Zawgyi ျဖင့္ဖတ္ရန္

ပလပ္စတစ္ ပုလင္း ထဲကေရ သက္တမ္းကုန္ဆုံးျပီလား။ ဒီလို သတ္မွတ္ ကာလထက္ လြန္ေနတဲ႔ ေရကိုေသာက္တာဟာ စိတ္ခ်ရသလား ဆိုတာ…ဒါကေတာ့ ေရကိုဘယ္လို သိုေလွာင္သိမ္းဆည္းသလဲ ဆိုတာအေပၚမူတည္ပါတယ္။ ဖန္ခြက္ ထဲကေရကို အျပင္မွာ ရက္ပိုင္းေလာက္ထားမယ္ဆိုရင္ေတာင္ အရသာေျပာင္းသြားနိုင္တာ ဘာေၾကာင့္လဲဆိုရင္ ေရဟာ တျခားျဒပ္စင္ေတြနဲ႔ ထိေတြ႔ျပီးေနာက္ ျဖစ္ေပၚလာတဲ႔ pH level အေျပာင္းအလဲက အက္ဆစ္ ျဖစ္လာေစတာေၾကာင့္ ျဖစ္ပါတယ္။ ဒါက လံုျခံဳစိတ္ခ်ရတဲ႔ အေနအထား မဟုတ္နိုင္ေတာ့ပါဘူး။

ေယဘုယ်အားျဖင့္ေတာ့ ကလိုရင္းနဲ႔ ပိုးသတ္ထားတဲ႔ ေရဟာ တစ္ရက္ သို႔မဟုတ္ ႏွစ္ရက္ေလာက္ ဘက္တီးရီးယားရန္က ကာကြယ္ေပးနိုင္ေပမဲ႔ ေရညွိနဲ႔ ပိုးေလာင္းေတြ မ်ိဳးပြားျခင္းကို ျဖစ္ေပၚေစတဲ႔ ေနရာ ျဖစ္သြားတတ္ပါတယ္။ အိမ္ေတြမွာ ရွိတဲ႔ ဖုန္ေတြဟာလဲ ေရကို အဆိပ္အေတာက္ ျဖစ္ေစျပီးသန္႔ရွင္းမႈကို ေလ်ာ့က်ေစပါတယ္။

ပုလင္းထဲကေရဟာ အဂၤါေန႔ေလာက္က ထည့္ထားမယ္ဆို ၾကာသပေတးေန႔ေလာက္အထိ ေသာက္ဖို႔ သင့္ေတာ္ပါေသးတယ္။ ဒါေပမဲ႔ ဒီထက္ေက်ာ္သြားရင္ေတာ့ မေသာက္သင့္ေတာ့ဘဲ အပင္ေတြကိုသာ ေလာင္းလိုက္ဖို႔ အၾကံျပဳခ်င္ပါတယ္။

ပုလင္း ထဲကေရကို ၆ လကေန ၉ လအထိ ေသာက္သံုးနိုင္တယ္လို႔ ေရသန္႔အမ်ားစုက ကုန္ဆံုးရက္ သတ္မွတ္ခ်က္ေတြ ကပ္ထားတတ္ၾကပါတယ္။ ဒါေပမဲ႔ ဘယ္သူကမွ ဒီလိုေသာက္သံုးနိုင္တယ္ဆိုတာရဲ႕ အေျခခံအေၾကာင္းတရား အစစ္အမွန္ကို အက်ိဳးေၾကာင္း ဆင္ျခင္ၾကတာမ်ိဳး မရွိၾကပါဘူး။ ထုပ္ပိုးစားေသာက္ကုန္နဲ႔ အေဖ်ာ္ယမကာေပၚက သက္တမ္းကုန္ဆံုးရက္ေတြဟာ သူတို႔ကုန္ပစၥည္းေတြရဲ႕ အာဟာရတန္ဖိုးနဲ႔ ပါဝင္ပစၥည္းမ်ားအတြက္ လံုျခံဳစိတ္ခ်နိုင္ဖို႔ ဥပေဒ အရ သတ္မွတ္ထားတဲ႔ တံဆိပ္ကပ္ျခင္းဆိုင္ရာ စည္းကမ္းေတြကို လိုက္ေလ်ာဖို႔အတြက္သာ အဓိကျဖစ္ပါတယ္။

