Zawgyi ျဖင့္ဖတ္ရန္

နာမည္ေက်ာ္ျပင္သစ္စာေရးဆရာနဲ ႔တီဗီစတား တစ္ေယာက္ျဖစ္တဲ႔ Camille Volaire ဟာ မၾကာေသးခင္က က်စ္လစ္လွပတဲ႔ရင္သားနဲ႔လက္ေမာင္းေသးသြယ္လွပေစမယ့္ ေလ့က်င့္ခန္း တစ္ခ်ိဳ႔ကုိုျပန္ျပီးမ်ွေ၀ခဲ႔ပါတယ္။ရိုးရွင္းလြယ္ကူတဲ႔ေလ့က်င့္ခန္းေလးေတြျဖစ္ေပမဲ့ ခႏၶာကုိယ္အတြက္အမ်ားၾကီးအေထာက္အကူျပဳေစပါတယ္။လြယ္ကူတဲ႔အတြက္ ေန႔တိုင္းလည္းပံုမွန္လိုက္လုပ္ႏုိ င္မွာအမွန္ပါပဲ။က်စ္လစ္လွပတဲ႔ရင္သား နဲ႔ေသးသြယ္လွပတဲ႔ လက္ေမာင္း သားေလးေတြ ရလာဖုိ႔ ဒီေလ့က်င့္ခန္းေလးေတြလုပ္ၾကည့္ဖုိ႔ မေမ့နဲ႔ေနာ္။

၁။ေမးေစ့ေအာက္ ေလ့က်င့္ခန္း


ပံုထဲမွာျပထားတဲ႔အတိုင္းလက္ႏွစ္ဖက္ကုိ ေကြးလုိက္ပါ။လက္ေမာင္းေတြကို ပုခံုးနဲ႔တေျဖာင့္တည္း ထားျပီးရင္ လက္ဖ၀ါးႏွစ္ခုကုိ တစ္ခုအေပၚတစ္ခုထပ္လိုက္ပါ။ျပီးရင္ေတာ့ ေမးေစ့ေအာက္မွာ လက္ဖ၀ါးကုိထားျပီး ဖိခ်ပါ။တစ္ခ်ိန္တည္းမွာပဲ လက္ဖ၀ါးႏွစ္ဖက္ကလည္း ေမးေစ့ကုိျပန္ျပီး တြန္းကန္ပါ။ဒီေလ့က်င့္ခန္းက ရင္ဘတ္ နဲ႔ေနာက္ေက်ာၾကြက္သားေတြကုိသန္မာေစပါတယ္တဲ႔။

၂။ေခါင္းအံုးေလ့က်င့္ခန္း
ေခါင္းအံုးတစ္လံုးကုိယူပါ။ခႏၶာကုိယ္ကုိ တည့္မတ္စြာရပ္ပါ။ယူထားတဲ႔ေခါင္းအံုးကုိ ပံုထဲမွာျပထားတဲ႔လက္အေနအထားအတုိင္းထားျပီးဖ်စ္ညစ္ပါ။ေခါင္းအံုးကုိဖ်စ္လုိက္ နားလိုက္လုပ္ပါ။ဒီေလ့က်င့္ခန္းက ရင္ဘတ္ၾကြက္သားေတြအတြက္ေလ့က်င့္ေပးတာျဖစ္ပါတယ္။

၃။စင္ေယာ္ငွက္ေလ့က်င့္ခန္း
ဒီေလ့က်င့္ခန္းကလည္း သင့္ရဲ႔ရင္ဘတ္ၾကြက္သားေတြေျဖာင့္တန္းသန္မာေစဖုိ႔အတြက္ပါ။ ပထမဆံုးခႏၶာကုိယ္ကုိတည့္မတ္စြာရပ္ျပီးေျခေထာက္ေတြကုိပုခံုးအေနအထားအတိုင္း ခြဲလိုက္ပါ။လက္ေမာင္းႏွစ္ဖက္ကုိပံုထဲမွာျပထားသလုိၾကမ္းျပင္နဲ႔အျပိဳင္ဆန္႔တန္းလုိက္ျပီးလက္ဖ၀ါးႏွစ္ဖက္ကုိျဖန္႔လိုက္ပါ။ျပီးရင္ ဆန္႔တန္းထားတဲ႔လက္ေမာင္းႏွစ္ဖက္ကို အေနာက္ဘက္ကုိဆြဲဆန္႔ႏုိင္သေလာက္ဆန္႔ပါ။ဆန္႔ျပီးနဂိုပံုစံအတုိင္းလက္ကုိျပန္ဆန္႔တန္းထားေပးပါ။

