက်ချော၊ ဘယ်လောက်လှနေပါစေ ကြည့်မြင်ခံစားတဲ့သူချင်း ခံစားချက်မတူညီနိုင်လို့ လှတယ်/မလှဘူးဆိုတဲ့ ကွဲလွဲချက်ကတော့ ရှိနေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ အဲဒီအလှအပနဲ့ ပတ်သတ်ပါတယ်။ မိသားစုတစ်စုဟာ သူတို့သမီးလေးကို သိပ်လှလွန်းလို့ အိမ်ထဲကနေ အိမ်အပြင် ပေးမထွက်ပါဘူးတဲ့။

 

ရုရှားနိုင်ငံသူ၊ Angelica Kenova အမည်ရ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးဟာ သူမိဘတွေရဲ့မျက်စိထဲ တစ်ကမ္ဘာမှာ အလှဆုံးသူတစ်ယောက်လို့ ထင်မြင်ယူဆခံထားရတာကြောင့် အိမ်ထဲကနေအိမ်အပြင်ကို ပေးမထွက်ဘူးလို့ ပြောပါတယ်။ အပြင်ထွက်ရင်လည်း ဘယ်သွားသွား သူ့အမေနဲ့ သွားရပါတယ်။ ဒါပေမယ့် Kenova ဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်ပါ။

 

သူမဟာ သက်ရှိဘာဘီအရုပ်မလေးလို ဖြစ်နေပြီး တကယ်လည်း သူမရဲ့ရုပ်ရှည်က သူမတူအောင်လှပတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ Kenova ဟာ မော်စကိုမြို့မှာနေထိုင်သူဖြစ်ပြီး၊ သူမရဲ့ ပြောစကားအရ သူမရဲ့မိဘတွေဟာ သူမကို မင်းသမီးလေးတစ်ယောက်လို ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ကြီးပြင်းစေခဲ့ကြောင်းဆိုပါတယ်။

 

 

Kenova က ” ကျွန်မကို မင်းသမီးလေးတစ်ယောက်လို စောင့်ရှောက်ခဲ့တာ … ဘယ်တုန်းကမှ အပြင်ကို ပေးမထွက်ဘူး … ကောင်လေးတွေနဲ့လည်း ချိန်းမတွေ့ဖူးဘူး … အရွယ်ရောက်ပြီးတဲ့သူတွေမှာ ရှိထားတဲ့ အတွေ့အကြုံတွေ ကျွန်မမှာ မကြုံခဲ့ရဘူး … ဒီတော့ သာမန်လူသားဘဝနဲ့ အန်မဝင်ဘူး … ကျွန်မက သက်ရှိအရုပ်မလေးလိုပါဘဲ “လို့ ပြောခဲ့ပါတယ်။

 

မော်ဒယ်တစ်ယောက်ဆိုပေမယ့် အလုပ်ချိန်နဲ့ ဘာအစားအစာတွေ စားရမလဲဆိုတာကအစ မိဘတွေကပဲ စီစဉ်ပေးပါတယ်တဲ့။ အခုလို တကယ့်အရုပ်မလေးလို လှပတဲ့ခန္ဓာကိုယ်ကိုရဖို့ ခွဲစိတ်မှုတွေလုပ်ခဲ့တယ်လို့ သတင်းမီဒီယာတွေက စွပ်စွဲခဲ့တာတွေအပေါ် Kenova က ငြင်းချက်ထုတ်ခဲ့ပါတယ်။

 

Kenova က ဒီလိုခန္ဓာကိုယ်၊ အသားအရေကိုရဖို့ သူမအနေနဲ့ မည်သည့်ခွဲစိတ်မှုမျှ မလုပ်ခဲ့ဖူးကြောင်း၊ ဒါပေမယ့် လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို (၅)ရက် ပုံမှန်လုပ်လေ့ရှိပြီး၊ တစ်ခါလေ့ကျင့်ခန်းလုပ်ရင် (၃)နာရီကြာမြင့်ကြောင်း ဆိုထားပါတယ်။ သူမက “တစ်ခါမှ ပလက်စတစ်ဆာဂျရီ မလုပ်ဖူးဘူး … ကော်စမတ်တစ်ဆိုတာကတော့ မျက်နှာတွေမှာ တစ်စုံတရာမှားယွင်းထားတဲ့အခါမျိုးမှ လိုအပ်တာပဲလေ .. ကျွန်မကတော့ မလိုအပ်ပါဘူး “လို့ ပြောခဲ့ပါတယ်။

 

သူမဟာ ငယ်ငယ်လေးကတည်းက ဘာဘီအရုပ်မလေးတွေရဲ့ ဒီဇိုင်းပုံစံအတိုင်း ဝတ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမက ” ကျွန်မ ခြောက်နှစ်သမီးကတည်းက စပြီး … မေမေက အရုပ်မလေးတွေဝတ်တဲ့ အဝတ်အစားလေးတွေပဲ ဝယ်ပေးတော့တယ် … “လို့ ပြောပါတယ်။ ဒီလိုနဲ့ သူမကလည်း မိဘတွေစိတ်ချမ်းသာအောင် နေပေးရင်း ကိုယ်လည်း သက်ရှိဘာဘီအရုပ်မလေးဘဝမှာ ပျော်ပါတယ်တယ်လို့ ပြောပါတယ်။

 

သူမကို မိခင်က အဝတ်တွေလည်း ဝယ်ခွင့်မပေးသလို၊ ဝတ်ချင်တာရှိရင်လည်း ဝယ်မပေးပါဘူး။ ဘယ်နေ့မှာ ဘာဝတ်ရမယ်ဆိုတာကို မိခင်ကပဲ ပြင်ဆင်ပေးပါတယ်တဲ့။ အခုအခါမှာတော့ Kenova ဟာ သူမရဲ့ထူးခြားတဲ့အလှတရားကြောင့် မော်ဒယ်လောကမှာသာမက၊ လူမှုကွန်ယက်မှာပါ နာမည်ကြီးသူတစ်ယောက် ဖြစ်နေပါပြီ။

Credit : shwemom