အဲဒီလို တံဆိပ္ကပ္ေနေပမဲ႔ သက္တမ္းကုန္ဆုံး ရက္စြဲေက်ာ္လြန္ ေသာက္သုံးေရေတြက က်န္းမာေရးကို အလြန္ထိခိုက္တဲ႔ အက်ိဳးသက္ေရာက္မႈရွိေနသလား ဆိုတာကေတာ့ တိက်တဲ႔ သက္ေသအေထာက္အထား မရွိေသးပါဘူး။ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးအုပ္ခ်ဳပ္ေရးအဖြဲ႕ကတာဝန္ရွိသူတစ္ဦးကေတာ့ ပုလင္းထဲက ေရကို အႏၱရာယ္ကင္းစြာ သိုေလွာင္မႈရဲ႕ အခ်ိန္အတိအက်ကို မသိနိုင္ဘူးလို႔ ေျပာပါတယ္။

ဒါေၾကာင့္ သိုေလွာင္မႈကို တိက်တဲ႔ စည္းကမ္းေတြထုတ္ျပီး ပလပ္စတစ္ပုလင္းထဲက ေရကို ေနေရာင္ျခည္ေအာက္မွာ သိုေလွာင္ျခင္း မျပဳလုပ္ဖို႔ တားျမစ္ထားပါတယ္။ အပူတိုက္႐ိုက္ က်ေရာက္မႈေအာက္မွာ တခ်ိဳ႕ပလပ္စတစ္ဓာတ္ေတြဟာ ေရထဲကို အနည္းငယ္ေပ်ာ္ဝင္ႏိုင္ပါတယ္။ BPA လို႔ေခၚတဲ့ ေဟာ္မုန္းဓာတ္ေတြ ေပ်ာ္ဝင္မႈဟာ ခႏၶာကိုယ္ထဲက ဆဲလ္ေတြရဲ႕ လုပ္ငန္းလည္ပတ္မႈကို ေျပာင္းလဲပစ္ျပီး ရင္သားကင္ဆာျဖစ္ဖို႔ အခြင့္အလမ္းေတြကို တိုးျမင့္လာေစသလို ဦးေႏွာက္အေျမွး ပ်က္စီးေစတတ္တဲ့အျပင္ အမ်ိဳးသားေတြကို မ်ိဳးမပြားႏိုင္ျခင္းကိုပါ ျဖစ္ေစႏိုင္ပါတယ္။

သင္က ပလပ္စတစ္ ေရပုလင္းထဲက ေရကို ႏွစ္ေပါင္းမ်ားစြာ ေသာက္သံုးမိထားျပီဆိုရင္ ပလပ္စတစ္ပမာဏ အေတာ္မ်ားမ်ားကိုလည္း ေသာက္သံုးထားမိျပီဆိုတာ သတိျပဳသင့္ပါတယ္။

Credit : yoyarlay

 

Unicode ဖြင့်ဖတ်ရန်

ပလပ်စတစ်ပုလင်းထဲက ရေတွေဟာ ကျန်းမာရေးအတွက် စိတ်ချရသလား

 

ပလပ်စတစ်ပုလင်းထဲကရေ သက်တမ်းကုန်ဆုံးပြီလား။ ဒီလို သတ်မှတ်ကာလထက် လွန်နေတဲ့ ရေကိုသောက်တာဟာ စိတ်ချရသလား ဆိုတာ…

ဒါကတော့ ရေကိုဘယ်လို သိုလှောင်သိမ်းဆည်းသလဲ ဆိုတာအပေါ်မူတည်ပါတယ်။ ဖန်ခွက်ထဲကရေကို အပြင်မှာ ရက်ပိုင်းလောက်ထားမယ်ဆိုရင်တောင် အရသာပြောင်းသွားနိုင်တာ ဘာကြောင့်လဲဆိုရင် ရေဟာ တခြားဒြပ်စင်တွေနဲ့ ထိတွေ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ pH level အပြောင်းအလဲက အက်ဆစ်ဖြစ်လာစေတာကြောင့် ဖြစ်ပါတယ်။ ဒါက လုံခြုံစိတ်ချရတဲ့ အနေအထား မဟုတ်နိုင်တော့ပါဘူး။

