Zawgyi ျဖင့္ဖတ္ရန္

သင့္ကို သူငယ္ခ်င္း ေတြက FA တစ္ေယာက္ဆိုၿပီး အၿမဲတမ္း ဝိုင္းႏွိမ္ေနတာကို ခံေနရၿပီလား။ ဒါမွမဟုတ္ ကိုယ္သေဘာက်တဲ့ ေကာင္မေလးေတြ ရွိရဲ႕သားနဲ႔ ဘယ္လို ခ်ည္းကပ္ရမွန္းမသိလို႔ အခက္ေတြ႕ေနတာလား။ ဒီနည္းလမ္းေတြကို လုပ္ၾကည့္လိုက္ေလ။ သင့္ကို ေဂၚမစြံတစ္ေယာက္ ဘဝက လြတ္ေျမာက္ဖို႔ ကူညီေပးႏိုင္ ပါလိမ့္မယ္။

 

(၁)။ တန္ဖိုးႀကီး စားေသာက္ဆိုင္ ေတြမွာ ဓာတ္ပုံ ႐ိုက္ပါ


…………………………………………………………
ကိုယ္တိုင္သြားစားတာပဲ ျဖစ္ေစ၊ သူငယ္ခ်င္းတစ္ေယာက္ေယာက္ သြားလို႔ လိုက္သြားတာမ်ိဳးပဲ ျဖစ္ေစ၊ လမ္းႀကဳံတာမ်ိဳးပဲျဖစ္ေစ တန္ဖိုးႀကီး စားေသာက္ဆိုင္ေတြကို ေရာက္တိုင္း ဓာတ္ပုံ႐ိုက္ပါ။ ၿပီးရင္ အဲ့ဒီဓာတ္ပုံနဲ႔အတူ Check In ဝင္တာမ်ိဳး၊ မွတ္ခ်က္တစ္ခုခု ေရးတာမ်ိဳးလုပ္ၿပီး ကိုယ့္ရဲ႕ Facebook အေကာင့္မွာ တင္ပါ။ ဒီလို လုပ္ျခင္းအားျဖင့္ သင့္ကို လူေတြက အထင္ႀကီးေစၿပီး သူတို႔စိတ္ထဲမွာ မွတ္ခ်က္ေကာင္းေကာင္း ေပးၿပီးသြားလည္း ျဖစ္သြားႏိုင္ပါတယ္။ ဘယ္လိုေျပာရမလဲ … လူရွိန္တာေပါ့။

(၂)။ ကားေမာင္းေနရင္း႐ိုက္တဲ့ ဆယ္လ္ဖီေတြ တင္ပါ
…………………………………………………
ကားေမာင္းေနရင္း ႐ိုက္တဲ့ဆယ္လ္ဖီဆိုတာ တစ္နည္းအားျဖင့္ ကိုယ့္မွာ ကားရွိေၾကာင္း ႂကြားလိုက္တာပါပဲ။ တကၠစီေမာင္းေနရင္ေတာ့ တမ်ိဳးေပါ့။ LOL ။ ဒီနည္းလမ္းကလည္း လူအထင္ႀကီးမႈကို တစ္ဖက္က ရယူလိုက္တာပါပဲ။ ဥပမာ – သင္က မိန္းကေလးတစ္ေယာက္ကို က်ိတ္ၿပီး သေဘာက်ေနတယ္ဆိုရင္ အဲဒီမိန္းကေလးက ကိုယ့္ကို အထင္မႀကီးသေ႐ြ႕ ျပန္ႀကိဳက္ဖို႔ လမ္းမရွိပါဘူး။ ဒီေတာ့ အထင္ႀကီးေအာင္ နည္းမ်ိဳးစုံနဲ႔ လုပ္သာလုပ္ပါ။ ကိုယ့္မွာ ကားမရွိဘူး၊ ကားမေမာင္းတတ္ဘူး ဆိုရင္လည္း ကားပိုင္တဲ့ သူငယ္ခ်င္းတစ္ေယာက္ကို အကူအညီေတာင္းၿပီး ႀကိဳးစားၾကည့္ေပါ့။ လြယ္ေတာ့မလြယ္ဘူးေလ။ မ်က္ႏွာေျပာင္ရတာေပါ့။

