Zawgyi ျဖင့္ဖတ္ရန္

အခ်စ္ မွာမ်က္စိမရွိဘူးဆိုေပမယ့္လည္း အႀကိဳက္မွာေတာ့မ်က္စိရွိပါတယ္။အႀကိဳက္ကေနအခ်စ္ကိုကူးေျပာင္းသြားတဲ့သာဓကေတြလည္းရွိစၿမဲပါပဲ။ လူတစ္ကိုယ္အႀကိဳက္တစ္မ်ိဳးဆိုသလိုပဲ လူတစ္ေယာက္နဲ႔တစ္ေယာက္အႀကိဳက္ေတြကေတာ့မတူဘူးလို႔ဆိုရင္လည္းရပါတယ္။အဲ…ဒါေပမယ့္္ဘယ္လိုပဲမတူဘူးဆိုရင္ေတာင္ လူအမ်ားႀကီးမွာ တူတဲ့အခ်က္ကေလးတစ္ခ်က္တစ္ေလေတာ့ရွိစၿမဲမို႔ ေကာင္ေလးအမ်ားစုေႂကြရတဲ့ေကာင္မေလးေတြရဲ႕ အမူအက်င့္ေလးေတြအေၾကာင္းကိုေဖာက္သည္ခ်လိုက္ပါတယ္ေနာ္။

စကားေျပာသံ

ေကာင္မေလး ေတြအထင္မွားေနတာက အသံေပ်ာ့စိေပ်ာ့စိနဲ႔ခြၽဲပ်စ္ေနတတ္တဲ့ေကာင္မေလးေတြကို ေကာင္ေလးေတြကေႂကြတတ္ၾကတယ္ေပ့ါ။ ဒါေၾကာင့္လည္းကိုယ္ႀကိဳက္တဲ့ေကာင္ေလးေတြေရွ႕ေရာက္ရင္အသံမထြက္ေတာ့တဲ့ေကာင္မေလးေတြ မ်ားေနတာပါ။အခ်ိဳ႕ကေတာ့ နဂိုရွက္တာေပါ့ေလ။အမွန္ေတာ့ ေကာင္ေလး ေတြက ၾသရွရွအသံနဲ႔ေကာင္မေလးေတြကိုပိုေႂကြပါတယ္တဲ့။ အသံအက်ယ္ႀကီးနဲ႔ေအာ္ရယ္တတ္တဲ့ေကာင္မေလးေတြ၊စကားေျပာျမန္တဲ့ေကာင္မေလးေတြကိုလည္းေႂကြေလ့ရွိတာပါပဲ။ေယာက္်ားေလးေတြကနဂိုပုံစံကိုက အဲ့လိုကိုး..ဒီေတာ့ သူတိုနဲ႔ ပုံစံတူတဲ့မိန္းကေလးေတြကိုေႂကြတာမဆန္းဘူးေပါ့။

ကိုယ္ေနဟန္ထား

ေယာက္်ားေလး အမ်ားစုက လႈပ္လီလႈပ္လဲ့မိန္းကေလးေတြထက္ ေယာက္်ားဆန္တဲ့ေကာင္မေလးေတြကိုပိုေႂကြတယ္ဆိုရင္ ယုံၾကပါ့မလား။ ဒါကအမွန္ပါပဲ။စစ္တမ္းေကာက္ယူခ်က္ေတြအရ အသက္ႏွစ္ဆယ္ကေနသုံးဆယ္အတြင္းေယာက္်ားေလးေတြက ေယာက္်ားဆန္တဲ့မိန္းကေလးေတြကိုေႂကြတတ္ၾကၿပီး သုံးဆယ္ကေန ေလးဆယ့္ငါးအတြင္းက တည္ၿငိမ္ၿပီးဣေျႏၵရတဲ့မိန္းကေလးေတြကို ႏွစ္သက္ၾကပါတယ္တဲ့ ။က်န္တဲ့သူေတြကိုေတာ့မသိခ်င္နဲ႔ေတာ့ေနာ္။ အဖိုးႀကီးေတြေႂကြတာခံရၿပီးဘာလုပ္မွာတုန္း 😛

