Zawgyi ျဖင့္ဖတ္ရန္

(၁) အစဥ္အၿမဲ ေစာင့္ၾကည့္ေနသူ ေရာဘတ္

အခုစာရင္းထဲက ပထမဆုံး ေဖာ္ျပမယ့္ ေျခာက္ျခားဖြယ္ အ႐ုပ္ကေတာ့ ေရာဘတ္ပါ။ ေရာဘတ္ကို မူရင္းပိုင္ဆိုင္သူက စာေရးဆရာနဲ႔ ပန္းခ်ီဆရာတစ္ဦးျဖစ္တဲ့ ေရာဘတ္ယူဂ်င္းေအာ့တိုျဖစ္ပါတယ္။ အိမ္ထဲက မိသားစုေတြ အေဝးေရာက္ေနခ်ိန္မွာ အဲဒီအ႐ုပ္ဟာ ရယ္ေမာေလ့ရွိၿပီး အခန္းတစ္ခုကေန တစ္ခုကူးတတ္သလို အိမ္သူအိမ္သားေတြကို ေျခာက္လွန႔္ေလ့ရွိပါတယ္။ ေလွကားေပၚ ေျပးတက္ၿပီး ျပတင္းေပါက္ေတြကေနလည္း ျဖတ္သန္းသြားတတ္ပါတယ္။ ေရာဘတ္ဟာ ၁၉၇၄ခုႏွစ္အထိ ေအာ့တိုရဲ႕ ထပ္ခိုးထဲမွာပဲ ရွိေနခဲ့ပါတယ္။ ေရာဘတ္ဟာ ေနာက္ပိုင္းမွာ ပိုင္ရွင္ တစ္ဦးၿပီး တစ္ဦးဆီမွာ လွည့္ပတ္ေနထိုင္ခဲ့ပါတယ္။ ၁၉၉၄ခုႏွစ္မွာ ဖေလာ္ရီဒါျပည္နယ္က Fort East Martello ျပတိုက္ဆီ ေရာဘတ္ကို လႉဒါန္းလိုက္ၿပီး အခုအခ်ိန္အထိ အဲဒီျပတိုက္မွာပဲ ရွိေနပါတယ္။ အဲဒီအ႐ုပ္ဟာ ထူးဆန္းတဲ့ အရာေတြ ျပဳလုပ္တတ္ၿပီး ျပတိုက္တစ္ခုလုံးကို ေခါင္းတစ္ခုနဲ႔ လွည့္ပတ္ ၾကည့္တတ္ပါတယ္။ ေရာဘတ္ဟာ ဦးေခါင္းေလးလွည့္လွည့္ၿပီး ျပတိုက္ကို လာေရာက္လည္ပတ္သူေတြကို ၾကည့္တတ္တယ္လို႔ ေျပာဆိုေနၾကပါတယ္။

 

(၂) ေၾကာက္စရာအၿပဳံးနဲ႔ မန္ဒီ

 

မန္ဒီ ဟာ ၁၉၉၁ခုႏွစ္ေနာက္ပိုင္း British Columbia’s Quesnel and District Museum ျပတိုက္က ဝန္ထမ္း နဲ႔ ေစတနာ့ဝန္ထမ္းေတြကို အႀကီးအက်ယ္ ေျခာက္လန႔္ခဲ့ပါတယ္။ မန္ဒီကို လႉဒါန္းခဲ့ၿပီး သိပ္မၾကာခင္မွာ အေကာင္အထည္မေတြ႕ဘဲ ေျခသံေတြနဲ႔ ႐ုံးသုံးပစၥည္းေတြ ေပ်ာက္တာလိုမ်ိဳး ထူးဆန္းတဲ့အရာေတြ ျဖစ္ပ်က္ခဲ့ပါတယ္။ ျပတိုက္ ကို လည္ပတ္သူေတြကို မန္ဒီက စိတ္မသက္မသာျဖစ္ေအာင္ လုပ္ေလ့ရွိပါတယ္။ လည္ပတ္သူေတြက သူမရဲ႕အၿပဳံး က ေၾကာက္စရာေကာင္းၿပီး မ်က္လုံးေတြကလည္း အသက္ဝင္ေနတယ္လို႔ မွတ္ခ်က္ခ်ေလ့ရွိပါတယ္။