(၃)။ အလွဆုံး Camera Affect ေတြကို သုံးပါ
……………………………………………………
သင့္ဘာသာသင္ အျပင္မွာ ဘယ္လိုမ်က္ႏွာႀကီးပဲ ျဖစ္ေနေန ဓာတ္ပုံထဲမွာေတာ့ အစြမ္းကုန္လွဖို႔ ႀကိဳးစားပါ။ သင့္မ်က္ႏွာက ႏူးညံ့ၿပီး ေခ်ာေမြ႕ေနရမယ္၊ သင့္အၿပဳံးက ဆြဲေဆာင္မႈ ရွိေနရမယ္။ ဒါမွပဲ သင္စိတ္ဝင္စားေနတဲ့ တစ္ေယာက္ေယာက္က သင့္ကို ျပန္ၿပီး ေႂကြဖို႔ စဥ္းစားမွာပါ။ ဓာတ္ပုံထဲမွာ လွၿပီး အျပင္မွာ ႐ုပ္ဆိုးေနတယ္ ဆိုရင္ေတာင္ သူက သင့္ကို အားနာနာနဲ႔ တြဲရင္ တြဲဦးမွာမို႔ အေကာင္းဆုံး Camera Affect ေတြကိုသာ သုံးၿပီး ဓာတ္ပုံ႐ိုက္ပါ။ အလွဆုံးၿပဳံးႏိုင္ဖို႔ ေလ့က်င့္ပါ။

 

(၄)။ ကိုယ့္ရဲ႕အခ်စ္ေရးကံ ဘယ္ေလာက္ဆိုးခဲ့ေၾကာင္း ဒရာမာ ခ်ိဳးပါ
………………………………………………….
မ်ားေသာအားျဖင့္ ခ်စ္တဲ့စိတ္ဆိုတာ သနားတဲ့စိတ္ကေန ဆင္းသက္လာတာပါ။ အယ္လယ္။ ကိုယ္အရင္က ဘယ္လိုပဲ ဘူခဲ့ ဘူခဲ့ လုပ္ႀကံဇာတ္လမ္းေတြ ဖန္တီးၿပီး ေကာင္မေလးေတြက ရက္ရက္စက္စက္ ပစ္သြားသလို ဘာညာ ဒရာမာေတြေရးပါ။ ၿပီးရင္ ကိုယ့္ရဲ႕ Facebook အေကာင့္မွာ တင္ပါ။ အဲဒီလို လုပ္လိုက္ၿပီးရင္ ကိုယ့္ကို သနားတဲ့ ကြန္မန႔္ေတြ ရလာပါလိမ့္မယ္။ အဲဒီထဲကမွ အရမ္းႀကီး လာသနားေနတဲ့ တစ္ေယာက္ကို ေ႐ြး။ ႐ုပ္ကေလးကလည္း ၾကည့္ေပ်ာ္ ရႈေပ်ာ္ေလးဆိုရင္ စကားေရာေဖာေရာ သြားလုပ္။ အဆင္ေျပဖို႔မ်ားတယ္ေနာ္…။

(၅)။ တိရိစာၦန္ေလးေတြနဲ႔ ဓာတ္ပုံ႐ိုက္ပါ
………………………………………………
ဒါကေတာ့ သင့္ကိုယ္သင္ ၾကင္နာတတ္သူ တစ္ေယာက္ျဖစ္ေၾကာင္း ျပတဲ့အကြက္ပါ။ မ်ားေသာအားျဖင့္ေတာ့ လူေတြရဲ႕ စိတ္ထဲမွာ တိရိစာၦန္ေလးေတြကို ခ်စ္တတ္တဲ့သူ၊ သူတပါးကို ကူညီတတ္တဲ့ သူေတြကိုေတြ႕ရင္ အမွတ္ေကာင္းေကာင္းေပးေလ့ရွိပါတယ္။ ဒီေတာ့ ခ်စ္စရာေၾကာင္ေလးေတြ၊ ေခြးေလးေတြကို ေတြ႕တိုင္း ပိုင္ရွင္ကို ခြင့္ေတာင္းၿပီး ကိုယ္ေမြးထားသလိုလိုနဲ႔ ဓာတ္ပုံ႐ိုက္ပါ။ ဒီလိုနည္းနဲ႔ ဝါသနာတူ လက္တြဲေဖာ္ကို ရွာေတြ႕ႏိုင္သလို ကိုယ္စိတ္ဝင္စားေနတဲ့ သူဆီက အမွတ္ေကာင္းေကာင္းလည္း ရႏိုင္တယ္ေနာ္။

 