အသြင္အျပင္

ေယာက်္ားေလး ေတြကအေခ်ာႀကိဳက္ဆိုတာကေတာ့အမွန္ပါပဲ။ ေယာက်္ားေလးေတြမွမဟုတ္ပါဘူးေလ။မိန္းကေလးေတြလည္း အေခ်ာႀကိဳက္ပါ။အေခ်ာမႀကိဳက္တဲ့သူဆိုတာေရာရွိပါ့မလား။ အခ်ိဳ႕ကေတာ့ လွတာမက္ရင္ညစာခက္မယ္ဆိုတဲ့စကားကိုေကာင္းေကာင္းသေဘာေပါက္ၾကပါတယ္။ခက္ခ်င္ခက္ပါေစလွရင္ၿပီးေရာဆိုတဲ့သူေတြလည္းရွိသေပါ့ေလ။ေယာက်္ားေလး ေတြကအေခ်ာႀကိဳက္ပါတယ္။ေခ်ာတာတစ္ခုတည္းနဲ႔တင္မၿပီးေသးပါဘူး။ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္နဲ႔သြားလာလႈပ္ရွားေနတဲ့မိန္းကေလးမ်ိဳးဆိုရင္ေလးစားတာေပါင္းၿပီးျမတ္ႏိုးပါတယ္။သူတို႔ မတတ္တဲ့နယ္ပယ္တစ္ခုခုမွာ ကြၽမ္းက်င္ေနတဲ့သူေတြဆိုလည္းဒီလိုပါပဲ။ ေနာက္တစ္ခုရွိတာက သူတို႔က လွတာႀကိဳက္တယ္ဆိုေပမယ့္ နဂိုအလွလား မိတ္ကပ္အသက္လားဆိုတာေတာ့ ခြဲတတ္ပါေသးတယ္။အဲ့လိုပဲ မိတ္ကပ္အထူႀကီးလိမ္းထားသူေတြဆို တအားလွေနရင္ေတာင္မွသိပ္ၿပီးဘဝင္မက်တတ္ပါဘူး။မိတ္ကပ္လုံးဝမလိမ္းထားပဲမ်က္ႏွာေျပာင္နဲ႔ဆိိုရင္လည္း ႏိုးပါ။ မိတ္ကပ္ပါးပါးေလးနဲ႔႐ႊန္းစိုတဲ့မ်က္ႏွာအလွပိုင္ရွင္ေလးေတြကိိုပိုေႂကြၾကပါတယ္။

ညဏ္ရည္ညဏ္ေသြး

မ်ားေသာအားျဖင့္ ဟာသညဏ္ရွိတဲ့ေကာင္မေလးေတြက လူေတြအျမင္မွာပိုၿပီးခ်စ္စရာေကာင္းတာအမွန္ပါပဲ။မေကာင္းတာတစ္စုံတစ္ခုကိုေတာင္မွ ဟာသအျမင္နဲ႔ ၾကည့္ၿပီးခြင့္လႊတ္ေပးတတ္တဲ့မိန္းကေလးေတြဆိုရင္ ကိုကိုေတြစိတ္ထဲမွာအမွတ္ျပည့္ပါပဲ။ဟာသညဏ္ရွိတာနဲ႔ ေပါတိေပါခ်ာလုပ္ေနတာနဲ႔မတူပါဘူးေနာ္။ ေနာက္ၿပီး တစ္ခုခုေျပာလို႔မွခ်က္ခ်င္းနားမလည္ႏိုင္ပဲသူ႔ကိုပဲအေရးတယူရွင္းျပေနရတဲ့ေကာင္မေလးမ်ိဳးကိုလည္း ေကာင္ေလးေတြကစိတ္ပ်က္ေလ့ရွိၾကပါတယ္။သင့္တင့္ေလ်ာက္ပတ္တဲ့ ညဏ္ရည္ညဏ္ေသြးေတာ့ရွိရပါမယ္။

စိတ္ေနစိတ္ထား

ဒါကေတာ့ ေနာက္ဆုံးနဲ႔ အေရးႀကီးဆုံးတစ္ခုပါပဲ။ ေယာက်္ားေလးရယ္မိန္းကေလးရယ္မဟုတ္ပါဘူး လူမွာစိတ္ထားကအေရးႀကီးဆုံးပါ။တစ္စုံတစ္ခုကိုမေက်မနပ္ျဖစ္လြယ္ၿပီးတဖ်စ္ေတာက္ေတာက္ေျပာေနတတ္တဲ့မိန္းကေလးမ်ိဳးကိုေယာက္်ားေလးေတြကစိတ္ပ်က္တတ္ၾကသလို အလကားေနစိတ္ဆိုးလိုက္စိတ္ေကာက္လိုုက္နဲ႔ ၿပီးေနတဲ့ေကာင္မေလးေတြဆိုလည္းအေၾကာင္းသိတာနဲ႔ေဝးေဝးေရွာင္တတ္ၾကပါတယ္။ တအားကိုေအးစက္ၿပီး သူ႔နားေနရတာေရခဲတုံးႀကီးနားထိုင္ေနရသလို ေက်ာ႐ိုးထဲကေနစိမ့္ၿပီးေအးတက္လာရတဲ့ မိန္းကေလးမ်ိဳးဆိုလည္း ႐ိုးလို႔ ဒါမွမဟုတ္ ေအးလြန္းလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ မႏွစ္သက္ၾကျပန္ပါဘူး။ ဒီေတာ့ မဇၨ်ိမပဋိပဋာ အလည္အလတ္လမ္းစဥ္သာအေကာင္းဆုံးပါ။