၄။ကတ္ေၾကးေလ့က်င့္ခန္း
ဒီေလ့က်င့္ခန္းက သင့္ရဲ ႔ရင္ဘတ္ၾကြက္သားနဲ႔အေနအထားပံုစံမွန္ကန္တည့္မတ္ေစဖို႔ပါ။ ေျဖာင့္တန္းစြာရပ္ျပီး ပုခံုးႏွစ္ဖက္ကုိ ေအးေဆးေျဖေလ်ာ့ထားပါ။လက္ဖ၀ါးႏွစ္ဖက္ျဖန္႔လ်က္သားနဲ႔ ေဘးကုိ ခ်လိုက္ပါ။ျပီးရင္ လက္ေမာင္းႏွစ္ဖက္ကုိ ပံုထဲမွာျပထားသလုိကတ္ေၾကးပံုစံ အတုိင္း ေလ့က်င့္ခန္းလုပ္ပါ။လက္ဖ၀ါးႏွစ္ဖက္ကုိ တစ္လွည့္စီထပ္ရင္း ကတ္ေၾကးလို ဆန္႔လိုက္ပိတ္လိုက္လုပ္ပါ။

၅။စာအုပ္ေလ့က်င့္ခန္း
ဒီေလ့က်င့္ခန္းကေတာ့ သင့္ရဲ ႔ရင္သားက်စ္လစ္ဖုိ႔နဲ႔ အေနာက္ဘက္ၾကြက္သားေတြ သန္မာေစဖုိ႔ပါ။မတ္မတ္ရပ္ျပီး လက္ေမာင္းႏွစ္ဖက္ကုိဆန္႔တန္းလိုက္ပါ။လက္ဖ၀ါးေတြကုိလည္း ျဖန္႔ထားပါ။ျပီးရင္ စာအုပ္ခပ္ထူထူတစ္အုပ္စီလက္ဖ၀ါးႏွစ္ဖက္စီထည့္ထားပါ။
စာအုပ္ထည့္ထားတဲ႔လက္ဖ၀ါးႏွစ္ဖက္ကုိေဘးကုိဆန္႔လိုက္၊အေရွ႔ဘက္ကုိစုလိုက္လုပ္ေပးရမွာျဖစ္ပါတယ္။

 

၆။ဆင္ေလ့က်င့္ခန္း
ဒီေလ့က်င့္ခန္းက အေနာက္ဘက္ၾကြက္သားနဲ႔လည္ပင္းၾကြက္သား၊ရင္ဘတ္ၾကြက္သားေတြ ကုိသန္မာေစပါတယ္။ဘယ္လုိလုပ္ရမလဲဆိုရင္ေျခေထာက္ေတြကုိ ပုခံုးအက်ယ္အတိုင္းခြဲရပ္ျပီး ေရွ႔ကုိ အနည္းငယ္ကုန္းလိုက္ပါ။ျပီးရင္ သင့္လက္ႏွစ္ဖက္ကုိ ျဖည္းညင္းစြာခ်လုိက္ပါ။ ပံုထဲကလိုမ်ိဳးေပါ့။ေသခ်ာရပ္ျပီးျပီဆိုရင္ ဆင္ႏွာေမာင္းလိုဘယ္ဘက္ကိုလက္ႏွစ္ဖက္လံုးယမ္းလုိက္ ၊ညာဘက္ကုိယမ္းလိုက္လုပ္ပါ။တစ္ခ်ိန္တည္းမွာပဲ အေနာက္ကုိျပန္ေလ်ွာက္လုိက္ပါတဲ႔။သင့္ရဲ ႔ေခါင္းကုိလက္ေမာင္းရဲ ႔ေရြ႔လ်ားမႈအတိုင္း လိုက္ျပီးေရြ႔ေပးပါ။

