Zawgyi ျဖင့္ဖတ္ရန္

 

ရင္သား ဟာ အမ်ိဳးသမီး တေယာက္ရဲ႕ အလွအပမွာေကာ၊ စြဲေဆာင္ႏိုင္စြမ္းအတြက္ပါ အေရးႀကီးပါတယ္။အမ်ိဳးသမီးအမ်ားစုဟာ အသက္အရြယ္ရလာတဲ့ အေရျပား႐ုန္းဆန္႔ႏိုငိစြမ္းနည္းလာတာနဲ႔အညီ ရင္သားေတြ ေပ်ာ့တြဲအိက်လာတယ္။ အထူးသျဖင့္ အိမ္ေထာင္ က်ၿပီးသား သားသည္မိခင္ေတြ၊အသက္အရြယ္ႀကီးရင့္သူေတြမွာ အျဖစ္မ်ားတယ္။ ဒီလိုလူေတြမွာ ေလွ်ာ့တြဲေနတာကို တင္းရင္းေအာင္ ဘယ္လိုျပဳျပင္မလဲ။

နည္းသံုးနည္းရွိတယ္။ ပထမနည္းက အလုပ္ နညိးနည္းရႈပ္ေပမယ့္ အထိေရာက္ဆံုးျဖစ္တယ္။ သခြားသီး သံုးလံုးကိုယူၿပီး အခြံခြာပါ။ blender ထဲထည့္ၿပီး ေရာ ႀကိတ္ပါ။ၿပီးရင္ ၾကက္ဥႏွစ္လံုး(အလယ္က အဝါႏွစ္)ကိုပဲယူၿပီး ေရာပါ။ ေထာပတ္တဇြန္းထည့္ပါ။ အဆိုပါအေရာကို ရင္သားမွာလိမ္းၿပီး ႏွိပ္ေပးရမွာ ျဖစ္တယ္။ လိမ္းၿပီးတာနဲ႔ အေပၚက သန္႔စင္တဲ့အဝတ္စတခုခုအုပ္ၿပီး နာရီဝက္ထားပါ။ ၿပီးရင္ ေရေအးနဲ႔ေသခ်ာေဆးပါ။ ၾကက္ဥကပ႐ိုတင္းဓာတ္ႂကြယ္ဝၿပီး အသားအေရျပန္ျဖည့္ေပးတယ္။ သခြားသီးက အသားအေရ တင္းရင္းေစတဲ့ အာနိသင္ ရွိတယ္။ ဒီနည္းကို ေရမခ်ဳိးခင္ နာရီဝက္အလိုမွာ လုပ္ေပးၿပီး တပတ္တႀကိမ္လုပ္ေပးရတယ္။

ဒုတိယနည္းက Fenugreek အမႈန္႔ ခြက္ေလးပံုတပံုစာယူၿပီး ေရေႏြးနညိးနည္းေရာကာ ခပ္ပ်စ္ပ်စ္ျဖစ္ေအာင္ေဖ်ာ္ပါ။ ရင္သားမွာ လိမ္းၿပီး ႏွိပ္ေပးပါ။ ဆယ္မိနစ္ပဲထားၿပီး ေရေအးနဲ႔ျပန္ေဆးပါ။ Fenugreekက အင္တီေအာက္စီးဒင့္အာနိသင္ရွိၿပီး ရင္သားအေရျပားကို တင္းရင္းေစတဲ့အာနိသင္ရွိတယ္။ ဒီတိုင္း တပတ္ႏွစ္ႀကိမ္လုပ္ရံုနဲ႔ ရတယ္။
(Fenugreekမႈန္႔ကို city martဆိုင္ ေတြမွာ ရွာၾကည့္ပါ)

တတိယနည္းက သံလြင္ဆီသံုးၿပီး ႏွိပ္နယ္တာျဖစ္တယ္။ သံလြင္ဆီထဲမွာ အေရျပားအားျဖည့္တဲ့ ဖက္တီးအက္ဆစ္ေတြပါတယ္။ ေပ်ာ့တြဲေနတဲ့ရင္သားကို တင္းရင္းေစမယ္။ သံလြင္ဆီကို ရင္သားမွာလိမ္းၿပီး ဆယ္မိနစ္ခန္႔ၾကာေအာင္ ႏွိပ္ပါ(စက္ဝိုင္းပံု ႏွိပ္ေပးရင္ပိုထိေရာက္တယ္)။ ၿပီးရင္ ေရေအးနဲ႔ျပန္ေဆးဖို႔လိုတယ္။ တပတ္ကို တႀကိမ္သာလုပ္ပါ။

ဒီနည္းေတြရဲ႕ အာနိသင္က အလြန္ဆံုး (၉)လသာ ခံတယ္။ အေကာင္းဆံုးက တပတ္ကို တနည္းစီေျပာင္းလုပ္ရင္ ပိုထိေရာက္ႏိုင္တယ္။ အာနိသင္ကေတာ့ တေယာက္နဲ႔တေယာက္ တူခ်င္မွတူမယ္။ အသက္အရြယ္၊ အေရျပား႐ုန္းဆန္႔ႏိုင္စြမ္းေပၚမူတည္ၿပီး ကြာျခားႏိုင္တယ္။