 

(၃) လူတစ္ဦးလို ဆံပင္ေတြ ရွည္လ်ားလာတဲ့ အိုကီကူ

၁၉၁၈ခုႏွစ္မွာ အသက္ ၁၇ႏွစ္အ႐ြယ္ အီကီခ်ီဆူဇူကီဟာ ညီမျဖစ္သူ အိုကီကူအတြက္ အ႐ုပ္တစ္႐ုပ္ဝယ္လာေပးပါတယ္။ အိုကီကူဟာ အဲဒီအ႐ုပ္ကို အလြန္အမင္း စြဲလမ္းသြားၿပီး သူမရဲ႕ ေရွ႕နာမည္ကို အစြဲျပဳၿပီး အမည္ေပးထားပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူမဟာ တစ္ႏွစ္အၾကာမွာ အလြန္အမင္းဖ်ားနာၿပီး ေသဆုံးသြားပါတယ္။ အိုကီကူ မိသားစုက သူမကို ဂုဏ္ျပဳတဲ့အေနနဲ႔ အမွတ္တရဂူေစာင့္ေပးခဲ့ၿပီး အ႐ုပ္ကိုလည္း ထည့္သြင္းခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ အိုကီကူ (အ႐ုပ္) ဆံပင္ေတြ ရွည္လာတာ ဆူဇူကီမိသားစုဝင္ေတြ သတိထားမိလာပါတယ္။ မိသားစုဝင္ေတြက သမီးျဖစ္သူရဲ႕ ဝိညာဥ္ အ႐ုပ္ထဲမွာ တြယ္ကပ္ေနတယ္လို႔ ယုံၾကည္ေနၿပီး ဂ်ပန္ႏိုင္ငံရဲ႕ Mannenji ဘုရားေက်ာင္းဆီ အိုကီကူကို လႉဒါန္းခဲ့ပါတယ္။ အဲဒီဘုရားေက်ာင္းမွာ အ႐ုပ္ကို ျပသထားဆဲပါ။ သူမရဲ႕ ဆံပင္ေတြက ဆက္လက္ရွည္လ်ားေနတုန္းပါပဲ။ လက္ရွိမွာ ဆံပင္က ၁၀လက္မအထိ ရည္လ်ားေနတယ္လို႔ သိရပါတယ္။

 

(၄) က်ိန္စာသင့္အ႐ုပ္ ဟာ႐ိုး

ဟာ႐ိုးဟာ ၂၀၀၃ခုႏွစ္တုန္းက eBay မွာေရာင္းခ်ခံခဲ့ရပါေသးတယ္။ အဲဒီ အ႐ုပ္ေၾကာင့္ ေနအိမ္မွာ ေၾကာင္ေသဆုံးမႈျဖစ္ပြားၿပီး ခ်စ္သူနဲ႔လည္း ျပတ္စဲခဲ့ရသလို နာတာရွည္ ေခါင္းတစ္ျခမ္းကိုက္ခဲတာနဲ႔ ေျမေအာက္ခန္းထဲမွာ ကေလးေတြ ေျပးလႊားကစားေနတဲ့ အသံေတြ ၾကားခဲ့တယ္လို႔ အ႐ုပ္ေရာင္းခ်သူက ေျပာပါတယ္။ ႏွစ္အနည္းငယ္အတြင္း ဟာ႐ိုးကို လူအမ်ိဳးမ်ိဳးက ပိုင္ဆိုင္ခဲ့ၾကပါတယ္။ အဲဒီအ႐ုပ္ေၾကာင့္ ဖ်ားနာမႈေတြနဲ႔ ေသဆုံးမႈေတြရွိတယ္လို႔ ေကာလာဟလတြ ထြက္ေပၚေနခဲ့ပါတယ္။ ဟာ႐ိုးကို ေနာက္ဆုံးပိုင္ဆိုင္သူက အန္တိုနီကြင္နားတားျဖစ္ၿပီး အ႐ုပ္ထဲက မေကာင္းဆိုးဝါးကို ႏွင္ထုတ္ခဲ့ပါတယ္။ ဒါ့အျပင္ ဟာ႐ိုးနဲ႔ ဘယ္ေတာ့မွ စကားမေျပာဘူးလို႔ အန္တိုနီကြင္နားတားက က်ိန္ဆိုထားတယ္လို႔ သိရပါတယ္။