၇။ၾကယ္ဖမ္းေလ့က်င့္ခန္း
ဒါကေတာ့ ေသြးပူေလ့က်င့္ခန္းတစ္မ်ိဳးျဖစ္သလို ေနာက္ဆံုးေလ့က်င့္ခန္းလည္းျဖစ္ပါတယ္္။ ဒီေလ့က်င့္ခန္းကသင့္ရဲ ႔ခႏၶာကုိယ္အေနာက္ဘက္ၾကြက္သားေတြကုိအဆီက်က်စ္လစ္သန္မာေစျပီး ပံုစံအေနအထားမွန္ကန္ေစပါတယ္။လုပ္ရမယ့္ပံုစံကေတာ့ ခပ္တန္းတန္းရပ္ေနပါ။ျပီးရင္
ေခါင္းကုိအေနာက္ကုိအနည္းငယ္ညြတ္လိုက္ပါ။သင့္ရဲ႔လက္ေမာင္းနွစ္ဖက္ကိုတစ္လွည့္စီအေပၚဆန္႔တန္းပါ။ဆန္႔တန္းတဲ႔အခ်ိန္တုိင္း လက္သီးဆုပ္ျပီးၾကယ္ခူးသလိုလုပ္ပါ။

 

ဒီေလ့က်င့္ခန္းေတြအားလံုးကုိ ပထမဆံုးစလုပ္တဲ႔ ၁၀ရက္အတြင္း ေလ့က်င့္ခန္းတစ္ခုကုိ အခါ ၂၀စီလုပ္ေပးပါ။ေနာက္ရက္ေတြမွာေတာ့ တစ္ရက္ကို ၁၀ခါပဲလုပ္ေပးလို႔ရပါတယ္။ရက္ ၂၀ၾကာတဲ႔အခါသိသာတဲ႔ရလဒ္ကုိရလိမ့္မယ္လို႔ေျပာထားပါတယ္။ရက္ ၂၀ေနာက္ပုိင္းမွာေတာ့ တစ္ပတ္ကုိ ၃ခါ၊ေလ့က်င့္ခန္းတစ္ခုကုိ ၁၀ခါစီပဲလုပ္ေပးလို႔ရပါျပီ။

နာရီ၀က္ေတာင္မၾကာတဲ႔ေလ့က်င့္ခန္းေလးေတြျဖစ္လို႔ေသခ်ာလိုက္လုပ္ၾကည့္မယ္ဆိုရင္က်စ္လစ္လွပတဲ႔ရင္သားနဲ႔လက္ေမာင္းေလးေတြကုိပုိင္ဆုိင္ရမွာပါလို႔…

Credit : trend myanamar

Unicode ဖြင့်ဖတ်ရန်

နာမည်ကျော်ပြင်သစ်စာရေးဆရာနဲ့တီဗီစတားတစ်ယောက်ဖြစ်တဲ့ Camille Volaire ဟာ မကြာသေးခင်က ကျစ်လစ်လှပတဲ့ရင်သားနဲ့လက်မောင်းသေးသွယ်လှပစေမယ့်လေ့ကျင့်ခန်း တစ်ချို့ကိုုပြန်ပြီးမျှဝေခဲ့ပါတယ်။ရိုးရှင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပေမဲ့ ခန္ဓာကိုယ်အတွက်
အများကြီးအထောက်အကူပြုစေပါတယ်။လွယ်ကူတဲ့အတွက် နေ့တိုင်းလည်းပုံမှန်လိုက်လုပ်နို င်မှာအမှန်ပါပဲ။ကျစ်လစ်လှပတဲ့ရင်သားနဲ့သေးသွယ်လှပတဲ့လက်မောင်းသားလေးတွေ ရလာဖို့ ဒီလေ့ကျင့်ခန်းလေးတွေလုပ်ကြည့်ဖို့ မမေ့နဲ့နော်။