Credit : Trend

 

Unicode ဖြင့်ဖတ်ရန်

ကောင်လေးတွေကြွေရတဲ့ ကောင်မလေးတွေအကြောင်း

အချစ်မှာမျက်စိမရှိဘူးဆိုပေမယ့်လည်း အကြိုက်မှာတော့မျက်စိရှိပါတယ်။အကြိုက်ကနေအချစ်ကိုကူးပြောင်းသွားတဲ့သာဓကတွေလည်းရှိစမြဲပါပဲ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက်အကြိုက်တွေကတော့မတူဘူးလို့ဆိုရင်လည်းရပါတယ်။အဲ…ဒါပေမယ့်ဘယ်လိုပဲမတူဘူးဆိုရင်တောင် လူအများကြီးမှာ တူတဲ့အချက်ကလေးတစ်ချက်တစ်လေတော့ရှိစမြဲမို့ ကောင်လေးအများစုကြွေရတဲ့ကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေအကြောင်းကိုဖောက်သည်ချလိုက်ပါတယ်နော်။

စကားပြောသံ

ကောင်မလေးတွေအထင်မှားနေတာက အသံပျော့စိပျော့စိနဲ့ချွဲပျစ်နေတတ်တဲ့ကောင်မလေးတွေကို ကောင်လေးတွေကကြွေတတ်ကြတယ်ပေ့ါ။ ဒါကြောင့်လည်းကိုယ်ကြိုက်တဲ့ကောင်လေးတွေရှေ့ရောက်ရင်အသံမထွက်တော့တဲ့ကောင်မလေးတွေ များနေတာပါ။အချို့ကတော့ နဂိုရှက်တာပေါ့လေ။အမှန်တော့ ကောင်လေးတွေက သြရှရှအသံနဲ့ကောင်မလေးတွေကိုပိုကြွေပါတယ်တဲ့။ အသံအကျယ်ကြီးနဲ့အော်ရယ်တတ်တဲ့ကောင်မလေးတွေ၊စကားပြောမြန်တဲ့ကောင်မလေးတွေကိုလည်းကြွေလေ့ရှိတာပါပဲ။ယောက်ျားလေးတွေကနဂိုပုံစံကိုက အဲ့လိုကိုး..ဒီတော့ သူတိုနဲ့ ပုံစံတူတဲ့မိန်းကလေးတွေကိုကြွေတာမဆန်းဘူးပေါ့။

ကိုယ်နေဟန်ထား

ယောက်ျားလေးအများစုက လှုပ်လီလှုပ်လဲ့မိန်းကလေးတွေထက် ယောက်ျားဆန်တဲ့ကောင်မလေးတွေကိုပိုကြွေတယ်ဆိုရင် ယုံကြပါ့မလား။ ဒါကအမှန်ပါပဲ။စစ်တမ်းကောက်ယူချက်တွေအရ အသက်နှစ်ဆယ်ကနေသုံးဆယ်အတွင်းယောက်ျားလေးတွေက ယောက်ျားဆန်တဲ့မိန်းကလေးတွေကိုကြွေတတ်ကြပြီး သုံးဆယ်ကနေ လေးဆယ့်ငါးအတွင်းက တည်ငြိမ်ပြီးဣန္ဒြေရတဲ့မိန်းကလေးတွေကို နှစ်သက်ကြပါတယ်တဲ့ ။ကျန်တဲ့သူတွေကိုတော့မသိချင်နဲ့တော့နော်။ အဖိုးကြီးတွေကြွေတာခံရပြီးဘာလုပ်မှာတုန်း 😛