 

(၅) ေလွ်ာက္သြားတတ္သူ အန္နာဘယ္လ္

နာမည္ေက်ာ္ အန္နာဘယ္လ္ အ႐ုပ္ကို သူနာျပဳေက်ာင္းသူ ဒိုနာက အေမျဖစ္သူထံကေန ေမြးေန႔လက္ေဆာင္ ရရွိခဲ့ပါတယ္။ ဒိုနာနဲ႔ အခန္းေဖာ္ျဖစ္သူ အန္ဂ်ီတို႔က ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြ အၿပီး အ႐ုပ္က အသက္ဝင္ေနတယ္လို႔ လက္ခံလာၾကပါတယ္။ သူတို႔အေနနဲ႔ အိမ္ကို ျပန္လာတဲ့အခါမွ အ႐ုပ္ပုံစံ ေျပာင္းလဲေနတာ ဒါမွမဟုတ္ အျခားအခန္းတစ္ခုထဲမွာ ေတြ႕ခဲ့ရပါတယ္။ အဲဒီအျဖစ္အပ်က္ေတြ အၿပီးမွာေတာ့ သူတို႔ရဲ႕ သူငယ္ခ်င္းျဖစ္သူဟာ မျမင္ရတဲ့ စြမ္းအင္ရဲ႕ တိုက္ခိုက္မႈ ခံခဲ့ရပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြဟာ နာမည္ေက်ာ္ သဘာဝလြန္အေၾကာင္းအရာေတြကို စုံစမ္းသူျဖစ္တဲ့ အက္ဒ္နဲ႔ လိုရိန္းဝါရန္ကို ဆက္သြယ္ခဲ့ၾကပါတယ္။ သူတို႔က အန္နာဘယ္လ္ကို လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ ကိုယ္ပိုင္ျပတိုက္မွာ ယေန႔အခ်ိန္ထိ ထိန္းသိမ္းထားပါတယ္။ မၾကာေသးခင္ကပဲ လ်ိဳ႕ဝွက္သည္းဖို ဒါ႐ိုက္တာ ဂ်ိမ္းစ္ဝမ္က အန္နာဘယ္လီရဲ႕ ဇာတ္လမ္းကို ႐ုပ္ရွင္ေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ပါေသးတယ္။

 