၁။မေးစေ့အောက်လေ့ကျင့်ခန်း
ပုံထဲမှာပြထားတဲ့အတိုင်းလက်နှစ်ဖက်ကို ကွေးလိုက်ပါ။လက်မောင်းတွေကို ပုခုံးနဲ့တဖြောင့်တည်း ထားပြီးရင် လက်ဖဝါးနှစ်ခုကို တစ်ခုအပေါ်တစ်ခုထပ်လိုက်ပါ။ပြီးရင်တော့ မေးစေ့အောက်မှာ လက်ဖဝါးကိုထားပြီး ဖိချပါ။တစ်ချိန်တည်းမှာပဲ လက်ဖဝါးနှစ်ဖက်ကလည်း မေးစေ့ကိုပြန်ပြီး တွန်းကန်ပါ။ဒီလေ့ကျင့်ခန်းကရင်ဘတ်နဲ့နောက်ကျောကြွက်သားတွေကိုသန်မာစေပါတယ်တဲ့။

၂။ခေါင်းအုံးလေ့ကျင့်ခန်း
ခေါင်းအုံးတစ်လုံးကိုယူပါ။ခန္ဓာကိုယ်ကို တည့်မတ်စွာရပ်ပါ။ယူထားတဲ့ခေါင်းအုံးကို ပုံထဲမှာပြထားတဲ့လက်အနေအထားအတိုင်းထားပြီးဖျစ်ညစ်ပါ။ခေါင်းအုံးကိုဖျစ်လိုက် နားလိုက်လုပ်ပါ။ဒီလေ့ကျင့်ခန်းက ရင်ဘတ်ကြွက်သားတွေအတွက်လေ့ကျင့်ပေးတာဖြစ်ပါတယ်။

၃။စင်ယော်ငှက်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းကလည်း သင့်ရဲ့ရင်ဘတ်ကြွက်သားတွေဖြောင့်တန်းသန်မာစေဖို့အတွက်ပါ။ ပထမဆုံးခန္ဓာကိုယ်ကိုတည့်မတ်စွာရပ်ပြီးခြေထောက်တွေကိုပုခုံးအနေအထားအတိုင်း ခွဲလိုက်ပါ။လက်မောင်းနှစ်ဖက်ကိုပုံထဲမှာပြထားသလိုကြမ်းပြင်နဲ့အပြိုင်ဆန့်တန်းလိုက်ပြီးလက်ဖဝါးနှစ်ဖက်ကိုဖြန့်လိုက်ပါ။ပြီးရင် ဆန့်တန်းထားတဲ့လက်မောင်းနှစ်ဖက်ကို အနောက်ဘက်ကိုဆွဲဆန့်နိုင်သလောက်ဆန့်ပါ။ဆန့်ပြီးနဂိုပုံစံအတိုင်းလက်ကိုပြန်ဆန့်တန်းထားပေးပါ။

၄။ကတ်ကြေးလေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက သင့်ရဲ ့ရင်ဘတ်ကြွက်သားနဲ့အနေအထားပုံစံမှန်ကန်တည့်မတ်စေဖို့ပါ။ ဖြောင့်တန်းစွာရပ်ပြီး ပုခုံးနှစ်ဖက်ကို အေးဆေးဖြေလျော့ထားပါ။လက်ဖဝါးနှစ်ဖက်ဖြန့်လျက်သားနဲ့ ဘေးကို ချလိုက်ပါ။ပြီးရင် လက်မောင်းနှစ်ဖက်ကို ပုံထဲမှာပြထားသလိုကတ်ကြေးပုံစံ အတိုင်း လေ့ကျင့်ခန်းလုပ်ပါ။လက်ဖဝါးနှစ်ဖက်ကို တစ်လှည့်စီထပ်ရင်း ကတ်ကြေးလို ဆန့်လိုက်ပိတ်လိုက်လုပ်ပါ။