(၆)။ Love React ေတြ မညႇာမတာေပးပါ
………………………………………………….
သင္က တစ္ေယာက္ေယာက္ကို ခ်စ္ေနၿပီဆိုပါစို႔။ အဲဒါကို သင့္စိတ္ထဲမွာပဲ သိမ္းထားရင္ အဲဒီခ်စ္ေနတဲ့ အဆင့္ကေန ဘယ္ေတာ့မွ တိုးတက္လာမွာ မဟုတ္ပါဘူး။ သင္သူ႔ကို ခ်စ္တယ္ဆိုတာ သူသိေၾကာင္း ျပရမွာပါ။ သင့္အေနနဲ႔ သူ႔ကိုခ်စ္တယ္လို႔လည္း ဖြင့္မေျပာရဲေသးဘူး ဆိုရင္ သူ႔ရဲ႕ Facebook မွာ တင္သမွ်ပုံေတြ၊ စာသားေတြကို Love React ေတြသာ စြတ္ေပးပါ။ (စိတ္ဆိုးလို႔ တင္ထားတဲ့ ပို႔စ္ေတြကိုေတာ့ ေရွာင္ေပါ့)။ အခ်ိန္ၾကာလာတဲ့အခါ သင့္ရဲ႕ Love React ေတြကို သူသတိထားမိလာမွာ ျဖစ္ၿပီး သင္သူ႔ကို စိတ္ဝင္စားေနေၾကာင္း ရိပ္မိသြားပါလိမ့္မယ္။

(၇)။ Cele ေတြ ၊ အရမ္းၾကည့္ေကာင္းေနသူေတြကိုေရွာင္ပါ
………………………………………………………………………..
သင့္အေနနဲ႔ ဘယ္တုန္းကမွ ရည္းစားတစ္ေယာက္ မရခဲ့ဖူးဘူးဆိုရင္ အြန္လိုင္းမွာ နာမည္ႀကီးတဲ့ Cele ေတြ၊ အရမ္းၾကည့္ေကာင္းေနတဲ့ သူေတြကို ေရွာင္သင့္ပါတယ္။ ဘာလို႔လဲဆိုရင္ သူတို႔က သင့္ကိုျပန္ႀကိဳက္ဖို႔ အခ်ိန္ေတာ္ေတာ္ေလး ယူၿပီး စဥ္းစားမွာမို႔လို႔ပါ။ ျဖစ္ႏိုင္ရင္ အႏွစ္ သုံးဆယ္ေလာက္ ၾကာသြားႏိုင္ပါတယ္။ မထင္မွတ္ပဲ သင္ရည္းစားစကား သြားေျပာထားတာေတြကို SS ႐ိုက္ၿပီး တင္တာမ်ိဳးေတာင္ လုပ္သြားႏိုင္လို႔ အဲဒီလိုလူေတြကို ေရွာင္သင့္ပါတယ္။ ပုံမွန္အေနအထားနဲ႔ ဆြဲေဆာင္မႈရွိတဲ့ သူမ်ိဳးကိုေ႐ြးတာက အသင့္ေတာ္ဆုံးပါပဲ။

Credit : Shwemom

 

(၇) ရက်အတွင်း ရည်းစားရစေနိုင်တဲ့ နည်းလမ်းတွေ

 

သင့်ကို သူငယ်ချင်းတွေက FA တစ်ယောက်ဆိုပြီး အမြဲတမ်း ဝိုင်းနှိမ်နေတာကို ခံနေရပြီလား။ ဒါမှမဟုတ် ကိုယ်သဘောကျတဲ့ ကောင်မလေးတွေ ရှိရဲ့သားနဲ့ ဘယ်လို ချည်းကပ်ရမှန်းမသိလို့ အခက်တွေ့နေတာလား။ ဒီနည်းလမ်းတွေကို လုပ်ကြည့်လိုက်လေ။ သင့်ကို ဂေါ်မစွံတစ်ယောက် ဘဝက လွတ်မြောက်ဖို့ ကူညီပေးနိုင် ပါလိမ့်မယ်။

 