(၆) အသက္ဝင္ေနတဲ့ ပန္းခ်ီကား

ေဘးလ္စတုန္းဟမ္း ေရးဆြဲတဲ့ ၁၉၇၂ခုႏွစ္က ပန္းခ်ီကားကို ၂၀၀၀ခုႏွစ္ ေဖေဖာ္ဝါရီလက eBay မွာေရာင္းခ်ဖို႔ စာရင္းသြားခဲ့ပါတယ္။ ပန္းခ်ီကားထဲက အ႐ုပ္နဲ႔ ေကာင္ေလးဟာ ပုံမွန္ အသက္ဝင္ေလ့ရွိၿပီး ညအခါ အိမ္ထဲမွာ သူတို႔ႏွစ္ဦး လမ္းေလွ်ာက္ေလ့ရွိတယ္လို႔ ေရာင္းခ်သူကေျပာခဲ့ပါတယ္။ အဲဒီဇာတ္လမ္းက စာရင္းသြင္းထားတဲ့ ပန္းခ်ီကားကို ၾကည့္ရႈသူ ၃၀,၀၀၀ ကိုဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ပန္းခ်ီကားၾကည့္ရႈသူ အမ်ားအျပားက စိတ္မသက္သာခံစားရတယ္လို႔ ေျပာခဲ့ပါတယ္။ စတုန္းဟမ္းက အလားတူ ပန္းခ်ီကားလိုမ်ိဳး သုံးခ်ပ္ေရးဆြဲခဲ့ၿပီး ပါဝင္တဲ့ ဇာတ္ေကာင္ေတြ တူညီပါတယ္။

 

(၇) ဝိညာဥ္ေတြ ပိတ္ေလွာင္ရာ အ႐ုပ္ကြၽန္း

မကၠဆီကိုစီးတီး ေတာင္ပိုင္းမွာ ေျခာက္ျခားဖြယ္ ႐ုပ္ရွင္တစ္ခုလို ခံစားရမယ့္ Isla de las Muñecas အ႐ုပ္ကြၽန္းတည္ရွိပါတယ္။ အဲဒီေျမရဲ႕ မူလပိုင္ရွင္က ဒြန္ဂ်ဴလီယန္ဆန္တာနားဘာရီရာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ကြၽန္းအနားမွာ အ႐ုပ္တစ္ခုပိုက္ထားတဲ့ ေရနစ္ေသတဲ့ ေကာင္မေလး အေလာင္းကို ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ သူက အသိအမွတ္ျပဳတဲ့ သေကၤတအျဖစ္ သစ္ပင္ေပၚမွာ အ႐ုပ္ကို ခ်ိတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေကာင္မေလးရဲ႕ဝိညာဥ္က လူေတြကို ေျခာက္ျခားေအာင္ ျပဳလုပ္ၿပီးတဲ့ေနာက္မွာ သူမတေစၦကို ႏွစ္သိမ့္ေပးဖို႔ လူေတြက အ႐ုပ္ေပါင္းမ်ားစြာကို လာခ်ိတ္ေပးၾကတယ္လို႔ ဆိုပါတယ္။ အ႐ုပ္ေတြကို အ႐ူးအမူးစုေဆာင္းၿပီး ႏွစ္ ၅၀အၾကာ ၂၀၀၁ခုႏွစ္မွာ ဘာရီရာဟာ ေရနစ္ေသဆုံးခဲ့ပါတယ္။ ေကာင္မေလး အေလာင္းကို ရွာေဖြေတြ႕တဲ့ ေနရာမွာပဲ ေရနစ္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

 

(၈) ကိုယ္ဟန္ျပအ႐ုပ္ “La Pascualita”