၅။စာအုပ်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ ့ရင်သားကျစ်လစ်ဖို့နဲ့ အနောက်ဘက်ကြွက်သားတွေ သန်မာစေဖို့ပါ။မတ်မတ်ရပ်ပြီး လက်မောင်းနှစ်ဖက်ကိုဆန့်တန်းလိုက်ပါ။လက်ဖဝါးတွေကိုလည်း ဖြန့်ထားပါ။ပြီးရင် စာအုပ်ခပ်ထူထူတစ်အုပ်စီလက်ဖဝါးနှစ်ဖက်စီထည့်ထားပါ။
စာအုပ်ထည့်ထားတဲ့လက်ဖဝါးနှစ်ဖက်ကိုဘေးကိုဆန့်လိုက်၊အရှေ့ဘက်ကိုစုလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။

၆။ဆင်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက အနောက်ဘက်ကြွက်သားနဲ့လည်ပင်းကြွက်သား၊ရင်ဘတ်ကြွက်သားတွေ ကိုသန်မာစေပါတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်ခြေထောက်တွေကို ပုခုံးအကျယ်အတိုင်းခွဲရပ်ပြီး ရှေ့ကို အနည်းငယ်ကုန်းလိုက်ပါ။ပြီးရင် သင့်လက်နှစ်ဖက်ကို ဖြည်းညင်းစွာချလိုက်ပါ။ ပုံထဲကလိုမျိုးပေါ့။သေချာရပ်ပြီးပြီဆိုရင် ဆင်နှာမောင်းလိုဘယ်ဘက်ကိုလက်နှစ်ဖက်လုံးယမ်းလိုက် ၊ညာဘက်ကိုယမ်းလိုက်လုပ်ပါ။တစ်ချိန်တည်းမှာပဲ အနောက်ကိုပြန်လျှောက်လိုက်ပါတဲ့။သင့်ရဲ ့ခေါင်းကိုလက်မောင်းရဲ ့ရွေ့လျားမှုအတိုင်း လိုက်ပြီးရွေ့ပေးပါ။

၇။ကြယ်ဖမ်းလေ့ကျင့်ခန်း
ဒါကတော့ သွေးပူလေ့ကျင့်ခန်းတစ်မျိုးဖြစ်သလို နောက်ဆုံးလေ့ကျင့်ခန်းလည်းဖြစ်ပါတယ််။ ဒီလေ့ကျင့်ခန်းကသင့်ရဲ ့ခန္ဓာကိုယ်အနောက်ဘက်ကြွက်သားတွေကိုအဆီကျကျစ်လစ်သန်မာစေပြီး ပုံစံအနေအထားမှန်ကန်စေပါတယ်။လုပ်ရမယ့်ပုံစံကတော့ ခပ်တန်းတန်းရပ်နေပါ။ပြီးရင်
ခေါင်းကိုအနောက်ကိုအနည်းငယ်ညွတ်လိုက်ပါ။သင့်ရဲ့လက်မောင်းနှစ်ဖက်ကိုတစ်လှည့်စီအပေါ်ဆန့်တန်းပါ။ဆန့်တန်းတဲ့အချိန်တိုင်း လက်သီးဆုပ်ပြီးကြယ်ခူးသလိုလုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေအားလုံးကို ပထမဆုံးစလုပ်တဲ့ ၁ဝရက်အတွင်း လေ့ကျင့်ခန်းတစ်ခုကို အခါ ၂ဝစီလုပ်ပေးပါ။နောက်ရက်တွေမှာတော့ တစ်ရက်ကို ၁ဝခါပဲလုပ်ပေးလို့ရပါတယ်။ရက် ၂ဝကြာတဲ့အခါသိသာတဲ့ရလဒ်ကိုရလိမ့်မယ်လို့ပြောထားပါတယ်။ရက် ၂ဝနောက်ပိုင်းမှာတော့ တစ်ပတ်ကို ၃ခါ၊လေ့ကျင့်ခန်းတစ်ခုကို ၁ဝခါစီပဲလုပ်ပေးလို့ရပါပြီ။

နာရီဝက်တောင်မကြာတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်လို့သေချာလိုက်လုပ်ကြည့်မယ်ဆိုရင်ကျစ်လစ်လှပတဲ့ရင်သားနဲ့လက်မောင်းလေးတွေကိုပိုင်ဆိုင်ရမှာပါလို့…

Credit : trend myanamar