ယေဘုယျအားဖြင့်တော့ ကလိုရင်းနဲ့ ပိုးသတ်ထားတဲ့ ရေဟာ တစ်ရက် သို့မဟုတ် နှစ်ရက်လောက် ဘက်တီးရီးယားရန်က ကာကွယ်ပေးနိုင်ပေမဲ့ ရေညှိနဲ့ ပိုးလောင်းတွေ မျိုးပွားခြင်းကို ဖြစ်ပေါ်စေတဲ့ နေရာ ဖြစ်သွားတတ်ပါတယ်။ အိမ်တွေမှာ ရှိတဲ့ ဖုန်တွေဟာလဲ ရေကို အဆိပ်အတောက် ဖြစ်စေပြီးသန့်ရှင်းမှုကို လျော့ကျစေပါတယ်။

ပုလင်းထဲကရေဟာ အင်္ဂါနေ့လောက်က ထည့်ထားမယ်ဆို ကြာသပတေးနေ့လောက်အထိ သောက်ဖို့ သင့်တော်ပါသေးတယ်။ ဒါပေမဲ့ ဒီထက်ကျော်သွားရင်တော့ မသောက်သင့်တော့ဘဲ အပင်တွေကိုသာ လောင်းလိုက်ဖို့ အကြံပြုချင်ပါတယ်။

ပုလင်းထဲကရေကို ၆ လကနေ ၉ လအထိ သောက်သုံးနိုင်တယ်လို့ ရေသန့်အများစုက ကုန်ဆုံးရက် သတ်မှတ်ချက်တွေ ကပ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလိုသောက်သုံးနိုင်တယ်ဆိုတာရဲ့ အခြေခံအကြောင်းတရား အစစ်အမှန်ကို အကျိုးကြောင်း ဆင်ခြင်ကြတာမျိုး မရှိကြပါဘူး။ ထုပ်ပိုးစားသောက်ကုန်နဲ့ အဖျော်ယမကာပေါ်က သက်တမ်းကုန်ဆုံးရက်တွေဟာ သူတို့ကုန်ပစ္စည်းတွေရဲ့ အာဟာရတန်ဖိုးနဲ့ ပါဝင်ပစ္စည်းများအတွက် လုံခြုံစိတ်ချနိုင်ဖို့ ဥပဒေအရ သတ်မှတ်ထားတဲ့ တံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းကမ်းတွေကို လိုက်လျောဖို့အတွက်သာ အဓိကဖြစ်ပါတယ်။

အဲဒီလို တံဆိပ်ကပ်နေပေမဲ့ သက်တမ်းကုန်ဆုံး ရက်စွဲကျော်လွန် သောက်သုံးရေတွေက ကျန်းမာရေးကို အလွန်ထိခိုက်တဲ့ အကျိုးသက်ရောက်မှုရှိနေသလား ဆိုတာကတော့ တိကျတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးကတော့ ပုလင်းထဲက ရေကို အန္တရာယ်ကင်းစွာ သိုလှောင်မှုရဲ့ အချိန်အတိအကျကို မသိနိုင်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် သိုလှောင်မှုကို တိကျတဲ့ စည်းကမ်းတွေထုတ်ပြီး ပလပ်စတစ်ပုလင်းထဲက ရေကို နေရောင်ခြည်အောက်မှာ သိုလှောင်ခြင်း မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ အပူတိုက်ရိုက် ကျရောက်မှုအောက်မှာ တချို့ပလပ်စတစ်ဓာတ်တွေဟာ ရေထဲကို အနည်းငယ်ပျော်ဝင်နိုင်ပါတယ်။ BPA လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေ ပျော်ဝင်မှုဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ပြောင်းလဲပစ်ပြီး ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းတွေကို တိုးမြင့်လာစေသလို ဦးနှောက်အမြှေး ပျက်စီးစေတတ်တဲ့အပြင် အမျိုးသားတွေကို မျိုးမပွားနိုင်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

သင်က ပလပ်စတစ် ရေပုလင်းထဲက ရေကို နှစ်ပေါင်းများစွာ သောက်သုံးမိထားပြီဆိုရင် ပလပ်စတစ်ပမာဏ အတော်များများကိုလည်း သောက်သုံးထားမိပြီဆိုတာ သတိပြုသင့်ပါတယ်။

Credit : yoyarlay