မကၠဆီႏိုင္ငံက ခ်ီဟြာဟြာၿမိဳ႕ေတာ္မွာ တည္ရွိတဲ့ သတို႔သမီးဝတ္စုံ အေရာင္းဆိုင္ ေရွ႕ဘက္မွာ အမ်ိဳးသမီး ကိုယ္ဟန္ျပမယ္ အ႐ုပ္တစ္ခုရွိပါတယ္။ အဲဒီအ႐ုပ္ရဲ႕ သက္တမ္းက ႏွစ္ ၈၀ေက်ာ္ပါၿပီ။ အဲဒီကိုယ္ဟန္ျပမယ္ အ႐ုပ္ရဲ႕ မ်က္ႏွာေပါက္နဲ႔ အခ်ိဳးအစားက ဆိုင္ပိုင္ရွင္ သမီးနဲ႔ ဆင္တူတယ္လို႔ ေဒသခံေတြ သတိထားမိၾကပါတယ္။ အဲဒီကိုယ္ဟန္ျပမယ္ အ႐ုပ္ဟာ မိန္းကေလးရဲ႕ အေလာင္းကို မပုပ္မသိုးေအာင္ ေဆးစီရင္ၿပီး ျပဳလုပ္ထားတယ္လို႔ ေကာလာဟလေတြ ပ်ံ႕ႏွံ႔သြားပါတယ္။ ဒီဘက္ေခတ္မွာ La Pascualita ဆိုင္ဟာ ကမာၻလွည့္ ခရီးသြားေတြ ဆြဲေဆာင္ရာ ေနရာျဖစ္သြားပါၿပီ။ ခရီးသြားေတြက ကိုယ္ဟန္ျပမယ္ရဲ႕ တင္းမာေနတဲ့ ေသြးျပန္ေၾကာေတြ၊ ညိဳ႕အားေကာင္းတဲ့ မ်က္လုံးေတြနဲ႔ ထူးဆန္းတဲ့ လက္ေတြကို ထိေတြ႕ၾကည့္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

 

Credit : Shwemom

 

Unicode ဖြင့်ဖတ်ရန်

တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ကျိန်စာသင့် အရုပ်များ

 

(၁) အစဉ်အမြဲ စောင့်ကြည့်နေသူ ရောဘတ်

အခုစာရင်းထဲက ပထမဆုံး ဖော်ပြမယ့် ခြောက်ခြားဖွယ် အရုပ်ကတော့ ရောဘတ်ပါ။ ရောဘတ်ကို မူရင်းပိုင်ဆိုင်သူက စာရေးဆရာနဲ့ ပန်းချီဆရာတစ်ဦးဖြစ်တဲ့ ရောဘတ်ယူဂျင်းအော့တိုဖြစ်ပါတယ်။ အိမ်ထဲက မိသားစုတွေ အဝေးရောက်နေချိန်မှာ အဲဒီအရုပ်ဟာ ရယ်မောလေ့ရှိပြီး အခန်းတစ်ခုကနေ တစ်ခုကူးတတ်သလို အိမ်သူအိမ်သားတွေကို ခြောက်လှန့်လေ့ရှိပါတယ်။ လှေကားပေါ် ပြေးတက်ပြီး ပြတင်းပေါက်တွေကနေလည်း ဖြတ်သန်းသွားတတ်ပါတယ်။ ရောဘတ်ဟာ ၁၉၇၄ခုနှစ်အထိ အော့တိုရဲ့ ထပ်ခိုးထဲမှာပဲ ရှိနေခဲ့ပါတယ်။ ရောဘတ်ဟာ နောက်ပိုင်းမှာ ပိုင်ရှင် တစ်ဦးပြီး တစ်ဦးဆီမှာ လှည့်ပတ်နေထိုင်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာ ဖလော်ရီဒါပြည်နယ်က Fort East Martello ပြတိုက်ဆီ ရောဘတ်ကို လှူဒါန်းလိုက်ပြီး အခုအချိန်အထိ အဲဒီပြတိုက်မှာပဲ ရှိနေပါတယ်။ အဲဒီအရုပ်ဟာ ထူးဆန်းတဲ့ အရာတွေ ပြုလုပ်တတ်ပြီး ပြတိုက်တစ်ခုလုံးကို ခေါင်းတစ်ခုနဲ့ လှည့်ပတ် ကြည့်တတ်ပါတယ်။ ရောဘတ်ဟာ ဦးခေါင်းလေးလှည့်လှည့်ပြီး ပြတိုက်ကို လာရောက်လည်ပတ်သူတွေကို ကြည့်တတ်တယ်လို့ ပြောဆိုနေကြပါတယ်။

 