(၁)။ တန်ဖိုးကြီး စားသောက်ဆိုင်တွေမှာ ဓာတ်ပုံရိုက်ပါ
…………………………………………………………
ကိုယ်တိုင်သွားစားတာပဲ ဖြစ်စေ၊ သူငယ်ချင်းတစ်ယောက်ယောက် သွားလို့ လိုက်သွားတာမျိုးပဲ ဖြစ်စေ၊ လမ်းကြုံတာမျိုးပဲဖြစ်စေ တန်ဖိုးကြီး စားသောက်ဆိုင်တွေကို ရောက်တိုင်း ဓာတ်ပုံရိုက်ပါ။ ပြီးရင် အဲ့ဒီဓာတ်ပုံနဲ့အတူ Check In ဝင်တာမျိုး၊ မှတ်ချက်တစ်ခုခု ရေးတာမျိုးလုပ်ပြီး ကိုယ့်ရဲ့ Facebook အကောင့်မှာ တင်ပါ။ ဒီလို လုပ်ခြင်းအားဖြင့် သင့်ကို လူတွေက အထင်ကြီးစေပြီး သူတို့စိတ်ထဲမှာ မှတ်ချက်ကောင်းကောင်း ပေးပြီးသွားလည်း ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပြောရမလဲ … လူရှိန်တာပေါ့။

 

(၂)။ ကားမောင်းနေရင်းရိုက်တဲ့ ဆယ်လ်ဖီတွေ တင်ပါ
…………………………………………………
ကားမောင်းနေရင်း ရိုက်တဲ့ဆယ်လ်ဖီဆိုတာ တစ်နည်းအားဖြင့် ကိုယ့်မှာ ကားရှိကြောင်း ကြွားလိုက်တာပါပဲ။ တက္ကစီမောင်းနေရင်တော့ တမျိုးပေါ့။ LOL ။ ဒီနည်းလမ်းကလည်း လူအထင်ကြီးမှုကို တစ်ဖက်က ရယူလိုက်တာပါပဲ။ ဥပမာ – သင်က မိန်းကလေးတစ်ယောက်ကို ကျိတ်ပြီး သဘောကျနေတယ်ဆိုရင် အဲဒီမိန်းကလေးက ကိုယ့်ကို အထင်မကြီးသရွေ့ ပြန်ကြိုက်ဖို့ လမ်းမရှိပါဘူး။ ဒီတော့ အထင်ကြီးအောင် နည်းမျိုးစုံနဲ့ လုပ်သာလုပ်ပါ။ ကိုယ့်မှာ ကားမရှိဘူး၊ ကားမမောင်းတတ်ဘူး ဆိုရင်လည်း ကားပိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကြိုးစားကြည့်ပေါ့။ လွယ်တော့မလွယ်ဘူးလေ။ မျက်နှာပြောင်ရတာပေါ့။

(၃)။ အလှဆုံး Camera Affect တွေကို သုံးပါ
……………………………………………………
သင့်ဘာသာသင် အပြင်မှာ ဘယ်လိုမျက်နှာကြီးပဲ ဖြစ်နေနေ ဓာတ်ပုံထဲမှာတော့ အစွမ်းကုန်လှဖို့ ကြိုးစားပါ။ သင့်မျက်နှာက နူးညံ့ပြီး ချောမွေ့နေရမယ်၊ သင့်အပြုံးက ဆွဲဆောင်မှု ရှိနေရမယ်။ ဒါမှပဲ သင်စိတ်ဝင်စားနေတဲ့ တစ်ယောက်ယောက်က သင့်ကို ပြန်ပြီး ကြွေဖို့ စဉ်းစားမှာပါ။ ဓာတ်ပုံထဲမှာ လှပြီး အပြင်မှာ ရုပ်ဆိုးနေတယ် ဆိုရင်တောင် သူက သင့်ကို အားနာနာနဲ့ တွဲရင် တွဲဦးမှာမို့ အကောင်းဆုံး Camera Affect တွေကိုသာ သုံးပြီး ဓာတ်ပုံရိုက်ပါ။ အလှဆုံးပြုံးနိုင်ဖို့ လေ့ကျင့်ပါ။

 

(၄)။ ကိုယ့်ရဲ့အချစ်ရေးကံ ဘယ်လောက်ဆိုးခဲ့ကြောင်း ဒရာမာ ချိုးပါ
………………………………………………….
များသောအားဖြင့် ချစ်တဲ့စိတ်ဆိုတာ သနားတဲ့စိတ်ကနေ ဆင်းသက်လာတာပါ။ အယ်လယ်။ ကိုယ်အရင်က ဘယ်လိုပဲ ဘူခဲ့ ဘူခဲ့ လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး ကောင်မလေးတွေက ရက်ရက်စက်စက် ပစ်သွားသလို ဘာညာ ဒရာမာတွေရေးပါ။ ပြီးရင် ကိုယ့်ရဲ့ Facebook အကောင့်မှာ တင်ပါ။ အဲဒီလို လုပ်လိုက်ပြီးရင် ကိုယ့်ကို သနားတဲ့ ကွန်မန့်တွေ ရလာပါလိမ့်မယ်။ အဲဒီထဲကမှ အရမ်းကြီး လာသနားနေတဲ့ တစ်ယောက်ကို ရွေး။ ရုပ်ကလေးကလည်း ကြည့်ပျော် ရှုပျော်လေးဆိုရင် စကားရောဖောရော သွားလုပ်။ အဆင်ပြေဖို့များတယ်နော်…။

