Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အသက် ၂၇ နှစ်အရွယ် Victoria Louise Smith ဟာ နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ နည်းပေးလမ်းပြမှု ပညာရပ်မှာဒီဂရီရထားခဲ့ပါတယ်။
အခုဆိုရင် သူဟာ သူ့ရဲ့ ဖောက်သည်တွေကို ကိုယ့်ကိုယ့်ကိုချစ်မြတ်နိုးစေဖို့အတွက် “အာသာဖြေလေ့ကျင့်ခန်း” နဲ့ “အပန်းပြေအနှိပ်ခံခြင်း” ဆိုတဲ့သင်တန်းကိုဖွင့်လှစ်လိုက်ပါပြီ။
“ကျွန်မ စုံတွဲတွေရဲ့ဆက်ဆံရေးကို အထောက်အကူဖြစ်စေချင်လို့ အခုလိုမျိုးလုပ်ဆောင်ခဲ့တာဖြစ်တယ်” လို့သူကပြောပါတယ်။
ဒါကတော့ သူ့ကိုယ်သူ လိင်မှော်ဆရာမလို့ခေါ်တဲ့ Victoria Louise Smith ပါ။
“ဆဲလ်အဆင့်ထိအပြောင်းအလဲဖြစ်စေပြီးတစ်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးသွားစေဖို့အထောက်အကူဖြစ်စေပါတယ်” လို့ Victoria ကပြောပါတယ်။
သင်တန်းသားတွေရဲ့ လိုလားမှုနဲ့ ခံစားမှုတွေကို ဘယ်လိုမျိုးထုတ်ဖော်ရမယ်ဆိုတာကို သူဟာ သူ့ရဲ့ပါတနာ Danny နဲ့ အတူ ပြသပေးတာပဲဖြစ်ပါတယ်။
တစ်ဆက်ရှင်ကို ၆၅ ဒေါ်လာပေးရမှာဖြစ်ပြီးတော့ မကြာခဏဆိုသလို သူကိုယ်တိုင်ဝင်ရောက်ပြီး သရုပ်ဖော်ပြသလေ့ရှိပါတယ်။
တက်ရောက်မယ့်လူတွေကတော့ ချောဆီရယ် ၊ သဘက်ရယ် ၊ တစ်ရှူး နဲ့ ခါးစည်းတွေယူခဲ့ရုံပါပဲ။
စုံတွဲတွေရဲ့ဆက်ဆံရေးကို အထောက်အကူဖြစ်စေချင်လို့ Sex Magic ကိုလုပ်ဆောင်ခဲ့တာပါလို့ သူမကပြောပါတယ်။
ဆဲလ်အဆင့်ထိအပြောင်းအလဲဖြစ်စေပြီးတစ်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးသွားစေဖို့အထောက်အကူဖြစ်စေပါတယ်တဲ့
အမျိုးသားရော အမျိုးသမီးရော တက်ရောက်နိုင်တဲ့သင်တန်းတွေရှိသလို သီးသန့်ဆက်ရှင်တွေလည်းရှိပါတယ်။
အသက် ၂၁ နှစ်မှ ၈၀ အထိ လက်ခံထားပြီး သင်တန်းသားတွေဟာ စက်ဝိုင်းထဲကာ ကိုယ့်ကိုယ်ကိုသာယာမှုရှိအောင်ပြုမူရတာပဲဖြစ်ပါတယ်။
“သူတို့တွေလိင်ပိုင်းဆိုင်ရာမှာပျော်ရွှင်မှုရသွားအောင် ကျွန်မကူညီချင်တယ်” လို့သူကပြောပါတယ်။
ဒီသင်တန်းရဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ ကိုယ့်ကိုလိင်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ကျေနပ်စေနိုင်တဲ့လက်တွဲဖော်တစ်ယောက်ရရှိဖို့ပါပဲတဲ့။
တက်ရောက်ခဲ့တဲ့သူတွေအပြောအရဆိုရင်တော့ ကိုယ့်ကိုယ်ကိုပိုကျေနပ်လာပြီး လိင်မှုဘဝလည်းတိုးတက်လာတယ်လို့သိရပါတယ်။
Victoria ဟာ သူခံစားခဲ့ရတဲ့ဝေဒနာတွေကို ပြန်လည်ကုစားရင်း သူများတွေကိုလည်းကုစားပေးဖို့အကြံရခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်တော့ လိင်မှုကိစ္စအဆင်မပြေတဲ့ ၊ လိင်ကိစ္စမှာ ခက်ခဲနေတဲ့သူတွေကို ကူညီပြီး လိင်ကိစ္စမှာကျေနပ်မှုရအောင် ကုစားပေးနေပါပြီ။
ထို့အပြင် အမျိုးသမီးတွေကို နှိပ်နယ်ပေးတဲ့ဆက်ရှင်လည်းရှိပါသေးတယ်။
ဒီဆက်ရှင်မှာဆိုရင်တော့ အမျိုးသမီးတစ်ယောက် လိင်စိတ်အမြင့်ဆုံးရောက်လာတဲ့အထိ တစ်ကိုယ်လုံးကို ရွရွလေးနှိပ်ပေးတာမျိုးဖြစ်ပါတယ်။
အပြာလုပ်ငန်းမျိုးမဟုတ်ပဲ အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ စိတ်ခံစားမှုနဲ့ စိတ်အပန်းပြေမှုဟာဘယ်လိုဆက်စပ်နေသလဲဆိုတာနားလည်လာအောင်လုပ်ဆောင်ပေးတဲ့ဆက်ရှင်ပဲဖြစ်ပါတယ်။
Masturbation Circles က ဓါတ်ပုံတွေကို သူမရဲ့အင်စတာအကောင့်မှာ ပွင့်ပွင့်လင်းလင်းပဲ ရှဲထားတာကိုတွေ့ရပါတယ်။
ထို့အပြင် လိင်ပညာပေးကိစ္စတွေနဲ့ လွတ်လပ်တဲ့လိင်ကိစ္စ ဆိုတဲ့အပေါ်မှာအကောင်းမြင်တဲ့ စာသားတွေကိုရေးသားထားတာလည်းတွေ့ရပါတယ်။
ကမ္ဘာကြီးအကြောင်းပိုချင်ကြတဲ့သူတွေကိုတော့ Victoria ကစကားတစ်ခွန်းပါးလိုက်ပါတယ်…အဲ့ဒါကတော့….
“နည်းပြဆီသွားပါ ။ လေ့ကျင့်ခန်းကိုတာရှည်လုပ်ဆောင်ပါ ။ စိတ်ကြည်နူးစရာလိင်ကိစ္စဆိုတာဟာ တစ်ညထဲနဲ့ဖြစ်မလာနိုင်ပါဘူး” လို့သူမကအကြံပေးထားခဲ့ပါတယ်
Credit: Min Thu (Daily Hot News)