(၂) ကြောက်စရာအပြုံးနဲ့ မန်ဒီ

မန်ဒီဟာ ၁၉၉၁ခုနှစ်နောက်ပိုင်း British Columbia’s Quesnel and District Museum ပြတိုက်က ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေကို အကြီးအကျယ် ခြောက်လန့်ခဲ့ပါတယ်။ မန်ဒီကို လှူဒါန်းခဲ့ပြီး သိပ်မကြာခင်မှာ အကောင်အထည်မတွေ့ဘဲ ခြေသံတွေနဲ့ ရုံးသုံးပစ္စည်းတွေ ပျောက်တာလိုမျိုး ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတယ်။ ပြတိုက်ကို လည်ပတ်သူတွေကို မန်ဒီက စိတ်မသက်မသာဖြစ်အောင် လုပ်လေ့ရှိပါတယ်။ လည်ပတ်သူတွေက သူမရဲ့အပြုံးက ကြောက်စရာကောင်းပြီး မျက်လုံးတွေကလည်း အသက်ဝင်နေတယ်လို့ မှတ်ချက်ချလေ့ရှိပါတယ်။

 

(၃) လူတစ်ဦးလို ဆံပင်တွေ ရှည်လျားလာတဲ့ အိုကီကူ

၁၉၁၈ခုနှစ်မှာ အသက် ၁၇နှစ်အရွယ် အီကီချီဆူဇူကီဟာ ညီမဖြစ်သူ အိုကီကူအတွက် အရုပ်တစ်ရုပ်ဝယ်လာပေးပါတယ်။ အိုကီကူဟာ အဲဒီအရုပ်ကို အလွန်အမင်း စွဲလမ်းသွားပြီး သူမရဲ့ ရှေ့နာမည်ကို အစွဲပြုပြီး အမည်ပေးထားပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူမဟာ တစ်နှစ်အကြာမှာ အလွန်အမင်းဖျားနာပြီး သေဆုံးသွားပါတယ်။ အိုကီကူ မိသားစုက သူမကို ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရဂူစောင့်ပေးခဲ့ပြီး အရုပ်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အိုကီကူ (အရုပ်) ဆံပင်တွေ ရှည်လာတာ ဆူဇူကီမိသားစုဝင်တွေ သတိထားမိလာပါတယ်။ မိသားစုဝင်တွေက သမီးဖြစ်သူရဲ့ ဝိညာဉ် အရုပ်ထဲမှာ တွယ်ကပ်နေတယ်လို့ ယုံကြည်နေပြီး ဂျပန်နိုင်ငံရဲ့ Mannenji ဘုရားကျောင်းဆီ အိုကီကူကို လှူဒါန်းခဲ့ပါတယ်။ အဲဒီဘုရားကျောင်းမှာ အရုပ်ကို ပြသထားဆဲပါ။ သူမရဲ့ ဆံပင်တွေက ဆက်လက်ရှည်လျားနေတုန်းပါပဲ။ လက်ရှိမှာ ဆံပင်က ၁၀လက်မအထိ ရည်လျားနေတယ်လို့ သိရပါတယ်။

 

 

(၄) ကျိန်စာသင့်အရုပ် ဟာရိုး

ဟာရိုးဟာ ၂၀၀၃ခုနှစ်တုန်းက eBay မှာရောင်းချခံခဲ့ရပါသေးတယ်။ အဲဒီ အရုပ်ကြောင့် နေအိမ်မှာ ကြောင်သေဆုံးမှုဖြစ်ပွားပြီး ချစ်သူနဲ့လည်း ပြတ်စဲခဲ့ရသလို နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ခဲတာနဲ့ မြေအောက်ခန်းထဲမှာ ကလေးတွေ ပြေးလွှားကစားနေတဲ့ အသံတွေ ကြားခဲ့တယ်လို့ အရုပ်ရောင်းချသူက ပြောပါတယ်။ နှစ်အနည်းငယ်အတွင်း ဟာရိုးကို လူအမျိုးမျိုးက ပိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီအရုပ်ကြောင့် ဖျားနာမှုတွေနဲ့ သေဆုံးမှုတွေရှိတယ်လို့ ကောလာဟလတွ ထွက်ပေါ်နေခဲ့ပါတယ်။ ဟာရိုးကို နောက်ဆုံးပိုင်ဆိုင်သူက အန်တိုနီကွင်နားတားဖြစ်ပြီး အရုပ်ထဲက မကောင်းဆိုးဝါးကို နှင်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဟာရိုးနဲ့ ဘယ်တော့မှ စကားမပြောဘူးလို့ အန်တိုနီကွင်နားတားက ကျိန်ဆိုထားတယ်လို့ သိရပါတယ်။