Credit : ေဒါက္တာ ေအးမင္းထူး

Unicode ဖြင့်ဖတ်ရန်

ရင်သားလေး လှပနေအောင်

ရင်သားဟာ အမျိုးသမီးတယောက်ရဲ့ အလှအပမှာကော၊ စွဲဆောင်နိုင်စွမ်းအတွက်ပါ အရေးကြီးပါတယ်။အမျိုးသမီးအများစုဟာ အသက်အရွယ်ရလာတဲ့ အရေပြားရုန်းဆန့်နိုငိစွမ်းနည်းလာတာနဲ့အညီ ရင်သားတွေ ပျော့တွဲအိကျလာတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးသား သားသည်မိခင်တွေ၊အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များတယ်။ ဒီလိုလူတွေမှာ လျှော့တွဲနေတာကို တင်းရင်းအောင် ဘယ်လိုပြုပြင်မလဲ။

နည်းသုံးနည်းရှိတယ်။ ပထမနည်းက အလုပ်နညိးနည်းရှုပ်ပေမယ့် အထိရောက်ဆုံးဖြစ်တယ်။ သခွားသီး သုံးလုံးကိုယူပြီး အခွံခွာပါ။ blender ထဲထည့်ပြီး ရော ကြိတ်ပါ။ပြီးရင် ကြက်ဥနှစ်လုံး(အလယ်က အဝါနှစ်)ကိုပဲယူပြီး ရောပါ။ ထောပတ်တဇွန်းထည့်ပါ။ အဆိုပါအရောကို ရင်သားမှာလိမ်းပြီး နှိပ်ပေးရမှာ ဖြစ်တယ်။ လိမ်းပြီးတာနဲ့ အပေါ်က သန့်စင်တဲ့အဝတ်စတခုခုအုပ်ပြီး နာရီဝက်ထားပါ။ ပြီးရင် ရေအေးနဲ့သေချာဆေးပါ။ ကြက်ဥကပရိုတင်းဓာတ်ကြွယ်ဝပြီး အသားအရေပြန်ဖြည့်ပေးတယ်။ သခွားသီးက အသားအရေတင်းရင်းစေတဲ့အာနိသင်ရှိတယ်။ ဒီနည်းကို ရေမချိုးခင် နာရီဝက်အလိုမှာ လုပ်ပေးပြီး တပတ်တကြိမ်လုပ်ပေးရတယ်။

ဒုတိယနည်းက Fenugreek အမှုန့် ခွက်လေးပုံတပုံစာယူပြီး ရေနွေးနညိးနည်းရောကာ ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါ။ ရင်သားမှာ လိမ်းပြီး နှိပ်ပေးပါ။ ဆယ်မိနစ်ပဲထားပြီး ရေအေးနဲ့ပြန်ဆေးပါ။ Fenugreekက အင်တီအောက်စီးဒင့်အာနိသင်ရှိပြီး ရင်သားအရေပြားကို တင်းရင်းစေတဲ့အာနိသင်ရှိတယ်။ ဒီတိုင်း တပတ်နှစ်ကြိမ်လုပ်ရုံနဲ့ ရတယ်။
(Fenugreekမှုန့်ကို city martဆိုင် တွေမှာ ရှာကြည့်ပါ)

တတိယနည်းက သံလွင်ဆီသုံးပြီး နှိပ်နယ်တာဖြစ်တယ်။ သံလွင်ဆီထဲမှာ အရေပြားအားဖြည့်တဲ့ ဖက်တီးအက်ဆစ်တွေပါတယ်။ ပျော့တွဲနေတဲ့ရင်သားကို တင်းရင်းစေမယ်။ သံလွင်ဆီကို ရင်သားမှာလိမ်းပြီး ဆယ်မိနစ်ခန့်ကြာအောင် နှိပ်ပါ(စက်ဝိုင်းပုံ နှိပ်ပေးရင်ပိုထိရောက်တယ်)။ ပြီးရင် ရေအေးနဲ့ပြန်ဆေးဖို့လိုတယ်။ တပတ်ကို တကြိမ်သာလုပ်ပါ။

ဒီနည်းတွေရဲ့ အာနိသင်က အလွန်ဆုံး (၉)လသာ ခံတယ်။ အကောင်းဆုံးက တပတ်ကို တနည်းစီပြောင်းလုပ်ရင် ပိုထိရောက်နိုင်တယ်။ အာနိသင်ကတော့ တယောက်နဲ့တယောက် တူချင်မှတူမယ်။ အသက်အရွယ်၊ အရေပြားရုန်းဆန့်နိုင်စွမ်းပေါ်မူတည်ပြီး ကွာခြားနိုင်တယ်။

Credit : ဒေါက်တာ အေးမင်းထူး