 

(၅)။ တိရိစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံရိုက်ပါ
………………………………………………
ဒါကတော့ သင့်ကိုယ်သင် ကြင်နာတတ်သူ တစ်ယောက်ဖြစ်ကြောင်း ပြတဲ့အကွက်ပါ။ များသောအားဖြင့်တော့ လူတွေရဲ့ စိတ်ထဲမှာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူ၊ သူတပါးကို ကူညီတတ်တဲ့ သူတွေကိုတွေ့ရင် အမှတ်ကောင်းကောင်းပေးလေ့ရှိပါတယ်။ ဒီတော့ ချစ်စရာကြောင်လေးတွေ၊ ခွေးလေးတွေကို တွေ့တိုင်း ပိုင်ရှင်ကို ခွင့်တောင်းပြီး ကိုယ်မွေးထားသလိုလိုနဲ့ ဓာတ်ပုံရိုက်ပါ။ ဒီလိုနည်းနဲ့ ဝါသနာတူ လက်တွဲဖော်ကို ရှာတွေ့နိုင်သလို ကိုယ်စိတ်ဝင်စားနေတဲ့ သူဆီက အမှတ်ကောင်းကောင်းလည်း ရနိုင်တယ်နော်။

 

(၆)။ Love React တွေ မညှာမတာပေးပါ
………………………………………………….
သင်က တစ်ယောက်ယောက်ကို ချစ်နေပြီဆိုပါစို့။ အဲဒါကို သင့်စိတ်ထဲမှာပဲ သိမ်းထားရင် အဲဒီချစ်နေတဲ့ အဆင့်ကနေ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ သင်သူ့ကို ချစ်တယ်ဆိုတာ သူသိကြောင်း ပြရမှာပါ။ သင့်အနေနဲ့ သူ့ကိုချစ်တယ်လို့လည်း ဖွင့်မပြောရဲသေးဘူး ဆိုရင် သူ့ရဲ့ Facebook မှာ တင်သမျှပုံတွေ၊ စာသားတွေကို Love React တွေသာ စွတ်ပေးပါ။ (စိတ်ဆိုးလို့ တင်ထားတဲ့ ပို့စ်တွေကိုတော့ ရှောင်ပေါ့)။ အချိန်ကြာလာတဲ့အခါ သင့်ရဲ့ Love React တွေကို သူသတိထားမိလာမှာ ဖြစ်ပြီး သင်သူ့ကို စိတ်ဝင်စားနေကြောင်း ရိပ်မိသွားပါလိမ့်မယ်။

(၇)။ Cele တွေ ၊ အရမ်းကြည့်ကောင်းနေသူတွေကိုရှောင်ပါ
………………………………………………………………………..
သင့်အနေနဲ့ ဘယ်တုန်းကမှ ရည်းစားတစ်ယောက် မရခဲ့ဖူးဘူးဆိုရင် အွန်လိုင်းမှာ နာမည်ကြီးတဲ့ Cele တွေ၊ အရမ်းကြည့်ကောင်းနေတဲ့ သူတွေကို ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုရင် သူတို့က သင့်ကိုပြန်ကြိုက်ဖို့ အချိန်တော်တော်လေး ယူပြီး စဉ်းစားမှာမို့လို့ပါ။ ဖြစ်နိုင်ရင် အနှစ် သုံးဆယ်လောက် ကြာသွားနိုင်ပါတယ်။ မထင်မှတ်ပဲ သင်ရည်းစားစကား သွားပြောထားတာတွေကို SS ရိုက်ပြီး တင်တာမျိုးတောင် လုပ်သွားနိုင်လို့ အဲဒီလိုလူတွေကို ရှောင်သင့်ပါတယ်။ ပုံမှန်အနေအထားနဲ့ ဆွဲဆောင်မှုရှိတဲ့ သူမျိုးကိုရွေးတာက အသင့်တော်ဆုံးပါပဲ။

Credit : Shwemom