 

(၅) လျှောက်သွားတတ်သူ အန်နာဘယ်လ်

နာမည်ကျော် အန်နာဘယ်လ် အရုပ်ကို သူနာပြုကျောင်းသူ ဒိုနာက အမေဖြစ်သူထံကနေ မွေးနေ့လက်ဆောင် ရရှိခဲ့ပါတယ်။ ဒိုနာနဲ့ အခန်းဖော်ဖြစ်သူ အန်ဂျီတို့က ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အပြီး အရုပ်က အသက်ဝင်နေတယ်လို့ လက်ခံလာကြပါတယ်။ သူတို့အနေနဲ့ အိမ်ကို ပြန်လာတဲ့အခါမှ အရုပ်ပုံစံ ပြောင်းလဲနေတာ ဒါမှမဟုတ် အခြားအခန်းတစ်ခုထဲမှာ တွေ့ခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်တွေ အပြီးမှာတော့ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူဟာ မမြင်ရတဲ့ စွမ်းအင်ရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။ ဒါကြောင့် မိန်းကလေးတွေဟာ နာမည်ကျော် သဘာဝလွန်အကြောင်းအရာတွေကို စုံစမ်းသူဖြစ်တဲ့ အက်ဒ်နဲ့ လိုရိန်းဝါရန်ကို ဆက်သွယ်ခဲ့ကြပါတယ်။ သူတို့က အန်နာဘယ်လ်ကို လျို့ဝှက်ဆန်းကြယ်တဲ့ ကိုယ်ပိုင်ပြတိုက်မှာ ယနေ့အချိန်ထိ ထိန်းသိမ်းထားပါတယ်။ မကြာသေးခင်ကပဲ လျို့ဝှက်သည်းဖို ဒါရိုက်တာ ဂျိမ်းစ်ဝမ်က အန်နာဘယ်လီရဲ့ ဇာတ်လမ်းကို ရုပ်ရှင်ပေါင်းများစွာ ရိုက်ကူးခဲ့ပါသေးတယ်။

 

(၆) အသက်ဝင်နေတဲ့ ပန်းချီကား

ဘေးလ်စတုန်းဟမ်း ရေးဆွဲတဲ့ ၁၉၇၂ခုနှစ်က ပန်းချီကားကို ၂၀၀၀ခုနှစ် ဖေဖော်ဝါရီလက eBay မှာရောင်းချဖို့ စာရင်းသွားခဲ့ပါတယ်။ ပန်းချီကားထဲက အရုပ်နဲ့ ကောင်လေးဟာ ပုံမှန် အသက်ဝင်လေ့ရှိပြီး ညအခါ အိမ်ထဲမှာ သူတို့နှစ်ဦး လမ်းလျှောက်လေ့ရှိတယ်လို့ ရောင်းချသူကပြောခဲ့ပါတယ်။ အဲဒီဇာတ်လမ်းက စာရင်းသွင်းထားတဲ့ ပန်းချီကားကို ကြည့်ရှုသူ ၃၀,၀၀၀ ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပန်းချီကားကြည့်ရှုသူ အများအပြားက စိတ်မသက်သာခံစားရတယ်လို့ ပြောခဲ့ပါတယ်။ စတုန်းဟမ်းက အလားတူ ပန်းချီကားလိုမျိုး သုံးချပ်ရေးဆွဲခဲ့ပြီး ပါဝင်တဲ့ ဇာတ်ကောင်တွေ တူညီပါတယ်။