အသွင်အပြင်

ယောကျ်ားလေးတွေကအချောကြိုက်ဆိုတာကတော့အမှန်ပါပဲ။ ယောကျ်ားလေးတွေမှမဟုတ်ပါဘူးလေ။မိန်းကလေးတွေလည်း အချောကြိုက်ပါ။အချောမကြိုက်တဲ့သူဆိုတာရောရှိပါ့မလား။ အချို့ကတော့ လှတာမက်ရင်ညစာခက်မယ်ဆိုတဲ့စကားကိုကောင်းကောင်းသဘောပေါက်ကြပါတယ်။ခက်ချင်ခက်ပါစေလှရင်ပြီးရောဆိုတဲ့သူတွေလည်းရှိသပေါ့လေ။ယောကျ်ားလေးတွေကအချောကြိုက်ပါတယ်။ချောတာတစ်ခုတည်းနဲ့တင်မပြီးသေးပါဘူး။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့သွားလာလှုပ်ရှားနေတဲ့မိန်းကလေးမျိုးဆိုရင်လေးစားတာပေါင်းပြီးမြတ်နိုးပါတယ်။သူတို့ မတတ်တဲ့နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်နေတဲ့သူတွေဆိုလည်းဒီလိုပါပဲ။ နောက်တစ်ခုရှိတာက သူတို့က လှတာကြိုက်တယ်ဆိုပေမယ့် နဂိုအလှလား မိတ်ကပ်အသက်လားဆိုတာတော့ ခွဲတတ်ပါသေးတယ်။အဲ့လိုပဲ မိတ်ကပ်အထူကြီးလိမ်းထားသူတွေဆို တအားလှနေရင်တောင်မှသိပ်ပြီးဘဝင်မကျတတ်ပါဘူး။မိတ်ကပ်လုံးဝမလိမ်းထားပဲမျက်နှာပြောင်နဲ့ဆိုရင်လည်း နိုးပါ။ မိတ်ကပ်ပါးပါးလေးနဲ့ရွှန်းစိုတဲ့မျက်နှာအလှပိုင်ရှင်လေးတွေကိုပိုကြွေကြပါတယ်။

ညဏ်ရည်ညဏ်သွေး

များသောအားဖြင့် ဟာသညဏ်ရှိတဲ့ကောင်မလေးတွေက လူတွေအမြင်မှာပိုပြီးချစ်စရာကောင်းတာအမှန်ပါပဲ။မကောင်းတာတစ်စုံတစ်ခုကိုတောင်မှ ဟာသအမြင်နဲ့ ကြည့်ပြီးခွင့်လွှတ်ပေးတတ်တဲ့မိန်းကလေးတွေဆိုရင် ကိုကိုတွေစိတ်ထဲမှာအမှတ်ပြည့်ပါပဲ။ဟာသညဏ်ရှိတာနဲ့ ပေါတိပေါချာလုပ်နေတာနဲ့မတူပါဘူးနော်။ နောက်ပြီး တစ်ခုခုပြောလို့မှချက်ချင်းနားမလည်နိုင်ပဲသူ့ကိုပဲအရေးတယူရှင်းပြနေရတဲ့ကောင်မလေးမျိုးကိုလည်း ကောင်လေးတွေကစိတ်ပျက်လေ့ရှိကြပါတယ်။သင့်တင့်လျောက်ပတ်တဲ့ ညဏ်ရည်ညဏ်သွေးတော့ရှိရပါမယ်။

စိတ်နေစိတ်ထား

ဒါကတော့ နောက်ဆုံးနဲ့ အရေးကြီးဆုံးတစ်ခုပါပဲ။ ယောကျ်ားလေးရယ်မိန်းကလေးရယ်မဟုတ်ပါဘူး လူမှာစိတ်ထားကအရေးကြီးဆုံးပါ။တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်လွယ်ပြီးတဖျစ်တောက်တောက်ပြောနေတတ်တဲ့မိန်းကလေးမျိုးကိုယောက်ျားလေးတွေကစိတ်ပျက်တတ်ကြသလို အလကားနေစိတ်ဆိုးလိုက်စိတ်ကောက်လိုုက်နဲ့ ပြီးနေတဲ့ကောင်မလေးတွေဆိုလည်းအကြောင်းသိတာနဲ့ဝေးဝေးရှောင်တတ်ကြပါတယ်။ တအားကိုအေးစက်ပြီး သူ့နားနေရတာရေခဲတုံးကြီးနားထိုင်နေရသလို ကျောရိုးထဲကနေစိမ့်ပြီးအေးတက်လာရတဲ့ မိန်းကလေးမျိုးဆိုလည်း ရိုးလို့ ဒါမှမဟုတ် အေးလွန်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မနှစ်သက်ကြပြန်ပါဘူး။ ဒီတော့ မဇ္ဇျိမပဋိပဋာ အလည်အလတ်လမ်းစဉ်သာအကောင်းဆုံးပါ။

Credit : Trend