 

 

(၇) ဝိညာဉ်တွေ ပိတ်လှောင်ရာ အရုပ်ကျွန်း

မက္ကဆီကိုစီးတီး တောင်ပိုင်းမှာ ခြောက်ခြားဖွယ် ရုပ်ရှင်တစ်ခုလို ခံစားရမယ့် Isla de las Muñecas အရုပ်ကျွန်းတည်ရှိပါတယ်။ အဲဒီမြေရဲ့ မူလပိုင်ရှင်က ဒွန်ဂျူလီယန်ဆန်တာနားဘာရီရာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျွန်းအနားမှာ အရုပ်တစ်ခုပိုက်ထားတဲ့ ရေနစ်သေတဲ့ ကောင်မလေး အလောင်းကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူက အသိအမှတ်ပြုတဲ့ သင်္ကေတအဖြစ် သစ်ပင်ပေါ်မှာ အရုပ်ကို ချိတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ဝိညာဉ်က လူတွေကို ခြောက်ခြားအောင် ပြုလုပ်ပြီးတဲ့နောက်မှာ သူမတစ္ဆေကို နှစ်သိမ့်ပေးဖို့ လူတွေက အရုပ်ပေါင်းများစွာကို လာချိတ်ပေးကြတယ်လို့ ဆိုပါတယ်။ အရုပ်တွေကို အရူးအမူးစုဆောင်းပြီး နှစ် ၅၀အကြာ ၂၀၀၁ခုနှစ်မှာ ဘာရီရာဟာ ရေနစ်သေဆုံးခဲ့ပါတယ်။ ကောင်မလေး အလောင်းကို ရှာဖွေတွေ့တဲ့ နေရာမှာပဲ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

(၈) ကိုယ်ဟန်ပြအရုပ် “La Pascualita”

မက္ကဆီနိုင်ငံက ချီဟွာဟွာမြို့တော်မှာ တည်ရှိတဲ့ သတို့သမီးဝတ်စုံ အရောင်းဆိုင် ရှေ့ဘက်မှာ အမျိုးသမီး ကိုယ်ဟန်ပြမယ် အရုပ်တစ်ခုရှိပါတယ်။ အဲဒီအရုပ်ရဲ့ သက်တမ်းက နှစ် ၈၀ကျော်ပါပြီ။ အဲဒီကိုယ်ဟန်ပြမယ် အရုပ်ရဲ့ မျက်နှာပေါက်နဲ့ အချိုးအစားက ဆိုင်ပိုင်ရှင် သမီးနဲ့ ဆင်တူတယ်လို့ ဒေသခံတွေ သတိထားမိကြပါတယ်။ အဲဒီကိုယ်ဟန်ပြမယ် အရုပ်ဟာ မိန်းကလေးရဲ့ အလောင်းကို မပုပ်မသိုးအောင် ဆေးစီရင်ပြီး ပြုလုပ်ထားတယ်လို့ ကောလာဟလတွေ ပျံ့နှံ့သွားပါတယ်။ ဒီဘက်ခေတ်မှာ La Pascualita ဆိုင်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ ဆွဲဆောင်ရာ နေရာဖြစ်သွားပါပြီ။ ခရီးသွားတွေက ကိုယ်ဟန်ပြမယ်ရဲ့ တင်းမာနေတဲ့ သွေးပြန်ကြောတွေ၊ ညို့အားကောင်းတဲ့ မျက်လုံးတွေနဲ့ ထူးဆန်းတဲ့ လက်တွေကို ထိတွေ့ကြည့်ဖို့ မျှော်လင့်နေကြပါတယ်။

 

Credit : Shwemom